backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Insect Bites (ပိုးမွှားကိုက်ခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Su Sandy မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Insect Bites (ပိုးမွှားကိုက်ခြင်း) ကဘာလဲ။

ပိုးမွှားအများစုကိုက်လျှင် အခံရခက်သည်ကလွဲလျင် အန္တရာယ်သိပ်မရှိပါ။ ပျားတုပ်၊ နကျယ်ကောင်၊ နကျယ်ကောင် အကြီးစား နှင့် ပုရွက်ဆိတ်အကောင်ကြီးများကိုက်လျှင် နာသည်။ ခြင်၊ နှင့် လှေး၊သန်းများ ကိုက်လျှင် ယားတတ်သည်။ ပိုးမွှားများသည် ရောဂါပိုးများကိုလည်းပျံနှံ့စေပါသည်။

ပိုးမွှားကိုက်ခြင်း နှင့် တုပ်ခြင်းသည် အရေပြားတွင် တုံ့ပြန်မှုချက်ချင်းပေါ်တတ်သည်။ ပုရွက်ဆိတ်အကောင်ကြီးများကိုက်ခြင်းနှင့် ပျားတုပ်ခြင်း၊ နကျယ်ကောင်တုပ်ခြင်းတို့သည် နာကျင်မှုကို အဖြစ်စေဆုံးဖြစ်သည်။ ခြင်၊ လှေး၊ သန်း တို့ကိုက်ခြင်းသည် နာကျင်ခြင်းထက် ယားယံခြင်းကို ပိုဖြစ်စေသည်။

Insect Bites (ပိုးမွှားကိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ပိုးမွှားကိုက်ခြင်း သည် အလွန် အဖြစ်များသည်။ ၎င်းသည် အသက်အရွယ်မရွေးတွင်လည်း ဖြစ်နိုင်သည်။ ဖြစ်နိုင်ချေများစေသော အချက်များကို လျော့ချခြင်းဖြင့် ၎င်းကို ထိန်းချုပ်နိုင်သည်။ ပိုမိုသိရှိနိုင်ရန် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

(ပိုးမွှားကိုက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

လက္ခဏာသည် ကိုက်သော အကောင်ပေါ်မူတည်ပြီး ကွဲပြားနိုင်သည်။ အဖြစ်များသောလက္ခဏာများမှာ-

-နာကျင်ခြင်း

-နီလာခြင်း

-အဖုဖြစ်လာခြင်း

-ယားယံခြင်း

-ပူနေခြင်း

-ထုံနေခြင်း

-ကျင်ခြင်း

ထိုလက္ခဏာများသည် ပုံမှန်ဆိုလျှင်နာရီပိုင်းမှ ရက်ပိုင်းအတွင်း သက်သာသွားပြီး တခါတရံ အနည်ငယ် ကြာတတ်ပါသည်။

အချို့လူများတွင် ပျားတုပ်ခြင်း၊ ပိုးကောင်ကိုက်ခြင်းကြောင့် အသက်အန္တရာယ်စိုးရိမ်ရကာ ပြင်းထန်တတ်ပြီး သွေးလန့်သည့် အနေအထားမျိုးဖြစ်တတ်သည်။ ထိုအခြေအနေသည် ချက်ချင်းမကုသလျှင် လျင်မြန်စွာ သေဆုံးနိုင်သည်။ သွေးလန့်သည့် အခါ ဖြစ်တတ်သော လက္ခဏာများမှာ-

-ရင်ဘတ်အောင့်ခြင်း

-မျက်နှာ၊ပါးစပ် ရောင်ရမ်းခြင်း

-အသက်ရှူရခက်ခြင်း

-အစာမျိုရခက်ခြင်း

-မူးလဲခြင်း၊ ခေါင်းကိုက်ခြင်း

-ဗိုက်အောင့်ခြင်း၊ အန်ခြင်း

-အနီကွက်များထွက်ခြင်း၊ ပူလာခြင်း

အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်း ရှိတတ်သည်။ မေးလိုသည်များရှိလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်တွင် အောက်ပါလက္ခဏာများရှိလျှင် ဆရာဝန်နှင့် ပြသပါ။

-ပိုးမွှားကိုက်ခံရသည့်အတွက် စိတ်ပူနေလျှင်

-လက္ခဏာများရက်ပိုင်းအတွင်း မသက်သာလျှင်

-ပါးစပ်၊ လည်ပင်း သို့မဟုတ် မျက်လုံးတွင်ကိုက်ခံရလျှင်

-အကိုက်ခံရသည့် နေရာဝန်းကျင်တွင် ၁၀ စင်တီမီတာထက်ကြီးကာ ရောင်ရမ်းလာလျှင်

-အနာဖြစ်ပြီး ပြည်တည်ခြင်း၊ ပိုနာလာခြင်း၊ ရောင်ရမ်းနီရဲလာခြင်းများဖြစ်လျှင်

-ဖျားနာခြင်း၊ ဂလင်းများရောင်လာခြင်း၊ နှင့် တုပ်ကွေးကဲ့သို့လက္ခဏာများဖြစ်လာခြင်း၊

သို့သော် အောက်ပါတို့ဖြစ်လျင် ချက်ချင်းကုသမှုခံယူပါ။

-အသက်ရှူခက်ပြီး အသံမြည်လာလျင်

-မျက်နှာ၊ ပါးစပ်၊ လည်ပင်းများရောင်လာလျင်

-ပျို့အန်လျင်

-နှလုံးခုန်မြန်လျင်

-အစာမျိုရခက်လျင်

-သတိလစ်လျင်

အကြောင်းရင်းများ

Insect Bites (ပိုးမွှားကိုက်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

Hymenoptera မျိုးစုဝင်ပိုးမွှားများကိုက်လျှင် ပိုမိုပြင်းထန်သော လက္ခဏာများတွေ့ရသည်။ ပျားတုပ်ခြင်းကြောင့် သေဆုံးခြင်းသည် မြွေကိုက်ခြင်းကြောင့် သေဆုံးခြင်းထက် သုံးလေးဆပိုများသည်။

တုပ်တတ်သောအကောင်များတွင် ပိတုန်း၊ ဝတ်ရည်စုပ်ပျား၊ နကျယ်ကောင်၊ ပုရွက်ဆိတ်အကောင်ကြီးများနှင့် ပျားနကျယ်ကောင်များ ပါဝင်သည်။

ကိုက်ပြီးသွေးစုပ်တတ်သော ပိုးမွှားများတွင် ကြမ်းပိုး၊ လှေး၊ ယင်ကောင်၊ ဖြုတ်၊ သန်း၊ ခြင်၊ ပင့်ကူတို့ဖြစ်သည်။

ဖြစ်နိုင်ခြေများ

Insect Bites (ပိုးမွှားကိုက်ခြင်း) ဖြစ်နိုင်ခြေကိုဘာaတွက မြင့်တက်စေသလဲ

ပိုးကောင်ကိုက်ခြင်းကို ဖြစ်စေနိုင်သော အကြောင်းများစွာတွင် အောက်ပါတို့ပါဝင်သည်။

-မဲနက်သော အဝတ်များဝတ်ခြင်း

-အပြင်ထွက်အစားထွက်စားခြင်း။

-ပိုးကောင်နေသောတောင်ပို့များ၊အသိုက်များ နားသို့သွားခြင်း။

-ပန်းနံ့ရေမွှေးစွတ်ခြင်း

-ချောင်ချိသော အဝတ်များဝတ်ခြင်း

-အပြင်ထွက်ပြီး အပန်းဖြေခြင်း

-အပြင်တွင် အလုပ်လုပ်ခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Insect Bites (ပိုးမွှားကိုက်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

များသောအားဖြင့် ရောဂါရှာဖွေခြင်းသည် သင့်ကို အကောင်ကိုက်လျင် သိနိုင်သောကြောင့် ရှင်းလင်းပါသည်။ တခါတရံ နောက်ကျမှ သိသည်လည်းရှိနိုင်ပါသည်။ ထိုအခါတွင်မည်သည့် ပိုးကောင်ကိုက်သည်ကို မသိနိုင်သောကြောင့် ရောဂါအမည်တပ်ရန်ခက်ပါသည်။ သို့သော် ကိုက်သည့်နေရာနှင့် အရွယ်အစားကိုကြည့်ပြီး ဖြစ်နိုင်ချေကို ခန့်မှန်းနိုင်ပါသည်။

ပိုးကောင်ကိုက်လျှင် လူနာကိုရာဇဝင်မေးခြင်းနှင့် စပ်သပ်စစ်ဆေးခြင်းတို့ကို အရင်ဆုံးပြုလုပ်ပါသည်။ စမ်းသပ်စစ်ဆေးချက်များ ပြုလုပ်လေ့မရှိပါ။ စစ်ဆေးချက်များသည် ပိုးကောင်မှ ရောဂါပိုးသယ်လာသည်ကိုသိရှိရန် များသောအားဖြင့် စစ်ဆေးခြင်းဖြစ်သည်။ သင့်ဆရာဝန်မှ အခြားဖြစ်နိုင်ချေများကို ခွဲခြားပြီးနောက် ပိုးကောင်ကိုက်ခြင်းကို ကုသပါလိမ့်မည်။

အခြားသော ရောဂါရှာဖွေသည့် စစ်ဆေးချက်များတွင်-

-ပိုးမွှား၏ အဆိပ်ကို တုံ့ပြန်မှုကို စစ်ဆေးခြင်းသည် အရေပြားတွင် အဆိပ်ကို ခြစ်လိုက်ခြင်းဖြင့် အရေပြားမှ တုံ့ပြန်မှုကိုစစ်ဆေးခြင်းဖြစ်သည်။

-Lyme ရောဂါကို စစ်ဆေးခြင်းသည် အရေပြားအောက်မှ ပိုးမွှားကို ယူပြီး Borrelia burgdorferi ပိုးရှိ၊မရှိ စစ်ဆေးခြင်းဖြစ်သည်။

Insect Bites (ပိုးမွှားကိုက်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ပိုးကောင်ကိုက်ခြင်းတွင်အများစုသည် အနည်းငယ်သာ လက္ခဏာပြတတ်သောကြောင့် ကုသရန် လွယ်ကူပါသည်။ အိမ်တွင်သာ ပိုးမွှားကိုက်ခြင်းကို အသေးစားကုသမှုလုပ်ကြသည်။

ပိုးမွှားကိုက်ခြင်းကြောင့် ဓါတ်မတည့်သော တုံ့ပြန်မှုဖြစ်လျှင် Immunotherapy (desensitization) ဖြင့် ကုသခြင်းသည် ထိရောက်သော နည်းလမ်းတစ်ခုဖြစ်သည်။ အဆိပ်ကို ခုခံအားထွက်ခြင်းဖြင့် ပိုးမွှားကိုက်ခြင်းကြောင့် တုံ့ပြန်မှုများကို ကာကွယ်နိုင်ပါသည်။

နေထိုင်မှုပုံစံပြောင်းလဲခြင်း နှင့် အိမ်တွင်းကုထုံးများ

ပိုးမွှားကိုက်ခြင်းကို သက်သာစေနိုင်သော အိမ်တွင်းကုထုံးများ သို့မဟုတ် နေထိုင်မှုပုံစံပြောင်းလဲနည်းများ ရှိပါသလား။

ပိုးမွှားကိုက်ခြင်းကိုသက်သာစေရန် အောက်ပါတို့သည် သင့်ကို အထောက်အကူပြုနိုင်ပါလိမ့်မည်။

– အရေကြည်ဖုများကို မဖောက်ပါနှင့်။ ထိုမှတဆင့်ပိုးဝင်နိုင်သောကြောင့်ဖြစ်သည်။ တကမ်တမ်းတွင် အရေကြည်ဖုပေါက်သွားလျှင် နာတတ်သောကြောင့် အရေကြည်ဖုနေရာကို ပတ်တီးနှင့်အုပ်ထားပါ။

-အနီစက်များထွက်ပြီးယားခြင်း ကို သတိပြုမိလျင် ဆရာဝန်မှ အယားပျောက်ပြီး၊ အရောင်ကျစေရန် ဆေးများပေးပါလိမ့်မည်။ လက္ခဏာများပိုဆိုးလာလျှင် ဆေးကုသမှုခံယူပါ။

-ဖြစ်သည့်နေရာကြီးလျှင် အယားပျောက်ဆေး၊ အကိုက်အခဲပျောက်ဆေးများသောက်နိုင်သည်။ အလွန်ရောင်ရမ်းနေလျင် ဆရာဝန်မှ စတီးရွိုက်ပါသော အရောင်ကျဆေးပေးနိုင်သည်။

-ကိုက်ခံရသည့်နေရာသေးလျှင် အအေးဝတ်ကပ်ပေးခြင်း၊ အကိုက်အခဲပျောက်ဆေးသောက်ခြင်းတို့ဖြင့် ကုသနိုင်သည်။ ကွဲနေသောအရေပြားပေါ်တွင်လိမ်းဆေးများ မလိမ်းရပါ။ ကိုက်ခံရသည့်နေရာသည် ယားယံနေသော်လည်း မကုတ်ပါနှင့်၊ ထိုနေရာမှ ရောဂါပိုးများဝင်နိုင်သည်။

-သင့်တွင် မေးမြန်းလိုသည်များ ရှိပါက သင့်အတွက် အကောင်းဆုံး အဖြေကို ရရှိနိုင်ရန် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Su Sandy မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement