အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

လွဲမှားနေသော ကျန်းမာရေးအယူအဆများ

လွဲမှားနေသော ကျန်းမာရေးအယူအဆများ အယူတိမ်းရင် နတ်စိမ်းဖြစ်တယ်လို့ စာချိုးလေးကြားဖူးပါတယ်။ တခြားကိစ္စတွေမှာ မပြောတတ်ပေမယ့် ကျန်းမာရေးကိစ္စတွေနဲ့ ပတ်သက်လာရင်တော့ အယူအဆလွဲမှားခြင်းဟာ အနှေးနဲ့အမြန် နတ်စိမ်းဘဝကို ပို့ဆောင်ပေးနိုင်တဲ့ အရေးကြီးပြဿနာတွေ ဖြစ်ပါတယ်။ ဒီခေတ်မှာ အင်တာနက် ပိုမိုတွင်ကျယ်လာတာနဲ့အမျှ (ခေတ်စကားနဲ့ ပြောရရင် တရာဖိုး သုံးပုဒ်တန်တွေက) အွန်လိုင်းပေါ်မှာ ဗွက်ပေါက်သလို ပေါက်လာပြီး တချို့သော အရေးအသားတွေဟာ ပညာရှင်ရှုထောင့်က ကြည့်ရင် လွဲချော်နေတာမို့ စာဖတ်သူတွေ အမှတ်မမှား၊အယူအဆမလွဲရလေအောင် စုဆောင်းမျှဝေပေးလိုက်ပါတယ်။   ၁။ တနေ့ကို ရေရှစ်ခွက်တိတိသောက်ပါ။ တနေ့တနေ့ ရေဘယ်လောက်သောက်တယ်ရယ်လို့တော့ တာလီချိုးပြီး မှတ်ထားစရာမလိုပါဘူး။ ရေဆာတဲ့အချိန်တိုင်း၊သင့်ခန္ဓါကိုယ်က တောင့်တတဲ့အချိန်တိုင်း မပျက်မကွက်သောက်ပေးရုံနဲ့ ရေဓါတ်ကို လုံလုံလောက်လောက် ဖြည့်ဆည်းပေးနိုင်ပါတယ်။ စွပ်ပြုတ်ရည်တွေ၊ဟင်းသီးဟင်းရွက်တွေနဲ့ အရည်ရွှမ်းတဲ့ သစ်သီးတွေဟာလည်း ရေဓါတ်ပေးစွမ်းနိုင်ပါသေးတယ်။ ဒါပေမယ့် သင့်ဆီးရောင်က ဝါကျင့်ကျင့်ဖြစ်နေတယ်၊ဆီးသွားနည်းတယ်၊ချွေးအထွက်များတဲ့ အလုပ်တွေကို လုပ်နေရတယ်၊ပူအိုက်တဲ့ ရာသီဥတုမှာနေထိုင်တယ်ဆိုရင်တော့ ရေများများပိုသောက်ပေးဖို့ လိုပါလိမ့်မယ်။ […]


အခြေခံကျန်းမာရေး

ခန္ဓါကိုယ်ပေါ်က မထိသင့်တဲ့နေရာလေးများ

ကိုယ့်ခန္ဓါကိုယ် ပိုင်တာပဲ ထိချင်တဲ့နေရာထိမှာပဲလို့များတွေးနေလား။ ထိသင့်လို့ထိတာကပြဿနာမဟုတ်ပေမယ့် မထိသင့်တဲ့နေရာကို ထိမိရင်တော့ရှော့ခ် ရှိတယ်နော်။ ကဲ ဘယ်နေရာတွေကိုများ မထိသင့်တာလဲ။ ဆက်ကြည့်လိုက်ကြမလား။ ခန္ဓါကိုယ်ရဲ့ မထိသင့်တဲ့ အစိတ်အပိုင်းတွေက မျက်နှာ မျက်နှာကို တစ်နေ့တာမှာ မကြာခဏဆိုသလို ထိတွေ့တယ်ဟုတ်။ ဒါဆို ခုကစပြီး မထိမိအောင် စကြိုးစားပါတော့မျက်နှာကို လက်နဲ့ထိတာက မျက်နှာပေါ်ကို ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကို သယ်ပို့လိုက်တာပါပဲ။ မျက်နှာမှာ ဓါတ်မတည့်တာတွေဖြစ်တယ်။ ဝက်ခြံတွေထွက်တယ်၊အသားအရေပြဿနာမျာတယ်ဆိုတာ မျက်နှာကို လက်နဲ့ခဏခဏထိနေလို့ပါ။ ထိဖို့တောင် မထိနဲ့ဆိုတော့ ကုတ်တာဖဲ့တာအတွက်ကတော့မေးနေစရာမလိုအောင်ကို နိုးပါနော်။ ပါးစပ် ပါးစပ်ထဲကို လက်ထည့်တတ်လား။ စဉ်းစားနေချိန်မှာ လက်သည်းကိုက်တာမျိုးလေ။ ဒါမှမဟုတ် သွားမှာ တစ်ခုခုကပ်နေတယ်ဆိုပြီး လက်ချောင်းလေးတွေကို အလါယတကူသုံးတာမျိုးပေါ့။ ဒါမျိုးက တကယ်ကို အဆင်မပြေပါဘူးနော်။ လက်ချောင်းမှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားတွေက ပါးစပ်ကနေတဆင့် ဝမ်းထဲရောက်သွားပြီး မလိုလားအပ်တဲ့ပြဿနာတွေဖြစ်နိုင်ပါတယ်။ အနာပေါက်ပွင့်နေတဲ့ အနာ ဒါကတော့ အထွေအထူးပြောနေစရာမလိုလောက်ပါဘူးနော်။ အနာကိုသေချာအောင်ကာကွယ်မှ ဘက်တီးရီးယားတွေလက်ကနေ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အကြောဆေး သွင်းကြဦးမလား

အကြောဆေး သွင်းကြဦးမလား ရပ်ကွက်ထဲက၊ရွာထဲက၊လမ်းထဲက ဆေးခန်းတွေမှာ ခေတ်စားတဲ့ အသုံးအနှုန်းတခု ရှိပါတယ်။ ကျွန်တော့်ကို/ကျွန်မကို အကြောဆေးလေးသွင်းပေးပါ၊ပုလင်းချိတ်ပေးပါ၊ဆေးရောင်စုံလေး လွှတ်ပေးပါတဲ့။ ဒါတွေဟာ လူနာပဲဖြစ်ဖြစ်၊ဆရာဝန်ပဲဖြစ်ဖြစ် ရင်းနှီးပြီးသား စကားတွေပါ။ တချို့ဆိုရင် အကြောဆေးလေးများ တလတခါလောက်မှ မ'လွှတ်'လိုက်ရရင် (မသွင်းလိုက်ရရင်) နေမထိထိုင်မသာဖြစ်ပြီး လက်က ကပ်သလိုလို၊ဇက်ကြောက တက်သလိုလို ဖြစ်လာတတ်တယ်လို့လည်း ဆိုပါသေးတယ်။ ဒီအကြောဆေးဆိုတာ ဘာလဲ၊ဘာတွေ ကောင်းကျိုးဆိုးပြစ်ရှိသလဲ၊ဘာလို့ ထိုးကြတာလဲ၊တကယ်ရော ထိုးဖို့ လိုအပ်ရဲ့လား အစရှိတဲ့ မေးခွန်းတွေရဲ့အဖြေကို ဒီဆောင်းပါးလေးမှာ လေ့လာကြည့်ကြပါစို့။   အကြောဆေးဆိုတာ ဘာလဲ။ ဆေးခန်းတွေမှာ ဆေးထိုးတဲ့အခါ အသားဆေးနဲ့ အကြောဆေးဆိုပြီး ယေဘုယျအားဖြင့် နှစ်မျိုးရှိပါတယ်(ယေဘုယျလို့ ထည့်ပြောရတာဟာ အကြောလည်းမဟုတ်၊အသားလည်းမဟုတ်တဲ့ နေရာတွေကို ထိုးရတဲ့ ဆေးတွေရှိနေသေးလို့ပါပဲ။ ဒါပေမယ့် ဆေးပညာရှင်မဟုတ်တဲ့ သာမန်ပြည်သူအတွက်တော့ နှစ်မျိုးပဲသိရင် ရပါပြီ)။ လက်မောင်း (ဥပမာ သုံးလခံဆေး)၊ပေါင် (ဥပမာ ကလေးတွေမှာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ခြင်အန္တရာယ်က ကာကွယ်ဖို့ အကောင်းဆုံး ခြင်ဆေး ရွေးချယ်ကြမယ်

နေ့စဉ်ကြုံတွေ့နေရတဲ့ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းကောင်း တစ်ခု ပြောပြပေးချင်ပါတယ်။ ရာသီဥတုက မိုးတွင်းစပြီဆိုတော့ ခြင်တွေ ပိုများပြီး ခြင်ကိုက်ခံလာရတာပေါ့။ ခြင်ကိုက်တဲ့အခါ အရေပြားမှာ ယားယံမှုတွေဖြစ်မယ်၊ အဖုအပိမ့်တွေ ထမယ်။ ဒါတွေတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ခြင်တွေ ဆီကနေဇီကာ၊ ငှက်ဖျား နဲ့ သွေးလွန်တုပ်ကွေးလိုမျိုး ရောဂါတွေ ကူးစက်ခံရနိုင်ပါသေးတယ်။ နှစ်စဉ် ခြင်ကနေတဆင့် ကူးစက်တဲ့ရောဂါတွေကြောင့် ကမ္ဘာ့လူဦးရေ သန်း ၇၀၀ကျော် နီးပါး ဝေဒနာ တွေခံစားနေကြရပါတယ်။ ခြင်အန္တရာယ်က ကာကွယ်ဖို့ အကောင်းဆုံး နည်းလမ်း တစ်ခု ရှိပါတယ်။ ဒီပြဿနာကိုဖြေရှင်းဖို့အတွက် အလွယ်ကူဆုံးနဲ့ အမြန်ဆုံးဖြစ်မယ့် နည်းလမ်းက ခြင်ဆေး သုံးရမှာပေါ့။ ခြင်ဆေးသုံးပေါ့ ဆိုပေမယ့် ဘယ်လို ခြင်ဆေးမျိုးက ပိုပြီး ထိရောက်မှု ရှိမလဲဆိုတာကတော့ စဉ်းစားရခက်တယ်နော်။ ခြင်ဆေးကို ဘယ်လိုများ ရွေးရမလဲ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မိသားစုဝင်တွေကို ခြင်အန္တရာယ်ကနေ ကာကွယ်ပေးမယ့် နည်းလမ်း (၁၀) ချက်

နေရာတိုင်းမှာ ရှောင်လို့မရတာ ခြင်ဆိုရင် လက်ခံကြလား စာဖတ်ပရိသတ်တို့။ တီဗွီကြည့်ရင်းဖြစ်ဖြစ်၊ ဂိမ်းဆော့ရင်းဖြစ်ဖြစ်၊ စာရေးစာဖတ်လုပ်နေရင်းဖြစ်ဖြစ် တစ်ခုခုကို စိတ်ဝင်စားသွားတဲ့အချိန်မျိုးမှာ သတိလွတ်သွားတာနဲ့ ခြင်တွေကတော့ သူတို့တာဝန်ကျေအောင် ကိုက်ပြီးသားပဲနော်။ တစ်ခါတလေများခြင်ကိုက်မခံရဘဲနေရရင် ကောင်းမယ်လို့ စဉ်းစားမိဖူးလား။ ဒီဆောင်းပါးလေးထဲကအတိုင်း ခြင်တွေကို ကာကွယ်လိုက်ပါ။ ကဲ ..... မိသားစုဝင်တွေကို ခြင်အန္တရာယ်ကနေ ကာကွယ်ပေးမယ့် နည်းလမ်း (၁၀) ချက် ကို ကြည့်လိုက်ရအောင်နော်။ မိသားစုဝင်တွေကို ခြင်အန္တရာယ်ကနေ ကာကွယ်ပေးမယ့် နည်းလမ်း (၁၀) ချက် ခြင်အန္တရာယ်ကင်းကင်းနဲ့ နေထိုင်ချင်သူတွေအနေနဲ့ ဒီအချက်လေးတွေကိုဖတ်ကြည့်ပါ။ မိသားစုဝင်တွေကို ခြင်အန္တရာယ်ကနေ ကာကွယ်ပေးမယ့် နည်းလမ်း (၁၀) ချက် ကတော့ (၁) ခြင်ကိုက်မခံရစေဖို့ ဂရုစိုက်ပါ -ခြင်ကိုက်မခံရဖို့ဆိုတဲ့နေရာမှာလည်း ကိုယ့်ဘက်က ဂရုစိုက်ကာကွယ်တတ်ဖို့လိုပါတယ်။ ဒါကြောင့် ခြင်ပေါတဲ့အချိန်တွေဖြစ်တဲ့ ညနေခင်းနဲ့ ညဘက်အချိန်တွေမှာ အိမ်အပြင်ဘက်မှာနေတာမျိုးမလုပ်ပါနဲ့။ လေအေးပေးစက်ရှိရင် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နွေနေပူပူ မှာ ဒါတွေဆောင်ထားပါ

နွေနေပူပူ မှာ နေပူလွန်းလို့ ချွေးတွေလည်းထွက်လို့ စိတ်တွေလည်း ညစ်ရမှာပါ။ နေပူနေချိန်မှာ အပြင်လည်း ထွက်ချင်မှာ မဟုတ်ပါဘူး။ မဖြစ်မနေ အပြင်ထွက်ရပြီဆိုရင်တော့ နေပူရှိန်ကြောင့် အလှမပျက်၊ ကျန်းမာရေး မထိခိုက်ရအောင် ဆောင်ထားရမယ့် ပစ္စည်းလေးတွေ ရှိပါတယ်။ နွေနေပူပူ မှာ ဒါတွေဆောင်ထားပါ (၁) ထီး၊ ဦးထုပ် ထီး၊ ဦးထုပ်ကတော့ နွေရာသီမှာ လူတိုင်းဆောင်ထားကြမှာပါ။ နွေနေပူတာကြောင့် ခေါင်းကိုက်ခြင်း၊ ရေဓာတ်ခမ်းခြောက်လွယ်ခြင်း၊ ခေါင်းမူးခြင်းတွေကနေ ရှောင်ရှားနိုင်ဖို့အတွက် အရိပ်ရအောင် ထီး၊ ဦးထုပ်ဆောင်ရပါမယ်။ (၂) ရေဗူး အပြင်ထွက်တဲ့အခါတိုင်းမှာ ရေဗူးသေးသေးလေး ဆောင်သွားပါ။ နေရာသီမှာ ရေဓာတ်ခမ်းခြောက်တာတွေ ဖြစ်နိုင်ပြီး မျက်စိမှုန်ဝေဝါးခြင်းတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် နွေရာသီမှာ ရေဆာတာတွေ၊ ရေငတ်တာတွေ မဖြစ်စေဖို့ ရေဗူးလေးတွေ ဆောင်ထားပါ။ (၃) ပေါင်ဒါမှုန့် ချွေးထွက်သန်တဲ့သူတွေအတွက်တော့ နွေရာသီဟာ အရမ်းကို စိတ်ပျက်စရာ ကောင်းနေမှာပါ။ နေပူလေ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ခြေဖနောင့်ကွဲခြင်းနဲ့ ဆားရည်စိမ်ခြင်း

ခြေဖနောင့်ကွဲတာက များလာရင် နာကျင်တာတွေဖြစ်လာနိုင်သလို ဖနောင့်မှာ အစင်းကြောင်းရာတွေဖြစ်လာပြီး ကြည့်ရဆိုးစေပါတယ်။ခြေဖနောင့် ကွဲတာဖြစ်တဲ့အခါမှာဆေးတွေနဲ့ ကုသပြီးပျောက်ကင်းတာ ရှိသလို သဘာဝနည်းလမ်းလေးတွေသုံးပြီး လုပ်ဆောင်လို့ရတာလည်း ရှိပါတယ်။ ခြေဖနောင့်ကွဲခြင်းကို ဖြစ်ပေါ်စေတဲ့အကြောင်းရင်း၊ ခြေဖနောင့်ကွဲခြင်းကို သက်သာစေမယ့် အိမ်တွင်းနည်းလမ်းများနဲ့ အိမ်တွင်းနည်းလမ်းလေးတွေထဲကမှ ဆားရည်စိမ်ခြင်းအကြောင်းကိုပြောပြမယ်နော်။ ခြေဖနောင့်ကွဲအက်ရတဲ့အကြောင်းရင်း အသားအရေခြောက်သွေ့ခြင်း အိုမီဂါ ၃ နဲ့ ဇင့်ဓာတ် လုံလုံလောက်လောက် မရရှိခြင်းေ နောက်ပိတ်ဖိနပ်အစီးများခြင်း ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ချို့တဲ့ခြင်း ကိုယ့်ခြေထောက်နဲ့ မတော်တဲ့ခြေအိတ်တွေ ဝတ်ဆင်မိခြင်း ကိုယ်အလေးချိန်များခြင်း ဆီးချိုရောဂါရှိခြင်း ရာသီဥတု အရမ်းပူခြင်း တို့ဖြစ်ပါတယ်။ ခြေဖနောင့်ကွဲအက်ခြင်းကို သက်သာစေမယ့် နည်းလမ်းများ ပျားရည် ပျားရည်က စိုစွတ်မှုကိုပေးစွမ်းနိုင်ပြီး ဘက်တီးရီးယားတွေကိုသေစေနိုင်တာကြောင့်ခြေဖနောင့်ကွဲအက်ခြင်းတွေကို သက်သာစေပါတယ်။ ပျားရည်လေးတွေခြေဖနောင့်မှာ သုတ်လိမ်းပြီး အိပ်ပါ။ ဒါဟာ ဆိုင်တွေမှာ ပျားရည်နဲ့ပေါင်းတင်သလိုပါပဲ။ နေ့တိုင်းလုပ်ပေးမယ်ဆိုရင်တော့ ခြေဖနောင့်ကွဲတာတွေ အတော်လေး သက်သာလာတာကိုတွေ့ရမှာပါ။ ရှားစောင်းလက်ပပ် ရှားစောင်းလက်ပပ်ကတော့ ဆဲလ်သေတွေ ဖယ်ရှားပေးပြီး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အကြောဆေးသွင်းခြင်းနှင့် သတိပြုဖွယ်များ

ဖြစ်စဉ် (၁) ကိုထ ွန်းကျော်။ ကုန်ထမ်းရတာများသွားလို့ထင်သည်။ ညောင်းကိုက်သည်။ ပိုဆိုးသည်မှာ ကိုယ်လက်တွေ မသယ်ချင်လောက်အောင်ဖြစ်နေသည်။ လှုပ်ရှားရတာ အားနည်းသလို ဖြစ်နေတာ ၃-၄ ရက်ရှိပြီ။ အရင်က အလုပ်ပြန်လျှင်ပုံမှန်သောက်နေကျ အရက်လေး ၁ ပုလင်းလောက်သောက်လျှင် ပင်ပန်းတာ သက်သာသလို ဖြစ်သော်လည်း အားနည်းတာက အခုရက်ပိုင်း မသက်သာ။ ညနေတော့ အရက်မသောက်သေးဘဲ သူငယ်ချင်းညွှန်းသလိုလမ်းထိပ်ကဆေးခန်းမှာ အကြောဆေးဝင်သ ွင်းဦးမည်။ အိမ်ရောက်တာနဲ့ကိုထ ွန်းကျော်ဝင်အိပ်ဖြစ်သည်။ အကြောအားဆေးဝင်သ ွင်းလိုက်သော်လည်း သူများတေ ွပြောသလိုလန်းမသ ွား။ နောက်နေ့မနက်ထတော့ကိုထ ွန်းကျော်ခြေထောက်တေ ွ မလှုပ်နိုင်တော့။ လက်ကိုအားပြု ထမည်ကျန်တော့လည်း လက်ပါ ကောင်းကောင်းမလှုပ်နိုင်တော့။ သို့နှင့် ကိုထ ွန်းကျော်တစ်ယောက်အင်းစိန်ဆေးရုံရောက်လာသည်။ ဆရာဝန်တွေကတော့ ပိုတက်စီယမ် (potassium) ခေါ် သက်စောင့်ဓါတ်နည်းတာလို့ပြောသည်။ ဒီထက်နည်းလာရင်အသက်ရှူမရဖြစ်လာ၊ နှလုံးရပ်ပြီးသေတဲ့အထိဖြစ်လာနိုင်မည်ဟုပြောသည်။ ပြီးတော့အကြောဆေးသ ွင်းလိုက်သေးလားဟု […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဆေးခန်းပြရာဝယ် (၁)

ဆေးခန်းပြရာဝယ် (၁) ဒီဖက်နှစ်တွေထဲမှာ လူမှုကွန်ယက်အပါအဝင် နေရာအတော်များများမှာ ကျယ်ကျယ်လောင်လောင် ကြားလာရတဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတခုက ဘာလဲဆိုတော့ ဆရာဝန်-လူနာ ဆက်ဆံရေးပြဿနာပါ။ တဖက်နဲ့ တဖက် နားလည်မှုလွဲလို့ ဖြစ်ကြတဲ့အပြင် တဖက်ဖက်က ချို့ယွင်းချက်လေးတွေရှိလို့ တက်ကြတဲ့ ပြဿနာလေးတွေလည်း ရှိနေပါတယ်။ ဘာပြဿနာမှ မရှိဘူးဆိုရင်တောင် နေထိုင်မကောင်းလို့ ဆေးခန်းသွားတဲ့အခါ ကိုယ့်ရောဂါအခြေအနေအကြောင်းကို လူတိုင်းသိချင်မှာ အသေအချာပဲမို့ ဒီဆောင်းပါးမှာ မျှဝေဆွေးနွေးသွားမယ့် အချက်လေးတွေကို ဖတ်ရှုပေးကြပါဦး။ တွေးစရာလေးတွေ၊အသိသစ်လေးတွေ ရသွားမှာပါ။   ၁။ ဆေးခန်း/ဆရာဝန်ကို သေချာစွာ ရွေးချယ်ပါ။ တချို့ဆေးခန်းကြီးတွေ၊ဆရာဝန်ကြီးတွေဟာ လူနာအလွန်များတာမို့ လူနာတဦးချင်းစီကို သေချာဂရုတစိုက် မေးမြန်းတာမျိုး မလုပ်နိုင်ကြပါဘူး။ ဒီလိုအခြေအနေမှာ အငြင်းပွားဖွယ် ပြဿနာတွေ အများဆုံးဖြစ်ပေါ်လေ့ရှိပါတယ်။ အထူးသဖြင့် ကလေးဆရာဝန်တွေမှာ အဓိကတွေ့ရတတ်ပါတယ်။ ဘာလို့လဲဆိုတော့ မိဘတိုင်းဟာ မိမိရဲ့ ရင်နှစ်သည်းချာရင်သွေးလေးကို ဆရာဝန်က ဂရုတစိုက် ကြည့်ရှုစစ်ဆေး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နေမကောင်းတဲ့အခါလုပ်မိတတ်တဲ့အမှား (၅)မျိုး

နေမကောင်းတဲ့အခါလုပ်မိတတ်တဲ့အမှား (၅)မျိုး ကျွန်တော်တို့ အားလုံး နေမကောင်းဖြစ်ဖူးပါတယ်။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဖျားရင် နေမကောင်းဖြစ်ရင် အလေ့အထတစ်ခုအဖြစ် ကျွန်တော်တို့လုပ်မိနေတဲ့အမှားတွေရှိပါတယ်။ ၁။ စောင်အထူကြီးခြုံတာ၊ အက်ျီအနွေးထည် ထူထူဝတ်တာ။ နွေးနွေးထွေးထွေးနေမှရမယ်လို့ယူဆတာ။ ဒီအယူအဆက ဖျားတယ်ဆိုတာ ရာသီဥတုအေးလို့ဖြစ်ရတာဆိုတာကနေ လာပါတယ်။ တကယ်တော့ဖျားတယ်ဆိုတာ အများအားဖြင့်က ဗိုင်းရပ်စ်တစ်မျိုးမျိုးကြောင့်ဖြစ်တာဖြစ်ပြီး အေးတာနဲ့ တိုက်ရိုက်ကြီးမသက်ဆိုင်ပါဘူး။ တကယ်လို့ ဖျားနေတဲ့အချိန်မှာ ချမ်းနေလို့ဆိုရင်တော့ နွေးထွေးတဲ့အဝတ်အစားတွေဝတ်တာအဆင်ပြေပါတယ်။ ကျန်တဲ့အချိန်မှာတော့ သက်တောင့်သက်သာဖြစ်အောင် ဝတ်စားရင်ရပါပြီ။ ချွေးထွက်အောင်ဆိုပြီးအဝတ်အစားအထူကြီးတွေဝတ်တာက နဂိုမြင့်နေတဲ့ကိုယ်တွင်းအပူချိန်ကိုထပ်မြင့်စေနိုင်တဲ့အတွက် အန္တရာယ်ရှိတတ်ပါတယ်။ ဒါကြောင့် ဖျားပြီဆိုရင် သက်တောင့်သက်သာဖြစ်ရုံလောက်အဝတ်အစားဆိုရပါတယ်။ ၂။ ရေမချိုးတာ သန့်ရှင်းရေးမလုပ်တော့တာ။ ဖျားပြီဆိုတာနဲ့ မလုပ်ကြတော့တဲ့အရာတစ်ခုက ရေချိုးတာပါ။ အဖျားက အေးတာကြောင့်ဖြစ်တယ်လို့ ယူဆထားတော့ ရေချိုးတာက ပိုဆိုးစေနိုင်တယ်လို့ ယုံကြည်ကြလို့ဖြစ်ပါတယ်။ တကယ်က သက်ဆိုင်မှုမရှိပါဘူး။ ရေချိုးချင်စိတ်ရှိရင် ချိုးနိုင်ပါတယ်။ မထနိုင်လောက်အောင်ဖြစ်နေတယ်ဆိုရင်တော့ မချိုးသင့်ဘူးပေါ့။ နေမကောင်းတဲ့အချိန်မှာ သန့်သန့်ရှင်းရှင်းနဲ့ လန်းလန်းဆန်းဆန်းဖြစ်နေအောင် ရေချိုးတာက အဖျားတာတိုစေနိုင်ပါတယ်။ ၃။ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း