backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Radiation poisoning (ဓါတ်ရောင်ခြည်သင့်ခြင်း)


Phyo Wai Yan မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အိုင်းရွန်းဓါတ်ပါသော ဓါတ်ရောင်ခြည်တွေနဲ့ ထိတွေ့ပြီးချက်ချင်း ဒါမှမဟုတ် ကြာမှပေါ်လာသော ဆိုးကျိုးတွေကို ဓါတ်ရောင်ခြည်သင့်တယ်လို့ခေါ်ပါတယ်။ ဓါတ်ရောင်ခြည်ယူနစ် Rad ပေါင်းများစွာဖြင့် ထိတွေ့ပြီး သိသိသာသာလက္ခဏာတွေတွေ့ဖို့ သေချာသလောက်ရှိပါတယ်။ ဓါတ်ရောင်ခြည်သင့်မှုများရင် ချက်ချင်းဖြစ်လာမယ့်အရာတွေကိုသတိပြုရမည်၊ ဓါတ်ရောင်ခြည်အနည်းငယ်သာသင့်ရင် နောက်မှဖြစ်လာမည့်အရာတွေနဲ့ မျိုးရိုးဗီဇပြဿနာတွေ သတိပြုရည်ဆိုပြီး စည်းမျဉ်းတစ်ခုရှိပါတယ်။ လူသားတစ်ယောက်အပေါ်ဓါတ်ရောင်ခြည်သက်ရောက်မှုဟာ တစ်ခါထက်တစ်ခါပုံလာနိုင်ပါတယ်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Radiation poisoning (ဓါတ်ရောင်ခြည်သင့်ခြင်း) ကဘာလဲ။

အိုင်းရွန်းဓါတ်ပါသော ဓါတ်ရောင်ခြည်တွေနဲ့ ထိတွေ့ပြီးချက်ချင်း ဒါမှမဟုတ် ကြာမှပေါ်လာသော ဆိုးကျိုးတွေကို ဓါတ်ရောင်ခြည်သင့်တယ်လို့ခေါ်ပါတယ်။ ဓါတ်ရောင်ခြည်ယူနစ် Rad ပေါင်းများစွာဖြင့် ထိတွေ့ပြီး သိသိသာသာလက္ခဏာတွေတွေ့ဖို့ သေချာသလောက်ရှိပါတယ်။ ဓါတ်ရောင်ခြည်သင့်မှုများရင် ချက်ချင်းဖြစ်လာမယ့်အရာတွေကိုသတိပြုရမည်၊ ဓါတ်ရောင်ခြည်အနည်းငယ်သာသင့်ရင် နောက်မှဖြစ်လာမည့်အရာတွေနဲ့ မျိုးရိုးဗီဇပြဿနာတွေ သတိပြုရည်ဆိုပြီး စည်းမျဉ်းတစ်ခုရှိပါတယ်။ လူသားတစ်ယောက်အပေါ်ဓါတ်ရောင်ခြည်သက်ရောက်မှုဟာ တစ်ခါထက်တစ်ခါပုံလာနိုင်ပါတယ်။

Radiation poisoning (ဓါတ်ရောင်ခြည်သင့်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

လက္ခဏာများ

Radiation poisoning (ဓါတ်ရောင်ခြည်သင့်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ဓါတ်ရောင်ခြည်သင့်ခြင်းရဲ့ အတွေ့ရများတဲ့ လက္ခဏာတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။

မအီမသာဖြစ်ခြင်း

အော့အန်ခြင်း

ဝမ်းလျောခြင်း

အစားအသောက်ပျက်ခြင်း

ခေါင်းကိုက်ခြင်း

ပင်ပန်းနွမ်းနယ်ခြင်း

နှလုံးခုန်ရင်တုန်ခြင်း

ဓါတ်ရောင်ခြည်အနည်းငယ်သာသင့်မယ်ဆိုရင် နာရီအနည်းငယ်၊ ရက်အနည်းငယ်အတွင်းမှာ မသက်မသာဖြစ်နေတာတွေ ပျောက်သွားနိုင်ပါတယ်။ ဓါတ်ရောင်ခြည် ဆိုးဆိုးရွားရွားသင့်ခြင်း (ဥပမာ အတောမစ်ဗုံးပေါက်ခြင်း) ကနေ ဓါတ်ရောင်ခြည်အနည်းငယ်သင့်ခြင်း( ဥပမာ အချိန်အတန်ကြာ ဓါတ်မှန်ရိုက်ခြင်း) ကြောင့်ဖြစ်သော ဓါတ်ရောင်ခြည်သင့်မှု အမျိုးအစား၃ခုရှိပါတယ်။

ဓါတ်ရောင်ခြည်ပမာဏ၊ သင့်နှုန်း၊ သင့်သောခန္ဓါကိုယ်အစိတ်အပိုင်း၊ သင့်ပြီးကြာသောအချိန်တို့အပေါ်မှာမူတည်ပြီး အမျိုးအစားတွေ ခွဲခြားထားတာပါ။ ပြင်းပြင်ထန်ထန်သင့်မယ်ဆိုရင် ခန္ဓါကိုယ်တစ်ခုလုံး ဒါမှမဟုတ် အကုန်လုံးနီးပါးကို ထိုးဖောက်ဝင်ရောက်သွားမှာဖြစ်ပါတယ်။ ပြင်းပြင်းထန်ထန်ဓါတ်ရောင်ခြည်သင့်တဲ့သူတွေမှာ အဆင့်၃ဆင့်ခွဲခြားပြီး ဖြစ်ပါတယ်။ အစပိုင်းအဆင့်မှတော့ မအီမသာဖြစ်ခြင်း၊ ဝမ်းသွားခြင်းနဲ့ အော့အန်ခြင်းတို့ကို ခံစားရမှာပါ။ ထိုအဆင့်ဟာ မိနစ်အနည်းငယ် ဒါမှမဟုတ် ရက်အနည်းငယ်ကြာနိုင်ပါတယ်။ နောက်ထပ်အဆင့်ကိုတော့ ငုတ်လျိှုးအဆင့်လိုခေါ်ပြီး ထိုအဆင့်မှာ နာရီအနည်းငယ် ဒါမှမဟုတ် ရက်သတ္တပတ်အနည်းငယ်ထိ ကျန်းမာတဲ့လူတစ်ယောက်လို ပြန်ဖြစ်သွားပါတယ်။ နောက်ဆုံးအဆင့်ကတော့ ရောဂါလက္ခဏာပြတဲ့အဆင့်ဖြစ်သွားပြီး အမျိုးအစားတစ်ခုချင်းစီနဲ့လိုက်ပြီး တိတိကျကျရှိကြပါတယ်။ ထိုအရာတွေကတော့ နှလုံးနှင့်သွေးကြောစနစ်ထိခြင်း၊ ပင်မအာရုံကြောစနစ်ထိခြင်း၊ အစာအိမ်နှင့်အူလမ်းကြောင်းစနစ်ထိခြင်းနဲ့ သွေးဓါတ်ရောင်ခြည်သင့်ခြင်းတို့ဖြစ်ပါတယ်။

နှလုံးနဲ့သွေးကြော/ပင်မအာရုံကြောစနစ်ထိခြင်းတို့ဟာ သွေးထဲမှာ ဓါတ်ရောင်ခြည်ပမာဏ 3000 rads ထက်များနေလို့ပဲဖြစ်ပါတယ်။ ထိုအမျိုးအစားဟာ အပြင်းထန်ဆုံးဖြစ်ပြီး သေတာများပါတယ်။ အစပိုင်းအဆင့်မှာတွေ့ရသော မအီမသာဖြစ်ခြင်းနဲ့ အော့အန်ခြင်းတို့အပြင် Cerebral syndrome ရှိတဲ့သူတွေမှာဆိုရင် စိတ်လှုပ်ရှားခြင်း၊ စိတ်ရှုပ်ခြင်းနဲ့ နာရီအနည်းငယ်အတွင်းမှာ သတိလစ်ခြင်းတို့ဖြစ်တတ်ပါတယ်။ ငုတ်လျှိုးအဆင့်လည်းရှိနိုင်ပါတယ်။ ဓါတ်ရောင်ခြည်သင့်ပြီးပြီးချင်း ၅နာရီ/၆နာရီအကြာမှာ တုန်ရီခြင်းနဲ့ တက်ခြင်းတို့စတင်လာပြီး ၃ရက်အတွင်းမှာ ကိုမာဝင်ခြင်းနှင့် သေဆုံးခြင်းတို့အထိဖြစ်သွားမှာပါ။

ဓါတ်ရောင်ခြည်သင့်မှု 400 rads နှင့်အထက်ဆိုရင် အစာအိမ်နှင့် အူလမ်းကြောင်းထိနိုင်ပါတယ်။ မအီမသာဖြစ်ခြင်း၊ အော့အန်ခြင်း၊ ဓါတ်ဆားဓါတ်မညီမျှခြင်း၊ ဝမ်းလျောခြင်းတို့ မခံမရပ်နိုင်ဖြစ်ပြီး ရေဓါတ်ခမ်းခြောက်ခြင်း၊ သွေးရည်ကြည်နည်းသွားခြင်း၊ သွေးစီးဆင်းမှုစနစ်ပျက်စီးခြင်း၊ ပိုးဝင်ခြင်းနဲ့ အသက်အန္တရယ်ရှိသော ထပ်တိုးရောဂါတွေအထိ ဖြစ်သွားစေနိုင်ပါတယ်။

ဓါတ်ရောင်ခြည် 200 rads နဲ့ 1000rads အတွင်းမှာဆိုရင်တော့ ရိုးတွင်းခြင်ဆီထိပါတယ်။ အစပိုင်းမှာ အစာစားချင်စိတ်မရှိခြင်း၊ အဖျားတက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မအီမသာဖြစ်ခြင်း၊ အော့အန်ခြင်တို့ဖြစ်ပြီး ၆နာရီကနေ ၁၂နာရီအတွင်းမှာ အမြင့်ဆုံးရောက်သွားပါလိမ့်မယ်။ ၂၄နာရီကနေ ၃၆နာရီအတွင်း ရောဂါလက္ခဏာတွေ ပျောက်ကင်းသွားပါလိမ့်မယ်။ ငုတ်လျှိုးအဆင့်မှာဆိုရင်တော့ ပြန်ရည်ဖုတွေ၊ သရက်ရွက်နဲ့ ရိုးတွင်းခြင်ဆီတို့ သေးသိမ်သွားပြီး သွေးဆဲလ်အမျိုးအစားအကုန်လုံး ထုတ်လုပ်မှုနည်းသွားပါတယ်။ သွေးဖြူဥ Lymphocyte ချက်ချင်းနည်းသွားပြီး ၂၄နာရီကနေ ၃၆နာရီအတွင်းမှာ အနည်းဆုံးဖြစ်သွားပါတယ်။ သွေးဖြူဥ Neutrophil ကတော့ ဖြည်းဖြည်းချင်းနည်းသွားပြီး သွေးခဲကလာပ်စည်းတွေဆိုရင် ၃ပတ်၄ပတ်အတွင်းမှာ သိသိသာသာကြီးနည်းသွားပါမယ်။ ရောဂါပိုးမွှားတွေကို မခံနိုင်တာက သွေးဖြူဥနဲ့ သွေးဖြူဥရွေ့လျားမှုနည်းခြင်း၊ ပဋိပစ္စည်းမထုတ်နိုင်ခြင်း၊ ဘက်တီးရီးယားတွေကို မတိုက်ခိုက် မသတ်ဖြတ်နိုင်ခြင်း၊ တစ်ရှုးတွေ၊ သွေးထွက်နေတဲ့ အရေပြားတွေ၊ ဝမ်းဗိုက်တွေက ပိုးမွှားဝင်ရောက်မှုကို ခံနိုင်တော့ခြင်းတို့ကြောင့်ဖြစ်ပါတယ်။ သွေးခဲကလာပ်စည်းတွေနည်းခြင်းကြောင့် သွေးထွက်ကြတာပါ။

ဓါတ်ရောင်ခြည်သင့်မှုရဲ့ နောက်ပိုင်းသက်ရောက်မှုတွေက အလယ်အလတ်ဝေဒနာတွေနဲ့ နောက်ပိုင်း ခန္ဓါကိုယ်နဲ့မျိုးရိုးဗီဇချို့ယွင်းမှုတွေအထိ ဖြစ်စေနိုင်ပါတယ်။ ဓါတ်ရောင်ခြည် အနည်းငယ်ကို အချိန်ကြာကြာ ဒါမှမဟုတ် ခဏခဏ ထိတွေ့မှုတို့ကြောင့် ရာသီမလာခြင်း၊ ကျားမလိင်နှစ်မျိုးလုံးတွင် မျိုးအောင်နိုင်မှုကျဆင်းခြင်း၊ မိန်းမတို့တွင် လိင်စိတ်လျော့နည်းခြင်း၊ သွေးအားနည်းခြင်း၊ သွေးဖြူဥနည်းခြင်း၊ သွေးခဲကလာပ်စည်းနည်းခြင်း၊ အင်ပျဉ်များထခြင်းနှင့် အတွင်းတိမ်တို့ ဖြစ်နိုင်ပါတယ်။ ပိုပြင်းပြင်းထန်ထန် ဒါမှမဟုတ် တစ်နေရာထဲကို များများထိခြင်းတို့က အမွှေးကျွတ်ခြင်း၊ အရေပြားသေးသိမ်သွားခြင်းနှင့် အနာဖြစ်ခြင်း၊ အရေပြားကရာတင်များခြင်း၊ အရေပြားရှိ သွေးကြောများပုံစံပြောင်းသွားခြင်းတို့ကို ရရှိစေနိုင်ပါတယ်။ နောက်ဆုံးမှာတော့ အရေပြားကင်ဆာ(SCC) ဖြစ်သွားမှာပါ။

ကျောက်ကပ်ကိုထိမယ်ဆိုရင်တော့ ကျောက်ကပ်သွေးရောက်နည်းခြင်း၊ GFR နည်းခြင်းနဲ့ ကျောက်ကပ်ပြွန်စွမ်းရည်ကျခြင်းတို့ ဖြစ်သွားနိုင်ပါတယ်။ ဓါတ်ရောင်ခြည်ပမာဏများများထိကာ ၆လကနေ တစ်နှစ်လောက်ထိ ငုတ်လျိုးအဆင့်ဝင်ပြီးနောက်မှာ ဆီးထဲပရိုတင်းပါခြင်း၊ ကျောက်ကပ်စွမ်းရည်မလုံလောက်ခြင်း၊ သွေးအားနည်းခြင်းနဲ့ သွေးပေါင်တက်ခြင်းတို့ ရရှိနိုင်ပါတယ်။ ၅ပတ်အောက်အချိန်တွင်းမှာ ဓါတ်ရောင်ခြည် 2000rads အထက်နဲ့ထိမိမယ်ဆိုရင် လူနာ ၃၇ရာခိုင်နှုန်းလောက်မှာ ကျောက်ကပ်ပျက်ပြီး ဆီးသွားနည်းသွားပါလိမ့်မယ်။

ကြွက်သားတွေကို ပမာဏများများသင့်မယ်ဆိုရင် ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ သေးသိမ်ခြင်းနဲ့ ပယ်ဆီယမ်ဝင်လာခြင်းတို့ဖြစ်နိုင်ပါတယ်။

အဆုတ်၂ခုကြားအလယ်ပိုင်း(Mediasternum)ကို ဓါတ်ကင်ခြင်းကြောင့် နှလုံးအပြင်ဖက်လွှာရောင်ရမ်းခြင်း(Pericarditis)နှင့် နှလုံးကြွက်သားရောင်ခြင်း (Myocarditis) တို့ဖြစ်နိုင်ပါတယ်။

ပင်မအာရုံကြောကြီးအစိတ်အပိုင်းတစ်ခုခုကို 4000radsနဲ့အထက်ဓါတ်ရောင်ခြည်သင့်မယ်ဆိုရင် အာရုံကြောမကြီးရောဂါတွေဖြစ်နိုင်ပါတယ်။ ဝှေးစေ့ကင်ဆာ၊ Lymphoma၊ မမျိုးဥကင်ဆာ၊ နာတာရှည်အနာပေါက်ခြင်း၊ တစ်ရှုးထူခြင်းနဲ့ ဗိုက်ပေါက်ခြင်းတို့အတွက် ပြန်ရေဖုတွေကို ဓါတ်ကင်တာတွေကြောင့်လဲ ဖြစ်နိုင်ပါတယ်။

နောက်ကျမှဖြစ်တဲ့ ခန္ဓါကိုယ်နဲ့မျိုးရိုးဗီဇသက်ရောက်မှုတွေက ခန္ဓါကိုယ်ဆဲလ်တွေနဲ့ မျိုးပွားဆဲလ်တွေမှာရှိတဲ့ မျိုးရိုးဗီဇကုဒ်တွေကို ပြောင်းလဲပြစ်ပါတယ်။ ခန္ဓါကိုယ်ပိုင်းဆဲလ်တွေအနေနဲ့ဆိုရင် ကင်ဆာတို့၊ အတွင်းတိမ်တို့လိုရောဂါတွေ ရရှိနိုင်ပါတယ်။ ရေဒီယိုသတ္တိကြွအရိုးရှာသောပစ္စည်းတစ်မျိုးဖြစ်တဲ့ ရေဒီယမ်ဆားကို မျိုးချပြီးတဲ့နောက်မှာလည်း အရိုးကင်ဆာ(Osteosarcoma) နဲ့ရင်ဆိုင်ရနိုင်ပါတယ်။ ကင်ဆာကုထုံးတွေကြောင့်လည်း အတွင်းကလီစာတွေ ဓါတ်ရောင်ခြည်သင့်နိုင်ပါတယ်။

ဆဲလ်တွေ ဓါတ်ရောင်ခြည်သင့်သွားတဲ့အခါမှာ သန္ဓေပြောင်းလဲမှုဖြစ်စဉ်တွေ များပြားလာပါတယ်။ ထိုးမျိုးရိုးဗီဇအမှားတွေကို ကလေးတွေရရှိသွားတဲ့အခါမှာ မွေးရာပါရောဂါတွေဖြစ်လာမှာပါ။

အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်းရှိပါသေးတယ်။ ရောဂါလက္ခဏာတွေနဲ့ ပတ်သတ်ပြီး သိချင်တာတွေရှိမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ဓါတ်ရောင်ခြည်တွေအမြောက်အများကို ထိတွေ့မိတယ်လို့ သံသယရှိရင် ဆရာဝန်ဖြင့် ပြသပေးပါ။

အကြောင်းရင်းများ

Radiation poisoning (ဓါတ်ရောင်ခြည်သင့်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ဓါတ်ရောင်ခြည်ဆိုတာ Atom ကနေ လှိုင်း ဒါမှမဟုတ် အမှုန်အမွှားလေးတွေအနေနဲ့ ထွက်လာတဲ့ စွမ်းအင်ပါ။ စက်ရုံမတော်တဆကိစ္စတွေလိုမျိုး အခြေအနေတွေကြောင့် ဓါတ်ရောင်ခြည်အမြောက်အများသင့်နိုင်ပါတယ်။ ဓါတ်မှန်ရိုက်ခြင်းလိုမျိုး အခြေအနေတွေကတော့ ဓါတ်ရောင်ခြည်အနည်းငယ်သာထွက်တာကြောင့် သိပ်တော့မစိုးရိမ်ရပါဘူး။

ဓါတ်ရောင်ခြည်ပမာဏများများထွက်သော အခြေအနေများ

အောက်ပါတို့ပဲဖြစ်ပါတယ်။

နျူကလိယစက်ရုံတွင် မတော်တဆမှုဖြစ်ခြင်း

နျူကလိယစက်ရုံတိုက်ခိုက်ခံရခြင်း

ရေဒီယိုသတ္တိကြွပစ္စည်းအသေးစားပေါက်ကွဲမှုဖြစ်ခြင်း

ရေဒီယိုသတ္တိကြွဗုံးကွဲခြင်း

နျူကလိယဗုံးကွဲခြင်း

ခန္ဓါကိုယ်ရှိဆဲလ်အချို့ ပျက်စီးယိုယွင်းမှုတွေဖြစ်သွားပြီး ဓါတ်ရောင်ခြည်သင့်တယ်လို့ခေါ်နိုင်ပါပြီ။ ဓါတ်ရောင်ခြည်မခံနိုင်တဲ့ ခန္ဓါကိုယ်ဆဲလ်တွေကတော့ အစာအိမ်နှင့်အူလမ်းကြောင်းရှိဆဲလ်တွေ၊ ရိုးတွင်းခြင်ဆီဆဲလ်တွေပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Radiation poisoning (ဓါတ်ရောင်ခြည်သင့်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဓါတ်ရောင်ခြည်သင့်တယ်လို့ သံသယရှိတဲ့အခါမှာ ထိတွေ့လိုက်တဲ့ ဓါတ်ရောင်ခြည် ပမာဏကို တိုင်းတာပါလိမ့်မယ်။ ထိုအချက်အလက်ကနေပြီးတော့ ရောဂါပြင်းထန်မှု၊ ကုသမှုရွေးချယ်ခြင်းနဲ့ အသက်ရှင်နိုင်မရှင်နိုင်တို့ကို ဆုံးဖြတ်မှာပါ။

ဓါတ်ရောင်ခြည်သင့်မှုပမာဏကို ဆုံးဖြတ်ပေးနိုင်မယ့် အချက်တွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။

ထိတွေ့မှုအဖြစ်အပျက်ကိုသိရှိခြင်း။ ဓါတ်ရောင်ခြည်အရင်းအမြစ်ထံမှ အကွာအဝေးနဲ့ ထိတွေ့မှုကြာချိန်တို့က ရောဂါပြင်ထန်မှုကို အကြမ်းဖျင်းဆုံးဖြတ်မှုပေးနိုင်ပါတယ်။

အော့အန်ခြင်းနှင့် အခြားရောဂါလက္ခဏာများ။ ဓါတ်ရောင်ခြည်ထိတွေ့တဲ့အချိန်နဲ့ စအန်တဲ့အချိန်ကြားက ကြာချိန်ဟာ ဓါတ်ရောင်ခြည်ပမာဏကို ဆုံးဖြတ်တဲ့နေရာမှာ တော်တော်အသုံးဝင်ပါတယ်။ အချိန်တိုလေ ပမာဏများလေဖြစ်ပါတယ်။ အခြားရောဂါလက္ခဏာတွေလည်း အသုံးဝင်နိုင်ပါတယ်။

သွေးစစ်ခြင်း။ ရက်အတော်ကြာ သွေးမကြာခဏစစ်ပေးခြင်းက သွေးဖြူဥနည်းမှုတွေနဲ့ သွေးဆဲလ်တွေမှာရှိတဲ့ DNA ပြောင်းလဲမှုတွေကို သိရှိစေနိုင်ပါတယ်။ အဲဒီအချက်တွေဟာ ဓါတ်ရောင်ခြည့်သင့်မှုပမာဏအပေါ်မူတည်တဲ့ ရိုးတွင်ခြင်ဆီပျက်စီးမှုတွေကို တွေ့ရှိစေမှာပါ။

Dosimeter လို့ခေါ်တဲ့ ပစ္စည်းလေးကလည်း ဓါတ်ရောင်ခြည်သင့်မှုပမာဏကို တိုင်းတာနိုင်ပါတယ်။ ဒါပေမယ့်လည်း ဖြစ်စဉ်တူနေမှရမှပါ။

ဆာဗေးမီတာ။ Geiger counter လို့ခေါ်တဲ့ ကိရိယာက ခန္ဓါကိုယ်ဓါတ်ရောင်ခြည်သင့်ခံရတဲ့နေရာကို ယေဘုယျသုံးသပ်ချက်တွေ ပေးနိုင်ပါတယ်။

ဓါတ်ရောင်ခြည်အမျိုးအစားများ။ ဓါတ်ရောင်ခြည်အမျိုးအစားတွေကလည်း အရေးကြီးပါတယ်။ ထိုအချက်က ကုသမှုရွေးချယ်ဆုံးဖြတ်ခြင်းတွေမှာ ပါဝင်နေနိုင်ပါတယ်။

Radiation poisoning (ဓါတ်ရောင်ခြည်သင့်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ကုသမှုရဲ့ ရည်ရွယ်ချက်တေမှာ နောက်ထပ်ဓါတ်ရောင်ခြည်မသင့်ဖို့၊ မီးလောင်ဒဏ်ရာတွေ၊ ထိခိုက်အနာတရတွေလိုမျိုး အသက်အန္တရယ်ရှိသော ဒဏ်ရာတွေကိုကုသဖို့တွေပါဝင်ပါတယ်။

ဓါတ်ရောင်ခြည်ဖယ်ရှားခြင်း

တတ်နိုင်တမျှရေဒီယိုသတ္တိကြွအမှုန်တွေကို ဖယ်ရှာတာဖြစ်ပါတယ်။ အင်္ကျီတွေ၊ ဖိနပ်တွေချွတ်လိုက်တာက အပြင်ပန်းကအမှုန်တွေ၉၀ရာခိုင်နှုန်းလောက်ကို ဖယ်ရှားပေးနိုင်မှာပါ။ ကျန်တဲ့အမှုန်တွေကိုတော့ ဆပ်ပြာ၊ရေတို့ဖြင့် ညင်သာစွာဆေးကြောကာ ဖယ်ရှားပြစ်နိုင်ပါတယ်။

အထက်ပါအတိုင်းပြုလုပ်ပေးခြင်းက နောက်ထပ်အမှုန်တွေထပ်မပြန့်အောင်၊ မျိုးမချမိအောင်၊ မရှုမိအောင်၊ အနာတွေကနေမဝင်အောင် အတိုင်းအတာတစ်ခုထိ ကာကွယ်နိုင်ပါတယ်။

ပျက်စီးသွားသော ရိုးတွင်းခြင်ဆီကို ကုသခြင်း

G-CSF လို့ခေါ်တဲ့ ပရိုတင်းတစ်မျိုးက သွေးဖြူဥကြီးထွားမှုကို အားပေးပြီး ဓါတ်ရောင်ခြည်သင့်မှုရဲ့သက်ရောက်မှုကို ချေဖျက်ပေးနိုင်ပါတယ်။ ထိုပရိုတင်းပါဝင်သော ဆေးတွေဖြစ်တဲ့ filgrastim (Neupogen), sargramostim (Leukine) နှင့် pegfilgrastim (Neulasta)တို့က သွေးဖြူဥထုတ်လုပ်မှုများစေပြီး ပိုးမဝင်အောင်ကူညီပေးမှာပါ။

ရိုးတွင်းခြင်ဆီ အလွန်ပျက်စီးနေမယ်ဆိုရင်တော့ သွေးသွင်းရနိုင်ပါတယ်။

အတွင်းပိုင်းဓါတ်ရောင်ခြည်သင့်မှုအတွက် ကုသခြင်း

အချို့ကုသမှုတွေက ဓါတ်ရောင်ခြည်အမှုန်တွေကြောင့် အတွင်းပိုင်းကလီစာထိခိုက်မှုတွေကို လျော့ချပေးမှာပါ။ အဲဒီကုသမှုတွေကိုတော့ ဓါတ်ရောင်ခြည်တိတိပပထိပြီးမှသာ အသုံးပြုပါတယ်။ အောက်ပါတို့ပဲဖြစ်ပါတယ်။

Potassium iodide (Thyroshiel, losat)။ အိုင်အိုဒင်း ရေဒီယိုသတ္တိမကြွတဲ့ပုံစံပါ။ အိုင်အိုဒင်းက သိုင်းရွိုက်အလုပ်လုပ်ဖို့ လိုအပ်တာကြောင့် ထိုအင်္ဂါထံသို့ ရောက်ရှိသွားပါတယ်။ တကယ်လို့သာ အတွင်းပိုင်းကလီစာတွေ ဓါတ်ရောင်ခြည်သင့်နေမယ်ဆိုရင် သိုင်းရွိုက်ထိုအိုင်အိုဒင်းကို စုပ်ယူလိုက်မှာပါ။

သိုင်းရွိုက်မှာ potassium iodide တွေပြည့်သွားပြီး ရေဒီယိုသတ္တိကြွအိုင်အိုဒင်းတွေ မစုပ်ယူတော့ပါဘူး။ နောက်ဆုံးမှာတော့ ရေဒီယိုသတ္တိကြွအိုင်အိုဒင်းတွေကို ဆီးထဲကနေ စွန့်ထုတ်လိုက်ပါတယ်။ ထိုနည်းဟာ အကုန်လုံးတော့မကုသနိုင်ပါဘူး။ ဓါတ်ရောင်ခြည်သင့်ပြီး တစ်ရက်အတွင်းသောက်ရင်တော့ အထိရောက်ဆုံးပါပဲ။

Prussian blue (Radiogardase)။ ထိုဆိုးဆေးဟာ ကေဆီယမ်နဲ့ သယ်လီယမ်တို့လိုမျိုး ရေဒီယိုသတ္တိကြွအမှုန်တွေကို သွားပေါင်းပေးနိုင်ပါတယ်။ ပြီးတော့မှ ထိုအမှုန်တွေကို မဝင်ကနေစွန့်ထုတ်လိုက်ပါတယ်။ အထက်ပါနည်းလမ်းဟာ ရေဒီယိုသတ္တိကြွအမှုန်တွေစွန့်ထုတ်မှုမြန်စေပြီး ဆဲလ်တွေကနေလည်း စုပ်ယူမှုနည်းစေပါတယ်။

Diethylenetriamine pentaacetic acid (DTPA)။ သတ္ထုတွေကို ပေါင်းနိုင်ပါတယ်။ ပလူတိုနီယမ်၊ အမေရီစီယမ်နဲ့ ကျူရီယမ်အမှုန်တွေကို ပေါင်းမှာပါ။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် ဓါတ်ရောင်ခြည် စုပ်ယူမှုကို လျော့နည်းစေမှာပါ။

ထောက်ပံ့အားဖြည့်ကုသနည်းများ

အောက်ပါတို့ကိုကုသဖို့လည်း လိုအပ်ပါတယ်။

ပိုးဝင်ခြင်း

ခေါင်းကိုက်ခြင်း

အဖျားတက်ခြင်း

ဝမ်းလျောခြင်း

မအီမသာဖြစ်ခြင်း၊ အော့အန်ခြင်း

ရေဓါတ်ခန်းခြောက်ခြင်း

အပူလောင်ခြင်း

လူနာ့နောက်ဆုံးခရီးအတွက်စောင့်ရှောက်ပေးခြင်း

10 Gy နဲ့အထက် ဓါတ်ရောင်ခြည်တွေကို စုပ်ယူမိသွားတဲ့သူဆိုရင် ပြန်ကောင်းဖို့ ခက်ခဲသွားပါပြီ။ ရောဂါရဲ့ ပြင်းထန်မှုအပေါ်မှာ မူတည်ပြီး ၂ရက်၊၂ပတ်အတွင်းမှာ သေဆုံးသွားနိုင်ပါတယ်။ သေစေနိုင်လောက်တဲ့ ပမာဏကို စုပ်ယူမိသွားပြီဆိုရင်တော့ နာကျင်ခြင်း၊ မအီမသာဖြစ်ခြင်း၊ အော့အန်ြ့ခင်းနဲ့ ဝမ်းလျေြာ့ခင်းတို့ သက်သာဖို့သာ လုပ်ရပါတော့မယ်။ စိတ်ပိုင်းဆိုင်ရာ၊ ဘာသာရေးဆိုင်ရာနည်းလမ်းတွေနဲ့သာ အကျိုးရှိတော့မှာပါ။

လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းများ

ဓါတ်ရောင်ခြည်သင့်ခြင်းကိုရင်ဆိုင်နိုင်စေဖို့ လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက ဘာတွေလဲ။

အောက်ပါလူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက ဓါတ်ရောင်ခြည်သင့်မှုကို ရင်ဆိုင်နိုင်စေဖို့ ကူညီပေးပါလိမ့်မယ်။

ဓါတ်ရောင်ခြည် အရေးပေါ်ကိစ္စတွေ ပေါ်ပေါက်လာမယ်ဆိုရင် တီဗီ၊ ရေဒီယိုတို့မှ ဘာတွေကြေညာမယ်ဆိုတာ နားထောင်ပေးပါ။ လုပ်ဆောင်ရမယ့်အရာတွေကတော့ အခြေအနေပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။ အိမ်မှာနေဖို့ ဒါမှမဟုတ် နေထိုင်ရာနေရာကို စွန့်ခွာဖို့ ပြောကြားပါလိမ့်မယ်။

လုံခြုံအောင်နေထိုင်ခြင်း

အလုပ်မှာပဲဖြစ်ဖြစ် အိမ်မှာပဲဖြစ်ဖြစ် ရောက်တဲ့နေရာမှာပဲနေဖို့ ကြေညာထားမယ်ဆိုရင် အောက်ပါတို့ကို လုပ်ဆောင်ပေးပါ။

တံခါးတွေ၊ ပြတင်းပေါက်တွေ သော့ခတ်ပြီးပိတ်ထားပါ။

ပန်ကာ၊ အဲကွန်းနဲ့ အပူပေးစက်တွေ အစရှိတဲ့ အပြင်ကလေကို အထဲသို့ ယူဆောင်ပေးတဲ့စက်တွေ ပိတ်ထားပါ။

အိမ်မွေးတိရိစ္ဆာန်တွေ အိမ်ထဲမှာထားပါ။

အတွင်းပိုင်းအခန်းတွေ ဒါမှမဟုတ် မြေအောက်ခန်းတွေသို့ ရွှေ့ပေးပါ။

သတင်းတွေ၊ အရေးပေါ်ထုတ်လွှင့်ချက်တွေကနေ ဘာတွေကြေညာလဲနားထောင်ပါ။

စွန့်ခွာထွက်ပြေးခြင်း

စွန့်ခွာဖို့ ကြေညာထားတယ်ဆိုင် အာဏာပိုင်တွေက ညွှန်ကြားထားတဲ့အတိုင်းလုပ်ဆောင်ပါ။ စိတ်ညိမ်ညိမ်ထားပြီး မြန်မြန်သွက်သွက်နဲ့ စနစ်တကျလုပ်ဆောင်ပါ။ ပေါ့ပေါ့ပါးပါးပဲ သွားပါ။ ဒါပေမယ့် အောက်ပါတို့ပါနေပါစေ။

ဓါတ်မီး

အိပ်ဆောင်ရေဒီယို

ဘက်ထရီ

ရှေးဦးသူနာပြုအိတ်

လိုအပ်တဲ့ဆေးဝါးတွေ

စည်သွတ်ဘူးနဲ့ ရေဘူးလိုမျိုး အလုံပိတ်ထားသော အစားအစာများ

စည်သွတ်ဘူးဖောက်သံ

ငွေတွေ၊ အကြွေးဝယ်ကတ်တွေ

အဝတ်ပိုတွေ

အရေးပေါ်ကယ်ဆယ်ရေးယဉ်တွေ၊ ကယ်ဆယ်ရေးစခန်းတွေက တိရိစ္ဆာန်တွေ လက်မခံဘူးဆိုတာ မမေ့ပါနှင့်။ ကိုယ်ပိုင်ယာဉ်နဲ့သွားမယ်၊ ကိုယ်ပိုင်နေရာရှိတယ်ဆိုမှသာ အိမ်မွေးတိရိစ္ဆာန်တွေယူဆောင်သွားပါ။

မေးစရာတွေ ရှိမယ်ဆိုရင် အကောင်းဆုံးဖြေရှင်းနည်းလမ်းတွေကို ပိုမိုသိရှိနားလည်စေနိုင်ရန်အတွက် ဆရာဝန်ဖြင့်

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Phyo Wai Yan မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement