အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကျန်းမာစေဖို့ မွေးမြူသင့်တဲ့ မနက်ခင်း အလေ့အထအချို့

ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးလို့ပြောကြပေမယ့် လူတော်တော်များများက တန်ဖိုးထားဖို့မေ့နေကြပါတယ်။ ကျန်းမာခြင်းရဲ့ တန်ဖိုးကို မကျန်းမာတော့မှနားလည်ကြတာပါ။ လူတစ်ယောက်ကျန်းမာပြီး ရောဂါကင်းနေဖို့က အခြားသူတွေလုပ်ပေးလို့မရပါဘူး ကိုယ်တိုင်လုပ်ယူရတာပါ။ နောက်တစ်ချက်က ကျန်းမာစေဖို့ ဆိုတဲ့နေရာမှာ အနေအထိုင်၊ အစားအသောက် နဲ့ နေ့စဉ်ပြုမူနေကျ အလေ့အထအားလုံးက သက်ရောက်နေတယ်ဆိုတာပါ။ ဒီတစ်ခေါက်တော့ ကျန်းမာစေဖို့ မွေးမြူသင့်တဲ့ မနက်ခင်း အလေ့အထအချို့ အကြောင်း ပြောပြပေးချင်ပါတယ်။ တစ်နေ့တာအတွက် အရေးပါဆုံး အချိန်အပိုင်းအခြား တစ်နေ့တာလုံးမှာ တက်ကြွလန်းဆန်းနေချင်တယ်ဆိုရင် အင်အားပြည့်ဝစွာနဲ့ နိုးထပြီး မနက်ခင်းလေးကို အကောင်းဆုံးစတင်ဖို့လိုပါမယ်။ မနက်ခင်းကို အကောင်းဆုံး စတင်နိုင်မှုက တစ်နေ့တာလုံးမှာ အကောင်းဆုံးတွေဖြစ်လာစေဖို့ရော သင့်ကျန်းမာရေးကိုပါ အများကြီးအထောက်အကူပြုပေးနိုင်လို့ပါ။ ကျန်းမာစေဖို့ မွေးမြူသင့်တဲ့ မနက်ခင်း အလေ့အထအချို့ ရှင်သန်နေချိန်တလျှောက်မှာ ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်စေဖို့ဆိုရင် သင့်ရဲ့ မနက်ခင်းတိုင်းကို အခုလိုမျိုး ကုန်ဆုံးကြည့်ပါ။ အိပ်ရာစောစောထပါ မနက်ခင်းစောစောမှာ လေထုက သန့်စင်လတ်ဆတ်နေသလို နေရောင်ခြည်နုနုလေးက စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နှာခေါင်းအပေါက်ဖောက်ပြီး အနာကျက်ပုံအဆင့်ဆင့်

ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ သိပ်ပြီးတွင်ကျယ်သေးတာမျိုးမဟုတ်ပေမဲ့ ဒီဘက်ခေတ်မှာလည်း နားတစ်မျိုးသာမက နှာခေါင်းမှာပါ အပေါက်ဖောက်တာ ခေတ်စားလာကြပါတယ်။ မြင်နေကျမဟုတ်သူတွေအတွက်တော့ တော်တော်ထူးဆန်းနေနိုင်တဲ့ ကိစ္စတစ်ခုဆိုပေမဲ့ ဒါဟာလည်း ခေတ်ရေစီးကြောင်းရဲ့ ရိုက်ခတ်မှုတစ်မျိုးပါပဲ။ ဒါကြောင့် ကိုယ်တိုင်က နှာခေါင်းမှာ အပေါက်ဖောက်ဖို့ စဉ်းစားနေတယ်ဆိုရင်တော့ ဒီဆောင်းပါးကို အရင်ဆုံးဖတ်ကြည့်ဖို့ အကြံပေးလိုက်ချင်ပါတယ်။ နှာခေါင်းအပေါက်ဖောက်တာ အနာကျက်ဖို့ ဘယ်လောက်ကြာနိုင်လဲ။ နားကပ်ပေါက်ဖောက်တာလိုပဲ နှာခေါင်းပေါက်ဖောက်တဲ့အခါမှာလည်း နေရာ‌ပေါ် မူတည်ပြီး  ၄လမှ ၉လထိ ကြာနိုင်ပါတယ်။ အနာကျက်ရန်ကြာချိန်သည် • အပေါက်ဖောက်ထားတဲ့ နှာခေါင်းအစိတ်အပိုင်း (နှာခေါင်းပေါက်၊ အတွင်းသား၊ အပေါက်နှစ်ခြား အလယ်ကခြားနေတဲ့ အရိုးနု အစရှိသဖြင့်) • အပေါက်ဖောက်ထားတဲ့ နေရာမှာ ကပ်ထားတဲ့ ပစ္စည်း (သံ၊ ရွှေ၊ ပလက်တီနမ်၊ သတ္တုပစ္စည်း အစရှိသဖြင့်) • ဒီအပေါက်ဖောက်ထားတဲ့ နေရာကို ဘယ်လောက်ထိ သန့်ရှင်းအောင်ထားလဲ စတာတွေပေါ် မူတည်နိုင်ပါတယ်။ နှာခေါင်းပေါက် ဖောက်ပြီးနောက် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ရောဂါပိုးတွေကို ခုခံတိုက်ထုတ်ဖို့ ကိုယ်ခံအားကောင်းနေဖို့ လိုတယ်နော်

ကမ္ဘာကြီးက အရင်ကထက် ပိုပြီးပူနွေးလာတယ်။ ရာသီဥတုတွေ ဖောက်လွဲဖောက်ပြန်ဖြစ်လာတယ်။ အဲ့လိုပဲ ရောဂါပိုးမွှားအသစ်အဆန်းတွေဆိုတာလည်း အရင်တုန်းကရော အခုရော နောင်ရော ထွက်ပေါ်နေဦးမှာပါ။ မှတ်မှတ်ရရ အရင်နှစ်တွေတုန်းကလည်း ကြက်ငှက်တုပ်ကွေး၊ ဆင်တုပ်ကွေး၊ ဝက်တုပ်ကွေးဆိုပြီး အမျိုးမျိုး ထွက်လို့ ပြည်သူလူထုက အထိတ်တလန့် ဖြစ်ကြရတယ်။ အခုတခါလည်း တရုတ်ပြည်ကနေ ဝူဟန်ဗိုင်းရပ်စ်ဆိုပြီး အဆုတ်ရောင်နမိုးနီးယားဖြစ်စေတဲ့ ဗိုင်းရပ်စ်အသစ်တွေ ထပ်ထွက်လာပြန်ပြီနော်။ ရောဂါပိုးမွှားဆိုတာ အသစ်ပဲ ဖြစ်ဖြစ်၊ အဟောင်းပဲဖြစ်ဖြစ် အဓိက ကူးစက်နိုင်တာကတော့ ကိုယ်ခံအားနည်းသူတွေ၊ ကလေးတွေနဲ့ အသက်ကြီးပိုင်းအရွယ်တွေပါပဲ။ အရေပြားချင်းထိမိရာကနေ ကူးစက်တာတွေ ရှိတယ်၊ လေထဲကနေတစ်ဆင့် ကူးစက်တာတွေလည်း ရှိတယ်၊ အစားအစာ သို့မဟုတ် တိရစ္ဆာန်အသားကနေ ကူးစက်တာမျိုးလည်း ရှိတယ်။ ဘယ်လိုကြောင့်ပဲ ကူးစက်ခံရပါစေ ကိုယ်ခံအားနည်းတဲ့သူတွေသာလျှင် အဓိကရောဂါဖြစ်နိုင်ခြေ အများဆုံးဆိုတာတော့ မမေ့သင့်ပါဘူး။ ဒါကြောင့် ဘယ်လိုအချိန်မျိုးမှာမဆို ကိုယ့်ရဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

လိင်အကြမ်းဖက်ခံ ရရင် ဘာဆက်လုပ်ကြမလဲ။

​အခုနှစ်ပိုင်းတွေမှာ လိင်အကြမ်းဖက်ခံ ရတာကို မကြာခဏကြားနေရပါတယ်။ ကလေးတွေရော၊ သက်ကြီးရွယ်အိုတွေရော၊ ယောက်ျားလေး၊ မိန်းကလေးတွေရော ကြားနေရတာပါ။ ဒီကိစ္စက မဖြစ်ရင်ကောင်းပါတယ်။ ဖြစ်လာရင် နောက်ဆက်တွဲဆိုးကျိုးတွေ မြန်မြန်ဆန်ဆန်ကာကွယ်နိုင်မှသာ ပြုကျင့်ခံရသူ (victim)က နှစ်ခါ မနစ်နာမှာပါ။ ဒီမှာတော့ လိင်အကြမ်းဖက်ခံရပြီးနောက်  လုပ်ရမယ့်အချက်တွေကို ကျန်းမာရေးရှုထောင့်ကေန ပြောပြသွားမှာပါ။ (၁) ကိုယ်တွင်းကိုယ်ပဒဏ်ရာများ အဓမ္မကျင့်ခံရတာကို သိသိချင်း အရင်ဆုံးလုပ်ရမှာက ဆေးရုံကို သွားဖို့ပါ။ ရေမချိုးပါနဲ့။ ဆေးရုံကိုတန်းသွားပါ။ ဒါမှ အမှုဖွင့်ဖို့ လိုအပ်တဲ့ သက်သေ (သုတ်ရည်)စတာတွေကို စုဆောင်းနိုင်မှာပါ။ နောက်တစ်ခုက ဒဏ်ရာပါ။ ခြိမ်းခြောက်ခံထားရလို့ဖြစ်ဖြစ်၊ ရုန်းကန်ထားလို့ဖြစ်ဖြစ် ပွန်းပဲ့ရာ၊ အညိုအမည်းစွဲရာ၊ အခြားဒဏ်ရာတွေရှိနိုင်ပါတယ်။ ဒါပြင့် မိန်းမကိုယ်စုတ်ပြဲတာ၊ စအိုစုတ်ပြဲပြီး အူအတွင်းပိုင်းထိ ဒဏ်ရာရတာ၊ သွေးထွက်လွန်တာတွေ ရှိနိုင်ပါတယ်။ လိုအပ်ရင် ခွဲစိတ်ကုသရတာတွေလုပ်ရမှာပါ။ နောက်ကျသွားရင် ပိုးဝင်တာ၊ အသက်အန္တရာယ်ရှိတာတွေ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အောင့်မထားသင့်တဲ့ ခန္ဓာကိုယ်ရဲ့ အချက်ပြမှုတွေ

ဆိုကြပါစို့။ ကိုယ်ဟာ ပါတီပွဲတစ်ခုကိုရောက်နေပြီး သူငယ်ချင်းတွေနဲ့ ဝိုင်းဖွဲ့စကားပြောနေကြတယ်။ သောက်ထားတဲ့ ဂက်စ်ပါတဲ့ အချိုရည်တွေ၊ ဘီယာတွေကြောင့် လေတက်ချင်စိတ်၊ ဆီးသွားချင်စိတ် ဖြစ်လာတယ်။ စကားဝိုင်းထဲက ထသွားရမှာကို အားနာလို့ အိမ်သာမသွားဖြစ်ဘူးဆိုတဲ့ အခြေအနေတစ်ခုပေါ့။ အောင့်မထားသင့်တဲ့ ခန္ဓာကိုယ်ရဲ့ အချက်ပြမှုတွေ ကို သတိထားရပါမယ်။ ခန္ဓာကိုယ်ဟာ ပြင်ပကပဲဖြစ်ဖြစ်၊ ခန္ဓာကိုယ်တွင်းကပဲဖြစ်ဖြစ် အန္တရာယ်ရှိတဲ့ ပစ္စည်းတစ်ခုဝင်လာတယ်၊ ဒါမှမဟုတ် ခန္ဓာကိုယ်တွင်းမှာတင် မကောင်းတာတွေများလာပြီဆိုရင် စွန့်ထုတ်ဖို့၊ တစ်ခုခုလုပ်ဖို့ အချက်ပြလေ့ရှိပါတယ်။ ဒီလိုအချက်ပြတာတွေကို လျစ်လျူရှုလိုက်တာ၊ အောင့်ထားလိုက်တာမျိုးတွေ လုပ်လိုက်ရင်ခန္ဓာကိုယ်အတွက် ဘယ်လိုဆိုးကျိုးတွေဖြစ်မလာမလဲ။ ဒီလိုအချက်ပြမှုတွေကရော တကယ်ရော အရေးကြီးရဲ့လားဆိုတာကို ဒီဆောင်းပါးလေးမှာ ဆက်လက်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ အောင့်မထားသင့်တဲ့ ခန္ဓာကိုယ်ရဲ့ အချက်ပြမှုတွေ က ဘာတွေလဲ နှာချေခြင်း ဟတ်ချိုး၊ ဟတ်ချိုး နှာချေတာကို ဘယ်သူကမှတော့ အထူးတလည် အောင့်ထားနေမှာတော့မဟုတ်ပါဘူး။ အမှန်ပြောရရင် အောင့်ထားလို့လည်းမရပါဘူး။ ဒါပေမဲ့ တစ်ခုခုကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အရက်သောက်ပြီး နောက်နေ့ခေါင်းကိုက်တာ အမြန်သက်သာစေဖို့

ဒီဘက်ခေတ်မှာ လူကြီးလူငယ်မရွေး အရက်နဲ့တော့ မကင်းကြတော့ပါဘူး။ လူမှုရေးအရရော အသက်ငယ်သေးတဲ့အတွက် ကိုယ့်အပေါင်းအသင်းနဲ့အတူ ပျော်ဖို့ ရွှင်ဖို့အတွက် စားပွဲဝိုင်းလေးမှာ အရက်ကလေးပါမှ မြိန်တတ်ကြတာကိုး။ အဲ့လိုသောက်ချင်သလို သောက်ပြီး နောက်နေ့ဆိုရင် အလူးအလဲခံရမယ့် ဒုက္ခကတော့ အရက်သောက်ပြီး နောက်နေ့ခေါင်းကိုက်တာ ပါပဲ။ သောက်တဲ့ပမာဏနဲ့ လူပေါ်မူတည်ပြီး ဝေဒနာပြင်းထန်မှုက ကွာသွားနိုင်တယ်ဆိုပေမယ့် လူအများစုအနေနဲ့တော့ ဒီပြဿနာကို မလွဲမသွေ ကြုံကြရတတ်ပါတယ်။ အရက်နာကျတဲ့ ဝေဒနာဟာ အရမ်းအဆိုးရွားကြီး မဟုတ်တဲ့တိုင်အောင် ခံစားရတဲ့သူအတွက် မသက်သာသလို ဘေးလူအမြင်မှာလည်း သိပ်ကိုကြည့်ရဆိုးပြီး ကဲ့ရဲ့ချင်စရာဖြစ်နေတတ်ပါတယ်။ ညကလည်း အိပ်တာနောက်ကျတော့ မျက်တွင်းကညို၊ အသားက မွဲခြောက်ခြောက်၊ လူကို ကြည့်ရင်လည်း အားမရှိဘဲ နုံးခွေနေသလို၊ အိပ်ချင်နေသလို၊ အစားကလည်း မစားနိုင်၊ ရေလည်း မသောက်နိုင်၊ အဆိုးဆုံးကတော့ မူးဝေအော့အန်ပြီး ခေါင်းကိုက်တဲ့ ပြဿနာပါပဲ။ ဒီဆောင်းပါးမှာတော့ အရက်သောက်ပြီး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဦးနှောက်ဖွံ့ဖြိုးအောင် ဗီဒီယိုဂိမ်းဆော့ပါ

ဗီဒီယိုဂိမ်းတွေဟာ လူကြိုက်အများဆုံး ဖျော်ဖြေရေးနည်းလမ်းတွေထဲက တစ်ခုအဖြစ် လူသိများပါတယ်။ ကမ္ဘာတစ်လွှားက ဗီဒီယိုဂိမ်းဝါသနာရှင်တွေဟာ တစ်ပတ်ကို နာရီပေါင်း ၃ ဘီလီယံကျော်လောက်အထိ သူတို့ရဲ့  အချိန်တွေကို ဗီဒီယိုဂိမ်းတွေနဲ့  အသုံးချအပန်းဖြေနေကြပါတယ်။ စာရင်းဇယား လေ့လာချက်တွေအရ အမေရိကန်တစ်နိုင်ငံတည်းမှာတင် လူဦးရေ သန်း ၁၅၀ လောက်က ဗီဒီယိုဂိမ်းဆော့ကြပါတယ်။ ဒါက သူတို့တိုင်းပြည် လူဦးရေရဲ့ ၄၇% နီးပါးပမာဏဖြစ်ပါတယ်။ သူတို့ဟာ တစ်ရက်မှာ ဂိမ်းဆော့ချိန် ၃ နာရီခန့် ပျမ်းမျှဆော့ကြပါတယ်တဲ့။ ပျမ်းမျှအသက်ကတော့ ၃၅ နှစ်ဖြစ်ပါတယ်။ ၇၂% သော ဂိမ်းဆော့သူတွေဟာ အသက် ၁၈  နှစ်နဲ့အထက် လူငယ်တွေဖြစ်ကြပါတယ်။ ၇၁% လောက်က ကလေးတွေဖြစ်ပြီးတော့ ၂၉% ကတော့ မိဘတွေကိုယ်တိုင်ဖြစ်ပါတယ်။ ဆိုလိုချင်တာက  ဗီဒီယိုဂိမ်းတွေဟာ ကလေးတွေနဲ့ လူငယ်တွေအပေါ်မှာ လွှမ်းမိုးနိုင်စွမ်း ပိုများတယ်ဆိုတဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

လူ့ဘဝသက်တမ်း ရှည်ကြာစေဖို့ ပြုပြင်ပြောင်းလဲသင့်တဲ့ အရာတွေ

ရခဲလှတဲ့ လူ့ဘဝဆိုတာလည်း တကယ်တမ်းပြန်တွက်ကြည့်ရင် တိုတိုလေးပဲနော်။ လူတော်တော်များများက မွေးကတည်းက သေရမယ့်ရက်ဆိုတာ ပါလာတာချည်းပဲလို့ ပြောတတ်ကြပေမယ့် တကယ်တမ်းက ကိုယ်နေထိုင်တဲ့ လူ့ဘဝသက်တမ်း ရှည်မလား၊ တိုမလားဆိုတာ ကိုယ့်ရဲ့ တစ်နေ့တာ နေထိုင်စားသောက်မှုပုံစံတွေပေါ် အများကြီးမူတည်ပါတယ်။ အလွယ်ပြောရမယ်ဆိုရင် ကျန်းမာအောင် စားရင် ကျန်းကျန်းမာမာဖြစ်မယ်၊ အာဟာရမဖြစ်တဲ့ အစားအစာတွေပဲ စားနေရင် ရောဂါတွေ တစ်မျိုးပြီးတစ်မျိုး ဖြစ်မယ်၊ မြန်မြန်အသက်တိုနိုင်တယ်ပေါ့။ လူတိုင်းနီးပါးကတော့ အသက်ရှည်ရှည်နဲ့ နေချင်ကြတာပဲမလား။ ကိုယ်ချစ်တဲ့မိသားစု၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့လည်း မခွဲချင်ကြဘူး၊ မရောက်ဖူးသေးတဲ့ နေရာတွေကို သွားလည်ချင်တယ်၊ မစားဖူးသေးတဲ့ အစားအစာတွေကိုလည်း စားကြည့်ချင်တယ်၊ ကိုယ်ချစ်ရတဲ့သူတွေနဲ့ တိုင်းပြည်အပေါ်လည်း အများကြီး အကျိုးပြုရဦးမယ် အစရှိသဖြင့်ပေါ့။ ခုဆောင်းပါးမှာတော့ အသက်ရှည်ရှည်နေချင်တဲ့သူတိုင်း ပြုပြင်ပြောင်းလဲသင့်တဲ့ နေထိုင်မှုပုံစံ၊ အစာအာဟာရတွေအကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ ဘာတွေကို ပြောင်းလဲကြမလဲ။ နှစ်သစ်ကို ရောက်လာပြီဆိုတော့ အကောင်းဆုံးတကာ့ အကောင်းဆုံးတွေကိုပဲ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မိုဘိုင်းဖုန်းတာဝါတွေဟာ လူတွေကို ကျန်းမာရေး ထိခိုက်စေသလား

ဒီခေတ်မှာ လျှပ်စစ်သံလိုက်လှိုင်း ပမာဏဟာ ကျွန်တော်တို့ အဘိုးအဘွားတွေခေတ်ကထက် အဆ ၁၀၀ လောက်ပိုများလာနေပါတယ်။ အကြောင်းကတော့ မိုဘိုင်းဆက်သွယ်ရေး တာဝါတိုင်တွေနဲ့ မိုက်ခရိုဝေ့ဗ် အန်တင်နာတွေကြောင့်ပါပဲ။ ဒီလို တာဝါတိုင်တွေနဲ့ သူတို့က ထုတ်လွှတ်တဲ့ လျှပ်စစ်သံလိုက်လှိုင်း တွေကြောင့် လူတွေရဲ့ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သလားဆိုတဲ့ မေးခွန်းက လူအတော်များများစိတ်ဝင်စားကြတဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်။ ဒါဆိုရင် မိုဘိုင်းဖုန်းတာဝါတွေဟာ လူတွေကို ကျန်းမာရေး ထိခိုက်စေသလား ဆိုတာလေး ကြည့်လိုက်ရအောင်နော်။ မိုဘိုင်းဖုန်းတာဝါတွေဟာ လူတွေကို ကျန်းမာရေး ထိခိုက်စေသလား မိုဘိုင်းဖုန်းတာဝါတွေဟာ လူတွေကို ကျန်းမာရေး ထိခိုက်စေသလား ဆိုတော့ လျှပ်စစ်သံလိုက်လှိုင်း တွေဟာ လူတွေကို သာမက ငှက်တွေ၊ ပျားပိတုန်းတွေနဲ့ တချို့သော တိရိစ္ဆာန်ငယ်လေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့် လူ့ဇီဝကမ္မ လုပ်ငန်းစဉ်ကို နှောင့်ယှက်နိုင်ပြီးတော့ ကျန်းမာရေးဆိုင်ရာ အကျိုးသက်ရောက်မှု […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကျန်းမာပျော်ရွှင်တဲ့ ဘဝပိုင်ဆိုင်ဖို့

ကျန်းမာမှုက ပျော်ရွှင်မှုကိုပေးစွမ်းနိုင်ပါတယ်။ ကျန်းမာရေးက ကောင်းနေစဉ်မှာ သတိမထားမိပေမယ့် ကျန်းမာရေးမကောင်းတဲ့အခါ အဖိုးအခက ကြီးမားသလို စိတ်ရောကိုယ်ပါ ပင်ပန်းဆင်းရဲရတယ်ဆိုတာကို သတိထားမိနိုင်ပါတယ်။ ဒီတော့ ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုရင် အရင်ဆုံးက ကျန်းမာဖိုပလိုပါလိမ့်မယ်။ ဒီတော့ ကျန်းမာစေဖို့ အလေ့အထလေးတွေကို မွေးမြူဖို့က မဖြစ်မနေလိုအပ်လာပြီလေ။ ကျန်းမာတဲ့အလေ့အထဆိုတာက ဘာတွေလဲ........ နေ့စဉ်လုပ်မိနေတဲ့ အလေ့အထတွေထဲမှာ ကျန်းမာတဲ့ အလေ့အထတွေရှိသလို ကျန်းမာရေးနဲ့ မညီညွတ်တဲ့အလေ့အထတွေလည်းရှိပါတယ်။ ဒီတော့ ကျန်းမာစွာ နေထိုင်တတ်သူတစ်ယောက်ဖြစ်စေဖို့ ဘယ်လိုအလေ့အထတွေကို မွေး​မြူသင့်လဲဆိုတာကို တူတူကြည့်လိုက်ရအောင်လား။ တစ်နေ့ကို ၃ နပ်စားဖြစ်အောင်စားပါ - မနက်စာ၊ နေ့လယ်စာ၊ ညနေစာကိုတော့ မဖြစ်မနေစားဖြစ်အောင်စားပါ။ အဆာပြေစားစရာတွေကိုတော့ မစားဘဲနေလို့ရပါတယ်။ ညစာကိုတော့ နည်းနည်း (ဗိုက်ပြည့်တယ်ဆိုရုံလောက်ပဲ) စားပါ။ ကျန်းမာရေးနဲ့ ညီညွတ်အောင်စားပါ - နေ့စဉ်စားသုံးမှုက အာဟာရပြည့်ပြီး ကျန်းမာဖို့ အရေးကြီးပါတယ်။ ဒီ​တော့ အစားအစာတွေကို ရွေးချယ်စားသုံးတဲ့အခါ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း