ဗီဒီယိုဂိမ်းတွေဟာ လူကြိုက်အများဆုံး ဖျော်ဖြေရေးနည်းလမ်းတွေထဲက တစ်ခုအဖြစ် လူသိများပါတယ်။ ကမ္ဘာတစ်လွှားက ဗီဒီယိုဂိမ်းဝါသနာရှင်တွေဟာ တစ်ပတ်ကို နာရီပေါင်း ၃ ဘီလီယံကျော်လောက်အထိ သူတို့ရဲ့ အချိန်တွေကို ဗီဒီယိုဂိမ်းတွေနဲ့ အသုံးချအပန်းဖြေနေကြပါတယ်။
ထွက်မှာ သေချာပြီလား။
ဗီဒီယိုဂိမ်းတွေဟာ လူကြိုက်အများဆုံး ဖျော်ဖြေရေးနည်းလမ်းတွေထဲက တစ်ခုအဖြစ် လူသိများပါတယ်။ ကမ္ဘာတစ်လွှားက ဗီဒီယိုဂိမ်းဝါသနာရှင်တွေဟာ တစ်ပတ်ကို နာရီပေါင်း ၃ ဘီလီယံကျော်လောက်အထိ သူတို့ရဲ့ အချိန်တွေကို ဗီဒီယိုဂိမ်းတွေနဲ့ အသုံးချအပန်းဖြေနေကြပါတယ်။
စာရင်းဇယား လေ့လာချက်တွေအရ အမေရိကန်တစ်နိုင်ငံတည်းမှာတင် လူဦးရေ သန်း ၁၅၀ လောက်က ဗီဒီယိုဂိမ်းဆော့ကြပါတယ်။ ဒါက သူတို့တိုင်းပြည် လူဦးရေရဲ့ ၄၇% နီးပါးပမာဏဖြစ်ပါတယ်။ သူတို့ဟာ တစ်ရက်မှာ ဂိမ်းဆော့ချိန် ၃ နာရီခန့် ပျမ်းမျှဆော့ကြပါတယ်တဲ့။ ပျမ်းမျှအသက်ကတော့ ၃၅ နှစ်ဖြစ်ပါတယ်။ ၇၂% သော ဂိမ်းဆော့သူတွေဟာ အသက် ၁၈ နှစ်နဲ့အထက် လူငယ်တွေဖြစ်ကြပါတယ်။ ၇၁% လောက်က ကလေးတွေဖြစ်ပြီးတော့ ၂၉% ကတော့ မိဘတွေကိုယ်တိုင်ဖြစ်ပါတယ်။ ဆိုလိုချင်တာက ဗီဒီယိုဂိမ်းတွေဟာ ကလေးတွေနဲ့ လူငယ်တွေအပေါ်မှာ လွှမ်းမိုးနိုင်စွမ်း ပိုများတယ်ဆိုတဲ့ သဘောပါ။
ဖျော်ဖြေရေးနည်းစနစ်တွေရဲ့ ထုံးစံအတိုင်း အလွန်အကျွံအသုံးချမှုတွေရှိလာတာမို့ သိပ္ပံပညာရှင်တွေက ဘေးထွက်ဆိုးကျိုးတွေကို စနစ်တကျ လေ့လာသုတေသနပြုတာမျိုးတွေ ပြုလုပ်ခဲ့ကြပါတယ်။ အထူးသဖြင့် ဗီဒီယိုဂိမ်းတွေဟာ ဦးနှောက်ကို ဘယ်လိုအကျိုးသက်ရောက်မှုရှိစေလဲဆိုတာမျိုးပေါ့။ လေ့လာချက်တွေအရ ဗီဒီယိုဂိမ်းတွေကနေ လူ့ဦးနှောက်ကို သိသိသာသာ အကျိုးပြုတယ်ဆိုတာကို သိနားလည်လာရပါတယ်။ ဘယ်လို အကျိုးကျေးဇူးတွေလဲဆိုတာကို လေ့လာကြည့်ရအောင်။
ဗီဒီယိုဂိမ်းတွေကို အလွန်အကျွံသဘောမဆောင်ဘဲ ပုံမှန်တကျနဲ့ စည်းနဲ့ဘောင်နဲ့ ဆော့ကစားမယ်ဆိုရင် …
ဒါကြောင့်လည်း နိုင်ငံတကာမှာ ဗီဒီယိုဂိမ်းကို လူငယ်တွေအတွက် အသက်မွေးဝမ်းကျောင်းတစ်ခုအဖြစ် သတ်မှတ်ထားသလို လူကြီးတွေနဲ့ ကလေးသူငယ်တွေအတွက် ဦးနှောက်နဲ့ မှတ်ဉာဏ်ဖွံ့ဖြိုးရေး Tool တစ်ခုအဖြစ် အသုံးချနေကြတာဖြစ်ပါတယ်။
ဒါပေမယ့် တစ်ဖက်မှာလည်း ဗီဒီယိုဂိမ်းတွေဟာ အကြမ်းဖက်လိုစိတ်နဲ့ စိတ်ကျန်းမာရေးအန္တရာယ်တွေဖြစ်စေနိုင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေရှိထားပါတယ်။ ခုနောက်ပိုင်း သုတေသန စစ်တမ်းတွေအရဆိုရင်တော့ အဆိုပါအမူအကျင့်တွေဟာ ဗီဒီယိုဂိမ်းတွေနဲ့ တိုက်ရိုက်မသက်ဆိုင်ပဲ မိသားစု ပတ်ဝန်းကျင် နောက်ကြောင်းအခြေအနေတွေနဲ့ ပိုမိုသက်ဆိုင်လေ့ရှိကြောင်း သိလာရပြီဖြစ်ပါတယ်။
တစ်ခုရှိတာက ဗီဒီယိုဂိမ်းတွေဟာ ဦးနှောက်နဲ့ မှတ်ဉာဏ်ကို ကောင်းကျိုးတွေပေးနိုင်သလို တစ်ခြားတစ်ဖက်မှာလည်း အလွန်အကျူးဆော့ကစားမှုတွေကြောင့် ဘေးထွက်ဆိုးကျိုးတချို့ကြုံရနိုင်တာကို သတိမူဖို့ လိုအပ်ပါတယ်။ တချို့သော လေ့လာသုတေသနပြုချက်တွေအရ ဗီဒီယိုဂိမ်းတွေကို အလွန်အကျွံဆော့ကစားခြင်းဟာ ဦးနှောက်လုပ်ဆောင်ချက်တွေနဲ့ အလေ့အထတွေကို ပြောင်းလဲစေတယ်လို့လည်း ဆိုထားတာကြောင့်ဖြစ်ပါတယ်။
ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ကို အသုံးပြုပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိရဲ့လားဆိုတာကို တွက်ချက်ပါ။ ဒီကျန်းမာရေး ကိရိယာကို အသုံးပြုပြီး ကလေးရဲ့ (BMI) ကိုလည်း တွက်ချက်လို့ ရပါတယ်။
အမျိုးသား
အမျိုးသမီး
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
https://www.sciencedaily.com/releases/2017/06/170622103824.htm
https://www.discovermagazine.com/mind/your-brain-on-video-games
https://www.medicalnewstoday.com/articles/318345.php#1
https://www.webmd.com/brain/news/20080818/video-games-may-help-critical-thinking
https://abcnews.go.com/blogs/technology/2011/12/the-benefits-of-video-games