အပျိုမြှေးရှိမှ အပျိုစစ်တာလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 12, 2020 . 2 mins read
Share now

ဟာသလေး တစ်ခုပြောပြဦးမယ်။ တရုတ်ပုံပြင်လေးပေါ့။ မင်္ဂလာဦးညမှာ သတို့သမီးအမေက သူ့သမီးလေးကို မင်ဘူးလေး ပေးလိုက်တယ်။ မတော်တဆများ သွေးမထွက်ခဲ့ရင် အိပ်ရာခင်းမှာသုတ်လိုက်ဆိုပြီး။ မနက်မိုးလင်းတော့ သတို့သားက ကြောက်လန့်တကြားအော်လေရဲ့။ အိပ်ရာခင်းကြီး စိမ်းနေလို့ သူလုပ်တာ သည်းခြေအိတ်ထိသွားပါပြီဆိုပြီး ငိုအားထက် ရယ်အားသန်ခဲ့ရပါသတဲ့။

ခေတ်အဆက်ဆက်မှာ (အခုချိန်ထိ) အပျိုမြှေးဆိုတာ မိန်းကလေးတွေကို စျေးဖြတ်နေတုန်းပါပဲ။ အပျိုမှန်ရင် အပျိုမြှေးရှိရမယ်။ အပျိုမြှေးက မင်္ဂလာဦးညမှာ ပေါက်ရမယ်။ သွေးထွက်ရမယ်။ ဒါမှ အပျိုစစ်တယ်ဆိုပြီးတော့ပေါ့။ ဒါကို ဂျင်းလို့ပဲ ပြောပါရစေ။

ဒီအပျိုမြှေးကြောင့်ပဲ လင်မယားတွေ ပြဿနာတက်၊ တစ်ယောက်နဲ့ တစ်ယောက် မယုံကြည်လို့ ကွဲကြ ပြဲကြတာတွေလည်း မနည်းပါဘူး။ ဒီခေတ်ကလေးတွေ တစ်ခုတော်တာက အပျိုမြှေးနဲ့ ပတ်သတ်လို့ သိပ်အယုံအကြည်မရှိကြတော့ပါဘူး။

ဒီအပျိုမြှေးလေးက ဒီလောက်တောင်ပဲ အရေးကြီးနေလို့လား။ အောက်ကအချက်တွေ ဖတ်လိုက်ရင် ရှင်းသွားပါလိမ့်မယ်။

  • အပျိုမြှေးက ဘာလုပ်ဖို့ ရှိနေမှန်း မသိကြသေးပါဘူး။

အူအတက်တို့၊ အံဆုံးသွားတို့လိုပဲ မရှိလည်း ရတဲ့ ပစ္စည်းတွေပါ။ ရှိနေလည်း ဘာအလုပ်မှ လုပ်တာ မဟုတ်ဘူးလေ။ အရင်ကတော့ အပျိုမြှေးက မိန်းမကိုယ်ကို ပိုးတွေ မဝင်အောင် ကာကွယ်ပေးတယ်လို့ ပြောပေမယ့် ဒီလောက်လည်း မဟုတ်ပါဘူး။

  • အပျိုမြှေးက ကြာလာလေလေ ပါးလေလေပါ။

အသက်ကြီးလာတာနဲ့အမျှ အပျိုမြှေးက သူ့အလိုလို ပါးတတ်ပါတယ်။ ပါးပြီး အလိုလို ပေါက်သွားတာမျိုးလည်း ဖြစ်နိုင်တာပေါ့။

  • တချို့က မွေးကတည်းက အပျိုမြှေးကို ပါမလာတာ။

ကဲ ရှင်းရော။ ဘာတတ်နိုင်သေးလဲ။ Imperforate hymenလို့ ခေါ်တဲ့ အပျိုမြှေးလုံးဝပိတ်နေတဲ့ ရောဂါတောင် ရှိသလို မွေးကတည်းက အပျိုမြှေး မရှိတဲ့ မိန်းကလေးတွေလည်း ရှိနေပြန်ပါတယ်။

အပျိုမြှေးဆိုတာ လိင်တံနဲ့ ထိမှ ပေါက်နိုင်တဲ့အရာမျိုး မဟုတ်ပါဘူး။ ပေါက်နိုင်တဲ့အကြောင်းတွေမှ အများကြီးပါပဲ။

-မြင်းစီးတာ

-စက်ဘီးစီးတာ

-အပြင်းအထန်လေ့ကျင့်ခန်းတွေ လုပ်တာ

-ကတာ (ဥပမာ ခြေတွေ လက်တွေ ဆန့်တန်းပြီး ကရတာမျိုးပေါ့)

-ငယ်ငယ်က အဆော့သန်တဲ့ ကလေးမတွေ (ရေကူး၊ သစ်ပင်တက်၊ ခုန်ပေါက်ပြေးလွှား) သူတို့ဆီမှာ အပျိုမြှေးရှိချင်မှ ရှိမှာပါ။

နည်းနည်းလေး ကြီးလာတော့လည်း

menstrual cupတို့ tamponတို့ ထည့်ရင်း အရှိန်လွန်သွားတာ

-ထိခိုက်ဒဏ်ရာရတာ

-မိန်းမကိုယ် ကျန်းမာရေး စစ်ဆေးတာ

-တစ်ကိုယ်ရည် သန့်ရှင်းလုပ်ရင်း မိန်းမကိုယ်ထဲကို ဆေးကြောရာက မတော်တဆ ထိသွားတာ

တစ်ကိုယ်ရည်အာသာဖြေတာ စတာတွေကြောင့် ပေါက်သွားတတ်ပါတယ်။

  • အပျိုမြှေးပေါက်တိုင်း နာမတဲ့လား။

တစ်ယောက်နဲ့ တစ်ယောက် မတူတာက တချို့တွေက အပျိုမြှေးပေါက်ရင် နာပါတယ်။ သွေးထွက်ပါတယ်။ တချို့ကျတော့လည်း ကိုယ့်ဟာကိုယ်တောင် မသိလိုက်ပါဘူး။ ဒါကြောင့် အပျိုမြှေးပေါက်တိုင်း နာရမယ်၊ သွေးထွက်ရမယ်ဆိုတဲ့ အစွဲတွေကို မေ့လိုက်ပါ။

  • နာတိုင်း သွေးထွက်တိုင်းလည်း အပျိုမြှေးပေါက်တာ မဟုတ်ဘူး ကိုယ့်ဆရာတို့။

အတူနေလို့ နာတယ်  သွေးထွက်တယ်ဆိုတာ အောက်က အကြောင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

-စိတ်လှုပ်ရှားနေလို့ မိန်းမကိုယ်ကြွက်သားတွေ ညှစ်ထားတာကြောင့် နာတာ

-မိန်းမကိုယ်က အရည်မထွက်သေးဘဲ ဆက်ဆံတာကြောင့် အတွင်းသားတွေ ပွန်းပြီး နာတာ၊ သွေးထွက်တာ

-ရောဂါအခြေအနေ၊ သောက်နေတဲ့ဆေးတွေကြောင့် မိန်းမကိုယ်ခြောက်သွေ့ပြီးနာတာ

-ဆီးလမ်းကြောင်းပိုးဝင်နေလို့ နာတာ

-သုံးတဲ့ ကွန်ဒုံးနဲ့ ဓာတ်မတည့်တာ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

ဒီတော့ အပျိုမြှေးဆိုတာ ဘာလဲလို့ မေးရင် ဘာမှမဟုတ်ပါဘူး။ သေချာတာတော့ ဒါကို ကြည့်ပြီး အပျိုစစ် မစစ်ခွဲလို့မရတာတော့ အမှန်ပါပဲ။ ဒါကြောင့် အပျိုမြှေးအတွက်နဲ့ သံသယတွေ ပွားမနေကြပါနဲ့တော့။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဖြည်းဖြည်းဆေးဆေးလုပ်ကြမယ်

မြန်မြန်ပြီးတိုင်းကောင်းတာမဟုတ်တဲ့ကိစ္စတွေထဲမှာ ကိုယ်လက်နှီးနှောခြင်းလည်းအပါအဝင်ပေါ့။ ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုအကြောင်းပြောပြပေးထားပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

မိန်းမကိုယ် ရနံ့လေး သင်းစေဖို့ ရေမွှေးတွေ ဆွတ်ကြသတဲ့လား

မိန်းမကိုယ်က ပန်းတစ်ပွင့်လို မွှေးကြိုင်နေစရာ လိုလို့လား။ မိန်းမကိုယ်မှာ သဘာဝ အနံ့ရှိပါတယ်။ ကျန်းမာတဲ့ မိန်းမကိုယ်ဖြစ်ဖို့အတွက် ဘာ Product မှ မလိုအပ်ပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

အပြောများတဲ့ Menstrual Cup နဲ့ ကျယ်လာမှာလား အပါအဝင် အမေးအများဆုံး မေးခွန်းများ

Menstrual Cup လို့ခေါ်တဲ့ ရာသီခံခွက်လေးတွေအကြောင်း မကြာမကြာ ပြောခဲ့ပြီးပါပြီ။ ဒီခွက်အကြောင်းပြောရင် ရင်ဆိုင်ရတဲ့ မေးခွန်းတွေက မိန်းမကိုယ်နဲ့ ဆန့်ပါ့မလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

သတိထားရမယ့် နှလုံးပိုးဝင်ခြင်း ပြဿနာ

နှလုံးနဲ့ နှလုံးအပြင်ဘက်က Pericardium ၊ Endocardium အလွှာပါးအကြား ဘက်တီးရီးယား ပိုးမွှားတွေကြောင့် ရောင်ရမ်းတဲ့ ပြဿနာ ကို နှလုံးပိုးဝင်ခြင်းလို့ခေါ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
နှလုံးရောဂါ, ကျန်းမာရေးစင်တာ အောက်တိုဘာ 25, 2020 . 2 mins read

သင့်အတွက် ရွေးချယ်ထားသည်

ဘာကိုရွေးမယ်စိတ်ကူးလဲ........ လေဒီ

ဘာကိုရွေးမယ်စိတ်ကူးလဲ…….. လေဒီ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 22, 2021 . 3 mins read
အရေးပေါ်ကာလ သားဆက်ခြား နည်းလမ်းများ

အရေးပေါ်ကာလ သားဆက်ခြား နည်းလမ်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 10, 2021 . 2 mins read
ကိုဗစ်ဖြစ်ပြီး ဘယ်လောက်ကြာရင် လိင်ဆက်ဆံ လို့ရပြီလဲ

ကိုဗစ်ဖြစ်ပြီး ဘယ်လောက်ကြာရင် လိင်ဆက်ဆံ လို့ရပြီလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 16, 2021 . 2 mins read
အဝတ်pad တစ်ခုကပဲ ပတ်ဝန်းကျင်မညစ်ညမ်းအောင် ထိန်းသိမ်းနိုင်မှာလား

အဝတ်pad တစ်ခုကပဲ ပတ်ဝန်းကျင်မညစ်ညမ်းအောင် ထိန်းသိမ်းနိုင်မှာလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 30, 2020 . 3 mins read