home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ဆေးခြောက်ပုံမှန်သောက်ခြင်းဖြင့်ရရှိလာမည့် နာတာရှည်အကျိုးရလဒ်များ

ဆေးခြောက်ပုံမှန်သောက်ခြင်းဖြင့်ရရှိလာမည့် နာတာရှည်အကျိုးရလဒ်များ

ဆေးခြောက်ကို ဆေးခြောက်အပင် Cannabist plant မှ ရရှိပြီး အပူပိုင်းဒေသနှင့် အပူချိန်အသင့်အတင့်ရှိသောဒေသများတွင် ပေါက်ရောက်သည်။ မည်သည့်ရာသီဥတုတွင်မဆို ပေါက်ရောက်နိုင်

ပြီး အိမ်တွင်းရေပေးသည့်နည်းစနစ် indoor hydroponic technology ဖြင့် လည်းတိုးမြှင့်စိုက်ပျိုးလာကြသည်။

Cannabis ဆေးခြောက်ပင်ကို marijuana, grass, pot, dope, Mary Jane, hooch, weed, hash, joints, brew, reefers, cones, smoke, mull, buddha, ganga, hydro, yarndi, heads နှင့်greenဟုလည်းသိကြသည်။

ဆေးခြောက်ကိုဘာလို့လူတွေ အသုံးပြုကြသလဲ။

ဆေးခြောက်သုံးသော လူအများစုသည် သိပ်မပြင်းထန်သော မူးယစ်ဆေးဝါးဖြင့် ကောင်းနေသည့်ခံစားမှုနှင့် စိတ်ပြေပျောက်မှုကို ရရှိရန်အသုံးပြုကြသည်။

ထိုကဲ့သို့ဖြစ်ခြင်းကို high ဖြစ်နေသည်ဟုခေါ်သည်။ ဆေးခြောက်သည် အသုံးပြုသူ၏စိတ်ပြောင်းလဲမှုများကို

ဖြစ်စေပြီး အသုံးပြုသူ၏ တွေးခေါ်ပုံနှင့် ပတ်ဝန်းကျင်အား ခံစားသိရှိမှုကို ပြောင်းလဲနိုင်သည်။ဥပမာ- တီဗီကြည့်ခြင်းနှင့်သီချင်း

နားထောင်ခြင်းစသော နေ့စဉ်လုပ်ငန်းများသည် ပြောင်းလဲပြီး ပိုမိုပြင်းထန်ဆိုးဝါးနိုင်ပါသည်။

ဆေးခြောက်သောက်သောအခါ ဆေးခြောက်ပါဝင်ပစ္စည်းများသည်

အဆုတ်မှတဆင့်သွေးကြောထဲသို့လျင်မြန်စွာ ရောက်ရှိသွားသည်။

သွေးသည် ထိုပစ္စည်းများကို ဦးနှောက်နှင့်ခန္ဓါကိုယ်အနှံ့ရှိ အစိတ်

အပိုင်းများကို ပို့ဆောင်ပေးသည်။ ဆေးခြောက်ကို စားခြင်း(သို့)သောက်ခြင်းပြုလုပ်ပါက ခန္ဓါကိုယ်သည် ထိုပစ္စည်းများကို ပိုမိုနှေးကွေးစွာ စုပ်ယူသည်။

ထိုကဲ့သို့ပြုလုပ်ပါကမိနစ်သုံးဆယ်(သို့)1 နာရီကြာမှ အာနိသင်များကို ပုံမှန်အားဖြင့်ခံ

စားရလေ့ရှိသည်။ ထိုဓါတုပစ္စည်းများသည် ပုံမှန်ဦးနှောက်ဖွံဖြိုးမှုနှင့်

စွမ်းဆောင်ရည်အတွက် အရေးပါသည့်နေရာမှ ဆောင်ရွက်သည်။

ဆေးခြောက်သုံးစွဲခြင်းရဲ့ယာယီအာနိသင်များက ဘာလဲ။

ဆေးခြောက်၏ ယာယီအာနိသင်များတွင်

  • ခံစားမှုကောင်းနေခြင်း
  • စကားအလွန်များနေခြင်း
  • မူးဝေခြင်း
  • ထိန်းချုပ်မှုမရှိခြင်း
  • ပျို့အန်ချင်မှုကို သက်သာစေခြင်း
  • အစားစားချင်စိတ်များလာခြင်း
  • မိမိကိုယ်၏ အစိတ်အပိုင်းများ တွဲဖက်စွမ်းဆောင်ရည်ပျောက်ဆုံးသွားခြင်း
  • မျက်လုံးများနီခြင်း
  • မျက်လုံး၊ခံတွင်းနှင့် လည်ချောင်း ခြောက်ခြင်း
  • စိုးရိမ်မှုနှင့် ခြောက်ချားမှုများဖြစ်ခြင်း စသည်တို့ပါဝင်သည်။

ဆေးခြောက်အသုံးပြုမှု၏ နာတာရှည်အာနိသင်များက ဘာလဲ။

ဆေးခြောက် သည် ဦးနှောက်ဖွံဖြိုးမှုအပေါ်လည်း သက်ရောက်သည်။ ဆေးခြောက်ကို ဆယ်ကျော်သက်အရွယ်မှ စသုံးပါက တွေးခေါ်ခြင်း၊မှတ်ဉာဏ်၊နှင့်သင်ကြားမှုပိုင်းဆိုင်ရာစွမ်း

ဆောင်ရည်များကို လျှော့ချစေပြီး ဦးနှောက်အတွင်းရှိ ထိုစွမ်းဆောင်ရည်များအတွက်လိုအပ်သောနေရာများကြား

ချိတ်ဆက်တည်ဆောက်မှုများကိုလည်း သက်ရောက်သည်။

ထိုစွမ်းဆောင်ရည်များအပေါ် ဆေးခြောက်၏အာနိသင်များ သည်

အချိန်ကာလအလွန်ကြာနိုင်သကဲ့သို့သေရာပါလည်းဖြစ်သွားနိုင်ပါတယ်။

ဥပမာ လေ့လာမှုတစ်ခုအရ ဆယ်ကျော်သက်အရွယ်တွင် ဆေးခြောက်အလွန်သောက်သုံးခဲ့ပြီး ယခုအထိဆက်လက်အသုံးပြု

နေသူများသည် အသက် 13နှစ်မှ 38အတွင်းရှိရမည့်ပျမ်းမျှ အိုင်ကျူ

8 မှတ်လျော့နည်းနေတတ်သည်ဟုဆိုသည်။ အရွယ်ရောက်ပြီးမှ ဆေးခြောက်အသုံးပြုမှုအား ရပ်တန့်လိုက်သောသူများတွင် ပျောက်ဆုံးသွားသောဉာဏ်စွမ်းရည်များပြန်မရရှိနိုင်တော့ပါ။ အရွယ်ရောက်ပြီးမှ ဆေးခြောက်စတင်သောက်သုံးသူများတွင်တော့ သိသာသည့် အိုင်ကျူကျဆင်းမှုများကို မတွေ့ရသေးပါ။

အချို့သောအသုံးပြုသူများတွင် ဆေးခြောက်အားကြာရှည်အသုံးပြုမှုသည် စိတ်ရောဂါများကို ဖြစ်စေနိုင်ပါသည်။

ယာယီစိတ်ခြောက်ချားမှုများ

– အမှန်မဟုတ်သော ခံစားမှုများနှင့်ပုံရိပ်များကို အမှန်ဟုထင်နေရခြင်း- ပြင်းထန်ဆိုးဝါးပြီး အခြားသူများကိုမယုံကြည်တော့ခြင်း

-စိတ်ကစဉ့်ကလျားရောဂါဝေဒနာရှင်များတွင် လက္ခဏာများပိုမိုဆိုးဝါးလာခြင်း

ဆေးခြောက်အသုံးပြုမှုကို အခြားသောစိတ်ပိုင်းဆိုင်ရာရောဂါများ

ဥပမာ စိတ်ကျရောဂါ၊စိုးရိမ်မှုနှင့် မိမိကိုယ်ကိုသေကြောင်းကြံလို

သောအတွေးများနှင့်ပတ်သတ်မှုရှိနေကြောင်းလည်းသိရသည်။ သို့

သော်လေ့လာတွေ့ရှိချက်များသည် ရှူပ်ထွေးနေသေးသည်။

ဆေးခြောက်အားကြာရှည်စွာသုံးစွဲမှုအပေါ်သုတေသနပြုလုပ်ထားမှုများသည် အကန့်အသတ်နှင့်ဖြစ်နေပြီး သိရှိရသော အထောက်အထားများအရ ဖြစ်ပွားနိုင်သောအဓိကဆိုးကျိုးများမှာ

ကင်ဆာအပါအဝင်ဆေးလိပ်သောက်ခြင်းနှင့်ပတ်သတ်သော

အသက်ရှူလမ်းကြောင်းရောဂါများဖြစ်နိုင်ချေများခြင်း

မှတ်ဉာဏ်ချို့တဲ့မှုနှင့် သင်ယူလေ့လာမှုစွမ်းရည်များကျဆင်းခြင်း

စာလေ့လာမှု၊အလုပ်(သို့)အာရုံစူးစိုက်မှုများတွင် စိတ်ပါဝင်စားမှုလျော့နည်းခြင်း

ဆေးခြောက်မျာသည် ကိုယ်ခန္ဓါကျန်းမာရေးအပေါ်မှာလည်း များပြားလှသော သက်ရောက်မှုများရှိနေသည်။

အသက်ရှူရခက်ခြင်း။ ဆေးခြောက်အငွေ့သည် အဆုတ်များကိုထိ

ခိုက်စေပြီး မကြာခဏအသုံးပြုမှုသည် ဆေးလိပ်သောက်သူများကဲ့

သို့တူညီသော အသက်ရှူလမ်းကြောင်းရောဂါများကို ဖြစ်စေတတ်

သည်။ နေ့စဉ်ချောင်းဆိုးခြင်းနှင့်သလိပ်ထွက်ခြင်း၊အဆုတ်ရောဂါခ

ဏဏဖြစ်ခြင်း၊အဆုတ်အားပိုးဝင်နိုင်ချေများနေခြင်းစသည်တို့လည်းပါဝင်သည်။ သုတေသနပြုသူများသည် ဆေးခြောက်သုံးသူများတွင် အဆုတ်ကင်ဆာဖြစ်ပွားနိုင်ချေ ရှိမရှိကိုလည်းယခုအထိသေချာမသိရသေးပါ။

နှလုံးခုန်နှုန်းမြန်ခြင်း။ ဆေးခြောက်ကို သောက်ပြီးသောအခါ 3နာရီအထိ နှလုံးခုန်နှုန်းကို မြန်စေသည်။ ထိုအာနိသင်သည် နှလုံး

အမောဖောက်နိုင်ချေကို မြှင့်တင်ပေးသည်။ အိုမင်းသောသူများနှင့်နှလုံးရောဂါရှိသူများတွင် ပို၍ ဖြစ်နိုင်ချေများနေသည်။

ကိုယ်ဝန်ဆောင်နေစဉ်နှင့်ကိုယ်ဝန်ဆောင်အပြီးတွင် ကလေးဖွံဖြိုးမှုနှင့်ပတ်သတ်၍ ပြဿနာများစွာဖြစ်ခြင်း။

ကိုယ်ဝန်ဆောင်နေစဉ်ဆေးခြောက်သုံးပါက ကလေး၏ဦးနှောက်နှင့်

အပြုအမူပိုင်းဆိုင်ရာ ပြဿနာများဖြစ်နိုင်ချေကို တိုးမြှင့်ပေးပြီး ကလေး၏ဦးနှောက်ရှိအချို့သောဖွံ့ဖြိုးနေဆဲနေရာများကို ထိခိုက်

နိုင်သည်။ ရလဒ်အနေနှင့် ကလေးသည် အာရုံမစိုက်နိုင်ခြင်း၊မှတ်ဉာ

ဏ်မကောင်းခြင်းနှင့် ပြဿနာများကိုကိုင်တွယ်မဖြေရှင်းနိုင်ခြင်းစ

သည်တို့ဖြစ်လာတတ်သည်။ ပိုပြောရလျှင် အချို့သောလေ့လာမှု

များအရ အချို့သော တီအိတ်စီ ပမာဏကို လည်း အမေ၏ နို့ရည်ထဲသို့ထုတ်လွှတ်ပေးကြောင်းသိရသည်။ ကလေး၏ ဖွံ့ဖြိုး

ဆဲဦးနှောက်အပေါ်ရှိ ဆေးခြောက်၏အာနိသင်များကို ယခုအထိမသိရှိရသေးပါ။

Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

What is Cannabis? http://learnaboutcannabiswa.org/factsheets/whatiscannabis.htm. Accessed February 4, 2017.

What is cannabis? https://www.drugabuse.gov/publications/drugfacts/cannabis. Accessed February 4, 2017.

How Does Cannabis Affect You? http://www.webmd.com/mental-health/addiction/cannabis-use-and-its-effects#1. Accessed February 4, 2017.

Cannabis (Cannabis): Facts, Effects, and Hazards. http://www.medicalnewstoday.com/articles/246392.php. Accessed February 4, 2017.

စာရေးသူ ဓာတ်ပုံbadge
Dr.Nyan Linn မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။