သင့်ပတ်ဝန်းကျင်မှာ ယှဉ်ပြိုင်လိုစိတ် ပြင်းထန်သူတွေ၊ တော်တန်ရုံကို စိတ်မရှည်တတ်သူတွေကို တွေ့မိတဲ့အခါ အံ့သြကောင်း အံ့သြပါလိမ့်မယ်။ အများနဲ့ကွဲပြားနေတတ်တဲ့ ကိုယ်ရည်ကိုယ်သွေးကို သင်သတိထားကောင်းထားမိပါလိမ့်မယ်။ သူတို့ဟာ အမျိုးအစား A ကိုယ်ရည်ကိုယ်သွေး (Type A personality) ပိုင်ရှင်တွေ ဖြစ်နေနိုင်ပါတယ်။