အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Caesarean Section (ဗိုက်ခွဲမွေးဖွားခြင်း)

အခြေခံအကြောင်းအရာများဗိုက်ခွဲမွေးဖွားခြင်း (C-Section) ဆိုတာဘာလဲ ဗိုက်ခွဲမွေးဖွားခြင်း (C-Section)ဆိုတာ ဝမ်းဗိုက်ကို ခွဲစိတ်ခြင်းအားဖြင့် ကလေးမွေးဖွားစေတဲ့ ခွဲစိတ်မှု တခုပဲ ဖြစ်ပါတယ်။ များသောအားဖြင့် ပုံမှန်လမ်းကြောင်းကနေ ကလေးမွေးဖွားဖို့ ခက်ခဲတဲ့အခါ ဗိုက်ခွဲမွေးဖွားကြပါတယ်။ ယခင်က ခွဲစိတ်ဖူးရင်လည်း ထပ်မံခွဲစိတ်ရတတ်ပါတယ်။ ပထမဆုံးအကြိမ် ကလေးမွေးတာဆိုရင်တော့ ဗိုက်ခွဲမွေးဖို့ ကိစ္စကို မွေးခန်းထဲမှာ ဆရာဝန်ကပဲ ဆုံးဖြတ်တတ် ကြပါတယ်။ ဗိုက်ခွဲမွေးဖွားခြင်း ဘာကြောင့် လုပ်ဆောင်သလဲ တခါတရံမှာ ဗိုက်ခွဲမွေးဖွားဟာ ဘေးအကင်းဆုံးနည်း ဖြစ်ပါတယ်။ အောက်ပါ အခြေအနေတွေမှာ ဆရာဝန်ဟာ ဗိုက်ခွဲပြီး မွေးပေးနိုင်ပါတယ်။ ကလေးအနေအထား မမှန်ခြင်း ကလေး ဖွံ့ဖြိုးမှုသိပ်မရှိခြင်း၊ အားနည်းခြင်း အချင်းရှေ့ရောက်ခြင်း ဗိုက်ခွဲမွေးဖူးခြင်း ကလေးများများမွေးဖူးခြင်း အခြားပြသနာများရှိပြီး ဗိုက်ခွဲမွေးခြင်းသည် ပိုမိုသင့်တော်ခြင်း သွေးတိုး၊ ဆီးချို စသည့် ရောဂါတမျိုးမျိုးကြောင့် ရိုးရိုးမွေးဖွားစဉ် ပြသနာရှိနိုင်ခြင်း စတာတွေ ဖြစ်ပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်များဗိုက်ခွဲမွေးဖွားခြင်း ရဲ့ ဖြစ်နိုင်ခြေ အန္တရာယ်တွေက ဘာတွေလဲ ဗိုက်ခွဲမွေးဖွားခြင်းကို ယနေ့အခါမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ကြပါတယ်။ ဒီနည်းဟာ ကလေးနဲ့ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Carpal Tunnel Surgery (ကာပယ်လ်တန်နယ်လ်ရောဂါလက္ခဏာစု ခွဲစိတ်ကုသခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Carpal tunnel ရောဂါလက္ခဏာစုဟာ လက်မ၊ လက်ညှိုးနဲ့ လက်ခလယ်ကို ထုံနေစေပါတယ်။ ခွဲစိတ်ကုသခြင်းဟာ ဒီလက္ခဏာတွေကို သက်သာစေပြီး အာရုံကြော အမြဲတမ်းပျက်စီးမယ့် အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။ Carpal tunnel ရောဂါလက္ခဏာစု ဆိုတာ ဘာလဲ လက်ကောက်ဝတ်နဲ့ လက်ရဲ့ ခံစားမှုနဲ့ လှုပ်ရှားမှုကို ထိန်းချုပ်ပေးတဲ့ median အာရုံကြောအပေါ် ဖိအားဖြစ်စေတဲ့အခါ ဒီပြသနာဖြစ်တတ်ပါတယ်။ အဲ့ဒီအာရုံကြောဟာ လက်ကောက်ဝတ်အတွင်းက carpal tunnel လို့ခေါ်တဲ့ လမ်းကြောင်းအတွင်းမှာ တခြားကြွက်သားအရွတ်တွေနဲ့အတူ တည်ရှိပါတယ်။ အကြောင်းရင်းများခွဲစိတ်မှုရဲ့ အကျိုးကျေးဇူးတွေက ဘာတွေလဲ ခွဲစိတ်မှုရဲ့ ရည်ရွယ်ချက်က median အာရုံကြောပေါ် ဖိအားဖြစ်စေတဲ့ အရွတ်တွေကို ခွဲစိတ်ပြုပြင်ပြီး သက်သာစေဖို့ ဖြစ်ပါတယ်။ လက်မှာဖြစ်ပေါ်နေတဲ့ နာကျင်ခြင်း၊ ထုံကျင်ခြင်းတွေကို သက်သာစေနိုင်ပါတယ်။ ဘယ်အချိန်မှာ Carpal tunnel ရောဂါလက္ခဏာစုကို ခွဲစိတ်ကုသသင့်သလဲ သင့်ရဲ့လက္ခဏာတွေဟာ မခွဲစိတ်ဘဲ ဆိုးရွားလာရင်၊ ကြာရှည်နေရင် ခွဲစိတ်ကုသမှုခံယူတာ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Cataract Surgery (မျက်စိအတွင်းတိမ် ခွဲစိတ်ကုသခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်မျက်စိအတွင်းတိမ်ဖြစ်ခြင်းဆိုတာ မျက်လုံးရဲ့မှန်ဘီလူးမှာ ေဝဝါးလာခြင်းပဲ ဖြစ်ပါတယ်။ ခွဲစိတ်မှုကြောင့် အမြင်အာရုံကောင်းလာနိုင်ပါတယ်။ မျက်စိအတွင်းတိမ်ဆိုတာ ဘာလဲ မျက်စိအတွင်းတိမ်ဆိုတာ အသက်ကြီးရင့်လာတာကြောင့် မျက်လုံးရဲ့ မှန်ဘီလူးနေရာမှာ မှုန်ဝါးလာခြင်းပဲ ဖြစ်ပါတယ်။ အမြင်အာရုံေဝဝါးစေပြီး မျက်လုံးရဲ့ အမြင်ချိန်ညှိမှုကို ပြောင်းလဲစေပါတယ်။ အကြောင်းရင်းများဘယ်အချိန်မှာ မျက်စိအတွင်းတိမ်ခွဲစိတ်မှု ခံယူသင့်သလဲ မျက်လုံးရဲ့ မှန်ဘီလူး ေဝဝါးလာပြီး အမြင်အာရုံ မကောင်းတော့ရင် အတွင်းတိမ် စဖြစ်နေပြီလို့ ဆိုနိုင်ပါတယ်။ မျက်စိအတွင်းတိမ်ခွဲစိတ်မှုဆိုတာ ေဝဝါးနေတဲ့ မှန်ဘီလူးကို ဖယ်ထုတ်ပြီး ရှင်းလင်းစွာ မြင်ရမယ့် မှန်ဘီလူးအသစ်ကို တပ်ဆင်ပေးခြင်းပဲ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် အတွင်းတိမ်ပြသနာဟာ အသက်အရွယ်နဲ့ ဆက်စပ်နေပေမယ့် ဘယ်အရွယ်မှာမဆို ဖြစ်စေနိုင်မယ့် တခြားအကြောင်းအရာတွေနဲ့လည်း ဆက်စပ်နေပါတယ်။ အသက် ဘယ်လောက်ကြီးသည် ဖြစ်စေ ဒီခွဲစိတ်မှုဟာ သင့်ဘဝအရည်အသွေးကို မြှင့်တင်ပေးနိုင်ပါတယ်။ ပြင်ဆင်ခြင်းမျက်စိအတွင်းတိမ် ခွဲစိတ်မှု မခံယူခင် ဘာတွေသိသင့်သလဲ ဘယ်အဆင့်မှာမဆို အတွင်းတိမ်ကို ဖယ်ရှားနိုင်ပါတယ်။ အမြင်အာရုံ အရမ်းဆိုးလာတဲ့အထိ စောင့်မနေသင့်ပါဘူး။ နောက်ပြသနာတခုကတော့ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Chest Drain Insertion (ရင်ခေါင်းအတွင်း ပိုက်ထည့်ခြင်း)

ရင်ခေါင်းပိုက်ထည့်ခြင်း ရင်ခေါင်းအတွင်းသို့ ပိုက်ထည့်ခြင်းဟာ အဆုတ်နဲ့ ရင်ခေါင်းနံရံကြားက လေနဲ့ အရည်တွေကို ဖယ်ထုတ်ဖို့ ဘေးကင်းပြိး ထိရောက်တဲ့နည်းလမ်းတခု ဖြစ်ပါတယ်။ အခန်း (၁) အဓိပ္ပါယ် - ရင်ခေါင်းအတွင်း ပိုက်ထည့်ခြင်း အဆုတ်နဲ့ ရင်ခေါင်းနံရံကြားနေရာကို ပိုက်သေးသေး တချောင်းထည့်ပြီး အဲဒီနေရာက လေ (သို့) အရည်တွေကို စီးထွက်စေခြင်း ဖြစ်ပါတယ်။ ရင်ခေါင်းအတွင်း လေဝင်ခြင်းဟာ အဆုတ်ပေါက်သွားတဲ့အခါ ဖြစ်တတ်ပါတယ်။ နာကျင်ပြီး အသက်ရှူရခက်ပါတယ်။ အရည်ဝင်ခြင်းဟာလည်း အသက်ရှူရခက်ခဲစေပါတယ်။ - ဘယ်အချိန်မှာ ရင်ခေါင်းအတွင်း ပိုက်ထည့်သင့်သလဲ ခွဲစိတ်မှုကြောင့် ဖြစ်စေ၊ ထိခိုက်ဒဏ်ရာကြောင့် ဖြစ်စေ ရင်ခေါင်းအပေါ် ဖိအားတခုခုသက်ရောက်တဲ့အခါ သွေး ဒါမှမဟုတ် လေတွေ စုလာတတ်ပြီး အဆုတ်ကို အလုပ်မလုပ်နိုင်ဖြစ်စေပါတယ်။ အဲဒီအချိန်မှာ ရင်ခေါင်းအတွင်း ပိုက်ထည့်ပြီး ကုသဖို့ လိုအပ်ပါတယ်။   အခန်း(၂)၊ သတိပေးချက်များ - ရင်ခေါင်းအတွင်း ပိုက်မထည့်မီ ဘာတွေသိထားသင့်လဲ ဓါတ်မှန် ဒါမှမဟုတ် စကင်တမျိုးမျိုးရိုက်ပြီး […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Trapeziectomy (လေးထောင့်ရိုးထုတ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Trapezium ဆိုတာဘာလဲ Trapezium လေးထောင့်ရိုး ဆိုတာ လက်ကောက်ဝတ်မှာရှိတဲ့ လေးထောင့်ဆတ်ဆတ်အရိုးလေးတစ်ခုဖြစ်ပြီး လက်မရိုးအခြေနဲ့ဆက်ထားသော အရိုးလေးဖြစ်ပါတယ်။ အဆစ်ရောင်ခြင်းရောဂါတွေထဲမှာ အဆစ်တွေထိခိုက်ပျက်စီးသွားတတ်တဲ့ အဆစ်ရောင်ခြင်းအခြေအနေတစ်ခုရှိတယ်။ ထိုအခြေအနေမှာဆိုရင် အဆစ်တွေရဲ့မျက်နှာပြင်ကိုကာထားတဲ့ အရိုးနုတွေ တဖြေးဖြေးစားသွားပြီး အောက်ခံအရိုးပျက်စီးကာ အဆစ်နာခြင်း၊ တောင့်တင်းခြင်း၊ အားနည်းခြင်းများ ဖြစ်လာတတ်ပါတယ်။ အကြောင်းရင်းများTrapeziectomy ကိုဘာလို့လုပ်ကြသလဲ နာကျင်မှုကိုသက်သာစေဖို့နဲ့ လက်မပိုမိုကောင်းမွန်စွာ အလုပ်လုပ်နိုင်စေဖို့ လုပ်ကြပါတယ်။ ဘာတွေဖြစ်နိုင်လဲ လက်မလှုပ်ရှားမှုကိုထိန်းချုပ်ဖို့ သတ္ထုချောင်းတစ်ခုခုနဲ့ ချည်ထားရနိုင်ပါတယ်။ နာကျင်မှုကိုသက်သာဖို့ စတီးရွိုက်ထိုးဆေးတစ်မျိုး ထိုးပါတယ်။ အဆစ်တစ်ခုလုံးကို သတ္ထု၊ ပလတ်စတစ်တို့နဲ့ လုပ်ထားတဲ့ အဆစ်တုနဲ့အစားထိုးလို့ဖြစ်နိုင်ပါတယ်။ ငယ်ရွက်သွက်လက်ဆဲလူများမှာဆိုရင် လို့ခေါ်တဲ့ အရိုးများကိုချိတ်ဆက်ထိန်းချုပ်ထားတဲ့နည်းက ပိုကောင်းပါလိမ့်မယ်။ ခွဲစိတ်မှုမပြုလုပ်ခင်ဖြစ်နိုင်ချေများ၊ အန္တရာယ်များကို ကြိုတင်သိရှိနားလည်ထားတာကောင်းပါလိမ့်မယ်။ သိလိုသည်များရှိပါက ဆရာဝန်၊ ခွဲစိတ်ဆရာဝန်တို့နဲ့ သေချာဆွေးနွေးတိုင်ပင်ပါ။ ပြင်ဆင်ခြင်းလတ်တလောမှီဝဲနေရတဲ့ဆေးတွေ၊ ရောဂါအခြေအနေတွေကို ဆရာဝန်ကိုပြောပြပါ။ ဓါတ်မတည့်ခြင်းများရှိလျှင်လည်းပြောပြပါ။ ခွဲစိတ်မှုမတိုင်ခင် ရပ်တန့်ရမည့် ဆေးများရှိပါကလည်း သေချာလိုက်နာပါ။ ခွဲစိတ်မှုမတိုင်ခင်မှာ လိုက်နာလုပ်ဆောင်သင့်တဲ့ စည်းကမ်းချက်တွေကို သေချာသိထားတာအကောင်းဆုံးပါ၊ ခွဲစိတ်မှုမတိုင်မီ ဘာတွေစားလို့ရလဲ အပါအဝင်ပေါ့။ များသောအားဖြင့်တော့ ခွဲစိတ်မှုမတိုင်ခင် ၆ […]



ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Femoral Hernia Repair (ပေါင်ထိပ်မှာဖြစ်တဲ့ အူကျခြင်း ကို ဘယ်လိုကုသပြုပြင်မလဲ)

အဓိပ္ပါယ်များပေါင်ထိပ်မှာဖြစ်တဲ့ အူကျခြင်း (femoral hernia)ကို ကုသပြုပြင်တယ်ဆိုတာ ဘာလဲ။ ပေါင်ထိပ်မှာဖြစ်တဲ့ အူကျခြင်း (femoral hernia)ကို ဖယ်ရှားခြင်း ဒါမှမဟုတ် ပြုပြင်ခြင်းကို ဆိုလိုပါတယ်။femoral canal လို့ခေါ်တဲ့ လမ်းကြောင်းလေးအနားမှာရှိတဲ့ ဝမ်းဗိုက်ကြွက်သားနံရံ အားနည်းခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အူကျခြင်း (femoral hernia)ဟာ အဖြစ်များတဲ့ ပြဿနာတခု ဖြစ်ပါတယ်။ မကုသဘဲထားမယ်ဆိုရင်တော့ femoral hernia ဟာ ဆိုးရွားပြင်းထန်တဲ့ နောက်ဆက်တွဲပြဿနာတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ သင့်ဝမ်းဗိုက်ကြွက်သားနံရံရဲ့ ကြွက်သားအလွှာတွေထဲမှာ အားနည်းတဲ့နေရာလေးတွေ ဖြစ်ပေါ်လာနိုင်ပြီး ဗိုက်ထဲကအူတွေဟာ အဆိုပါ နေရာလေးတွေကတဆင့် အပြင်ကို တိုးထွက်လာပါတယ်။ ဒီလိုထိုးထွက်လာတဲ့အတွက် အပြင်ဖက်မှာ ဖောင်းဖောင်းလေးဖြစ်လာပြီး ဒါကို အူကျတယ်လို့ ခေါ်ပါတယ်။ ဝမ်းဗိုက်နဲ့ခြေထောက်ကြား အပြန်အလှန်ဆက်သွယ်နေတဲ့ femoral artery နဲ့vein သွေးကြောတွေဖြတ်သန်းသွားရာ ဝမ်းဗိုက်နံရံရှိ အပေါက်လေးကနေတဆင့် femoral hernia […]


ဆေးစစ်ချက်များ

Flexible Cystoscopy For Women (အမျိုးသမီးတွေမှာ ပြုလုပ်တဲ့ ဆီးအိမ်မှန်ပြောင်းကြည့်ခြင်း)

အမျိုးသမီးတွေမှာ ပြုလုပ်တဲ့ flexible cystoscopy ဆိုတာဘာလဲ။ သင့်ဆီးအိမ်ထဲမှာ ဘာပြဿနာရှိလဲသိနိုင်ဖို့ ဆီးအိမ်ထဲ မှန်ပြောင်းအပျော့လေးထည့်ပြီး စစ်ဆေးကြည့်ရှုတာကို flexible cystoscopy လို့ ခေါ်ပါတယ်။ ဆီးအိမ်မှန်ပြောင်းကြည့်ခြင်းဟာ ဆီးအိမ်နဲ့ ပတ်သက်တဲ့ ပြဿနာတွေကို သိရှိအဖြေရှာနိုင်ဖို့အတွက် အထူးသင့်တော်ပြီး အန္တရာယ်လည်း မရှိတဲ့ စစ်ဆေးမှုတမျိုး ဖြစ်ပါတယ်။ ဆီးကျဉ်တာ၊ဆီးထဲသွေးပါတာမျိုး ခံစားနေရရင် ဒါမှမဟုတ် ဆီးပိုးဝင်ရောဂါ မကြာခဏဖြစ်တတ်သူတွေ၊ဆီးမအောင့်နိုင်သူ၊မထိန်းနိုင်သူတွေနဲ့ ဆီးခဏခဏသွားချင်သူတွေမှာ flexible cystoscopy လုပ်ဖို့(မှန်ပြောင်းကြည့်ဖို့) လိုအပ်မှာ ဖြစ်ပါတယ်။ မှန်ပြောင်းအပျော့နဲ့ ကြည့်ရှုစစ်ဆေးခြင်း မလုပ်ချင်ဖူးဆိုရင် အောက်ဖော်ပြပါ နည်းလမ်းတွေနဲ့လည်း စစ်ဆေးနိုင်ပါတယ်။ · တယ်လီဗေးရှင်းဓါတ်မှန်လို့ အရပ်ခေါ်နဲ့ ခေါ်ဝေါ်ကြတဲ့ ultrasound တမျိုး (bladder scan) ရိုက်မယ်ဆိုရင် လက်ရှိရင်ဆိုင်နေရတဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာနဲ့ပတ်သက်ပြီး အချို့သောအချက်အလက်တွေကို သိရှိနိုင်မှာ ဖြစ်ပါတယ်။ · အချို့သော ပြဿနာတွေ၊ရောဂါတွေကို […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Flexible Sigmoidoscopy (အူမကြီးမှန်ပြောင်းကြည့်ခြင်း)

Flexible sigmoidoscopy ဆိုတာဘာလဲ။ မှန်ပြောင်းအပျော့လေးအသုံးပြုပြီး အူမကြီးရဲ့ ဘယ်ဖက်အောက်ခြေပိုင်းကို ကြည့်ရှုစစ်ဆေးတာကို အူမကြီးမှန်ပြောင်းကြည့်ခြင်း (Flexible sigmoidoscopy) လို့ခေါ်ပါတယ်။ အူမကြီးမှန်ပြောင်းကြည့်ခြင်းဟာ အူမကြီးရဲ့ အောက်ဖက်ပိုင်းမှာဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ရှာဖွေဖော်ထုတ်နိုင်တဲ့ နည်းလမ်းကောင်း တခုဖြစ်ပါတယ်။ တခါတရံ အူမကြီးမှာ အလုံးအကျိတ်အသေးလေးတွေ ဖြစ်ပေါ်နေတတ်ပြီး အဆိုပါ အလုံးတွေကို မှန်ပြောင်းကြည့်ရင်းနဲ့ တခါတည်း ဖယ်ရှားပစ်လို့ရပါတယ်။ Flexible sigmoidoscopy မလုပ်ချင်ဖူးဆိုရင် နောက်ထပ်မှန်ပြောင်းကြည့်နည်းတမျိုးဖြစ်တဲ့ colonoscopy လုပ်လို့ရသလို barium လို့ခေါ်တဲ့ ဆေးတမျိုးကို စအိုထဲကတဆင့် အူလမ်းကြောင်းထဲ ထိုးသွင်းပြီး ဓါတ်မှန်ရိုက်တာ ဒါမှမဟုတ် CT ရိုက်တာတို့ကို ပြုလုပ်နိုင်ပါသေးတယ်။ အူမကြီးမှန်ပြောင်းကြည့်တာ ဘာလို့လုပ်ရတာလဲ။ အောက်ပါအခြေအနေတွေမှာ အူမကြီးမှန်ပြောင်းကြည့်ဖို့ သင့်ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။ · အူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်နေရင်။ ဗိုက်နာ၊ဗိုက်အောင့်ခြင်း၊သွေးဝမ်းသွားခြင်း၊ဝမ်းသွားတဲ့ အလေ့အထပြောင်းခြင်း၊ကာလကြာရှည် ဝမ်းလျှောခြင်းအပါအဝင် အခြားသော အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေရဲ့ အကြောင်းရင်းဇစ်မြစ်ကို […]


ဆေးစစ်ချက်များ

Cystometry (ဆီးအိတ်ဖိအားတိုင်းတာခြင်း)

အခြေခံကို သိရှိခြင်း။Cystometry ဆိုတာဘာလဲ? Cystometry ဆိုတာ ဆီးအိတ်အလုပ်ကောင်းကောင်း လုပ်နေ၊မနေ သိနိုင်ဖို့ ဆီးအိတ်အတွင်းမှာ ရှိတဲ့ ဖိအား ကို တိုင်းတာနိုင်တဲ့ စစ်ဆေးချက်ဖြစ်ပါတယ်။ ကြွက်သား(သို့) အာရုံကြောပြသနာတွေက ဆီးအိတ်ကဆီးတွေကို ဘယ်လောက်သိမ်းထားနိုင်ပြီး၊လွှတ်ချ နိုင်သလဲ ဆိုတာနဲ့ ပတ်သတ်တဲ့ ပြသနာတွေ ဖြစ်စေနိုင်ခဲ့ရင် cystometry ကို လုပ်ဆောင်လေ့ရှိပါတယ်။ ဆီးသွားတယ်ဆိုတာ ရှုပ်ထွေးတဲ့ ဖြစ်စဉ်တစ်ခုပါ။ ဆီးအိတ်ပြည့်လာတာနဲ့ ဆီးအိတ်မှာ ရှိတဲ့ အာရုံကြော အဖွဲ့အစည်းတွေက ကျောရိုးအာရုံကြော အဖွဲ့အစည်းနဲ့ ဦးနှောက်ဆီကို ဆီးသွား ဖို့လိုတယ်ဆိုတဲ့ သတင်းအချက်အလက်တွေပေးပို့ လိုက်ပါတယ်။ တုံ့ပြန်မှု အနေနဲ့ ကျောရိုးအာရုံကြောအဖွဲ့က ဆီးအိတ်ကို ညှစ်ဖို့ အချက်ပြလိုက်ပါတယ်။ အဲဒါကို voiding reflex လို့ခေါ်ပါတယ်။ သင်ဟာ ဆီးအောင့်ထားမယ်ဆိုရင် သင့် ဦးနှောက်က ဒီ reflex […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း