အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ခြေထောက်ကပြောပြနေတဲ့ ကျန်းမာရေး

ခြေထောက်လေးတွေက လမ်းလျှောက်ဖို့၊ ပြေးလွှားဖို့ မတ်မတ်ရပ်ဖို့လောက်ပဲ အသုံးဝင်တာလား။ လိုချင်တဲ့နေရာဆီကို အရောက်လှမ်းသွားနိုင်ဖို့ အထောက်အပံ့ပေးထားတဲ့ ခြေထောက်လေးတွေက ကျန်းမာရေးရဲ့ အချက်ပြအရာလေးတွေအဖြစ်လည်း လုပ်ဆောင်ပေးပါသေးတယ်။ ဘယ်လိုလက္ခဏာတွေများပြတာလဲ! ခြေထောက်ကပြောပြနေတဲ့ ကျန်းမာရေး အကြောင်း သိချင်ရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ ခြေထောက်ကပြောပြနေတဲ့ ကျန်းမာရေး ကဲ ခြေထောက်ကပြောပြနေတဲ့ ကျန်းမာရေး အခြေအနေကို ကြည့်ပြီး ခြေထောက်လေးကို သေချာလေးဆေးလို့ တစ်ချက်ချင်းစီ တိုက်ဆိုင်စစ်ဆေးကြည့်ရအောင်နော်။ ခြေမလေးက အပေါ်ကော့ကော့လေးဖြစ်နေရင် ခြေမကအရင်ကထက် အပေါ်ကို ခပ်ကော့ကော့လေးဖြစ်လာပြီဆိုရင် ပြင်းထန်တဲ့ ကျောက်ကပ်ရောဂါခံစားနေရတာဖြစ်နိုင်သလို နှလုံးရောဂါ၊  အစာအိမ်အူနံရံရောင်တဲ့ရောဂါ ကိုခံစားနေရတာဖြစ်နိုင်ပါတယ်။ ခြေချင်းဝတ်တွေ၊ ခြေဖမိုးတွေရောင်နေရင် တကယ်လို့ သင့်ရဲ့ ခြေချင်းဝတ်တွေ၊ ခြေဖမိုးတွေက ရောင်နေမယ်ဆိုရင်တော့ သွေးတိုးနေတာဖြစ်နိုင်သလို၊ နှလုံးကျန်းမာရေး အားနည်းတာ၊ ကောက်ကပ်ထိခိုက်နေတာ၊ အသည်းထိခိုက်နေတာတွေကိုခံစားနေရတာဖြစ်ပါတယ်။ ခြေဖျားတွေအေးနေရင် ခြေဖျားတွေက အေးစက်နေမယ်ဆိုရင်တော့ သွေးလည်ပတ်မှုသိပ်မကောင်းတာကြောင့်ဖြစ်နိုင်သလို သိုင်းရွိုက်ပြဿနာရှိနေတာလည်းဖြစ်နိုင်ပါတယ်။ ဒီပြဿနာက အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါ။ တကယ်လို့ သင်က […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အသံချဲ့စက်ကပေးတဲ့ ဝေဒနာ (၆) မျိုး

အသံဆိုတာ အမျိုးမျိုးရှိပါတယ်။ ဂီတသံ၊ စကားပြောသံ၊ ဆူညံသံ၊ စက်သံ စတာတွေအပြင် ဂီတသံထဲမှာတောင် သာယာငြိမ့်ညောင်းတဲ့အသံ၊ မြူးကြွတဲ့အသံ၊ ဆူညံပြင်းတဲ့အသံ ဆိုပြီးကွဲပါသေးတယ်။ ခုနေ ဘယ်အသံကို အကြောက်ဆုံးလဲမေးရင် လူ ဆယ်ယောက်မှာ ကိုးယောက်လောက်ဖြေမှာက လော်သံလို့ ပြောကြမလားပဲ။ လော် သို့မဟုတ် လော်စပီကာလို့ ခေါ်ကြတဲ့ အသံချဲ့စက် တွေက ဟိုမှာ ဒီမှာ တပြင်တခွင် ရှိနေတာကိုး။ ပိုဆိုးတာက လော်တင်မက sound box ကြီးတွေပါ တွဲပြီး ကျဲနေကြတာပါပဲ။ သုတေသနတွေအရ အသံချဲ့စက် အပါအဝင် ကားဟွန်းသံ၊ လေယာဉ်သံ၊ စက်မောင်းသံ၊ စတဲ့ ဆူညံသံ တစ်မျိုးမျိုးကို မကြာခဏ သို့မဟုတ် ကြာရှည်ကြားနေရတဲ့သူတွေမှာ ကျန်းမာရေးထိခိုက်မှုတွေ ရှိလာတယ်လို့ သိရပါတယ်။ ဒီဆောင်းပါးမှာတော့ အသံချဲ့စက်ကပေးတဲ့ ဝေဒနာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သင့်မှာ ဒီကျန်းမာရေးပြဿနာတွေရှိနေရင် ချင်း (ဂျင်း)ကိုမစားသုံးသင့်ပါဘူး

သဘာဝတရားကြီးက လူသားတွေအတွက်ကျန်းမာရေးဆိုင်ရာ အံ့မခန်းဖွယ်အကျိုးကျေးဇူးတွေပေးထားပါတယ်။ ချင်း (ဂျင်း)ကလည်း သဘာဝကပေးတဲ့ အကောင်းဆုံးသော ဆေးစွမ်းတစ်လက်ပါ။ အရာရာတိုင်းက တန်ဆေးလွန်ဘေးဆိုသလိုပဲ ဆေးဖက်ဝင်တယ်ဆိုတိုင်းလည်း အတိုင်းအဆမရှိစားသုံးတာမျိုးမဖြစ်သင့်ပါဘူး။ မိမိရဲ့ ကျန်းမာရေး အခြေအနေတွေအပေါ်မှာမူတည်ပြီး အတိုင်းအချင့်နဲ့စားသုံးသင့်ပါတယ်။ အောက်ဖော်ပြပါ ရောဂါရှိသူတွေအတွက် ချင်းက တော်တော်လေးကို အန္တရာယ်ကြီးလှပါတယ်။ ဒါကြောင့် သင့်မှာ ဒီကျန်းမာရေးပြဿနာတွေရှိနေရင် ချင်း (ဂျင်း)ကိုမစားသုံးသင့်ပါဘူး ။ ဂျင်း (ချင်း) ကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူး ဂျင်းက ခန္ဓာကိုယ်တစ်ခုလုံးအတွက် အကျိုးပြုပါတယ်။ အစာအိမ်အနာတွေကို ကျက်စေနိုင်သလို ကင်ဆာဆဲလ်​တွေကိုလည်း သေစေနိုင်ပါတယ်။ အမျိုးသားတွေအတွက်လည်း ကျန်းမာရေးကိုကောင်းစေနိုင်ပါတယ်။ ချင်းက ဆေးဖက်ဝင်တယ်ဆိုတာကိုလွန်ခဲ့တဲ့ နှစ်ထောင်ပေါင်များစွာကတည်းက သိရှိခဲ့တာဖြစ်ပါတယ်။ သင့်မှာ ဒီကျန်းမာရေးပြဿနာတွေရှိနေရင် ချင်း (ဂျင်း)ကိုမစားသုံးသင့်ပါဘူး ချင်းက ကျန်းမာရေးအတွက် အကျိုးကျေးဇူးများတယ်ဆိုပေမယ့် လူတိုင်းအတွက် ကောင်းလှတယ်တော့ မဟုတ်ပါဘူး။ သင့်မှာ ဒီကျန်းမာရေးပြဿနာတွေ ရှိနေရင် ချင်း (ဂျင်း)ကိုမစားသုံးသင့်ပါဘူး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကားမူးတာကို သက်သာစေမယ့် အိတ်ဆောင်ဆေးနည်းလေးများ

ခရီးဝေးဝေးသွားဖို့ဆို တော်တော်စဉ်းစားရတယ်။ ကားနဲ့လည်း မသွားရဲဘူး၊ လေယာဉ်လည်းမစီးဘူး၊ ရေလမ်းခရီးဆိုဝေလာဝေး၊ ရထားလည်း မဖြစ်။ ဘာကိုကြောက်နေရလဲဆိုတော့ ကားမူး၊လှေမူး၊ လေယာဉ်မူးတဲ့ အမူးရောဂါကိုပေါ့။ မအီမသာ ခံစားရခက်တဲ့ ဒီဝေဒနာကို ရှောင်နေရတာ ကိုယ်တစ်ယောက်တည်းတော့မဟုတ်ပါဘူး။ ဘယ်မှမသွားဘဲ မနေနိုင်တော့လည်း ကုစားနိုင်မယ့်နည်းလမ်းတွေရှာရင်း သည်းခံသွားလာရတာပါပဲ။ သွားရင်းလာရင်း တဝေါ့ဝေ့ါ့နဲ့ ထိုးအန်ရတာတွေ၊ ခေါင်းမထူနိုင်အောင် ကိုက်ခဲနေတာတွေက ကိုယ့်အတွက်ရော၊ ဘေးလူတွေအတွက်ပါ စိတ်အနှောင့်အယှက်ဖြစ်စရာပါ။ ဒီလိုဖြစ်တတ်တဲ့သူတွေ ခရီးသွားတဲ့အခါ ကားမူးဝေဒနာကို သက်သာလျော့ပါးစေဖို့ အထောက်အကူဖြစ်မယ့် ဆေးဖက်ဝင်ပစ္စည်းလေးတွေကို ပြောပြမယ်နော်။   ချင်း(ဂျင်း) ချင်းက ကားမူးဝေဒနာကို သက်သာစေတဲ့အာနိသင်ရှိပါတယ်။ ချင်းလက်ဖက်ရည်ကို ထည့်လာပြီး လမ်းမှာသောက်လည်းရတယ်၊ ပါးပါးလှီးထားတာလေး ဒီတိုင်းဝါးစားလည်းရတယ်၊ နောက်ဆုံး မရှိရင် ချင်းများများပါတဲ့ မက်မန်းပေါင်းလို အချဉ်ပေါင်းထဲကလည်း ယူစားလို့ရပါတယ်။ မစားချင်ဘူးဆိုရင် ချင်းနည်းနည်းကိုတစ်ရှူးလေးနဲ့ပတ်ပြီး အနံ့ရှူလိုက်ပါ။   သံပရာသီး အားလုံးသိပြီးသားဖြစ်ပေမယ့် အမြဲအသုံးဝင်တဲ့သံပရာသီးပါ။ ခရီးသွားရင် သံပရာသီးဆောင်သွားကြတာ မြင်ဖူးမှာပါ။ အလုံးလိုက်ကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အိပ်နေရင်းနဲ့ လည်း ကယ်လိုရီတွေ လောင်ကျွမ်းနိုင်တယ်ဆိုတာ သိကြလား။

ကယ်လိုရီ လောင်ကျွမ်းတယ်ဆိုတဲ့ စကားကို ဝိတ်ချနေတဲ့ သူတွေက ကျယ်ကျယ်ပြန့်ပြန့်သုံးကြပါတယ်။ Gym သွားရင်၊ အားကစားလုပ်ရင် နှလုံးခုန်မြန်စေတဲ့ လေ့ကျင့်ခန်းတွေလုပ်ရင် ကယ်လိုရီတွေ လောင်ကျွမ်းတယ်ဆိုတာ တော်တော်များများသိကြတဲ့ အချက်တစ်ခုပါ။ ဒါဆိုရင် ကယ်လိုရီဆိုတဲ့အရာက လှုပ်လှုပ်ရှားရှားနေမှပဲ လောင်ကျွမ်းတာလား၊ အားကစားမလုပ်တဲ့သူတွေအတွက်ရော ကယ်လိုရီတွေ မလောင်ဘူးလား။ အိပ်နေရင်းနဲ့ လည်း ကယ်လိုရီတွေ လောင်ကျွမ်းနိုင်တယ်ဆိုတာ သိကြလား။ မသိသေးဘူးဆိုရင် ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ ကယ်လိုရီဆိုတာ ဘာလဲ။ ကယ်လိုရီဆိုတာ အကြမ်းဖျင်းပြောရင်တော့ အစားအသောက်က ရတာပါ။ ကယ်လိုရီဟာ အပူစွမ်းအင် အဖြစ် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ လောင်စာ (energy) ကိုထုတ်ပေးပါတယ်။ ဒါကြောင့် ဝိတ်ချနေတဲ့သူတွေဟာ ကိုယ်စားတဲ့အစားအသောက်ထဲမှာ ပါတဲ့ ကယ်လိုရီတွေကို တွက်ပြီး လျှော့စားကြတာပါ။ လူတွေဟာနေ့စဉ် လှုပ်ရှားဖို့ အတွက် လိုအပ်တဲ့ ကယ်လိုရီပမာဏဟာ အကြမ်းအားဖြင့် ယောကျ်ားလေးတွေအတွက်ဆို ၂၅၀၀ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သုံးဆယ်ကျော်လာတဲ့နောက်မှာ ကိုယ့်ခန္ဓာကိုယ်အတွက် ဘာတွေပြင်ဆင်ဂရုစိုက်သင့်သလဲ

အသက်သုံးဆယ်ကျော် ဆိုတာ မကြီးလွန်းလှပေမယ့် ဆယ်ကျော်သက်လေးတွေလို ငယ်ရွယ်လွန်းတဲ့အသက်အရွယ်တော့လည်း မဟုတ်ပြန်ပါဘူး။ တာ၀န်ယူရမှုတွေများပြားနေတတ်ပြီး လုပ်ငန်းခွင်တစ်ခုခုမှာအခြေကျနေပြီးသားအရွယ်တွေဖြစ်တာနဲ့အညီ စိတ်ဖိစီးမှုတွေလည်း များတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သုံးဆယ်ကျော်လာတဲ့နောက်မှာ ကိုယ့်ရဲ့ တစ်ကိုယ်ရေကျန်းမာရေးနဲ့ စိတ်ချမ်းသာရေးကို ပိုဂရုစိုက်သင့်နေပါပြီ။ သုံးဆယ်ကျော်လာတဲ့နောက်မှာ ကိုယ့်ခန္ဓာကိုယ်အတွက် ဘာတွေပြင်ဆင်ဂရုစိုက်သင့်သလဲ ကိုယ့်ကို အဆိပ်အတောက် ဖြစ်စေတဲ့ သမီးရည်းစား သူငယ်ချင်း ဘယ်လို ဆက်ဆံရေးမျိုးကို မဆို လွှတ်ချရဲတဲ့ သတ္တိမျိူးရှိသင့်နေပြီဖြစ်တဲ့အရွယ်လဲ ဖြစ်ပါတယ်။ ဒါကြောင့် အသက်သုံးဆယ်ကျော် လာတဲ့သူတွေ အနေနဲ့ ကိုယ့်ကိုယ်ကို ဘယ်လိုနည်းလမ်းတွေနဲ့ စိတ်ချမ်းသာအောင် ကိုယ်ကျန်းမာအောင် ထားသင့်သလဲဆိုတဲ့   နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) ကိုယ်မလုပ်နိုင်တဲ့အရာတွေကို သတ္တိရှိရှိငြင်းဆိုပါ။ (၂) အိပ်ရာမ၀င်ခင်မှာ တယ်လီဖုန်းကို air plane mode on ပြီးအိပ်ပါ။ (၃) ယုတ္တိဗေဓမကျ လက်တွေ့မဆန်တဲ့ မျှော်လင့်ချက်မျိူးကို သူတပါးဆီကဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကို ဆီကဖြစ်ဖြစ်မျှော်လင့်တာမျိူးရှောင်ပါ၊ ဖြစ်နိုင်ခြေနဲ့ နီးစပ်တဲ့ မျှော်လင့်ချက်မျိူးကိုသာ ထားပါ။ (၄) နေပူထဲထွက်ထွက်မထွက်ထွက် နေလောင်ကာလိမ်းဆေးနေ့တိုင်းလိမ်းဖို့ မမေ့ပါနဲ့၊ (၅)အိပ်စက်ခြင်းကိုဦးစားပေးပါ၊ တစ်နေ့ကို အနည်းဆုံးခုနစ်နာရီအိပ်ချိန်ရှိပါစေ။ (၆) အစားအသောက်စားတိုင်းမှာ အသီးအရွက်တွေပါဖို့ ကြိုးစားပါ။ (၇) တစ်နေ့ကို ရေနှစ်လီတာသောက်ပါ၊ အိပ်ရာထချိန်နဲ့ အိပ်ရာ၀င်ခါနီးမှာ ရေကိုဖန်ခွက်ကြီးကြီးနဲ့သောက်ပါ။ (၈) ကိုယ့်ကိုယ်ကိုခွင့်လွှတ်တတ်ပါစေ။ (၉) သွားကျန်းမာရေးအတွက် သွားပွတ်ကြိုးသုံးပေးပါ။ (၁၀) တခြားလူတွေ ကိုယ့်အပေါ်ဘယ်လိုမြင်သလဲ ဘယ်လိုတွေးသလဲဆိုတာကို အရမ်းဂရုမစိုက်ပါနဲ့။ (၁၁) တစ်နေ့ကိုဆယ်မိနစ်ပဲဖြစ်ဖြစ် me time လို့ခေါ်တဲ့ ကိုယ်ပိုင်အချိန်ရအောင်ယူတတ်ပါစေ။ (၁၂) လူမှုကွန်ယက်မှာရောလက်တွေ့ဘ၀ထဲမှာပါ ကိုယ့်ကိုယ်ကို အဆိုးပဲမြင်စေတဲ့သူမျိူးတွေရှိရင် ဘ၀ထဲကထုတ်ပစ်ပါ။ (၁၃) နှစ်ခွက်သောက်ပြီးတာနဲ့ရပ်နိုင်အောင်ကြိုးစားပါ။ (၁၄) အတင်းပြောတတ်တဲ့အလေ့အကျင့်ရှိနေရင် ရပ်ပြီးအဆိုးမြင်သံသရာစက်၀န်းထဲကလွတ်မြောက်နိုင်ပါစေ။ (၁၅) တာရှည်ခံအောင်ပြုပြင်ထားတဲ့အစာတွေအစား သဘာ၀ကရတဲ့ အစာတွေကိုပဲပိုစားသုံးပေးပါ။ (၁၆) အိပ်ရာမ၀င်ခင် ကိုယ့်ကိုယ်ကို သဘောကျတဲ့အချက်သုံးချက်ကိုတွေးပါ။ ဒါက သင့်ကိုခွန်အားဖြစ်စေပါတယ်။ (၁၇)ကိုယ်တကယ်စိတ်မကောင်းမဖြစ်တဲ့အရာတွေအတွက် ဆောရီးလို့ပြောတာကို ရှောင်ကြဉ်ပါ။ (၁၈)မိမိဘ၀ကို တခြားသူတွေရဲ့ဘ၀နဲ့မနှိုင်းယှဉ်ပါနဲ့၊ ကျေနပ်ရောင့်ရဲတတ်ပါစေ။ (၁၉)တစ်ပတ်ကိုအနည်းဆုံးသုံးရက် တစ်ကြိမ်ကို နာရီ၀က်လေ့ကျင့်ခန်းလုပ်ပါ။ သုံးဆယ်ကျော်လာတဲ့နောက်မှာ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အခုလိုလေးတွေ ဂရုစိုက်လိုက်ပါ။ အသက်သုံးဆယ်ကျော် ကာလကို ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ဖြတ်ကျော်ဖို့ ready ပဲလား .......


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ထူးဆန်းထွေလာ ဆေးပညာ အပိုင်း (၁)

လူတွေ လေလည်ရင် ဘာကြောင့်နံတာလဲ။ ဆီးတွေအရမ်းများလာရင် ဆီးအိမ်ကပေါက်ကွဲတတ်လား။ နှာခေါင်းထဲက နှာချေးဘာလို့ ထွက်တာလဲ။ ဒီထဲမှာ ဘာတဲ့ မေးခွန်းတွေကို ကြည့်မယ်ဆိုရင် ပေါက်ပေါက်ရှာရှာမေးခွန်းတွေဆိုပြီး တွေးမိကြမှာပါ။ နေ့စဉ်ဖြစ်နေတဲ့ လုပ်နေတဲ့ အကြောင်းအရာတွေပေမဲ့ ဒီလိုအရာတွေ ဘာကြောင့် ဖြစ်နေလဲ၊ ဒါတွေမရှိရင် ဘာကြောင့် ဖြစ်လာနိုင်လဲ ဆိုတဲ့မေးခွန်းတွေကို ကိုယ့်ဘာကိုယ် မေးဖူးကြလား၊ ခန္ဓာကိုယ်မှာ သူ့ဘာသူဖြစ်နေတဲ့ ဖြစ်စဉ်တွေပဲဆိုပြီး အမှုမဲ့ အမှတ်မဲ့ပဲလား။ ဒီအခန်းဆက် ကဏ္ဍလေးမှာ ထူးဆန်းတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ၊ လုပ်ဆောင်မှုတွေ၊ လူတွေရဲ့ အလေ့အကျင့်တွေအကြောင်း ကိုပြည့်ပြည့်စုံစုံ တင်ဆက်သွားမှာ ဖြစ်ပါတယ်။ အပေါ်က မေးခွန်းတွေကို ဆက်ရမယ်ဆိုရင် မေးခွန်း ၁ -  လေလည်ရင် ဘာကြောင့်နံတာလဲ။ လေလည်တယ်၊ အီးပေါက်တယ်ဆိုတာ လူတိုင်းလုပ်တဲ့အလုပ်ပါ။ အနံ့ထွက်လာရင်တော့ ရှက်စရာကောင်းတာပေါ့လေ။ ဒီနံတာကရော ဘာကြောင့်လဲလို့ မတွေးမိကြဘူးလား။ လူတွေထမင်းစား၊ ရေသောက်တဲ့အခါ လေတွေကိုပါမျိုချမိကြပါတယ်။ အဲဒီလို မျိုချမိတဲ့လေတွေကို ပြန်ထုတ်တဲ့နည်းလမ်းဟာ […]


ရောဂါလက္ခဏာများ

ရေသောက်နည်းလို့ ခန္ဓာကိုယ်မှာဖြစ်လာမယ့် အချက်ပြလက္ခဏာ (၇) ခု

ရေသောက်ပါ၊ ရေသောက်ပါလို့ အမြဲတိုက်တွန်းရတဲ့အကြောင်းရင်းက ရှိပါတယ်နော်။ တစ်ရက်မပြောနဲ့၊ တစ်မနက်လောက် ရေမသောက်ဘဲနေလိုက်ရင်ကို နေလို့မကောင်းတာ သတိထားမိတယ်မလား။ ဒီတစ်ခေါက်တော့ ရေသောက်နည်းလို့ ခန္ဓာကိုယ်မှာဖြစ်လာမယ့် အချက်ပြလက္ခဏာ တွေအကြောင်း ပြောပြပေးချင်ပါတယ်။ တစ်နေ့ကို ရေဘယ်လောက်သောက်ရမလဲ တစ်နေ့ကို အနည်းဆုံး ရေ (၈) ခွက်တော့ သောက်သုံးသင့်တယ်လို့ ကျန်းမာရေးအကြံပြုချက်တွေ ရှိထားပြီးသားပါ။ ဒါပေမယ့် အလုပ်မအားလို့၊ မေ့နေလို့၊ ရေမဟုတ်တဲ့ တခြားသောက်စရာတွေ သောက်နေလို့ (ရေသောက်စရာမလိုဘူးထင်နေတာ) ဆိုရင် ရေဓာတ်လုံလောက်နိုင်မှာမဟုတ်ပါဘူး။ ခန္ဓာကိုယ် ကျန်းမာဖို့ လိုအပ်တဲ့ ရေဓာတ်ကို ပြည့်ပြည့်ဝဝမရရှိဘူးဆိုရင် အချိန်ကြာလာနဲ့အမျှ ချို့ယွင်းမှုတွေဖြစ်လာနိုင်တယ်၊ ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေကို ထိခိုက်စေပြီး နုံးတာ၊ နေလို့ မကောင်းတာ၊ ခေါင်းကိုက်တာ၊ ကြွက်သားတွေနာတာ၊ ဆီးလမ်းကြောင်း ကျောက်တည်တာ စတဲ့ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ဒီတော့ ကိုယ်ရေသောက်နည်းနေတာကို သတိမထားမိရင် ပြဿနာရှိတယ်လေ။ တကယ်လို့ ကိုယ့်မှာ ဒီလက္ခဏာတွေဖြစ်လာရင်တော့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

စမတ်ကျကျ အရက်သောက်ကြမယ်။

သင်ဟာ ပထမဆုံး အရက်သောက်ဖူးတဲ့သူဆိုပါတော့။ ဘားတစ်ခုကိုသွားတယ်။ သူငယ်ချင်းတွေက သင့်အတွက် တစ်ခွက်ငှဲ့ပေးတယ်။ ပေးတဲ့အတိုင်းသောက်ချလိုက်တယ်။ လည်ချောင်းထဲတော့ ခါးခါးပူပူကြီးဆင်းသွားတယ်။ အရသာမကောင်းတဲ့အတွက် နောက်တစ်ခေါက် သောက်ဖို့ တွန့်သွားတယ်။ ခဏနေကျတော့ တစ်ကိုယ်လုံး ပူရှိန်းရှိန်းနဲ့နေလို့ကောင်းလာတယ်။ နောက်တစ်ခွက်ထပ်သောက်ပြီးတဲ့ချိန်မှာ စကားတွေပိုပြောလို့ကောင်းလာတယ်။ ပျော်လာတယ်။ ဒီလိုနဲ့ နောက်တစ်ခွက်၊ နောက်တစ်ခွက်ဆိုပြီး ဒယိမ်းဒယိုင်ဖြစ်လာတယ်၊ စကားတွေကလည်း မပီတော့ဘူး၊ အိမ်ဘယ်လိုရောက်သွားလည်း မမှတ်မိဘူးတွေဖြစ်လာတယ်။ ဒါဟာ ပထမဆုံး အရက်သောက်တဲ့သူတွေတင်မဟုတ်ဘဲ အရက်သောက်တဲ့သူတိုင်း ကိုယ်သောက်နေကျ ပမာဏအရ တစ်ဆင့်ပြီး တစ်ဆင့် အမူအရာပြောင်းလဲမှုတွေပါ။ လူတိုင်းကို ဒီလိုဖြစ်မယ်ဆိုပြီး ပုံသေသတ်မှတ်လို့တော့မရပါဘူး။ အရက်သောက်ရတာကြိုက်တဲ့သူတွေရော အရက်ခုမှစသောက်မယ့်သူတွေရော ကိုယ့်ခန္ဓာကိုယ်ဟာ အရက်ကို ဘယ်လိုတုန့်ပြန်လဲဆိုတာကို စိတ်ဝင်စားရင် ဆောင်းပါးလေးကို ဆက်ဖတ်ကြည့်ကြပါဦး။ အရက်မူးရင် ခန္ဓာကိုယ်မှာ ဘာတွေဖြစ်တာလဲ။ အရက်၊ ဘီယာ၊ ဝိုင်၊ ဆေးလိပ် စသဖြင့် အမျိုးမျိုးသော လူကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

လက်တွေကပြောပြနေတဲ့ သင့်ကျန်းမာရေး

လက်တွေကပြောပြနေတဲ့ သင့်ကျန်းမာရေး ရောဂါတစ်ခုခုခံစားနေရလားဆိုတာကို ဆေးစစ်ကြည့်တာ၊ ခံစားနေရတဲ့ လက္ခဏာတွေကို ဆန်းစစ်ကြည့်တာကနေ သိနိုင်တယ်ဆိုတာက အထွေအထူးပြောပြနေစရာမလိုပါဘူး။ ဒီတစ်ခေါက်တော့ သင့်လက်ကလေးတွေကိုကြည့်ပြီး ရောဂါမှန်းပြမယ်ဆိုရင် ဘယ်လိုလဲ။ ကိုယ့်မှာ ဘယ်လိုရောဂါတွေဖြစ်နေလဲဆိုတာကို တူတူစစ်ဆေးကြည့်မလား Hello ဆရာဝန်ပရိသတ်ကြီးရေ....... လက်ကိုကြည့်ပြီး ရောဂါခန့်မှန်းရအောင်လား............ လက်ချောင်းလေးတွေရဲ့ အလျား၊ လက်ရဲ့ဆုပ်ကိုင်နိုင်အား၊ လက်ဗွေကနေစလို့ လက်သည်းလေးတွေအထိ အားလုံးက ခန္ဓာကိုယ်ထဲမှာ ခံစားရနိုင်ခြေရှိနေတဲ့ ရောဂါတွေကို ဖော်ပြပေးနေပါတယ်။ လက်ချောင်းအနိမ့်အမြင့်လေးတွေက ဖော်ပြနေတဲ့ကျန်းမာရေး လက်ချောင်းလေးတွေရဲ့အလျားက သင့်မှာ အဆစ်ရောင်နာရောဂါခံစားရနိုင်ခြေရှိနေလားဆိုတာကိုဖော်ပြပေးနေပါတယ်။ လေဒီတွေအနေနဲ့လက်ချောင်းလေးတွေကိုကြည့်လိုက်လို့ လက်သူကြွယ်က လက်ညှိုးထက်ပိုရှည်နေမယ်ဆိုရင် သင့်မှာ အဆစ်ရောင်နာဖြစ်နိုင်ခြေက ပုံမှန်ထက် ၂ ဆလောက်ပိုများနေပါပြီ။ ဒါကဘာကို ထပ်ပြီးဖော်ပြပေးနေသလဲဆိုတော့ ကိုယ်တွင်းမှာ အက်စထရိုဂျင်ဟော်မုန်းနည်းနေတယ်ဆိုတာကိုပါ။ လက်သူကြွယ်နဲ့ လက်ချောင်းက တစ်တန်းတည်းဖြစ်နေမယ်ဆိုရင်တော့ ကျန်းမာကြံ့ခိုင်သူတစ်ဦးဖြစ်ပြီး  သက်လုံလည်းကောင်းပါတယ်။ အမျိုးသားတွေမှာတော့ လ်ကသူကြွယ်က လက်ညှိုးထက် ပိုမြင့်နေမယ်ဆိုရင် မျိုးအောင်နိုင်စွမ်းမြင့်ပြီး အိမ်ထောင်မှုသုခပြည့်စုံနိုင်ကြသူတွေပေါ့။ ဒါပေမယ့် မကောင်းတာတစ်ခုက ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း