backup og meta

သုံးဆယ်ကျော်လာတဲ့နောက်မှာ ကိုယ့်ခန္ဓာကိုယ်အတွက် ဘာတွေပြင်ဆင်ဂရုစိုက်သင့်သလဲ

သုံးဆယ်ကျော်လာတဲ့နောက်မှာ ကိုယ့်ခန္ဓာကိုယ်အတွက် ဘာတွေပြင်ဆင်ဂရုစိုက်သင့်သလဲ

အသက်သုံးဆယ်ကျော် ဆိုတာ မကြီးလွန်းလှပေမယ့် ဆယ်ကျော်သက်လေးတွေလို ငယ်ရွယ်လွန်းတဲ့အသက်အရွယ်တော့လည်း မဟုတ်ပြန်ပါဘူး။ တာ၀န်ယူရမှုတွေများပြားနေတတ်ပြီး လုပ်ငန်းခွင်တစ်ခုခုမှာအခြေကျနေပြီးသားအရွယ်တွေဖြစ်တာနဲ့အညီ စိတ်ဖိစီးမှုတွေလည်း များတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သုံးဆယ်ကျော်လာတဲ့နောက်မှာ ကိုယ့်ရဲ့ တစ်ကိုယ်ရေကျန်းမာရေးနဲ့ စိတ်ချမ်းသာရေးကို ပိုဂရုစိုက်သင့်နေပါပြီ။

သုံးဆယ်ကျော်လာတဲ့နောက်မှာ ကိုယ့်ခန္ဓာကိုယ်အတွက် ဘာတွေပြင်ဆင်ဂရုစိုက်သင့်သလဲ

ကိုယ့်ကို အဆိပ်အတောက် ဖြစ်စေတဲ့ သမီးရည်းစား သူငယ်ချင်း ဘယ်လို ဆက်ဆံရေးမျိုးကို မဆို လွှတ်ချရဲတဲ့ သတ္တိမျိူးရှိသင့်နေပြီဖြစ်တဲ့အရွယ်လဲ ဖြစ်ပါတယ်။ ဒါကြောင့် အသက်သုံးဆယ်ကျော် လာတဲ့သူတွေ အနေနဲ့ ကိုယ့်ကိုယ်ကို ဘယ်လိုနည်းလမ်းတွေနဲ့ စိတ်ချမ်းသာအောင် ကိုယ်ကျန်းမာအောင် ထားသင့်သလဲဆိုတဲ့   နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

(ကိုယ်မလုပ်နိုင်တဲ့အရာတွေကို သတ္တိရှိရှိငြင်းဆိုပါ။

(အိပ်ရာမ၀င်ခင်မှာ တယ်လီဖုန်းကို air plane mode on ပြီးအိပ်ပါ။

(ယုတ္တိဗေဓမကျ လက်တွေ့မဆန်တဲ့ မျှော်လင့်ချက်မျိူးကို သူတပါးဆီကဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကို ဆီကဖြစ်ဖြစ်မျှော်လင့်တာမျိူးရှောင်ပါ၊ ဖြစ်နိုင်ခြေနဲ့ နီးစပ်တဲ့ မျှော်လင့်ချက်မျိူးကိုသာ ထားပါ။

(နေပူထဲထွက်ထွက်မထွက်ထွက် နေလောင်ကာလိမ်းဆေးနေ့တိုင်းလိမ်းဖို့ မမေ့ပါနဲ့၊ ()အိပ်စက်ခြင်းကိုဦးစားပေးပါ၊ တစ်နေ့ကို အနည်းဆုံးခုနစ်နာရီအိပ်ချိန်ရှိပါစေ

(အစားအသောက်စားတိုင်းမှာ အသီးအရွက်တွေပါဖို့ ကြိုးစားပါ။

(တစ်နေ့ကို ရေနှစ်လီတာသောက်ပါ၊ အိပ်ရာထချိန်နဲ့ အိပ်ရာ၀င်ခါနီးမှာ ရေကိုဖန်ခွက်ကြီးကြီးနဲ့သောက်ပါ။

(ကိုယ့်ကိုယ်ကိုခွင့်လွှတ်တတ်ပါစေ

(သွားကျန်းမာရေးအတွက် သွားပွတ်ကြိုးသုံးပေးပါ။

(၁၀တခြားလူတွေ ကိုယ့်အပေါ်ဘယ်လိုမြင်သလဲ ဘယ်လိုတွေးသလဲဆိုတာကို အရမ်းဂရုမစိုက်ပါနဲ့။

(၁၁တစ်နေ့ကိုဆယ်မိနစ်ပဲဖြစ်ဖြစ် me time လို့ခေါ်တဲ့ ကိုယ်ပိုင်အချိန်ရအောင်ယူတတ်ပါစေ။

(၁၂လူမှုကွန်ယက်မှာရောလက်တွေ့ဘ၀ထဲမှာပါ ကိုယ့်ကိုယ်ကို အဆိုးပဲမြင်စေတဲ့သူမျိူးတွေရှိရင် ဘ၀ထဲကထုတ်ပစ်ပါ။

(၁၃နှစ်ခွက်သောက်ပြီးတာနဲ့ရပ်နိုင်အောင်ကြိုးစားပါ။

(၁၄အတင်းပြောတတ်တဲ့အလေ့အကျင့်ရှိနေရင် ရပ်ပြီးအဆိုးမြင်သံသရာစက်၀န်းထဲကလွတ်မြောက်နိုင်ပါစေ။

(၁၅တာရှည်ခံအောင်ပြုပြင်ထားတဲ့အစာတွေအစား သဘာ၀ကရတဲ့ အစာတွေကိုပဲပိုစားသုံးပေးပါ။

(၁၆အိပ်ရာမ၀င်ခင် ကိုယ့်ကိုယ်ကို သဘောကျတဲ့အချက်သုံးချက်ကိုတွေးပါ။ ဒါက သင့်ကိုခွန်အားဖြစ်စေပါတယ်။

(၁၇)ကိုယ်တကယ်စိတ်မကောင်းမဖြစ်တဲ့အရာတွေအတွက် ဆောရီးလို့ပြောတာကို ရှောင်ကြဉ်ပါ။

(၁၈)မိမိဘ၀ကို တခြားသူတွေရဲ့ဘ၀နဲ့မနှိုင်းယှဉ်ပါနဲ့၊ ကျေနပ်ရောင့်ရဲတတ်ပါစေ။

(၁၉)တစ်ပတ်ကိုအနည်းဆုံးသုံးရက် တစ်ကြိမ်ကို နာရီ၀က်လေ့ကျင့်ခန်းလုပ်ပါ။

သုံးဆယ်ကျော်လာတဲ့နောက်မှာ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အခုလိုလေးတွေ ဂရုစိုက်လိုက်ပါ။ အသက်သုံးဆယ်ကျော် ကာလကို ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ဖြတ်ကျော်ဖို့ ready ပဲလား …….

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://advicefromathirtysomething.com/take-better-care-of-yourself/ Accessed Date 30 October 2019

ယခုပုံစံ

28/07/2023

Dr. Seinn Moe Satt မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ့်ဘဝအတွက် အဆိပ်အတောက်ဖြစ်စေ သူတွေကို ချန်ထားခဲ့ဖို့ ဝန်မလေးပါနဲ့

ခွင့်လွှတ်တတ်ပါစေ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Seinn Moe Satt မှ ရေးသားသည်။ · 28/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement