ကယ်လိုရီဆိုတာ အကြမ်းဖျင်းပြောရင်တော့ အစားအသောက်က ရတာပါ။ ကယ်လိုရီဟာ အပူစွမ်းအင် အဖြစ် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ လောင်စာ (energy) ကိုထုတ်ပေးပါတယ်။ ဒါကြောင့် ဝိတ်ချနေတဲ့သူတွေဟာ ကိုယ်စားတဲ့အစားအသောက်ထဲမှာ ပါတဲ့ ကယ်လိုရီတွေကို တွက်ပြီး လျှော့စားကြတာပါ။
လူတွေဟာနေ့စဉ် လှုပ်ရှားဖို့ အတွက် လိုအပ်တဲ့ ကယ်လိုရီပမာဏဟာ အကြမ်းအားဖြင့် ယောကျ်ားလေးတွေအတွက်ဆို ၂၅၀၀ ကယ်လိုရီဖြစ်ပြီး မိန်းကလေးတွေအတွက်ဆိုရင်တော့ ၂၀၀၀ ကယ်လိုရီဖြစ်ပါတယ်။
ဒါပေမယ့် လူတစ်ယောက်က ဘာမှမလုပ်ရင်တောင် ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်တွေကြောင့် ကယ်လိုရီတွေက လောင်ကျွမ်းနေပါတယ်။ ဒါကို basal metabolic rateလို့ ခေါ်ပါတယ်။
ထိုင်နေရင်တောင် လောင်ကျွမ်းတယ်ဆိုတော့ အိပ်နေတဲ့ချိန်ဆိုရင်ရော ကယ်လိုရီတွေကို ခန္ဓာကိုယ်ဟာ ဘယ်လိုနေရာတွေမှာ အသုံးချနေလည်းဆိုတာ ကြည့်လိုက်ကြရအောင်။
အိပ်နေရင်းနဲ့ လည်း ကယ်လိုရီတွေ လောင်ကျွမ်းနိုင်တယ်ဆိုတာ သိကြလား။
အိပ်နေရင်းနဲ့ လည်း ကယ်လိုရီတွေ လောင်ကျွမ်းနိုင်တယ်ဆိုတာ က
၁။ REM အိပ်စက်ခြင်းမှာ ကယ်လိုရီ အများဆုံးသုံးတယ်။
အိပ်ပျော်သွားတဲ့ လူတစ်ယောက်ဟာ အိပ်စက်ခြင်း အဆင့်အမျိုးမျိုးကို ဖြတ်ကျော်ရပါတယ်။ အဲဒီထဲက REM လို့ခေါ်တဲ့ အိပ်စက်ခြင်း အဆင့်မှာတော့ နှလုံးခုန်နှုန်းတွေ၊ သွေးပေါင်ချိန်တွေပါတက်ပြီးတော့ ခန္ဓာကိုယ်ဟာ သိုလှောင်ထားတဲ့လောင်စာတွေဖြစ်တဲ့ ဂလူးကို့စ်တွေအများဆုံးကို ဖြိုခွဲပြီး သုံးတဲ့အတွက် ကယ်လိုရီတွေ အများဆုံး လောင်ကျွမ်းပါတယ်တဲ့။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။