အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

ငလျင်အတွက် အကူအညီများ ရယူရန်

ငလျင်ဆိုင်ရာ သတင်းထုတ်ပြန်ချက်နှင့် သတိပေးချက်များ Mind- Mentoring New Dimensions >> ဖျက်အားပြင်းငလျင်လှုပ်ချိန် ဘာတွေလုပ်ဆောင်သင့်သလဲ..။ https://www.facebook.com/share/14y3krU3DT/?mibextid=wwXIfr Project i >> Red Crosss Guideline အရ ငလျင် မလှုပ်ခင်၊ လှုပ်နေစဉ်နှင့် လှုပ်ပြီး ချိန် များတွင် နေထိုင်ရန် ညွှန်ကြားချက် https://m.facebook.com/story.php?story_fbid=122147447084487413&id=61564622411439&mibextid=wwXIfr My earthquake alert application >> https://www.facebook.com/share/1HWvdy4HRt/?mibextid=wwXIfr ငလျင်လှုပ်ခတ်မှုအတွက် အသိပေးချက်များ စစ်ဆေးနိုင်ရန်် Free အက်ပ် ၅ ခု https://www.facebook.com/share/p/1HczuCdCQT/?mibextid=wwXIfr ငလျင်ပြီးနောက် Afterquake နှင့် လုပ်ထားသင့်သည့် အရေးကြီး ပြင်ဆင်မှုများ https://www.facebook.com/share/p/155N2a8UmV/?mibextid=wwXIfr mental heal >> ငလျင်ဒဏ်နောက်ဆက်တွဲကာကွယ်ရေးအချက်အလက်များ မျှဝေခြင်း https://www.facebook.com/share/p/1NRoRqx8Ao/?mibextid=wwXIfr Dr Yadanar >> ငလျင် လှုပ်ပြီးနောက် ခေါင်းမူး ဝေဒနာ ခံစားနေရလျှင် https://www.facebook.com/share/p/19AAEDqyVm/?mibextid=wwXIfr […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သင့်အတွက် ရွေးချယ်စရာ အလှအပဆိုင်ရာ ခွဲစိတ်မှုများ

တစ်ချို့လူတွေက သူတို့ပိုကြည့်ကောင်းဖို့ နဲ့ ယုံကြည်မှုပိုရှိစေဖို့ ခန္ဓါကိုယ်အစိတ်အပိုင်းတွေကို ပြန်ပြင်တာ ဒါမှမဟုတ်ပုံဖော်လုပ်ပေးတဲ့ cosmetic surgery( ကော်စမတ်တစ် ဆာဂျရီ) ကိုရွေးချယ်ကြပါတယ်။ တစ်ချို့အရာတွေကအသေးစားဖြစ်ပြီး ခွဲစိတ်စရာမလိုပေမယ့် အချို့တွေကတော့ ရှုပ်ထွေးပြီး ကျန်းမာရေးအတွက်အန္တရာယ်ရှိပါတယ်။ ဒါကြောင့် ခွဲစိတ်မှုမလုပ်ခင်မှာ သေချာလေ့လာဖို့နဲ့ ဆုံးဖြတ်ဖို့လိုပါတယ်။ ဒီဆောင်းပါးကတော့ စာဖတ်သူတို့အတွက် ခွဲစိတ်မှုနဲ့ ပတ်သက်တဲ့အသိပညာတွေ ပေးနိုင်ပါတယ်။ လူတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာအခြေအနေနဲ့ သူ့ရွေးချယ်မှုအရ ခွဲစိတ်ပြုပြင်မှုက အမျိုးမျိုးရှိနိုင်ပါတယ်။ ခွဲစိတ်စရာလိုတာနဲ့ မလိုတာမျိုးပေါ့။ လူတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာအခြေအနေနဲ့ သူ့ရွေးချယ်မှုအရ ခွဲစိတ်ပြုပြင်မှုက အမျိုးမျိုးရှိနိုင်ပါတယ်။ ခွဲစိတ်စရာလိုတာနဲ့ မလိုတာမျိုးပေါ့။   ခွဲစိတ်စရာမလိုတဲ့ ပြုပြင်ကုသနည်း ဆရာဝန်ဖြစ်သူက ခွဲစိတ်မှုမလုပ်ခိုင်းပဲ skin care တွေပဲသုံးပြီး ပြုပြင်ယူတဲ့ ကိစ္စတွေရှိပါတယ်။ လိုချင်တဲ့အခြေအနေပေါ်မူတည်ပြီး နည်းလမ်းတွေကကွခြားမှုရှိနိင်ပါတယ်။ - အရွယ်တင်နုပျိုစေရန် : အသက်အရွယ်ကြောင့် အရေပြားပျက်စီးတာ , အစက်အပြောက်နဲ့ ဝက်ခြံတွေ, […]


အခြေခံကျန်းမာရေး

အလုပ်ကိစ္စနဲ့ ခရီးခဏခဏ သွားရခြင်းရဲ့ ဆိုးကျိုးများ

ကုမ္ပဏီလုပ်ငန်းကိစ္စနဲ့ခရီးအဝေးကြီးခဏခဏသွားရတဲ့သူတွေကို လူနေမှုအဆင့်အတန်းမြင့်မားတဲ့ အထက်တန်းစားတွေအဖြစ် လူတွေက ရှုမြင်ကြလေ့ရှိပါတယ်။ ဒါလည်း မှန်သင့်သလောက် မှန်ပါတယ်။ သူတို့အနေနဲ့လေယာဉ်ကိုပထမတန်းကနေ စီးခွင့်ရမယ်၊ ကမ္ဘာတလွှားကနေရာတွေအနှံ့အပြားကိုလည်ပတ်ခွင့်ရမယ် ဒါမှမဟုတ် လေကြောင်းလိုင်းတွေကပေးတဲ့ အထူးပရိုမိုးရှင်းအစီအစဉ်တွေကိုလည်းခံစားခွင့်ရမယ် စသဖြင့် အင်မတန်မှအားကျဖို့ကာင်းပါတယ်။ ဒါပေမယ့် အင်္ဂလန်မှာရှိတဲ့ University of Surrey ကပြုလုပ်တဲ့စစ်တမ်းအရ ဒီလူတွေကို အားကျမနာလိုစရာအကြောင်းမရှိဖူးလို့ ဆိုပါတယ်။ "အနောက်တိုင်းဝတ်စုံကို စမတ်ကျကျဝတ်ထားတဲ့လူတယောက်က အကောင်းစားသားရေထိုင်ခုံမှာ ထိုင်နေမယ်။ သူရှေ့မှာလည်း လက်တော့ပ်ကွန်ပြူတာကြီး ဖွင့်ထားမှာဖြစ်ပြီး အပြုံးတွေဝေနေတဲ့တောင့်တောင့်ဖြောင့်ဖြောင့်လေယာဉ်မယ်လေးက အအေး ဒါမှမဟုတ် စကော့ခ်ျဝီစကီအကောင်းစားတခွက်ကို ငှဲ့ပေးနေမယ်။ ဒါတွေဟာ တီဗီ ဒါမှမဟုတ် မဂ္ဂဇင်းကြော်ငြာတွေထဲမှာ မြင်ရလေ့ရှိသော business travel လို့ခေါ်တဲ့သူဌေးကြီးတွေလုပ်ငန်းကိစ္စအတွက် ခရီးသွားတဲ့ပုံစံပါ။ ဒါပေမယ့် ဒီခမ်းနားအားကျစရာကောင်းတဲ့ အထက်တန်းစားနေထိုင်မှုပုံစံမှာ (မီဒီယာတွေဒါမှမဟုတ်လူတွေလျစ်လျူရှုထားတဲ့) မကောင်းတဲ့အချက်တွေလည်း ရှိနေပါသေးတယ်" လို့ University of Surrey […]


အခြေခံကျန်းမာရေး

‘Transgender people’ ဆိုတာ ဘယ်သူတွေလဲ

ဒီဘက်နှစ်ပိုင်းတွေမှာ လူ့အဖွဲ့အစည်းဟာ ပိုပြီးပွင့်လင်းလာ၊နားလည်မှုရှိလာ၊သဘောထားအမြင်တွေ ကျယ်ပြန့်လာတာနဲ့အမျှ သူတို့ကိုယ်သူတို့ ‘transgender people’ တွေပါလို့ ကြွေးကြော်လာသူတွေ အရေအတွက်ဟာ ပိုလို့ပိုလို့ များများလာနေပါတယ်။ အခု ဆောင်းပါးမှာ ‘transgender people’ဆိုတဲ့ အသုံးအနှုန်းနဲ့ ပတ်သက်ပြီး ပိုပြီးနားလည်သဘောပေါက်လာအောင် အကြမ်းဖျဉ်း ပြောပြမှာ ဖြစ်ပါတယ်။ လူအများစုအတွက် သူတို့ရဲ့ လက်ရှိဖြစ်တည်နေတဲ့ ကျား၊မ အခြေအနေဟာ ဘာမှအငြင်းပွားစရာမလို အထွေအထူး တွေးနေစရာမလိုတဲ့ ကိစ္စပါ။ တနည်းပြောရရင် သူတို့အနေနဲ့ "ငါဟာ ယောက်ျားဖြစ်တယ်" "ငါဟာ မိန်းမဖြစ်တယ်" ဆိုတဲ့ လက်ရှိ ကျားမလိင်အနေအထားကို လက်ခံသဘောကျပါတယ်၊ လက်ရှိလိင်သဘာဝနဲ့ လိုက်လျောညီထွေပျော်ရွှင်စွာ နေထိုင်ကြပါတယ်။ ဒါပေမယ့် အရှေ့မှာ ပြောခဲ့တဲ့ စကားအတိုင်းပါပဲ။ ဒါဟာ လူအများစုအတွက် ဖြစ်ပါတယ်။ လူအားလုံးအတွက် မဟုတ်ပါဖူး။ တချို့တွေအတွက် လက်ရှိလိင်သဘာဝ ဖြစ်တည်မှုဟာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အတွင်းခံဘောင်းဘီနဲ့ ပတ်သက်ပြီး သင်မသိသေးတဲ့ အချက်တွေ

အတွင်းခံအကြောင်းက လူတွေ အဆွေးနွေးကြဆုံး ခေါင်းစဉ်တွေထဲက တခုပါ။ ကျန်းမာရေး၊ တကိုယ်ရည်သန့်ရှင်းရေးနဲ့ ပတ်သက်ပြီး အတွင်းခံအကြောင်းသိသင့်တဲ့ အခြေခံ အချက်လေးတွေ ရှိပါတယ်။ အောက်မှာ ဖော်ပြမယ့် အချက်တွေကတော့ သင့်ကို အံ့အားသင့်ကောင်း သင့်သွားစေမယ့် အတွင်းခံဘောင်းဘီနဲ့ ပတ်သက်ပြီး သင်မသိသေးတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ အတွင်းခံဘောင်းဘီနဲ့ ပတ်သက်ပြီး သင်မသိသေးတဲ့ အချက်တွေ အတွင်းခံဘောင်းဘီဆိုတာ အမျိုးသားရော၊ အမျိုးသမီးရော ဝတ်တတ်ကြတဲ့ အရာတစ်ခုပါ။ ဒါနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်တွေကတော့ ချွတ်မလား ဝတ်မလား။ ဒါဟာ အရေးပါတဲ့ ကိစ္စမဟုတ်သလို သင့်တကိုယ်ရည် ဆုံးဖြတ်ရမယ့် ကိစ္စလည်းဖြစ်ပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ အတွင်းခံဝတ်သင့်တဲ့ အကြောင်းပြချက်ကောင်းတွေကလည်း ရှိလို့နေပြန်ပါတယ်။ ဥပမာ အပြင်သွားရမယ်၊ လူကြားထဲ သွားရမယ် ဆိုရင်ပေါ့။ စွတ်စိုပူနွေးတဲ့ အနေအထားဟာ ဘက်တီးရီးယားပိုးတွေနဲ့ yeast မှိုတွေအတွက် […]


အခြေခံကျန်းမာရေး

အရက်၏ အံ့သြဖွယ် ကျန်းမာရေး ကောင်းကျိုးများ

ဒါဟာ အရက်ကြိုက်တဲ့သူတွေအတွက် အံ့သြစရာအကောင်းဆုံး သတင်းတစ်ပုဒ် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ အရက်ဟာ ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ ဒါပေမယ့် ဒါဟာ မှန်လားဆိုတာ ဒီဆောင်းပါးက ဖေါ်ပြလိမ့်မယ်။ ကျန်းမာတဲ့ နှလုံးကို ပိုင်ဆိုင်နိုင်ပါတယ်။ ကြားရတာ ရူးချင်ချင် ဖြစ်သွားမှာ ဖြစ်ပေမယ့် ဘီယာနဲ့ ဝိုင် အမျိုးအစား မှန်သမျှဟာ နှလုံးအတွက် အကျိုးရှိပါတယ်။ ဘီယာရော ဝိုင်မှာပါ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိတဲ့ phenol ပါဝင်ပြီး သူဟာ နှလုံးရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးပြီး သွေးတိုးနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ ဘီယာနဲ့ ဝိုင်ကို မှန်ကန်တဲ့ ပမာဏ သောက်ရင်ပဲ ဆိုလိုတာပါ။   ငှက်ဖျားရောဂါကို သက်သာစေပါတယ်။ ငှက်ဖျားရောဂါဟာ တစ်ကမ္ဘာလုံး ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အနောက်ပိုင်းနိုင်ငံတွေမှာ လူတွေဟာ ဂျင်အရက် နဲ့ အားဆေးတွေကို ငှက်ဖျားရောဂါ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သင့်ခန္ဓာကိုယ်အနံ့ဆိုးကို ဖြစ်စေသော အံ့အားသင့်ဖွယ်အချက်(၇)ချက်

သင့်ကိုယ်နံ့ဟာ ရေချိုးခြင်း၊ ဆပ်ပြာဖြင့် သေချာပွတ်တိုက်ခြင်း၊ သင့်ခန္ဓာကိုယ်တစ်ခုလုံးကို ရေမွှေးဆွတ်ခြင်းတွေ ပြုလုပ်နေတာတောင်မှ ဘာကြောင့်အနံ့ဆိုးဆိုးထွက်နေသလဲဆိုတာကို သင်သိချင်မိပါသလား။ ကဲ .... သင့်ခန္ဓာကိုယ်အနံ့ဆိုးကို ဖြစ်စေသော အံ့အားသင့်ဖွယ်အချက်(၇)ချက် အကြောင်း အတူတူ ကြည့်လိုက်ရအောင်နော်။ အောက်ဖော်ပြပါ အချက်များကို ဆက်လက်ဖတ်ရှုကြည့်ရင်းနှင့် သင့်အတွက် အဖြေတစ်ခုကို တွေ့နိုင်မှာပါ။ သင့်ခန္ဓာကိုယ်အနံ့ဆိုးကို ဖြစ်စေသော အံ့အားသင့်ဖွယ်အချက်(၇)ချက် သင့်ခန္ဓာကိုယ်အနံ့ဆိုးကို ဖြစ်စေသော အံ့အားသင့်ဖွယ်အချက်(၇)ချက် ကတော့ ၁။ ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများ ဆေးဝါးများသည် သင်၏ဖျားနာမှုကို ကုသပေးနိုင်သော်လည်း သင့်ကို ကိုယ်နံ့နံ့အောင် ပြုလုပ်နိုင်ပါသည်။ ဥပမာပြောရလျှင် မော်ဖင်း(Morphine)၊သို့မဟုတ် အဖျားပျောက်စေသောဆေးများသည် သင့်ကို ချွေးထွက်စေပါသည်။ ထိုအပြင် ဓာတ်မတည့်ခြင်းကို သက်သာစေသောဆေးများ၊ နှာစေးပျောက်ဆေးများ၊ ကြွက်သားပြေလျော့စေသောဆေးများသည် သင့်ကို အာခေါင်ခြောက်ခြင်းများ ဖြစ်ပေါ်စေပါသည်။ ထိုအခါ ခံတွင်းနံ့နံ့ခြင်းဖြစ်ပေါ်လာပါသည်။ ၂။ အစားအသောက်များ ကြက်သွန်ဖြူ (သို့) ကြက်သွန်နီကဲ့သို့ အစားအစာများသည် သင်၏ ခန္ဓာကိုယ်ကို ဆာလဖာပါဝင်သော […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ရေဓာတ်ဆုံးရှုံးခြင်းနှင့် ပတ်သက်ပြီး သင်သိထားသင့်သော အကြောင်းအရာများ

နေ့စဉ် ကျွန်ုပ်တို့ဟာ ဘာမှမလုပ်ပါဘဲနဲ့ ရေဓာတ် ဆုံးရှုံးနေကြပါတယ်။ တစ်နေ့တာမှာ ချွေးထွက်များတာ မဟုတ်ရင်တောင် ဆီးသွားတာ၊ ဝမ်းသွားတာ၊ အသက်ရှူထုတ်လိုက်တဲ့အခါ ပါသွားတဲ့ ရေငွေ့တွေ၊ ခန္ဓာကိုယ်အပူချိန်ထိန်းဖို့ စတဲ့ အကြောင်းအရာတွေကြောင့် ရေဓာတ်ဆုံးရှုံးနေရပါတယ်။ ဒီတစ်ခေါက်မှာတော့ ရေဓာတ်ဆုံးရှုံးခြင်းနှင့် ပတ်သက်ပြီး သင်သိထားသင့်သော အကြောင်းအရာများ ကို ပြောပြပေးချင်ပါတယ်။ ရေဓာတ်ဆုံးရှုံးခြင်းနှင့် ပတ်သက်ပြီး သင်သိထားသင့်သော အကြောင်းအရာများ ရေဓာတ်ဆုံးရှုံးခြင်းနှင့် ပတ်သက်ပြီး သင်သိထားသင့်သော အကြောင်းအရာများ ကတော့ ၁။ ဘာတွေက ရေဓာတ်ဆုံးရှုံးမှုကို ဖြစ်စေသလဲ။ လူအများအတွက် ရေဓာတ်ဆုံးရှုံးရခြင်းရဲ့ အဓိကအကြောင်းအရာဟာ ရေလုံလုံလောက်လောက် မသောက်တာကြောင့်ပါ။ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်ဟာ ရေဓာတ် ၇၀ ရာခိုင်နှုန်းနှင့် ဖွဲ့စည်းထားပါတယ်။ နေ့စဉ် ကျွန်ုပ်တို့ဟာ ဆီးသွားခြင်း၊ ဝမ်းသွားခြင်း၊ ချွေးထွက်ခြင်းနဲ့ မျက်ရည်ထွက်ခြင်း စတာတွေကနေ ရေဓာတ်ဆုံးရှုံးနေပါတယ်။ ဆုံးရှုံးသွားတဲ့ ရေပမာဏကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ခရီးမသွားခင် လုပ်ဆောင်ရမည့်အရာများ

ခရီးသွားခြင်းဟာ လူတွေအတွက် ပုံမှန် ရှုပ်ထွေးတဲ့ဘဝတွေ ဆီကနေ ခဏတာ လွန်မြောက်ဖို့အတွက် ကောင်းမွန်တဲ့ အချိန်ပဲဖြစ်ပါတယ်။ အခုခေတ်မှာ လူတွေဟာ နိုင်ငံခြားသွားကြပြီး ယဉ်ကျေးမှု အသစ်တွေ၊ လူအသစ်တွေ၊ ဘဝနေထိုင်ပုံအသစ်တွေ အစရှိတာတွေကို လေ့လာကြပါတယ်။ ဒါပေမယ့် နိုင်ငံခြားကို ခရီးသွားခြင်းဟာ သင့်ခရီးစဉ်ကို ပျော်ရွှင်မှု ပျက်ပြားစေမယ့် ထူးဆန်းတဲ့ ဖျားနာမှုတွေကိုလည်း ရရှိစေနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ ခရီးမသွားခင် သင့်ကျန်းမာရေးအတွက် ဘယ်လိုကြိုတင် ပြင်ဆင်ရမလဲဆိုတာကို ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးတွေ ထိုးသွားပါ။ နိုင်ငံခြားမသွားခင်မှာ travel immunisations လို့ ခေါ်တဲ့ ခရီးသွားဖို့အတွက် ကာကွယ်ဆေးတွေ ထိုးသွားသင့်ပါတယ်။ ဒီကာကွယ်ဆေးတွေဟာ သင့်ကို ခရီးနဲ့ ပတ်သက်တဲ့ ပြင်းထန်တဲ့ ရောဂါတွေ ဖြစ်ခြင်းကနေ ကာကွယ်ပေးပါလိမ့်မယ်။ သင့်ကျန်းမာရေး အခြေအနေ၊ ကာကွယ်ဆေး ရာဇဝင်တွေ၊ သင်သွားလည်မယ့်နိုင်ငံ၊ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သွားဆရာဝန်ကို မကြောက်ပါနဲ့

ပုံမှန်အားဖြင့် မည်သူမှသွားဆရာဝန်ဆီမသွားချင်ပါ။ အကြောင်းမှာ သွားဆေးခန်းအနံ့၊သွားလွန်ဖောက်စက်များနဲ့နာကျင်ခြင်းစသည့်အကြောင်းများကြောင့် သွာဆရာဝန်ဆီသွားရန် အမြဲငြင်းဆန်နေခြင်းဖြစ်သည်။ သို့သော် သွားကျန်းမာရေးကိုကာကွယ်ခြင်းသည် အားလုံးအတွက်အရေးပါပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့မသွားချင်ပါသော်လည်း သွားဆရာဝန်ဆီဘာကြောင့်သွားသင့်သည်ဆိုတာကို aအာက်တွင် ဖော်ပြထားပါသည်။ သွားဆရာဝန်သည် ဘာကြောင့်ကြောက်စရာကောင်းနေရသလဲ။ • အနံ့နှင့်အသံကြောင့်ဖြစ်သည်။ ရိုးသားစွာပြောရလျှင် သွားဆေးခန်း၏အနံ့သည် ဆေးရုံအနံ့နှင့်တူနေသောကြောင့် မည်သူမှမကြိုက်ခြင်းဖြစ်သည်။ • နာကျင်ခြင်းသည်လည်း သွားဆရာဝန်ကိုကြောက်ရသည့် အချက်တစ်ချက်ဖြစ်သည်။ ကျွန်ုပ်တို့သွားဆရာဝန်ကို မေးလေ့ရှိသည်မှာ “နာမှာလား”ဟူ၍ဖြစ်သည်။ သွားဆရာဝန်မှ “မနာပါဘူး”ဟု ပြန်ဖြေလေ့ရှိသော်လည်းတကယ့်အဖြေမှာ “နာတယ်” ဖြစ်သည်။ • သွားလွန်ဖောက်စက်သည်လည်း ကျွန်ုပ်တု့ိအတွက် ကြောက်စရာအကောင်းဆုံးဖြစ်သည်။ ၎င်း၏အသံသည် ကျွန်ုပ်တု့ိသွားများဖျက်ဆီးခံရတော့မည်ဟူသောခံစားချက်ကိုပေးသည်။ သို့သော်လည်း သွားဆရာဝန်ဆီသွားရန် တွန်းအားပေးသောအကြောင်းရင်းကောင်းများစွာရှိပါသည်။ • မိမိကိုယ်ကိုတန်ဖိုးခြင်း၊ ယုံကြည်မှုရှိခြင်းတု့ိကိုမြင့်တင်ပေးသည်။ တောက်ပသောအပြုံးနှင့် လှပသောသွားကကျွန်ုပ်တို့ကိုယုံကြည်မှုရှိစေသည်။ • သင် ကျန်းမာပျော်ရွှင်ဖို့အတွက် သွားကျန်းမာရေးသည်လည်းများစွာ သက်ရောက်မှုရှိသည်။ ထို့ကြောင့်သွားကျန်းမာရေးကို ဂရုစိုက်ခြင်းသည် လူတိုင်းအတွက်အရေးကြီးသည်။ • နဲ့နေသောသွားများနဲ့သွားပိုးပေါက်များကိုဂရုတစိုက် ကာကွယ်ပါ။ အကယ်၍ ဤသွားပြဿနာအသေးလေးများကို စိတ်ထဲမထားပါက ဆိုးဝါးသောသွားနှင့်သွားဖုံးဆိုင်ရာရောဂါများဖြစ်လာနိုင်ပါသည်။ သွားဆရာဝန်ကို […]


အခြေခံကျန်းမာရေး

အဖြစ်များဆုံး အားကစားထိခိုက်ဒဏ်ရာများ နဲ့ ကုသနည်းများ

အားကစားသမား ပညာရှင် တွေတောင်မှ ကစားရင်း ထိခိုက်မိတဲ့ အနာတရတွေကို မကာကွယ်နိုင်ပါဘူး။ အားကစား ပုံမှန်မလုပ်သူ (သို့) စားပွဲမှာ ထိုင်ပြီးအလုပ်လုပ်သူဆိုရင် အနာတရ ဖြစ်နိုင်ချေ ပိုများပါတယ်။ အောက်ဖော်ပြပါ အချက်တွေကတော့ ဆေးရုံ ဆေးခန်းတွေမှာ အများဆုံးတွေ့ရတဲ့ အားကစားလုပ်ရင်း ထိခိုက်ဒဏ်ရာ ရမှုတွေပဲဖြစ်ပါတယ်။ ကြွက်သားဒဏ်ရာရခြင်း အတွေ့အများဆုံး မတော်တဆမှုကတော့ ကြွက်သားဒဏ်ရာရခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ ကိုယ်ခန္ဓါအတွင်းက ဘယ်ကြွက်သားမဆိုမှာ ဖြစ်နိုင်ပါတယ်။ သင်ဘယ်လောက် သွေးပူလေ့ကျင့်ခန်းလုပ်သည်ဖြစ်သည်၊ အနားနေပြီး ကြွက်သားဆန့်ထုတ်သည်ဖြစ်စေ ကြွက်သားဒဏ်ရာရခြင်းကို ပင်ပန်းနွမ်းနယ်ခြင်း၊ အလွန်အကျွံ အသုံးပြုမိခြင်း(သို့) ချော်ကျခြင်းမျိုးကြောင့် ဖြစ်တတ်ပါတယ်။ ဒီလို ကြွက်သားဒဏ်ရာရခြင်းမျိုး မဖြစ်စေဘဲ လုပ်နိုင်တဲ့အလုပ် ရှားပါးပါတယ်။ ကြွက်သားဒဏ်ရာရခြင်းဟာ ကြွက်သားကို ပြင်းထန်တဲ့အားတစ်ခု သက်ရောက်ပြီး ကြွက်သားမျှင်တွေဟာ သူတို့တတ်နိုင်တာထက် ပိုပြီး ဆွဲဆန့်မိခြင်းကြောင့် ဖြစ်ပေါ်ပါတယ်။ ကြွက်သားမျှင်တစ်ခုပဲ ဒဏ်ရာရခဲ့ရင် […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း