အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

မိုးရာသီမှာ ခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ

နွေရာသီလိုမျိုး ပူပြင်းတာလည်းမရှိ၊ ဆောင်းတွင်းလိုမျိုး ခရီးသွားတွေ ပြည့်ကျပ်နေတာမျိုးလည်း မရှိတဲ့အတွက် မိုးရာသီမှာ ခရီးသွားရတာ အင်မတန် စိတ်အေးချမ်းရပါတယ်။ ဒါပေမဲ့လည်း မိုး‌ရေတစိုစိုနဲ့ ခရီးသွားရတာ ဖြစ်တဲ့အပြင် ရောဂါပိုးတွေလည်း များတဲ့ရာသီဆိုတော့ မိုးရာသီမှာ ခရီးသွားတဲ့အခါ ဂရုစိုက်ရမယ့် အချက်လေးတွေ ရှိပါတယ်။ မိုးရာသီမှာ ခရီးသွားတဲ့အခါ ဒီလိုကျန်းမာရေးပြဿနာတွေကို မျှော်လင့်ထားပါ မိုးရာသီမှာခရီးသွားတဲ့အခါ ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်မှ တော်ကာကျမှာပါ။ မဟုတ်ရင် ခုလို ကျန်းမာရေးပြဿနာတွေ ကြုံရမှာ ဖြစ်ပါတယ်။ ရာသီတုပ်ကွေး ဝမ်းပျက်ဝမ်းလျှော အရေပြားပြဿနာ ထိခိုက်ရှနာ အင်းဆက်နဲ့ ပိုးကောင်တွေ ကိုက်တာ စတာတွေပဲ ဖြစ်ပါတယ်။ မိုးရာသီမှာခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ မိုးရာသီမှာ ခရီးသွားတဲ့အခါ ကျန်းမာရေးမထိခိုက်ဘဲ ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်လေး ဖြစ်ဖို့ဆိုရင် လိုအပ်တဲ့ ဆေးဝါးတွေ ဆောင်ထားပါ သာမန်ဖျားနာကိုက်ခဲအတွက်ကစလို့ ထိခိုက်ရှနာအတွက် လိမ်းဆေးတွေ၊ ပုံမှန်သောက်နေကျ ဆေးဝါးတွေ အကုန်လုံးကို […]

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက

ညဘက် နောက်ကျမှ အစားစားတာက မကောင်းဘူးလို့ပဲ တထစ်ချ ယုံကြည်နေတုန်းလား! ညဘက် အစားစားတာက မကောင်းဘူးဆိုပေမယ့် လုံးဝဥဿုံ မကောင်းတာမျိုးတော့ မဟုတ်ပါဘူး။ ကောင်းကျိုး ရှိသလို ဆိုးကျိုးလေးတွေလည်း ရှိတာပေါ့။ ဒါကြောင့် စာဖတ်သူတွေ သိထားလို့ ရအောင် အခုတစ်ခေါက်မှာတော့ ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက ဘာတွေလဲဆိုတာကို ပြောပြပေးချင်ပါတယ်။  https://hellosayarwon.com/healthy-eating/other-healthy-eating-tips/foods-that-drain-your-energy/ ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက  ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက ဘာတွေဖြစ်မလဲ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ ကောင်းကျိုးတွေကတော့ -  အချို့သော အဆာပြေစားစရာတွေက ကောင်းကောင်း အိပ်ပျော်စေနိုင်တယ် ညဘက် အစားစားတိုင်း မကောင်းဘူးလို့ ဆိုဖို့ ခက်ပါတယ်။ တကယ်လို့ ညဘက် ဗိုက်ဆာတယ်လို့ ခံစားရချိန်မှာ ထမင်း ထနယ်စားမယ်။ အသင့်စား အစားအစာတွေ စားမယ်။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အမှိုက်တွေကို မီးရှို့ခြင်း ရဲ့ နောက်ကွယ်

ဆောင်းတွင်းတို့ နွေဘက်တို့ဆို (နွေဘက်ကတော့ မီးဘေးကြောက်တော့ နည်းမယ်ထင်) ကွင်းပြင်ကြီးတွေ၊ ခြံကျယ်ကြီးတွေမှာ သစ်ရွက်ခြောက်တို့၊ အမှိုက်တို့ မီးပုံရှို့ကြတာကို တွေ့ဖူးမှာပါ။ အဲ့အနားဝန်းကျင်ကတော့ မီးခိုးတလူလူနဲ့ပေါ့။ အမှိုက်တွေကို မီးရှို့ခြင်း ရဲ့ နောက်ကွယ် မှာ ကျန်းမာရေးရှုထောင့်ကနေကြည့်ရင် ဘာတွေဖြစ်နိုင်လဲဆိုတာကို သတိပြုမိဖို့ လိုပါတယ်။ အမှိုက်တွေကို မီးရှို့ခြင်း ရဲ့ နောက်ကွယ် ရုတ်တရက် စဉ်းစားလိုက်ရင် အမှိုက်တွေကို မီးရှို့တာက လေထုညစ်ညမ်းမှုလောက်ပဲ ဖြစ်စေတယ်။ ရှူတဲ့သူတွေ နည်းနည်းပါးပါး မွှန်မယ်လို့ပဲ တွေးမိနိုင်ပေမယ့် တကယ့်လက်တွေ့မှာ ဒီထက်ပိုဆိုးပါတယ်။ ကျန်းမာရေးရှုထောင့်ကပဲ ကြည့်ရင်တောင် အမှိုက်တွေကို မီးရှို့တာက မွှန်ရုံပဲ မွှန်တာ မဟုတ်ပါဘူး။ ကိုယ်စားမယ့် အစားအသောက်တွေထဲမှာ ဒီအမှိုက်ရဲ့ နောက်ဆက်တွဲလေးတွေ ပါလာတယ်လို့ ပြောရင် ယုံကြမလား မသိ။ အမှိုက်တွေကို မီးရှို့တာက ကျန်းမာရေးကို ဘယ်လိုထိခိုက်နိုင်သလဲ အသက်ရှူလမ်းကြောင်း ကျန်းမာရေး အမှိုက်တွေကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

တစ်နေ့တာအတွက် ကော်ဖီသောက်ဖို့ အကောင်းဆုံး အချိန်က ဘယ်အချိန်ဖြစ်မလဲ!

ကော်ဖီဆိုတာက လူတော်တော်များများအတွက် မနက်ခင်းကို စတင်တဲ့ သောက်စရာပါ။ မနက်ခင်းမှာ ကော်ဖီ တစ်ခွက်သောက်တာက စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကော်ဖီက စိတ်ရောကိုယ်ပါ လန်းဆန်းစေတယ် ဆိုပေမယ့် ကော်ဖီကို အချိန် မှန်ကန်စွာ သောက်သုံးတတ်ဖို့ လိုပါမယ်။ ဒီတော့ တစ်နေ့တာအတွက် ကော်ဖီသောက်ဖို့ အကောင်းဆုံး အချိန်က ဘယ်အချိန်ဖြစ်မလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ကော်ဖီဆိုတာက နည်းနည်းသောက်ရင် ဆေးဖြစ်ပေမယ့် အလွန်အကျွံ သောက်ရင်တော့ စိတ်ပင်ပန်းတာ၊ အိပ်ရေးပျက်တာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ ကော်ဖီကို အချိန်မှန်မှန်လေးနဲ့ ပမာဏ မှန်မှန်လေး သောက်မိမှလည်း စိတ်ရောကိုယ်ပါ ကျန်းမာစေမှာပါ။  https://hellosayarwon.com/healthy-eating/other-healthy-eating-tips/how-many-cups-of-coffee-a-day/ ကဖင်းရဲ့ အကျိုးသက်ရောက်မှုကို လေ့လာခြင်း ကော်ဖီကို ဘယ်အချိန်မှာ သောက်တာ အကောင်းဆုံးလဲဆိုတာကို မပြောသေးခင် ကဖင်းအကြောင်းလေး နည်းနည်းလောက် ရှင်းပြပေးချင်ပါတယ်။ ကဖင်းဆိုတာက ကော်ဖီ၊ ရေနွေးကြမ်း၊ […]


ရောဂါလက္ခဏာများ

Creatinine Levels ဘာကြောင့် ကျဆင်းနေပါသလဲ!

Creatinine ဆိုတာက ကြွက်သားတည်ဆောက်မှုကနေ ထွက်လာတဲ့ အမိုင်နိုအက်ဆစ် creatineရဲ့ ဘေးထွက်ပစ္စည်း တစ်မျိုးပေါ့။ ဒီ Creatinine ပမာဏကို ဆီး ဒါမှမဟုတ် သွေးထဲမှာ ရှိနေတဲ့ ပမာဏကို စစ်ဆေးပြီး ရောဂါအခြေအနေကို ဆန်းစစ်ရတာပဲ ဖြစ်ပါတယ်။ တကယ်လို့ စစ်ဆေးတဲ့အချိန်မှာ ကိုယ်တွင်းက Creatinine ပမာဏက မြင့်တက်နေတာမျိုး ရှိနိုင်သလို ကျဆင်းနေတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါ​ကြောင့် အခုတစ်ခေါက်တော့ ဗဟုသုတအနေနဲ့ သိရှိနိုင်စေဖို့ Creatinine Levels ဘာကြောင့် ကျဆင်းနေပါသလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။ https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/anatomy-of-muscle/ Creatinine  ဆိုတာ ဘာများလဲ! Creatinine  ဆိုတာက ကြွက်သားတွေက စွမ်းအင်ရစေဖို့အတွက် creatine ကို ဖြိုခွဲလိုက်ချိန်မှာ ခန္ဓာကိုယ်က ထုတ်လွှတ်လိုက်တဲ့ အရာပါ။ သွေးထဲမှာ ရှိတဲ့ Creatinine ပမာဏကို ကျောက်ကပ်က […]


ရောဂါလက္ခဏာများ

ညာဘက်ရင်ဘတ်အောင့်ရတဲ့ အကြောင်းအရင်းတွေက ဘာတွေ ဖြစ်မလဲ!

ရင်ဘတ်အောင့်တယ် ဆိုတာက နှလုံးရှိရာ ဘယ်ဘက်ခြမ်းမှာမှ အောင့်တတ်တာ မဟုတ်ပါဘူး။ ညာဘက် ရင်ဘတ်ခြမ်းကလည်း အောင့်တတ်ပါတယ်။ ဒါဆိုရင် ညာဘက်ခြမ်းက နှလုံးမှ မရှိပါဘဲ။ ဘယ်အရာက ရင်ဘတ် အောင့်တာကို ဖြစ်စေတာ ပါလိမ့်လို့ စဉ်းစား ရခက်နေပြီလား! ‘ဒါဆိုရင်တော့ ညာဘက်ရင်ဘတ်အောင့်ရတဲ့ အကြောင်းအရင်းတွေက ဘာတွေ ဖြစ်မလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။  ညာဘက်ရင်ဘတ်အောင့်ရတဲ့ အကြောင်းအရင်းတွေက ဘာတွေ ဖြစ်မလဲ! ညာဘက်ရင်ဘတ်အောင့်ရတဲ့ အကြောင်းအရင်းတွေက ဘာတွေ ဖြစ်မလဲ! ဆိုတော့ အကြောင်းအရင်း တွေကတော့ အများကြီး ရှိနိုင်ပါတယ်။  ညာဘက် ရင်ဘတ်အောင့်တဲ့အခါ ရင်ဘတ်ထဲက စူးခနဲအောင့်တာမျိုး ဖြစ်နိုင်ပါတယ်။ အသက်ရှူသွင်းလိုက်ချိန်၊ အသက်ကို ခပ်ပြင်းပြင်း ရှိုက်ရှူလိုက်ချိန်မှာ ပိုဆိုးတာမျိုး ဖြစ်နိုင်ပါတယ်။ ညာဘက် ရင်ဘတ် အောင့်တဲ့အခါ ရင်ဘတ်အောင့်တာနဲ့အတူ ရင်ဘတ်ထဲက တင်းတင်းကျပ်ကျပ်ကြီး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကာကွယ်ဆေးထိုးတဲ့အခါ အာနိသင် ထိရောက်မှု ကောင်းစေဖို့ရာ

ကာကွယ်ဆေး ထိုးတဲ့အခါ စိုးရိမ်တတ်တာလေး တစ်ခု ရှိကြတယ်နော်။ ဒါကတော့ ကာကွယ်ဆေးကိုသာ အသားနာခံပြီး ထိုးလိုက်ရတယ်။ ကာကွယ်ဆေးက အာနိသင် ထိရောက်မှု မရှိမှာကိုပေါ့။ အချို့သော ရောဂါတွေက ဖြစ်လာရင် ကုသဖို့ မလွယ်ကူတာကြောင့် ကာကွယ်ဆေး ထိုးထားနိုင်မှ တော်ကာကျမှာမျိုးတွေကလည်း ရှိတယ်လေ။ တုပ်ကွေးဆိုရင်လည်း ကာကွယ်ဆေး ထိုးထားမှ ဖြစ်ခဲ့ရင်တောင် လက္ခဏာတွေကို ပြင်းပြင်းထန်ထန် မခံစားရမှာပါ။ ကိုဗစ်ဆိုရင်လည်း ကာကွယ်ဆေး ထိုးပြီး ကာကွယ်ထားမှ အသက်အန္တရာယ် စိုးရိမ်ရမှု ကင်းမှာလေ။ ဒါကြောင့် ရောဂါဆိုးတွေကနေ ကာကွယ်ပေးမယ့် ကာကွယ်ဆေးထိုးတဲ့အခါ အာနိသင် ထိရောက်မှု ကောင်းစေဖို့ရာ ဘယ်အချက်လေးတွေကို လိုက်နာလုပ်ဆောင်ရမလဲဆိုတာကို ပြောပြပေးချင်ပါ တယ်။  https://hellosayarwon.com/womens-health/screening-tests-women/vaccines-should-take-women/ ကာကွယ်ဆေး ဆိုတာ ကာကွယ်ဆေးတွေကို ရောဂါဖြစ်စေနိုင်တဲ့ ပိုးမွှားတွေကနေ ထုတ်လုပ်ပါတယ်။ ဒါပေမယ့် ပိုးတွေကို သေပြီးသား ဒါမှမဟုတ် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဖျားနေချိန်မှာ အချဉ် မစားရဘူးလား!

ဖျားနေချိန်မှာ အချဉ် မစားရဘူး။ အဖျား တာရှည်တတ်တယ် ဆိုတာကို ကြားဖူးကြမှာပါ။ တကယ်ပဲ ဖျားနေချိန်မှာ အချဉ် မစားရဘူးလား! ဆိုတာကို  သိချင်နေပြီလား …… ဒါဆိုရင်တော့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ရ အောင်နော်။  ဖျားနေချိန်မှာ အချဉ် မစားရဘူးလား! ဖျားနေချိန်မှာ အချဉ် မစားရဘူးလား! ဆိုတော့ ကိုယ်က ဘယ်လိုအချဉ်တွေကို စားလဲပေါ်တော့ မူတည်တာပေါ့။ ဗီတာမင်စီကြွယ်ဝတဲ့ ချဉ်တဲ့ အသီးအနှံတွေဆိုရင်တော့ ကိုယ်ခံအားကို အထောက်အကူ ပြုလို့ စားပေးလို့ ရပါတယ်။ ချဉ်ရင်ပြီးရော ဘာပဲဖြစ်ဖြစ် စားလိုက်မယ်ဆိုတာမျိုးတော့ မဟုတ်ဘူးပေါ့။ နောက်တစ်ခုက ဗီတာမင်စီ ကြွယ်ဝတဲ့ ချဉ်ချဉ်လေးတွေ စားမယ်ဆိုရင်တောင် အလွန်အကျွံ စားတာမျိုးတော့ မလုပ်သင့်ပါဘူး။ အလွန်အကျွံစားတဲ့အခါကျတော့ ရင်ပူတာ၊ ဗိုက်ရစ်တာတွေ ဖြစ်တတ်ပါတယ်။ ချဉ်တာတွေပဲ စားပြီး တခြား‌အာဟာရတွေ မစားရင်လည်း နာလန်ထဖို့ ကြာနိုင်ပါတယ်။ ဒီတော့ […]


ရောဂါလက္ခဏာများ

ညဘက်တွေမှာ အဖျားတက်တာ ဘာကြောင့်လဲ

တချို့က ပြောကြတယ်။ တစ်နေကုန်အကောင်း နေစောင်းပြီ၊ ညရောက်လာပြီဆို အဖျားပြန်တက်လာပြီဆိုပြီးတော့လေ။ လူကြီးတွေကတော့ ညနေဘက် အိပ်တာကိုး။ ဖျားမှာပေါ့လို့ ဆူပေမယ့် တချို့က အိပ်အိပ် မအိပ်အိပ် ညရောက်ပြီဆိုတာနဲ့ အချိန်မှန်မှန် ဖျားကြတာနော်။ ဒီလိုမျိုး ညဘက်တွေမှာ အဖျားတက်တာ ဘာကြောင့်လဲ။ ရောဂါတစ်ခုခု ရှိနေတာများလား။ ညဘက်မှာ အဖျားတက်တယ်ဆိုတာ သာမန်လူတစ်ယောက်အနေနဲ့ ခန္ဓာကိုယ်အပူချိန်က 36.5ကနေ 37 ဒီဂရီဆဲလ်ဆီးယပ်စ် (98.6 ဒီဂရီဖာရင်ဟိုက်) လောက် ရှိတတ်ပါတယ်။ ဒီထက် ၁-၂ ဒီဂရီလောက် တက်လာရင် (ဒါမှမဟုတ် 100.4 ဒီဂရီဖာရင်ဟိုက်) ဆိုရင် ဖျားတတယ်လို့ သတ်မှတ်လို့ ရပါတယ်။ တကယ်တော့ ဖျားတယ်ဆိုတာ ခန္ဓာကိုယ်ရဲ့ ကောင်းတဲ့တုံ့ပြန်မှု တစ်ခုပါ။ ခုခံအားဆဲလ်တွေက ရောဂါပိုးတွေကို ပြန်တိုက်ခိုက်တာကြောင့် ဓာတုပစ္စည်းတွေ ထွက်ပြီး ကိုယ်အပူချိန် တက်တာ၊ ကိုယ်လက်ကိုက်တာတွေ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Autoimmune ရောဂါဆိုတာ ဘယ်လိုရောဂါမျိုးလဲ

ဆေးခန်းသွားပြလိုက်လို့ လူနာဖြစ်နေတဲ့ ရောဂါက Autoimmune ရောဂါပါ။ ခုခံအားက တုံ့ပြန်မှုများနေတာ၊ ခုခံအား ကမောက်ကမ ဖြစ်နေတာ စသဖြင့် ဆရာဝန်က ရှင်းပြလိုက်တာကို ကြားဖူးမှာပါ။ ဆရာဝန်က ရှင်းပြလို့သာ ‘အင်း’ ဆိုပြီး နားလည်သလိုလို လုပ်လိုက်ရတာ၊ တကယ်က ဒါဘာရောဂါကြီးလဲဆိုပြီး စိတ်ထဲမှာ တွေးနေမှာပါ။ ဒီဆောင်းပါးထဲမှာတော့ Autoimmune ရောဂါဆိုတာ ဘယ်လိုရောဂါမျိုးလဲ ဆိုတာကို အသေးစိတ် ပြောပြပေးမှာပါ။ Autoimmune ရောဂါဆိုတာ ခန္ဓာကိုယ်ထဲကို အပြင်ကနေ ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယားတွေ ဝင်လာတယ်ဆိုပါစို့။ ခုခံအားက ခန္ဓာကိုယ်ကို အန္တရာယ်မဖြစ်အောင်ဆိုပြီး ရှေ့တန်းကနေ တိုက်ထုတ်ပေးပါတယ်။ ပုံမှန်ဆိုရင် ခုခံအားရဲ့ အလုပ်က ပြင်ပကနေ ဝင်လာတဲ့ ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေနိုင်တဲ့အရာတွေကို တိုက်ထုတ်ပေးဖို့ပါ။ ဒါက သူ့ရဲ့ အလုပ်ပါ။ Autoimmune ရောဂါမှာတော့ ခုခံအားက ခန္ဓာကိုယ်ထဲက […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အရက်ကြောင့် ထိခိုက်မှုက အမျိုးသားနဲ့ အမျိုးသမီးတို့ကြား ကွာခြားမှု ရှိတယ်ဆိုတာ သိပြီးပြီလား!

အရက်သောက်တာက ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာကို အားလုံးက သိထားပြီး ဖြစ်မှာပါ။ ဒါပေမယ့် အရက်ကြောင့် ထိခိုက်မှုက ကျား/ မ တန်းတူ အခွင့်အရေး မပေးထားဘူးဆိုတာကိုတော့ မသိသေးဘူးဟုတ်။ ဒါဆိုရင်တော့ အရက်ကြောင့် ထိခိုက်မှုက အမျိုးသားနဲ့ အမျိုးသမီးတို့ကြား ကွာခြားမှု ရှိတယ်ဆိုတာ ကို လေ့လာလိုက် ရအောင်နော်။  တစ်နေ့ထက် တစ်နေ့ ပိုတိုးလာတဲ့ အမျိုးသမီးတွေ အရက်သောက်သုံးမှု ယခင်က အမျိုးသမီးတွေ အရက်သောက်သုံးတယ်ဆိုတာက ရှားတောင့် ရှားခဲ ဆိုပေမယ့် အခုနောက်ပိုင်းမှာတော့ အမျိုးသမီးတွေက အရက်သောက်သုံးမှုနှုန်း တစ်နေ့ထက် တစ်နေ့ ပိုများလာပါတယ်။  စစ်တမ်းတွေအရ အရွယ်ရောက်ပြီးသူ အမျိုးသမီးတွေရဲ့ ၁၀၀ မှာ ၁၃ ယောက်လောက်က ပုံမှန်လိုလို အရက် အပါအဝင် အယ်လ်ကိုဟော ပါတဲ့ သောက်စရာတွေကို သောက်ကြပါတယ်။ ၂၅ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)