ဟန်ချက်ထိန်းနှင့် အကြောဖြေလျှော့လေ့ကျင့်ခန်းများ
Reverse prayer ယောဂပို့စ်လေးရဲ့ ကောင်းကျိုးလေးများ
Reverse prayer ယောဂပို့စ် ဆိုတာက ယောဂပို့စ် တစ်ခုပါပဲ။ အမည်အရ မရင်းနှီးသလို ခံစားရနိုင်ပေမယ့် ပုံမှန် လုပ်မိနေတဲ့ ယောဂပို့စ်လေးတောင် ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ လုပ်ရတာလည်းလွယ် ကျန်းမာရေးအတွက်လည်း ကောင်းကျိုးလေးတွေ ပေးစွမ်းနိုင်တယ်လို့ ဆိုကြတဲ့ Reverse prayer ယောဂပို့စ်လေးရဲ့ အကြောင်းနဲ့ ကောင်းကျိုးလေးတွေကို ပြောပြပေးသွားပါမယ်။ Reverse prayer ယောဂပို့စ် ဆိုတာ Reverse prayer ယောဂပို့စ် ဆိုတာက ယောဂပို့စ်တစ်ခုပါ။ မြင်သာအောင်ပြောပြရရင် လက်အုပ်ချီထားတဲ့ ပုံစံကို လက်နောက်ပြန် အနေအထားနဲ့ နောက်ကျောမှာ ကပ်ထားတဲ့ ယောဂပို့စ် တစ်ခုမျိုးပါ။ ဒီပို့စ်က ခန္ဓာကိုယ် အပေါ်ပိုင်း အထူးသဖြင့် လက်မောင်းနဲ့ ဝမ်းဗိုက်ကြွက်သားတွေကို သက်ရောက်မှု ရှိနေတာပါ။ ပခုံးနဲ့ လက်ကောက်ဝတ်တွေကို အကြောတွေ ပြေလျော့စေသလို နောက်ကျော ကြွက်သားတွေနဲ့ […]
































