backup og meta

အစာအိမ်အကြောင်း ယုံတမ်းအထွေထွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 02/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစာအိမ်အကြောင်း ယုံတမ်းအထွေထွေ

    အစာအိမ်အကြောင်း ယုံတမ်းအထွေထွေ ကို သိပြီးပြီလား! မသိသေးဘူးဆိုရင်တော့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။

    အစာအိမ်ဆိုတာ ဘာလဲ။ တကယ်တော့ အစာအိမ်ဆိုတာ ကိုယ်နေ့စဉ်နဲ့အမျှ စားသောက်လိုက်တဲ့ အစာတွေကို ချေဖျက်ပေးနိုင်တဲ့ ခန္ဓာကိုယ်အတွင်းက အစိတ်အပိုင်းတစ်ခုပါ။

    ဝမ်းတစ်လုံးမကောင်းရင် ခေါင်းခဲရတယ်ဆိုတဲ့ မြန်မာစကားပုံလေးလည်း ရှိတယ်မဟုတ်လား။ အစာအိမ်က အစားအစာတွေကို ကောင်းကောင်းမချေဖျက်နိုင်ရင် ကိုယ့်ရဲ့ ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။

    ဒီလိုအရေးပါလှတဲ့ အစာအိမ်နဲ့ပတ်သက်ပြီး လူတွေရဲ့အကြားမှာ ယုံတမ်းစကားတွေ၊ အယူအဆမှားတွေ အများအပြားရှိနေပါတယ်။ အစာအိမ်လေးကျန်းမာနေဖို့ဆိုရင် ဒီလို ယုံတမ်းအမှားတွေကို ရှောင်ရှားနိုင်ဖို့ လိုမှာပါ။

    အစာအိမ်အကြောင်း သေသေချာချာ သိရှိမထားဘူးဆိုရင် လူအများစု လက်ခံထားကြတဲ့ ယုံတမ်းစကားတွေကို အမှန်တရားထင်ပြီး အမှားတွေ ကျူးလွန်မိနိုင်ပါတယ်။ ဒါကြောင့် အစာအိမ်လေးနဲ့ ပတ်သက်နေတဲ့ ယုံတမ်းအထွေထွေကို စုစည်းဖော်ပြပေးချင်ပါရဲ့။

    အစာအိမ်အကြောင်း ယုံတမ်းအထွေထွေ

    အစာအိမ်အကြောင်း ယုံတမ်းအထွေထွေ တွေက ဘာတွေ ဖြစ်မလဲဆိုတော့

  • Myth: ပီကေတွေကို အစာချေဖျက်နိုင်ဖို့ နှစ်ချီကြာတတ်တယ်
  • ပီကေတွေ မျိုချမိရင် အစာချေဖျက်နိုင်ဖို့ အချိန်ယူရတာမှန်ပါတယ်။ ဒါပေမယ့် နှစ်ချီတော့ မကြာပါဘူး။ ရက်အနည်းငယ်ပါပဲ။

    • Myth: အစပ်တွေ အရမ်းစားရင် အစာအိမ်အနာဖြစ်မယ်

    အပူအစပ်စာတွေကိုမှ နှစ်သက်သူတွေကို မကြာခဏ ခြိမ်းခြောက်တတ်တဲ့ စကားတစ်ရပ်ပါ။ တကယ်တော့ အစာအိမ်အနာဟာ အပူအစပ်တွေကြောင့် မဟုတ်ပဲ အစားအသောက်တွေနဲ့ ကပ်ငြိပါလာတဲ့ ဘက်တီးရီးယားတွေကြောင့်သာဖြစ်ပါတယ်။ (အစာအိမ်အနာရှိပြီးသား သူတွေကတော့ ပိုမဆိုးအောင်လို့ အစပ်ရှောင်ရပါတယ်။)

    • Myth: အလေးအပင်မရင် အူကျမယ်

    ဒီအချက်က တစ်စိတ်တပိုင်းအားဖြင့်မှန်ပါတယ်။ ဒါပေမယ့် အူကျွံ၊ အူကျတာဟာ ကြွက်သားအားနည်းတာ၊ နာတာရှည်ချောင်းဆိုးဝေဒနာ စွဲကပ်နေတာလို ကိစ္စမျိုးတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။

    • Myth: အရက်သောက်တာ တစ်ခုတည်းကပဲ အသည်းခြောက်စေတယ်။

    အရက်မှ မဟုတ်ပါဘူး။ တခြားအကြောင်းတွေကြောင့်လည်း အသည်းခြောက်တတ်ပါတယ်။

    • Myth: အစေ့အဆန်တွေစားရင် အူထဲက အိတ်ငယ်လေးတွေ ရောင်ရမ်းတဲ့ရောဂါ (Diverticulitis) ဖြစ်လိမ့်မယ်။

    အရင်တုန်းကတော့  ဒီဝေဒနာသည်တွေကို အစေ့အစံတွေ၊ ပြောင်းဖူး၊ ပေါက်ပေါက်၊ စတော်ဘယ်ရီနဲ့ သေးငယ်တဲ့ အစားအစာတွေ မစားဖို့ တိုက်တွန်းလေ့ရှိပါတယ်။ ဒါပေမယ့် ဒီလိုတိုက်တွန်းတာက ပိုမိုနာကျင်စေနိုင်တယ်လို့ ယူဆတာကြောင့် ဖြစ်ပါတယ်။ နောက်ဆုံးတွေ့ရှိချက်တွေ အရတော့ ဒီအစားအစာတွေမှာ အမျှင်ဓာတ်တွေ အများကြီးပါလို့ ရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်တဲ့။

  • Myth: အစားလျှော့လိုက်ရင် အစာအိမ်ကျဉ်းသွားမယ်။
  • လူတစ်ယောက်က အရွယ်ရောက်လာပြီဆိုရင် ဗိုက်ထဲက အစာအိမ်ဟာ ရှိသင့်တဲ့အရွယ်အစားထိ ဖွံ့ဖြိုးနေမှာပါပဲ။ အကြောင်းရင်းတစ်ခုခုကြောင့် ခွဲစိတ်မှုနဲ့မလုပ်ထားသရွေ့ အစာအိမ်က အလိုလိုကျုံ့သွားမှာမဟုတ်ပါဘူး။

    • Myth: ပိန်တဲ့သူတွေက အစာအိမ်ပိုသေးတယ်။

    အစာအိမ်ရဲ့အရွယ်အစားက လူကောင်ကြီးတာ၊ သေးတာ၊ ပိန်တာ၊ ဝတာနဲ့မဆိုင်ပါဘူး။ ကိုယ်တွင်းအင်္ဂါဖွံ့ဖြိုးမှုက လူတစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး။

    • Myth: Lactose ဓာတ်မတည့်ရင် နို့သောက်လို့မရဘူး။

    Lactose ဓာတ်မတည့်သူတွေဟာ နို့ထွက်ပစ္စည်းတွေကို အကန့်အသတ်နဲ့ မှီဝဲလို့ရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ပမာဏ မတူနိုင်ပေမယ့် လုံးဝ ရှောင်ကျဉ်ရမယ်ဆိုတာကတော့ မမှန်ပါဘူး။

    ဒါက ဆေးလိပ်မဖြတ်ချင်လို့ ပြောတဲ့စကားပါ။ တကယ်တမ်းမှာလည်း ဆေးလိပ်မှာပါဝင်တဲ့ နီကိုတင်းက အစာရေမျိုအောက်ခြေကကြွက်သားတွေကို ဖြေလျှော့စေလို့ အက်စစ်တွေ ဆန်တက်ပြီး ရင်ပူစေပါတယ်။

    • Myth: အိုလာရင် ဝမ်းခဏခဏချုပ်မယ်။

    လူအများစုဟာ အိုမင်းရင့်ရော်လာချိန်မှာ ဝမ်းချုပ်တဲ့ ပြဿနာနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ အသက်အရွယ်ကြောင့် မှီဝဲရတဲ့ ဆေးဝါးတွေက အစာခြေစနစ်ကို နှောင့်ယှက်ကြတာကြောင့်သာဖြစ်ပါတယ်။ အိုမင်းလာတဲ့ ခန္ဓာကိုယ်ကြောင့် မဟုတ်ပါဘူး။

    • Myth: အူမကြီးကင်ဆာဖြစ်နေရင် ကိုယ့်ဘာသာ သိနိုင်တယ်။

    မဟုတ်ပါဘူး။ အူမကြီးကင်ဆာဟာ နောက်ဆုံးအချိန်အထိ ရောဂါလက္ခဏာမပြတာမျိုးဖြစ်နိုင်ပါတယ်။ စောစောစီးစီး စစ်ဆေးနိုင်ဖို့ လိုအပ်တဲ့ ရောဂါပါ။ အသက် ၅၀ ဆိုရင် စပြီး စမ်းသပ်သင့်ပါပြီ။

    • Myth: ရင်ပူတတ်တဲ့ ရောဂါရှိရင် ထိုင်အိပ်ရမယ်။

    ရင်ပူတတ်တဲ့ ရောဂါရှိသူတွေကို ထိုင်ပြီးအိပ်ရမယ်လို့  ကျန်းမာရေး လမ်းညွှန်ချက်တွေက မဆိုထားပါဘူး။ ခေါင်းအုံးလေးတွေ ဆင့်ပြီး သက်သောင့်သက်သာ လှဲလျောင်းပြီး အိပ်နိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 02/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement