အူမကြီးကင်ဆာကို ကာကွယ်ဖို့အတွက် သိထားသင့်တဲ့ အကောင်းဆုံးနဲ့ အဆိုးဆုံးအစားအသောက်များ ။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 21, 2020 . 2 mins read
Share now

ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေ အများကြီးရှိတာကို သိကြမှာပါ။ ကိုယ့်ရဲ့နေထိုင်စားသောက်မှုပုံစံမမှန်တာတွေ၊ မျိုးရိုးဗီဇ ပတ်ဝန်းကျင် စတာတွေ အားလုံးက ကင်ဆာဖြစ်စေတဲ့အကြောင်းအရင်းတွေ ထဲက အချက်တွေပါ။ ကင်ဆာကို ကာကွယ်ချင်ရင် မျိုးရိုးနဲ့ပတ်ဝန်းကျင်ကို ပြင်လို့မရပေမယ့် စားသောက်နေထိုင်မှု ပုံစံကိုတော့ ပြင်လို့ရတယ်လေ။ ဒီအထဲမှာမှ ကိုယ့်စားသောက်နေထိုင်တဲ့ ပုံစံနဲ့ အဆက်အစပ်ဆုံး ကင်ဆာကို ပြောပါဆိုရင် အူမကြီးကင်ဆာလို့ပြောရမှာပါ။ အူမကြီးကပဲ ကိုယ်စားသောက်လိုက်တဲ့အစားအစာတွေကို စုပ်ယူတာမဟုတ်လား။ ဒီတော့ ကြောက်စရာကောင်းလှတဲ့ အူမကြီးကင်ဆာကို ကာကွယ်ချင်ရင် သိထားသင့်တဲ့ အကောင်းဆုံးနဲ့ အဆိုးဆုံး အစားအသောက်လေးတွေ အကြောင်းပြောပြပေးမှာပါ။

အူမကြီးကင်ဆာကို ကာကွယ်ဖို့အတွက် စားပေးသင့်တဲ့ အစားအသောက်များ ။

နို့နဲ့နို့ထွက်ပစ္စည်းများ ။ ။

လေ့လာချက်တွေအရ ကယ်လ်ဆီယမ်ဓာတ်ကြွယ်ဝတဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေက အူမကြီးထဲမှာ အသားလုံးတွေကြီးထွားခြင်းကို လျော့နည်းစေတယ်လို့ဆိုပါတယ်။ ကယ်လ်ဆီယမ်ဓာတ်ကြွယ်ဝတဲ့ ဖြည့်စွက်အားဆေးတွေ သောက်ပေးလို့လည်း ရပါတယ်။ ဗီတာမင်D ပါတဲ့ နို့အမျိုးအစားကလည်း အူမကြီးကင်ဆာကို ကာကွယ်ပေးနိုင်တဲ့ နို့တစ်မျိုးပါ။

ကောက်ပဲသီးနှံတွေ များများစားပါ။

ကောက်ပဲသီးနှံတွေမှာပါတဲ့ မဂ္ဂနီဆီယမ်ဓာတ်နဲ့ အမျှင်ဓာတ်တွေက အူမကြီးရဲ့ လှုပ်ရှားမှုကို အားကောင်းစေပြီး ဗိုက်ထဲမှာ စမျင်းတုံးတွေ အကြာကြီး ရှိမနေစေမှာ ဖြစ်လို့ အူမကြီးကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးမှာ ဖြစ်ပါတယ်။ ကောက်ပဲသီးနှံတွေထဲမှာဆို အုတ်ဂျုံ၊ whole wheat bread နဲ့ ဆန်လုံးညိုတို့က အကောင်းဆုံးပါ။

ပဲအမျိုးမျိုးစားပေးပါ။

ပဲပိစပ်၊ ပဲနီလေးနဲ့ အခြားပဲမျိုးမျိုးမှာ အမျှင်ဓာတ်၊ ပရိုတင်းဓာတ်တွေနဲ့ ဗီတာမင် B နဲ့ Eတို့ ပါဝင်တဲ့အပြင် ကင်ဆာကျိတ်တွေ ကြီးထွားတာကို တားပေးတဲ့ flavonoids နဲ့ အခြား ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ တွေပါဝင်တာကြောင့် သူတို့က အူမကြီးကင်ဆာ ဖြစ်ပွားမှုကို တားဆီးပေးနိုင်မှာ အသေအချာပါ။

ကိုယ့်တစ်နေ့တာစားတဲ့အစားအစာထဲ အရောင်စုံတွေ ပါဝင်ပါစေ။

အရောင်စုံဆိုတာ အစိမ်းရောင်အသီးအရွက်တွေ၊ အဝါရောင် ရွှေဖရုံသီးတွေ အနီရောင် မုန်လာဥနီ၊ ဖရဲသီးတွေ ခရမ်းရောင် စပျစ်သီးတွေ ဘယ်ရီသီး စတာတွေကို ပြောတာပါ။ ဒီအသီးအနှံတွေမှာ ဓာတ်တိုးဆန့်ကျင့်တဲ့ အာနိသင်တွေ အမျှင်ဓာတ်တွေ အများကြီးပါတာကြောင့် သူတို့က ကင်ဆာကိုကာကွယ်ရုံတင်မက သင့်ခုခံအားစနစ်ကို တိုးမြှင့် စေမှာ အသေအချာပါ။

ငါးစားပါ။

ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံး လူမျိုးတွေဖြစ်တဲ့ ဂျပန်လူမျိုးတွေက ငါးကိုအဓိကထားစားတဲ့ လူမျိုးဆိုတာ အားလုံးသိကြပါတယ်။ ဘယ်လောက်ပဲ ညှီတဲ့အနံ့ကို မုန်းမုန်း ငါးတွေမှာ နှလုံးအတွက် အဓိကအာဟာနဲ့ ကင်ဆာဆဲလ်တွေကြီးထွားနှုန်းကို လျှော့ချပေးတဲ့ omega-3 fatty acids တို့ပါဝင်တာကြောင့် အနီရောင်အသားစားများတဲ့သူတွေထက်စာရင် ငါးစားပေးတဲ့သူတွေမှာ အူမကြီးကင်ဆာ ဖြစ်ပွားမှု သိသိသာသာနည်းပါတယ်။

အူမကြီးကင်ဆာကို ကာကွယ်ချင် ရင် ဒါတွေ သိပ်မစားပါနဲ့ ။ ။

အနီရောင်အသားတွေ

မကျက်တကျက်ချက်ထားတဲ့ အနီရောင်အသားတွေက နဲ့ အပူချိန်မြင့်မြင့်မှာ ချက်ထားတဲ့ အသားတွေမှာ ကင်ဆာဖြစ်စေတဲ့ ဓာတ်တွေ သိသိသာသာ ပါဝင်မှု များနေတာကြောင့် သူတို့ကို လျှော့စာဖို့လိုပါတယ်။

တာရှည်ခံစေတဲ့ အစားအသောက်တွေ

အားလုံးသိကြတဲ့အတိုင် းတာရှည်ခံအောင် ထုတ်ထားတဲ့ အ စားအသောက်တွေမှာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ မကောင်းတဲ့ ဓာတုပစ္စည်းတွေ အပြည့်ပါတယ်ဆိုတာ။ ဥပမာ ဟော့ဒေါ့တို့၊ ဝက်ပေါင်ခြောက်တို့ ကြက်အူချောင်း ဝက်အူချောင်းတို့ပေါ့။ အူမကြီးကင်ဆာကို ကာကွယ်ချင်ရင် အဲဒီ တာရှည်ခံအသားတွေကို လျှော့စားရမှာပါ။

အရက်ကို လျှော့သောက်ပါ။

တစ်နေ့ အရက်တစ်ခွက်သောက်လို့ ကင်ဆာဖြစ်ပွားမှုနှုန်း မြင့်တက်စေတာတော့မရှိပေမယ့် သောက်တဲ့ခွက်အရေအတွက်များလာရင် ( တစ်နေ့ကို တစ်ပုလင်းတို့ ၃ ခွက် ၄ ခွက်တို့ ) ဖြစ်လာရင် ကင်ဆာဖြစ်ပွားတဲ့ အပိုင်းမှာ ပြဿနာရှိလာမှာပါ။

ဖြစ်နေရင်လည်း သိပ်မသိသာတတ်ဘဲ နောက်ကျမှ သိရတယ်၊ ကုသလို့ရှိရင်လည်း ဗိုက်မှာအပေါက်ဖောက်ပြီး တစ်သက်လုံးနေသွားရမယ့် အူမကြီးကင်ဆာဆိုတာ ကြောက်စရာကောင်းတဲ့ ကင်ဆာ တစ်ခုမဟုတ်လား။ စားသောက်တဲ့ပုံစံလေးပြောင်းမယ် လေ့ကျင့်ခန်းတွေလုပ်မယ် ဝမ်းမှန်အောင် ဂရုစိုက်ပေးမယ်ဆိုရင်တော့ အူမကြီးကင်ဆာကို ကြိုတင်ကာကွယ်လို့ရမှာအသေအချာနော် ။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဒါတွေကြောင့် အူမကြီးကင်ဆာ ဖြစ်တတ်ပါတယ်။

အူမကြီးကင်ဆာ အဖြစ်များတဲ့ကင်ဆာ ဆီးချိုရောဂါ အရက် ဆေးလိပ် အနီရောင်အသား အဝလွန် အူမကြီးအသားပို အူမကြီးရောင်ရမ်းတဲ့ရောဂါ ကင်ဆာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
အူမကြီးကင်ဆာ, ကျန်းမာရေးစင်တာ အောက်တိုဘာ 1, 2020 . 2 mins read

အူလေး ကျန်းမာစေဖို့ ဒါတွေစားပါ

စားလိုက်တဲ့ အစာအာဟာရတွေကို နံရံတွေကနေ စုပ်ယူပေးပြီး ခန္ဓာကိုယ် အားဖြစ်စေဖို့ ထောက်ပံ့ပေးနေတဲ့ ကိုယ်တွင်း အစိတ်အပိုင်းလေးရှိပါတယ်။ ဒါကတော့ အူလေးတွေပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဓာတ်မတည့်စာအကြောင်း သိထားသင့်သမျှ

ဓာတ်မတည့်စာ ဓာတ်မတည့်လက္ခဏာ မိဘမျိုးရိုး ကိုယ်ခံအားစနစ် အရေပြား အစားအစာ ကလေး ကြက်ဥ အစေ့အဆန် ပဲအမျိုးမျိုး ပင်လယ်စာ နွားနို့ အသက်ရှူကျပ် အင်ပျဉ် အရေးပေါ်ကုသ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

အိမ်မှာနေရင်း နှုတ်ခမ်းသားကို ပန်းသွေးကြွအောင် ဘယ်လိုထိန်းသိမ်းမလဲ

နှုတ်ခမ်းသား အရေပြား အလှအပ ရေဓာတ် အဆိပ်အတောက် skin care ရေသောက် နှုတ်ခမ်းခြောက် တံတွေး ဟင်းသီးဟင်းရွက် အသီးအနှံ ဗီတာမင် အမျှင်ဓာတ် နေရောင်ခြည် Mask ပျားရည်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

Stay Home မှာ ထွက်လာတဲ့ဗိုက်ကလေးကို ဒီနည်းလမ်းတွေနဲ့ ပြန်ချပါ

Stay Home မှာ ထွက်လာတဲ့ဗိုက်ကလေးကို ဒီနည်းလမ်းတွေနဲ့ ပြန်ချပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 19, 2020 . 2 mins read
ကင်ဆာဖြစ်စေနိုင်တဲ့ အမူအကျင့်တွေ

ကင်ဆာဖြစ်စေနိုင်တဲ့ အမူအကျင့်တွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 19, 2020 . 2 mins read
အူအတက်ခွဲစိတ်ကုသခြင်း

အူအတက်ခွဲစိတ်ကုသခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 5, 2020 . 3 mins read
သီးသီးအကြောင်း သိကောင်းစရာ

သီးသီးအကြောင်း သိကောင်းစရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 2, 2020 . 1 min read