အပူရှပ် အန္တရာယ်ဒီလိုကာကွယ်ကြမယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 22, 2020 . 3 mins read
Share now

လူတွေရဲ့ မဆင်မခြင်လုပ်ဆောင်မှုတွေကြောင့် ကမ္ဘာကြီးဟာတစ်နှစ်ထက်တစ်နှစ် အပူချိန်တွေတိုးလို့ရေခဲမြစ်တွေအရည်ပျော်ကျနေပါပြီ။ ပူပြင်းလာတဲ့ အပူချိန်ကြောင့်နွေတာရှည်လာပြီးဆောင်းနဲ့ မိုးကာလတွေက တိုတောင်းလာနေပါတယ်။ ဒီအချိန်မှာ အပူချိန်ကို မဖြစ်မနေအံတုဖို့ ပြင်ဆင်ထားရုံကလွဲလို့ဘာမှမတ်သာတော့ပါဘူး။ ပူုပြင်းတဲ့နွေရာသီမှာခြောက်သွေ့မှုနဲ့အတူရောဂါတွေကလည်း အစုံအလင်ကို ပါလာတတ်တာပါ။ ဒီရောဂါတွေထဲမှာ အဖြစ်အများဆုံးက အပူရှပ်တာပါ။ ကဲ HELLO ဆရာဝန်ပရိသတ်ကြီးရော အပူရှပ်တာကို ဘယ်လိုများကာကွယ်မလဲ။ ဒီဆောင်းပါးလေးဖတ်ရင်း အပူရှပ်တာကို တူတူ ကာကွယ်ကြရအောင်လေနော်။

အပူရှပ်ခြင်း

အပူရှပ်တယ်ဆိုတာက ခန္ဓါကိုယ် အပူချိန်အရမ်းမြင့်တက်လာတာကြောင့်ပါ။ အပူဒဏ်ကို အချိန်ကြာမြင့်စွာ ထိတွေ့တာ၊ ပူပြင်းတဲ့အခြေအနေမှာ လှုပ်ရှားမှုတွေပြင်းပြင်းထန်ထန်လုပ်ဆောင်မှုကြောင့် ခန္ဓါကိုယ်အပူချိန်မြင့်တက်တဲ့အခါမျိုးမှာတွေကြုံရတဲ့ အခြေအနေတစ်ရပ်ပါ။ ခန္ဓါကိုယ်အပူချိန် ၁၀၄ ဒီဂရီ ဖာရင်ဟိုက် ဒါမှမဟုတ် ဒီအပူချိန်ထက်မြင့်တက်နေတာမျိုးဖြစ်နိုင်ပါတယ်။နွေရာသီရဲ့လတွေအများဆုံးဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးအခြေအနေတစ်ရပ်ပါ။

အပူရှပ်တဲ့အခါမှာ အရေးပေါ်ပြုစုကုသမှုလုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်။ မကုသဘဲ သတိလက်လွတ်ထားလိုက်မယဆိုရင် အပူရှပ်တာကြောင့် ဦးနှောက်၊ နှလုံး၊ကျောက်ကပ်နဲ့ ကြွက်သားတို့ဟာ အချိန်တိုအတွင်းမှာ ထိခိုက်ပျက်စီးသွားနိုင်ပါတယ်။ ဒါတွေတင်မကသေးပါဘူးပြင်းထန်တဲ့နောက်ဆက်တွဲဝေဒနာတွေနဲ့ အသက်သေဆုံးတာမျိုး အထိဖြစ်နိုင်ပါတယ်။

အပူရှပ်ရင် ဒီလိုလက္ခဏာတွေတွေ့ရနိုင်ပါတယ်

အခုလိုလက္ခဏာတွေတွေ့ရပြီဆိုရင်တော့ အပူရှပ်တာကိုခံစားနေရတာပါ။

  • ခန္ဓါကိုယ်အပူချိန်များနေမယ် – ခန္ဓါကိုယ်အပူချိန်က ၁၀၄ ဒီဂရီဖာရင်ဟိုက် ( ၄၀ ဒီဂရိ စင်တီဂရိတ်) ဒါမှမဟုတ် ဒီအပူချိန်ထက်ပိုမြင့်နေတာမျိုးဖြစ်နေမယ်ဆိုရင်တော့ အပူရှပ်နေပြီဆိုတာကိုမြင်သာတဲ့လက္ခဏာတစ်ခုပါ။
  • စိတ်အခြေအနေနဲ့ အပြုအမူြေပါင်းလဲလာမယ် – အာရုံတွေရှုပ်ထွေးမယ်၊ စိတ်တွေအရမ်းလှုပ်ရှားနေမယ်၊ စကားတွေလုံးနေမယ်၊ခြေကုန်လက်ပမ်းကျနေမယ်၊ စိတ်ဂနာမငြိမ်ဖြစ်မယ်၊ တက်မယ်။
  • ချွေးတွေအရမ်းထွက်မယ် – ပူပြင်းတဲ့ရာသီဥတုအခြေအနေကြောင့် အပူရှပ်တဲ့အခါ အရေပြားကအရမ်းပူပြီးခြောက်သွေ့နေမယ်။ချွေးတွေကလည်း အရမ်းထွက်နေမယ်။
  • မအီမသာဖြစ်ပြီးအော့အန်နေမယ် – ဗိုက်ထဲမှာနေလို့မကောင်းဖြစ်ပြီးအော့အန်ချင်သလိုလိုဖြစ်နေမယ်။
  • အရေပြားတွေ ပူစပ်ပူလောင်ဖြစ်မယ် – ခန္ဓါကိုယ်အပူချိန်မြင့်တက်လာမှုနဲ့အတူ အရေပြားတွေ ပူစပ်ပူလောင်ဖြစ်လာနိုင်ပါတယ်။
  • အသက်ရှုမြန်လာမယ် – အသက်ရှုမဝသလိုလိုဖြစ်ပြီး အသက်ရှုနှုန်းအရမ်းမြန်လာနိုင်ပါတယ်။
  • နှလုံးခုန်မြန်လာမယ် – အပူချိန်မြင့်တက်မှုကြောင့် နှလုံးက ခန္ဓါကိုယ်အပူချိန်လျှော့သွားအောင် ကြိုးစားလုပ်ဆောင်ချိန်မှာ နှလုံးခုန်နှုန်းက အရမ်းမြန်လာနိုင်ပါတယ်။
  • ခေါင်းကိုက်လာမယ် – အပူချိန်မြင့်တက်မှုနဲ့အတူခေါင်းကိုက်ဝေဒနာကိုခံစားရနိုင်ပါတယ်။

နောက်ဆက်တွဲဖြစ်လာနိုင်တဲ့အခြေအနေတွေ

အပူရှပ်တဲ့အခါ ခန္ဓါကိုယ်မှာ အပူချိန်ဘယ်လောက်ထိမြင့်တက်လဲဆိုတာနဲ့အချိန်ဘယ်လောက်ကြာကြာအထိမြင့်တက်ခဲ့လဲဆိုတဲ့အပေါ်မှာ မူတည်ပြီးနောက်ဆက်တါဲအခြေအနေတွေက ဆိုးရွားပြင်းထန်နိုင်ပါတယ်။

ခန္ဓါကိုယ်အစိတ်အပိုင်းတွေထိခိုက်ပျက်စီးမယ် – အပူရှပ်တဲ့အချိန်မှာ ခန္ဓါကိုယ် အပူချိန်ကိုမြန်မြန်ကျအောင်မလုပ်ဆောင်နိုင်ဘူးဆိုရင် အပူရှပ်တာရဲ့နောက်ဆက်တွဲအနေနဲ့ ဦးနှောက်နဲ့အခြားအရေးပါတဲ့ အစိတ်အပိုင်းတွေရောင်ရမ်းပြီး လုံးဝထိခိုက်ပျက်စီးသွားတာမျိုးကြုံရနိုင်ပါတယ်။

သေဆုံးမယ် – ချက်ချင်းကုသမှုမရရင်ဖြစ်ဖြစ်၊ လုံလောက်တဲ့ ကုသမှုမရရင်ဖြစ်ဖြစ် အပူရှပ်တာကြောင့်သေဆုံးနိုင်ပါတယ်။

ဘယ်လိုကာကွယ်မလဲ

အပူရှပ်တာက ကာကွယ်လို့ရတဲ့အခြေအနေတစ်ခုပါ။ ပူပြင်းတဲ့ရာသီဥတုအခြေအနေကြောင့် အပူရှပ်တာမျိုးမဖြစ်စေဖို့ ဒီနည်းလမ်းလေးတွေသုံးပြီး ကြိုတင်ကာကွယ်သင့်ပါတယ်။

အင်္ကျီအရောင်ဖျော့ဖျော့၊ ပွပွချောင်ချောင်တွေဝတ်ပါ – အင်္ကျီတွေကို ခပ်ကျပ်ကျပ်ဝတ်ဆင်တာက ခန္ဓါကိုယ်အပူချိန်ကို တိုးစေနိုင်ပါတယ်။

နေလောင်ဒဏ်ကနေကာကွယ်ပါ -နေလောင်တာကလည်း ခန္ဓါကိုယ်အပူချိန်ကိုတိုးစေနိုင်ပါတယ်။ ဒါကြောင့်နွေရာသီမှာ အပြင်ထွက်တော့မယ်ဆိုရင် ထီးတို့၊ ဦးထုတ်တို့ယူသွားတာမျိုးလုပ်ပေးပါ။နေလောင်ကာခရင်မ်လူးပေးပါ။ ချည်သားအဝတ်ပွပွတွေဝတ်ဆင်ပေးပါ။နေကာမျက်မှန်ဝတ်ဆင်ပေးပါ။

အရည်များများသောက်ပါရေဓါတ်ြပည့်ဝနေမှုက ခန္ဓါကိုယ်အပူချိန်ကိုထိန်းညှိပေးနိုင်ပါတယ်။ ဒါကြောင့်နွေပူပူမှာ အရည်များများသောက်ပေးပါ။

ဆေးဝါးသောက်သုံးတဲ့အခါ သတိထားပါ -ဆေးဝါးတွေသောက်သုံးနေရသူတွေအနေနဲ့လည်းရေများများသောက်တာ၊ အပူရှောင်တာမျိုးတွေ လုပ်ပေးသင့်ပါတယ်။နောက်တစ်ချက်က သတိထားရမယ့် အချက်တွေရှိ၊မရှိကို ဆရာဝန်နဲ့မေးမြန်းရမှာပါ။

လေ့ကျင့်ခန်းြပင်းပြင်းထန်ထန်မလုပ်ပါနဲ့ -နွေပူတဲ့အခါ အလုပ်တွေကို ပင်ပင်ပန်းပန်းမလုပ်သင့်သလိုလေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်တာမျိုးကိုလည်းရှောင်ကြဉ်သင့်ပါတယ်။ ဒီလိုလုပ်တာက ခန္ဓါကိုယ်အပူချိန်ကိုတိုးစေပြီး အပူရှပ်တာဖြစ်နိုင်ခြေတိုးစေနိုင်ပါတယ်။

နေပူနေချိန်မှာ အပြင်မထွက်ပါနဲ့ – အပူချိန်အမြင့်ဆုံးအချိန်တွေဖြစ်တဲ့နေ့ခင် ၁၁ နာရီ ကနေ ၃ နာရီအတွင်းမှာ အပြင်မထွက်ပါနဲ့။ အပူချိန်မြင့်တဲ့အချိန်မျာ အပြင်ထွက်တာက အပူရှပ်နိုင်ခြေပိုများစေတာကြောင့်ပါ။

အရက်တွေအလွန်အကျွံမသောက်ပါနဲ့ – အရက်သောက်သုံးမှုကလည်း ခန္ဓါကိုယ်အပူချိန်ကိုတိုးစေနိုင်တာကြောင့်နွေပူပူမှာ အရက်အပါအဝင် အယ်လ်ကိုဟောပါတဲ့သောက်စရာတွေကို တတ်နိုင်သမျှလျှော့သောက်ပါ။

လေဝင်လေထွက်ကောင်းတဲ့နေရာမှာနေပါ -လေဝင်လေထွက်ကောင်းတဲ့နေရာမှာနေပေးပါ။ ပိတ်လှောင်နေတဲ့အခန်းတွေ၊ လူထူထပ်တဲ့နေရာတွေ၊ အပူချိန်မြင့်တဲ့နေရာတွေကို တတ်နိုင်သမျှရှောင်ပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အန်ဖက်တမင်း အလွဲသုံးခြင်းဆိုသည်မှာ

လူတွေ အလွဲသုံးမိနေနိုင်တဲ့ အရာတွေက အတော်များများရှိပါတယ်။ ဒီထဲမှာ အန်ဖက်တမင်းကလည်း တစ်ခုအပါအဝင်ပေါ့။ အန်ဖတ်တမင်း အလွဲသုံးခြင်း။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ပန်ကရိယလေး ကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အလေ့အထများ

ပန်ကရိယ ကောင်းကောင်း အလုပ်မလုပ်တဲ့အခါ အင်ဆူလင် ဟော်မုန်းကို မထုတ်နိုင်တော့ဘဲ သွေးတွင်းသကြားဓာတ် မြင့်တက်ရာကနေတဆင့် သွေးချိုဆီးချို ဖြစ်လာပါတော့တယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သီးသီးအကြောင်း သိကောင်းစရာ

သီးသီးက အပြင်ခွံမာမာလေးနဲ့ လုံးဝန်းပါတယ်။ အထဲမှာ အနှစ်လေးတွေရှိပြီး အစေ့ အဖြူလေးတွေ ပါရှိပါတယ်။ မြင်သာအောင်ပြောပြရရင် ဥသျှစ်သီး အသေးစားလေးနဲ့ တူပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကျဆင်းလာတဲ့ ကိုယ်ခံအားစနစ်ကို ဘယ်လိုပြန်မြှင့်တင်မလဲ

အသက်အရွယ် ကြီးလာတာနဲ့အမျှ ငယ်စဉ်ကလောက် ကိုယ်ခံအားစနစ်ဟာ အလုပ်မလုပ်နိုင်တော့ဘဲ အားလျော့သွားတဲ့အတွက် ရောဂါဖြစ်ဖို့ ပိုပြီးလွယ်ကူနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

ရင်သားထွားထွား ရောဂါများများ

ရင်သားထွားထွား ရောဂါများများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 14, 2020 . 2 mins read
အထီးကျန်ခြင်း နှင့် ဆီးချိုဝေဒနာ

အထီးကျန်ခြင်း နှင့် ဆီးချိုဝေဒနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 10, 2020 . 2 mins read
အရိုးအဆစ် နဲ့ ကြွက်သားများ နာကျင်ရတဲ့ အကြောင်းရင်းများ

အရိုးအဆစ် နဲ့ ကြွက်သားများ နာကျင်ရတဲ့ အကြောင်းရင်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 7, 2020 . 2 mins read
အဆုတ်ကင်ဆာ ကာကွယ်ပါ

အဆုတ်ကင်ဆာ ကာကွယ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 6, 2020 . 2 mins read