ဆင်တုပ်ကွေး (Chikungunya) ဆိုတာ တုပ်ကွေးကာကွယ်ဆေးထိုးထားလည်း ကူးစက်ခံရနိုင်ပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

မိုးရာသီဆို တုပ်ကွေးလေးတွေတန်းစီ လို့ပြောရမလိုပဲနော်။ တုပ်ကွေးမျိုးစုံဖြစ်ကြတဲ့အထဲမှာ ဆင်တုပ်ကွေး(ဆင်ဖြူတော်တုပ်ကွေးလို့လည်းခေါ်ကြတယ်) လို့သိကြတဲ့Chikungunya ကလည်း ခုနောက်ပိုင်း နေရာဝင်ယူလာပါတယ်။ခြင်တွေကလည်းပေါလာတာကိုး။

Chikungunya ဟာသွေးလွန်တုပ်ကွေးခြင်လို့သိကြတဲ့Aedes aegyptiနဲ့Aedes albopictusခြင်မျိုးစိတ်တွေကတဆင့် လူတွေဆီကူးစက်တာဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးနဲ့ ဆင်တူတဲ့ရောဂါလည်းဖြစ်ပါတယ်။ လူလူချင်းမကူးနိုင်ပေမယ့် ဒီတုပ်ကွေးဖြစ်နေသူကို ကိုက်ခဲ့တဲ့ခြင်ကနောက်တစ်ယောက်ဆီ ကူးစက်ပေးတာပါ။ ဆင်တုပ်ကွေးဖြစ်ရင် စစချင်းမှာ ကိုယ်ပူတာ၊ အဆစ်အမြစ်တွေကိုက်ခဲတာခံစားရတယ်၊နောက်တော့ နုံးတာ၊ ကြွက်သားနာကျင်တာ၊ခေါင်းကိုက်တာ၊ အရေပြားအနီကွက်ဖြစ်တာတွေဖြစ်လာနိုင်ပါတယ်။ ရောဂါပိုးသယ်ဆောင်လာတဲ့ခြင်ကိုက်တာခံရပြီး ၂ ရက်ကနေ ၇ ရက်အတွင်း ဆင်တုပ်ကွေးရဲ့ လက္ခဏာတွေပေါ်လာတတ်ပါတယ်။

ကာကွယ်ဆေး မရှိ

Chikungunya ဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးမရှိသလို သူ့အတွက်သီးသန့်ကုသတဲ့ဆေးမရှိပါဘူး။ အခုထိုးနေကြတဲ့ ကာကွယ်ဆေးတွေနဲ့လည်း မကာကွယ်နိုင်ပါဘူးတဲ့။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တာမို့ ပဋိဇီဝဆေးတွေလည်းသောက်လို့မထူးပါဘူး။ဖြစ်လာခဲ့ရင် သူ့အချိန်အတိုင်းအတာတစ်ခုအတွင်း သက်သာပျောက်ကင်းသွားတတ်ပြီးနောက်ဆက်တွဲပြဿနာဆိုးဆိုးတွေဖြစ်ခဲပါတယ်။

စိုးရိမ်ရလား

အများစုကတော့ ၃ ရက်ကနေ ၁၀ ရက်အတွင်း လက္ခဏာတွေသက်သာပျောက်ကင်းသွားကြပါတယ်။ တချို့တွေမှာတော့ အဆစ်နာကျင်ကိုက်ခဲမှုအကြွင်းအကျန်တွေကို လနဲ့ချီ၊ နှစ်နဲ့ချီပြီး ခံစားရနိုင်ပါတယ်။Chikungunya ရဲ့နောက်ဆက်တွဲပြဿနာကြောင့်သေဆုံးမှုဖြစ်တာရှားပါတယ်။ ဒါပေမယ့် နာတာရှည်ရောဂါတွေရှိတဲ့ သက်ကြီးပိုင်းအရွယ်တွေမှာ တစ်ခါတလေရောဂါပိုပြင်းထန်တတ်ပါတယ်။

လက္ခဏာတွေက

ကူးစက်ခံရတဲ့သူအများစုမှာခြင်ကိုက်ခံရပြီး ၃ ရက်ကနေ ၇ ရက် အကြာမှာ လက္ခဏာပြတတ်ပါတယ်။ အသိသာဆုံးက အဖျားတက်ခြင်းနဲ့ အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းတို့ဖြစ်ပြီးခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ အဆစ်ရောင်ရမ်းခြင်း၊ အနီစက်၊အနီကွက်ထွက်ခြင်းလက္ခဏာတွေပါဝင်ပါတယ်။လူနာအများစုကတော့ တစ်ပတ်အတွင်းသက်သာသွားတတ်ပါတယ်။ Chikungunya ကသေဆုံးတဲ့အထိ မဖြစ်တတ်ပေမယ့် ဂရုစိုက်ကုသမှုမရှိဘဲ လက္ခဏာအရမ်းပြင်းထန်ရင်တော့ ဆိုးကျိုးတွေရှိပါတယ်။ ပိုပြင်းပြင်းထန်ထန်ခံစားရဖို့ အန္တရာယ်ရှိသူတွေကတော့မွေးကင်းစအရွယ်တွေ၊သက်ကြီးပိုင်းအရွယ်တွေ(၆၅နှစ်နဲ့အထက်)နဲ့သွေးတိုး၊ဆီးချို၊နှလုံးရောဂါတို့လိုရောဂါရှိသူတွေပါဝင်ပါတယ်။

ကုသမှု

ကုသမှုကတော့ အဖျားကျဖို့၊ အကိုက်အခဲသက်သာဖို့ဆေးဝါးတွေပဲ ဆရာဝန်က ကုသပေးပြီး အကြံပြုချက်တွေပေးပါလိမ့်မယ်။မြန်မြန်သက်သာဖို့ကတော့ ဆင်ခြင်နေထိုင်ရမှာ ကျန်တာကိုယ့်အပိုင်းဖြစ်ပါတယ်။ ဘယ်လိုနေထိုင်ရမလဲဆိုတော့ –

  • နားနားနေနေနေပါ။
  • ရေများများသောက်ပါ။
  • ဆရာဝန်ညွှန်ကြားတဲ့ ဆေးကိုပဲသောက်ပါ။ ကိုယ်ထင်ရာအကိုက်အခဲပျောက်ဆေး၊အဖျားကျဆေးတွေမသောက်ပါနဲ့။
  • အာဟာရပြည့်ဝအောင်စားပါ။
  • Chikungunyaဖြစ်ပြီးပြီဆိုလည်းပေါ့ပေါ့ဆဆမနေပါနဲ့။ လက္ခဏာစတင်ပြီး တစ်ပတ်အတွင်းမှာခြင်ထပ်အကိုက်မခံရအောင် ဂရုစိုက်ပါ။နေမကောင်းဖြစ်နေတဲ့ကိုယ့်ကိုကိုက်သွားတဲ့ ခြင်ကတဆင့် ကိုယ့်မိသားစု သို့မဟုတ် တခြားသူတွေဆီ ဆက်ပြီးကူးစက်နိုင်လို့ပါ။

ကြိုတင်ကာကွယ်ဖို့

အဓိကကတော့ခြင်ကိုက်မခံရအောင် ကာကွယ်ရမှာပါပဲ။ခြင်ကိုက်မခံရအောင် ဆိုရင် –

  • အင်္ကျီလက်ရှည်၊ဘောင်းဘီရှည်ဝတ်ပါ။ လုံလုံခြုံခြုံဝတ်ပါ။
  • ခြင်ဆေးလိမ်းပါ။ခြင်ဆေးထွန်းပါ။
  • လေအေးစက်သုံးပါ သို့မဟုတ် ခြင်လုံဇကာတပ်ပါ။
  • အိမ်ဝန်းကျင်ခြင်ကင်းစင်ဖို့ ဂရုစိုက်ရှင်းလင်းပါ။
  • ပုံး သို့မဟုတ်ပန်းအိုး၊ ရေပုံးတွေကနေ ရေအသစ်လဲပါ၊ ရေကျန်တွေကို သွန်ပစ်ပါ။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သာမန် ဖျားနာမှုကြောင့် အနံ့၊ အရသာ ပျောက်ခဲ့ရင်

အအေးမိတယ်။ တုပ်ကွေးဖြစ်တယ်။ သက်တော့ သက်သာလာပါရဲ့ စားလိုက်ရင် ခံတွင်းမတွေ့ဘူး။ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုဗစ်ကာကွယ်ဆေးကို မျှော်လင့်ရုံမှလွဲ၍ တခြားနည်းလမ်းမရှိ…

ကိုဗစ် ကာကွယ်ဆေး ကပ်ရောဂါ ကပ်ဘေး အအေးမိ တုပ်ကွေး ဝက်သက် ခွေးရူးပြန် ရောဂါပိုး လေထု ထိန်းချုပ် မြန်မာနိုင်ငံ ပထမလှိုင်း လက်ဆေး ဆပ်ပြာ မိသားစု Covid-19 Mask

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

အိမ်မှာပဲ နေပါ။

အိမ်မှာနေပါ။ ကိုဗစ်ကို အထိရောက်ဆုံး ကာကွယ်ပါ။ ကိုဗစ် ဖြစ်ပွားနေချိန်မှာ အထိရောက်ဆုံး ကာကွယ်နိုင်မယ့် နည်းလမ်းတွေထဲကတစ်ခုက အိမ်မှာနေခြင်းပေါ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

စိတ်ဖိစီးမှုကြောင့် ပိုမိုဆိုးရွားနိုင်သည့် ရောဂါဝေဒနာများ

စိတ်ဖိစီးမှုဆိုတာဟာ ထိတ်လန့်ပြီး စိတ်မသက်မသာဖြစ်ရမယ့် အခြေအနေတခုခုကို သင့်ကိုယ်ခန္ဓာကနေ တုံ့ပြန်ခြင်းတမျိုးပဲ ဖြစ်ပါတယ်။ ကျန်းမာရေးထိခိုက်စေတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

သင့်အတွက် ရွေးချယ်ထားသည်

လေထုထဲမှ ကူးစက်နိုင်သော ရောဂါများ

လေထုထဲမှ ကူးစက်နိုင်သော ရောဂါများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 23, 2020 . 2 mins read
တံတွေးဂလင်းပိုးဝင်ခြင်း

တံတွေးဂလင်းပိုးဝင်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 23, 2020 . 2 mins read
ကူးစက်ရောဂါတွေ ဘယ်လိုကူးစက်တတ်သလဲ

ကူးစက်ရောဂါတွေ ဘယ်လိုကူးစက်တတ်သလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 12, 2020 . 2 mins read
COVID-19 လက္ခဏာတစ်မျိုးဖြစ်တဲ့ လည်ချောင်းနာခြင်းကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ

COVID-19 လက္ခဏာတစ်မျိုးဖြစ်တဲ့ လည်ချောင်းနာခြင်းကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 9, 2020 . 2 mins read