ဒူးနာသက်သာစေမယ့် အိမ်တွင်းဆေးဆရာ (၅) ဦး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 26, 2020 . 2 mins read
Share now

ဒူးနာတယ်ဆိုတာ တစ်ကြိမ်တစ်ခါဖြစ်ပြီး ပျောက်သွားတတ်တဲ့အရာမဟုတ်။ ခုသက်သာသွားလည်း အခန့်မသင့်တိုင်းပြန်ပြန်ဖြစ်တတ်တဲ့ ဒဏ်ပါ။ လမ်းလျှောက်ရင်းနဲ့၊လှေကားတက်ဆင်းရင်းနဲ့၊ အထိုင်အထလုပ်ရင်းနဲ့ မျက်ခနဲဖြစ်ပြီဆို သွားပြီလေ။ ဒူးနာရတဲ့အကြောင်းရင်းတွေက အဆစ်နာရောဂါလား၊ ထိခိုက်မှုရှိလို့လား၊ အရိုးပွနေတာလားအမျိုးမျိုးရှိနိုင်တယ်။ ဒူးအဆစ်ထဲမှာ ပြဿနာရှိနေတာလား၊ အရွတ်တွေထိထားတာလားဆိုတာ စစ်ဆေးကုသမှုလုပ်ပြီးမှ သိနိုင်မှာပါ။

ဆရာဝန်နဲ့ ကုပြီးပြီပဲထားပါဦး၊ သက်သာပြီးနောက်ပိုင်း တော်ရုံနည်းနည်းနာတာလောက်တော့ ခဏခဏဆေးခန်းမပြေးနိုင်ကြဘူးမဟုတ်လား။ အချိန်လည်းပေးရမယ်၊ ငွေလည်းရှိရမယ်၊ အတူလိုက်ပို့ပေးမယ့်သူလည်းရှိရမယ် ဆိုတော့ ဒဏ်ကြေဆေးနဲ့ ပလာစတာပဲ အားကိုးကြရတာပဲ။ ဒီလိုအချိန်မှာ အပြင်ကဝယ်စရာမလိုဘဲ အိမ်မှာရှိတတ်တဲ့ပစ္စည်းတွေနဲ့ပဲ သဘာဝနည်းနဲ့ ကုသနိုင်မယ်ဆို ပိုအဆင်ပြေနိုင်မလား။ ဒူးနာသက်သာစေမယ့် အိမ်တွင်းဆေးဆရာတွေကို မိတ်ဆက်ပေးလိုက်ပါမယ်။

(၁) နာနတ်သီး၊ သစ်ကြံပိုးခေါက်၊ အုတ်ဂျုံ

ဒီသုံးမျိုးရောစပ်ထားတဲ့ မနက်စာမှာ ဗီတာမင်တွေ၊ သတ္တုဓာတ်၊ အမျှင်ဓာတ်တို့ပါဝင်တဲ့အပြင် နာနတ်သီးမှာရောင်ရမ်းမှုလျော့ကျစေတဲ့ bromelainဒြပ်ပေါင်းပါဝင်လို့ နာကျင်တာ၊ ရောင်ရမ်းတာတွေသက်သာစေနိုင်ပါတယ်။

ကွေကာကြမ်း(အုတ်ဂျုံ)ကို ကျိုပြီးရေတစ်ခွက်၊ လိမ္မော်ရည်တစ်ခွက်၊ အတုံးသေးတုံးထားတဲ့ နာနတ်သီး ပန်းကန်လုံးသုံးလုံးစာ၊ သစ်ကြံပိုးခေါက်အမှုန့်တစ်ဇွန်း၊ ပျားရည်တစ်ဇွန်း လိုအပ်ပါတယ်။ အုတ်ဂျုံကလွဲပြီး ကျန်တာအကုန် blender နဲ့ကြိတ်ချေပါ။ ပြီးမှ အုတ်ဂျုံကို နည်းနည်းချင်းထည့်ထည့်ပြီး ပျစ်နှစ်လာတဲ့အထိ ဆက်ကြိတ်ပါ။

(၂) ချင်း

ချင်းမှာ gingerol ဆိုတဲ့ ဒြပ်ပေါင်းတစ်မျိုးပါဝင်လို့ ရောင်ရမ်းခြင်းနဲ့ ကြွက်သားနာကျင်ခြင်းကို သက်သာစေနိုင်စွမ်းရှိပါတယ်။ ဒီအာနိသင်အတွက် သူ့ကို စားလည်းရ၊ လိမ်းလည်းရပါတယ်။ ချင်းက အစိုပဲဖြစ်ဖြစ်၊ အခြောက်ခံထားတဲ့အမှုန့်ဖြစ်ဖြစ် အာနိသင်ရှိတာကြောင့် ဘယ်အစားအစာမှာဖြစ်ဖြစ် အမှုန့်လေးထည့်စားလည်းရတယ်။ ဒူးနာနေတုန်း ဆက်တိုက်သောက်ပေးလို့ အဆင်ပြေတာကတော့ ချင်းရေနွေးကြမ်းပါပဲ။ နုတ်နုတ်စဉ်းထားတဲ့ ချင်းနှစ်ဇွန်းစာကိုရေနွေးထဲထည့်တည်ပါ(ဆယ်မိနစ်လောက်)၊ပြီးရင် အဖတ်တွေစစ်ထုတ်ပစ်ပါ။ ချင်းရေနွေးထဲကို ပျားရည်ထည့်၊ ကြိုက်တတ်ရင် သံပရာရည်ညှစ်ပြီးနေ့တိုင်းသောက်လို့ရပါတယ်။ ချင်းကဆေးဖက်ဝင်တဲ့ တခြားအာနိသင်တွေလည်းရှိလို့ ဘေးမရှိနိုင်ပါဘူး။

နှမ်းဆီကို တရုတ်နဲ့ အိန္ဒိယတိုင်းရင်းဆေးမှာ ကျန်းမာရေးပြဿနာအတော်များများအတွက် သုံးကြပါတယ်။ နှမ်းဆီက ကြွက်သားနာကျင်တာ၊ အရိုးအဆစ်နာ၊ ထိခိုက်နာကျင်တာတွေအတွက် သက်သာစေနိုင်ပါတယ်။ ဒူးနာတဲ့အခါ နှမ်းဆီလိမ်းလို့ရတယ်။ ဆီကိုနွေးနွေးလေးအပူပေးပြီး လိမ်းရင် ပိုကောင်းပါတယ်။

နောက်တစ်ခုက အတည်ပြုထားတဲ့ သိပ္ပံလေ့လာမှုမရှိသေးပေမယ့် နှမ်းဆီကို သံပရာသီးနဲ့ရောလိမ်းရင် ပိုသက်သာတယ်လို့တချို့က ယုံကြည်ပါတယ်။ ဘယ်လိုလဲဆိုတော့သံပရာသီးကို လှီး၊ စိတ်ပြီး နှမ်းဆီထဲနှစ်၊ သံပရာစိတ်ကိုကိုင်ပြီး ဒူးမှာပွတ်လိမ်းရတာပါ။ သံပရာစိတ်နဲ့ နှိပ်နယ်တာပေါ့။

(၄) နနွင်း

ဟင်းချက်တိုင်း အမြဲပါလေ့ရှိတဲ့ နနွင်းက အနာကျက်စေနိုင်တာကိုတော့ သိကြပါတယ်။ သူ့မှာ အကိုက်အခဲပျောက်ဆေးအာနိသင်ပါနေတာက ibuprofenနဲ့ တန်းတူလောက်ရှိတယ်လို့ လေ့လာမှုတွေကပြောပါတယ်။ curcuminဒြပ်ပေါင်းပါဝင်မှုများလို့ အကိုက်အခဲပျောက်၊ အရောင်ကျစေတဲ့ အာနိသင်တွေရှိနေတာဖြစ်ပါတယ်။

နနွင်းကို ပုံမှန်စားသုံးပေးရင် အရိုးပွရောဂါ၊ လေးဖက်နာရောဂါဖြစ်နိုင်ခြေနည်းစေတယ်လို့ သုတေသနတွေ့ရှိချက်တွေရှိပါတယ်။ ဒါ့ကြောင့်ပဲ ဟိုးယခင်တည်းက မြန်မာ့ရိုးရာမှာ နနွင်းနဲ့ ဆားမီးဖုတ်၊ လက်ဖက်ခြောက်ကို အချိုးညီညီရောစပ်ထားတဲ့ နနွင်းဆေးကို ပုံမှန်သောက်ခိုင်းကြတာဖြစ်ပါလိမ့်မယ်။ ဒူးနာတဲ့အချိန် နနွင်းရေနွေးကြမ်းဖြစ်ဖြစ် နနွင်းဆေးဖြစ်ဖြစ်သောက်ပေးလို့ရပါတယ်။

(၅) မုန်ညင်းဆီ

မုန်ညင်းဆီကို သံလွင်ဆီနည်းနည်းရောပြီးဖြစ်ဖြစ် သူ့ချည်းပဲဖြစ်ဖြစ် ဒူးမှာလိမ်းပေးရင် ဒူးနာသက်သာစေနိုင်ပါတယ်။ သွေးလည်ပတ်မှုကောင်းစေပြီး အရောင်ကျစေတယ်၊ နာကျင်မှုလည်းလျော့စေတယ်။ နောက်တစ်နည်းက မုန်ညင်းဆီထဲ ကြက်သွန်နီ သို့မဟုတ် ကြက်သွန်ဖြူထည့်ပြီး မီးပျော့ပျော့နဲ့ ၁၀ မိနစ်လောက်အပူပေးပါ။ အဲဒီဆီကို အအေးခံပြီး နှိပ်နယ်လိမ်းပါ။ allicinဒြပ်ပေါင်းပါဝင်မှုကြောင့် ကြက်သွန်ကလည်း အရောင်ကျစေနိုင်စွမ်းရှိပါတယ်။

ဒီနည်းလေးတွေက ကုသမှုနေရာမှာ အစားထိုးဖို့တော့မဟုတ်ဘူးနော်။ ဒူးနာတာကို မကုသဘဲထားတာကြာရင်၊ ကြိတ်ခံစားတာကြာရင် အရိုး၊အဆစ်၊အရွတ်၊ကြွက်သားတို့မှာ မလိုအပ်ဘဲနောက်ဆက်တွဲပြဿနာတွေဖြစ်လာရတာမကောင်းပါဘူး။ဖြစ်နိုင်ရင် ဆရာဝန်ပြပြီး ကုသမှုခံယူပါ။ အပေါ်မှာပြောခဲ့သလို အနည်းအကျဉ်းနာကျင်တာမို့၊ ဆေးခန်းမသွားဖြစ်လို့၊ အခြေအနေမပေးလို့၊ ဒဏ်ကြေဆေးတွေမလိမ်းချင်လို့ စတဲ့အနေအထားတွေမှာသာ ဒီသဘာဝနည်းလေးတွေကို စမ်းကြည့်ပါ။ဘေးဥပါဒ်ဖြစ်စရာမပါတဲ့ အိမ်သုံးပစ္စည်းတွေနဲ့မို့ ဝေဒနာသက်သာ၊ စရိတ်သက်သာစေဖို့ အကြံပြုလိုက်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သင့်ရင်သွေး ဘာလို့ အော့အန်နေတာလဲ? ဘယ်လိုဖြေရှင်းမလဲ?

ရင်သွေးလေးတွေဟာ တစ်ခါတစ်ရံမှာ အကြောင်းပြချက်မရှိပဲ အော့အန်တာမျိုးဖြစ်တတ်ပါတယ်။ ဒီလိုဆိုရင် မိဘတွေမှာ ခြေမကိုင်မိ လက်မကိုင်မိနဲ့ ပြာယာခတ်တတ်ကြတာ သဘောဝပါပဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

DHT ဟော်မုန်းကို တားမြစ်ပေးပြီး ဆံပင်သန်စေမည့် အစားအသောက် ၆ မျိုး

—Meta description not set.

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

ဗိုင်းရပ်စ်ဆန့်ကျင်သော ဂုဏ်သတ္တိရှိသည့် ဆေးဖက်ဝင်အပင်များ

ရှေးနှစ်ပေါင်းများစွာကတည်းက ဗိုင်းရပ်စ်ရောဂါပိုးဝင်ခြင်း အပါအဝင် ရောဂါမျိုးစုံအတွက် ကုသရာမှာ ဆေးဘက်ဝင်အပင်များကို အသုံးပြုခဲ့ကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

ဖိုးဖိုးဖွားဖွားတို့ ဝမ်းချုပ်တာ သက်သာစေဖို့ အိမ်တွင်းကုထုံး

ဝမ်းချုပ်တာက အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်တယ်ဆိုပေမယ့် အသက်အရွယ်ကြီးရင့်သူတွေမှာ ပိုအဖြစ်များပါတယ်။ ဝမ်းချုပ်တဲ့အခါ သက်သာစေဖို့ ဘယ်လိုများ လုပ်ပေးရမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

သာမန် ဖျားနာမှုကြောင့် အနံ့၊ အရသာ ပျောက်ခဲ့ရင်

သာမန် ဖျားနာမှုကြောင့် အနံ့၊ အရသာ ပျောက်ခဲ့ရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 9, 2020 . 2 mins read
ချောင်းဆိုးတာကို အိမ်မှာပဲ သက်သာအောင် လုပ်ချင်တယ်ဆိုရင်

ချောင်းဆိုးတာကို အိမ်မှာပဲ သက်သာအောင် လုပ်ချင်တယ်ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 1, 2020 . 2 mins read
ပန်ကရိယလေး ကျန်းမာပါစေ။

ပန်ကရိယလေး ကျန်းမာပါစေ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 1, 2020 . 2 mins read
အာရုံကြောချို့ယွင်းဝေဒနာကို အကောင်းဆုံး ကာကွယ်ပေးမယ့် အစားအစာ ၁၀ ခု

အာရုံကြောချို့ယွင်းတဲ့ဝေဒနာ ကို အကောင်းဆုံး ကာကွယ်ပေး မယ့် အစားအစာ ၁၀ ခု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 29, 2020 . 2 mins read