အအေးမိတာလား၊ တုပ်ကွေးလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020
Share now

အတော်များများက အအေးမိတုပ်ကွေးလို့ ကြားရင် ရောဂါတစ်ခုတည်းလို့ထင်ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်း အအေးမိတာနဲ့ တုပ်ကွေးက နည်းနည်းတော့ ကွာပါတယ်။ ဒီ နှစ်မျိုးက ပြသတဲ့လက္ခဏာတွေလည်း နည်းနည်းကွဲပြားတာကြောင့် အအေးမိရောဂါနဲ့ တုပ်ကွေးရောဂါကို ဘယ်လိုခွဲခြားကြမလဲဆိုတာ ဆက်လေ့လာကြည့်ရအောင်ပါ။

ယေဘုယျပြောရမယ်ဆို အအေးမိရောဂါက တုပ်ကွေးလောက်မပြင်းထန်ပါဘူး။ အအေးမိရင် ၂-၃ ရက်ကနေ တစ်ပတ်လောက်ထိ နေရတာမအီမလည်ဖြစ်တတ်ပေမဲ့ တုပ်ကွေးဆိုရင်တော့ တစ်ပတ်ကျော်တဲ့အထိ ခံစားရတတ်ပါတယ်။ နောက်ပြီး ကိုယ်ခံအားသိပ်မကောင်းတဲ့သူတွေဆို တုပ်ကွေးဝင်ရင် အဆုတ်ရောင်ရောဂါလို နောက်ဆက်တွဲပိုပြင်းထန်တဲ့ရောဂါတွေခံစားရနိုင်ပါတယ်။

အအေးမိ လက္ခဏာတွေက ဘာတွေလဲ

ပထမဆုံးနဲ့ အသိသာဆုံးပြတတ်တဲ့လက္ခဏာကတော့လည်ချောင်းနာတာပါပဲ။ ပြီးရင် နှာခေါင်းပိုင်းမှာပြဿနာပေါ်လာမယ်၊ နှာရည်ယို၊ နှာပိတ်တာတွေဖြစ်လာပြီးရင် ချောင်းပါဆိုးလာလေ့ရှိပါတယ်။ ကလေးတွေမှာအအေးမိရင် ဖျားပါဖျားတတ်ပေမဲ့ လူကြီးတွေမှာတော့ သိပ်ဖျားလေ့မရှိပါဘူး။ အအေးမိတာအများစုက ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပါတယ်။

အေးမိတာကို ဘယ်လောက်ကြာကြာခံရတတ်သလဲ

များသောအားဖြင့် တစ်ပတ်လောက်ပါပဲ။ လက္ခဏာစပြတဲ့ပထမဆုံး ၃ ရက်လောက်မှာတော့ နေမကောင်းတဲ့သူကနေ တခြားသူတွေကို ကူးစက်နိုင်ပါတယ်။ ဒါကြောင့် ဒီအချိန်အတွင်းကိုယ့်အိမ်မှာပဲ နားနားနေနေ နေတာအကောင်းဆုံးဖြစ်မှာပါ။ တစ်ပတ်ကျော်တဲ့အထိ မသက်သာရင်တော့ ဘက်တီးရီးယားပိုးပါ ဝင်သွားလို့ဖြစ်နိုင်ပါတယ်။ဒါဆိုရင်တော့ ပိုးသတ်ဆေးသောက်ဖို့ လိုပါပြီ။

တုပ်ကွေးလက္ခဏာတွေက ဘာတွေလဲ

တုပ်ကွေးလက္ခဏာတွေက အအေးမိတာထက်ပိုပြင်းထန်ပြီး ရောဂါလက္ခဏာပြတာလည်းပိုမြန်ပါတယ်။ လည်ချောင်းနာတာ၊ ဖျားတာ၊ ခေါင်းကိုက်တာ၊ ကိုယ်လက်တွေကိုက်ခဲတာ၊ နှာရည်ယိုတာ၊ ချောင်းဆိုးတာတွေခံစားရနိုင်ပါတယ်။ ဒါတွေက ရိုးရိုးတုပ်ကွေးအတွက်ဖြစ်ပြီး နည်းနည်းပိုဆန်းပြားတဲ့ ကြက်ငှက်တုပ်ကွေးလို ရောဂါမျိုးဆိုရင်အော့အန်တာ၊ ဝမ်းလျှောတာတွေပါ ခံစားရနိုင်ပါတယ်။

တုပ်ကွေးဖြစ်ရင် အချိန်ဘယ်လောက်ကြာကြာခံရသလဲ

တုပ်ကွေးလက္ခဏာအများစုက (ကိုယ်ခံအားကောင်းတဲ့သူဆို) တစ်ပတ်လောက်ကြာရင် တဖြည်းဖြည်းပြန်ကောင်းလာတတ်ပေမဲ့ ဒီထက်လည်းပိုကြာကြာခံစားရနိုင်ပါတယ်။ တုပ်ကွေးရောဂါမှာ အဓိကကြောက်ရတာက နမိုနီးယားအဆုတ်ရောင်ရောဂါလို နောက်ဆက်တွဲပြဿနာတွေဖြစ်ပါတယ်။ ငယ်ရွယ်ပြီးကျန်းမာတဲ့လူငယ်တွေဆို သိပ်မကြုံရပေမဲ့ ကလေးငယ်ငယ်လေးတွေနဲ့ အသက်ကြီးသူတွေ၊ ရောဂါတစ်ခုခုအခံရှိသူတွေ (နှလုံးရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ) ဆို ပိုခံစားရနိုင်ပါတယ်။

ဘယ်ရောဂါဖြစ်လဲဘယ်လိုသိနိုင်မလဲ

အရင်ဆုံး ကိုယ်အပူချိန်တိုင်းကြည့်သင့်ပါတယ်။ ကိုယ်လက်ကိုက်ခဲတာ၊ နှာရည်ယိုတာတွေက နှစ် မျိုးစလုံးမှာခံစားရနိုင်ပေမဲ့ အအေးမိပြီး ကိုယ်အပူချိန် ၁၀၁ ဒီဂရီကျော်အထိဖျားတာ အတော်ရှားပါတယ်။ နောက်ပြီး ကိုယ်လက်ကိုက်ခဲပြီး နုံးချိချိခံစားရတာမျိုးက တုပ်ကွေးရောဂါမှာပိုဖြစ်တွေ့ရပါတယ်။ အအေးမိတာလိုလို တုပ်ကွေးလိုလိုခံစားရပြီး မခွဲနိုင်ဖြစ်နေရင်တောင် အခုအောက်က လက္ခဏာ ၄ ခုပြလာရင် ပိုဆိုးတဲ့နောက်ဆက်တွဲပြဿနာတွေမဖြစ်အောင် ဆရာဝန်နဲ့ ပြသကြည့်ဖို့မမေ့ပါနဲ့

– ဖျားတာ ၃ ရက်ထက်ကျော်လာမယ် (ဘက်တီးရီးယားပိုးဝင်သွားလို့ဖြစ်နိုင်ပါတယ်)

– လည်ချောင်းက တစ်ခုခုမျိုချလိုက်တိုင်း အရမ်းနာကျင်နေမယ် (ပိုးဝင်ပြီးလည်ချောင်းနာတာဖြစ်နိုင်ပါတယ်)

– ချောင်းဆိုးတာ ၃ ပတ်ကျော်တဲ့အထိ မပျောက်ဘူး (အသက်ရှုလမ်းကြောင်းထဲကပြွန်ငယ်လေးတွေရောင်ရမ်းသွားလို့ဖြစ်နိုင်ပါတယ်)

– နှာရည်တောက်လျှောက်ယိုပြီး ခေါင်းလည်းအရမ်းကိုက်နေတယ် (ထိပ်ကပ်နာလို့ ခေါ်တဲ့ရောဂါတစ်မျိုးခံစားရလို့ဖြစ်နိုင်ပါတယ်)

ရေးသားသူ – Dr.Htoo Tint

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ ၊ ရောဂါရှာဖွေ အတည်ပြုချက်များ နှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အာလူး နဲ့ ကျန်းမာရေး

ကျန်းမာရေး ကယ်လ်လိုရီ သစ်သီး နဲ့ ဟင်းသီးဟင်းရွက် အမျှင်ဓာတ် အာလူး အရိုး အရိုးပွ ကော်လာဂျင် ကျန်းမာရေး ပြဿနာ သွေးပေါင် သွေးစီးဆင်းမှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ချစ်ရတဲ့ ဖေဖေမေမေ၊ ဖိုးဖိုးဖွားဖွားတို့ကို ကူးစက်ရောဂါအန္တရာယ်ကနေ ကာကွယ်ကြရအောင်

ရောဂါတွေ ကူးစက်နိုင်တဲ့ ရောဂါတွေ မေမေဖေဖေ ချွေးကနေတဆင့် နှာချေ၊ ချောင်းဆိုး တံထွေး၊ချွဲအစအန ချစ်ခင်ရသူတွေ ကာကွယ်ရမလဲ ရေနဲ့ဆပ်ပြာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အစားအစာများထဲမှာ ခိုအောင်းနေနိုင်သော ကပ်ပါးပိုးနှင့် ဘက်တီးရီးယားများ

ဘက်တီးရီးယား အစားအစာ ရောဂါပိုးကူးစက်ခြင်း ကပ်ပါးပိုး တုတ်ကောင် တစ်ကိုယ်ရေသန့်ရှင်းရေး အသီးအနှံများ သန်လုံးကောင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ကလေးတွေမှာ ပွန်းပဲ့ပြတ်ရှ ဒဏ်ရာ တွေရခဲ့ရင်ဘာလုပ်ကြမလဲ။

ကလေးငယ် မတော်တဆ ဒဏ်ရာ ရှေးဦးပြုစုနည်း လက်ဆေး ပတ်တီးစ သွေးတိတ် ပိုးသတ်ဆေး အနာကျက် ပြည်တည် ပွန်းပဲ့ပြတ်ရှ သွေးထွက်များ ထိခိုက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

စားလို့ကောင်းတဲ့ ချဉ်ပေါင်ရွက်ကို ဘယ်လိုချက်ချက် ကြိုက်တဲ့သူလေးတွေ ရှိလား………..

စားလို့ကောင်းတဲ့ ချဉ်ပေါင်ရွက်ကို ဘယ်လိုချက်ချက် ကြိုက်တဲ့သူလေးတွေ ရှိလား………..

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 26, 2020
COVID-19 နှင့် ကမ္ဘာ့ကပ်ရောဂါဆိုးကြီးများ

COVID-19 နှင့် ကမ္ဘာ့ကပ်ရောဂါဆိုးကြီးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် မေ 25, 2020
နှာခေါင်းစည်း တပ်တာ ဘာကြောင့် နှာခေါင်းဖော်ထားတာလဲ

နှာခေါင်းစည်း တပ်တာ ဘာကြောင့် နှာခေါင်းဖော်ထားတာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 25, 2020
ကလေးရဲ့ အစာခြေစနစ် နဲ့ ကိုယ်ခံအားကို အားဖြည့်ပေးမယ့် အရာတွေက ဘာတွေများလဲ…….

ကလေးရဲ့ အစာခြေစနစ် နဲ့ ကိုယ်ခံအားကို အားဖြည့်ပေးမယ့် အရာတွေက ဘာတွေများလဲ…….

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 25, 2020