backup og meta

ကိုယ်ခံအား အပေါ် သက်ရောက်နေတဲ့အချက်တစ်ခု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ခံအား အပေါ် သက်ရောက်နေတဲ့အချက်တစ်ခု

    ရာသီတုပ်ကွေး ဆိုတိုင်းလည်း မဖြစ်ပါဘူး။ရောဂါပိုးတော်တော်များများကလည်း ကိုယ့်မှာ မဖြစ်ပါဘူးဆိုတာက တကယ်တော့ ကိုယ်ခံအား ကောင်းနေလို့ပါ။ လူတစ်ယောက်နေ့ရက်တိုင်းမှာ လုပ်ဆောင်ရမယ့် ကိစ္စတိုင်းကို အကောင်းဆုံးလုပ်ဆောင်နိုင်နေတာကောင်းမွန်တဲ့ ကိုယ်ခံအားစနစ်ကိုပိုင်ဆိုင်ထားတာကြောင့်ပါ။ ဒီတစ်ခေါက်တော့ ငယ်ငယ်ကဆိုဖျားတယ်ဆိုတာသိပ်မရှိဘူး။ အခုအရွယ်ရလာမှပဲ ခဏခဏဖျားနေတယ်ဆိုတဲ့သူတွေအတွက် သိထားသင့်တဲ့အချက်လေးတစ်ခုကိုပြောပြပေးချင်တာပါ။

    ကိုယ်ခံအားစနစ်အပေါ် သက်ရောက်နေတဲ့အချက်တစ်ခု

    အသက်အရွယ်ပြောင်းလဲလာမှုက ကိုယ်ခံအားစနစ်အပေါ်မှာတော်တော်လေးသက်ရောက်မှုရှိပါတယ်။ ငယ်စဉ်ခါမှာ ကိုယ်ခံအား က အပြည့်အဝမဖွံ့ဖြိုးသေးသလို အသက်အရွယ်ကြီးရင့်လာတဲ့အခါမှာလည်း ကိုယ်ခံအားစနစ်ကတဖြည်းဖြည်းချင်းအားနည်းလာပါတယ်။ လူတစ်ယောက်ဟာ အသက် တစ်နှစ်ကြီးလာတိုင်း ကိုယ်ခံအားစနစ်ရဲ့ တုံ့ပြန်နိုင်စွမ်းက တဖြည်းဖြည်နဲ့ကျလာပါတယ်။ ဒီလိုအခြေအနေမှာရောဂါတွေကို ခံစားရနိုင်စွမ်းက သက်လတ်ပိုင်းအရွယ်လောက် မကောင်းတော့တာအမှန်ပါ။

    အသက်အရွယ်ကြီးရင့်လာတဲ့အခါ ကိုယ်ခံအားစနစ် အားနည်းလာတာ ဘာကြောင့်လဲ……….

    အသက်အရွယ်ကြီးလာလေလေ ကိုယ်ခံအားစနစ်က လုပ်ဆောင်နိုင်စွမ်းနည်းလာလေလေပါ။ အသက်အရွယ်ရလာတာနဲ့အမျှ ကိုယ်ခံအားနည်းလာတာက ဒီအချက်တွေကြောင့်လည်း ပါပါတယ်။

  • အသက်အရွယ်ကြောင့် ကိုယ်ခံအားတုံ့ပြန်မှုအားနည်းလာတာကြောင့်ပါ။ ဒီအခြေအနေကပဲ သင့်ကို မကြာခဏဖျားနာမှြုဖစ်စေတာပါ။ ဒါကြောင့် နှစ်စဉ် တုပ်ကွေးကာကွယ်ဆေးအပါအဝင် လိုအပ်တဲ့ ကာကွယ်ဆေးတွေကိုထိုးထားဖို့လိုပါမယ်။
  • ကိုယ်ခံအားစနစ်ကမောက်မကဖြစ်တဲ့အခြေအနေကြောင့် ကိုယ်ခံအားနည်းလာရတာပါ။ ဒါကတော့ ကိုယ်ခံအားက ခန္ဓါကိုယ်ကကျန်းမာတဲ့တစ်ရှုးတွေကို မှားယွင်းပြီး ဖျက်ဆီးမိတာကြောင့်ဖြစ်လာတဲ့ရောဂါအခြေအနေတစ်ခုပါ။
  • ကိုယ်တွင်းမှာ လိုအပ်တဲ့ အာဟာရဓါတ်တွေနည်းလာတာကြောင့်လည်း ကိုယ်ခံအားနည်းလာနိုင်ပါတယ်။ အသက်အရွယ်ရလာတဲ့အခါ အစားအသောက်ကို သိပ်မစားတော့တာကြောင့် လိုအပ်တဲ့အာဟာရကို ခန္ဓါကိုယ်ကပြည့်ဝစွာ မရရှိတာကြောင့်လည်း ကိုယ်ခံအားနည်းလာရတာပါ။
  • ပြည့်ဝတဲ့အိပ်စက်ချိန်မရှိတာကလည်း ကိုယ်ခံအားနည်းစေနိုင်တဲ့အချက်တစ်ခုပါ။ အသက်အရွယ်ရလာတဲ့သူတွေက တဖြည်းဖြည်းချင်းနဲ့ အအိပ်နည်းလာကြပါတယ်။
  • ကိုယ်လက်လှုပ်ရှားမှုအားနည်းလာတာကလည်း ကိုယ်ခံအားနည်းစေတဲ့အချက်တစ်ခုပါ။ အရွယ်ရလာတာနဲ့အမျှ ခန္ဓါကိုယ်လှုပ်ရှားမှုအားနည်းလာကြပါတယ်။ ဒီအခြေအနေကပဲ ကိုယ်ခံအားနည်းလာတာကို ကာကွယ်ပေးနိုင်စွမ်းကျသွားရတာပါ။
  • အသက်အရွယ်ကြောင့် ကိုယ်ခံအားစနစ် အားမနည်းစေဖို့ဘယ်လိုကာကွယ်ကြမလဲ………

    အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ကိုယ်ခံအားစနစ်က အားနည်းလာနိုင်တယ်ဆိုပေမယ့် ကာကွယ်လို့ရတဲ့ နည်းလမ်းလေးတွေရှိပါတယ်။

  • ကာကွယ်ဆေးတွေထိုးထားပါ။
  • နှစ်စဉ်တုပ်ကွေးကာကွယ်ဆေးထိုးပေးပါ။
  • ကျန်းမာရေးနဲ့ညီညွတ်အောင်စားပေးပါ။
  • ဆေးလိပ်ြဖတ်ပါ။
  • အရက်ြဖတ်ပါ။
  • ထိခိုက်တာမျိုးမဖြစ်စေဖို့ ဂရုစိုက်ပါ။
  • ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပါ။
  • အိပ်ရေးဝဝအိပ်ပါ။
  • စိတ်ဖိစီးမှုတွေကို တတ်နိုင်သမျှလျှော့ချပါ။
  • မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement