ကိုဗစ်က အခုချိန်ထိ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေဆဲပါ။ ကိုဗစ်ကြောင့် ဆုံးရှုံးခဲ့ရတဲ့ အသက်တွေလည်း မနည်းပါဘူး။ ကိုဗစ်က ပြန်သက်သာလာခဲ့ရင်လည်း နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေက အတော်လေးများပါတယ်။ ဒီထဲမှာမှ အဖြစ်အများဆုံး ကိုဗစ် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာက ချောင်းခြောက်ဆိုးတာ ပါ။