Ehlers-Danlos syndromes (အက်ခ်ျလာ-ဒန်းလော့စ် ရောဂါ )

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်

Ehlers-Danlos syndromes (အက်ခ်ျလာ-ဒန်းလော့စ် ရောဂါ ) ကဘာလဲ။

Ehlers-Danlos syndrome ဆိုတာ တွယ်ဆက်တစ်သျူးတွေကို – အထူးသဖြင့် အရေပြား၊ အရိုးအဆစ်၊ သွေးကြောနံရံများ – ကိုထိခိုက်စေတဲ့ မျိုးရိုးလိုက်ရောဂါတစ်မျိုးဖြစ်တယ်။ တွယ်ဆက်တစ်သျူးတွေဆိုတာ ပရိုတင်း၊ တခြားပစ္စည်းများနဲ့ ဖွဲ့စည်းထားသော ရှုပ်ထွေးသည့်အဖွဲ့အစည်းဖြစ်ပြီး ခန္ဓါကိုယ်ကိုတောင့်တင်းမှု၊ ဆန့်ကျုံ့သတ္တိ တို့ကို ထောက်ပံ့ပေးနေပါတယ်။.

Ehlers-Danlos syndrome ရှိသူတွေဟာ ကွေးကောက်မှုလွန်နေသော အရိုးအဆစ်များ၊ ထိခိုက်လွယ်သောအရေပြား တို့ကိုပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် ဒဏ်ရာရလို့ ချုပ်ရန်လိုအပ်တဲ့အခါ ထိုချုပ်ရာကို အရေပြားကထိန်းမထားနိုင်တာကြောင့် ပြဿနာဖြစ်လာရတယ်။

ပိုပြင်းထန်တဲ့အခြေအနေကတော့ သွေးကြောဆိုင်ရာ Ehlers-Danlos syndrome ဖြစ်ပြီး သွေးကြောနံရံ၊ အူလမ်းကြောင်းနံရံ၊ သားအိမ်နံရံတွေ အားနည်းလွန်ပြီး ပေါက်ထွက်ခြင်းဖြစ်တယ်။ သင့်မှာ သွေးကြောဆိုင်ရာ Ehlers-Danlos syndrome ရှိတယ်ဆိုရင်တော့ မိသားစုတစ်ခု မတည်ထောင်မီမှာ မျိုးရိုးဗီဇဆိုင်ရာကျွမ်းကျင်ဆရာဝန်နဲ့ သေချာဆွေးနွေးတိုင်ပင်ဖို့လိုပါလိမ့်မယ်။

Ehlers-Danlos syndromes (အက်ခ်ျလာ-ဒန်းလော့စ် ရောဂါ ) က ဘယ်လောက်အဖြစ်များသလဲ

ဘယ်လောက်ဖြစ်သလဲ တွက်ယူဖို့ မလွယ်ကူပေမယ့် ထိုကဲ့သို့အခြေအနေတွေ အကြမ်းဖျင်းဖြစ်နိုင်ချေကတော့ ကမ္ဘာအနှံ့လူပေါင်း ၅၀၀၀ မှာ တစ်ယောက်မှာ ထိုရောဂါရှိနိုင်ပါတယ်။

အသေးစိတ်အချက်အလက်တွေအတွက် ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။

လက္ခဏာများ

Ehlers-Danlos syndromes (အက်ခ်ျလာ-ဒန်းလော့စ် ရောဂါ ) ရဲ့လက္ခဏာတွေကဘာတွေလဲ

တေ့ွရများတဲ့ လက္ခဏာတွေကတော့ –

အလွန်ကွေးကောက်နေသောအရိုးအဆစ်များ – အဆစ်တွေကို တွယ်ဆက်ထားတဲ့ တွယ်ဆက်တစ်သျူးတွေ လျော့ရဲနေတာကြောင့် အဆစ်တွေဟာ ပုံမှန်လှုပ်ရှားနိုင်မှု အတိုင်းအတာထက် အလွန်ပိုနေတတ်တယ်။ အဆစ်သေးသေးလေးတွေက အဆစ်ကြီးတွေထက် ပိုထိခိုက်ပါတယ်။ လျှာနဲ့နှာခေါင်းထိပ်ကိုလှမ်းထိနိုင်တဲ့ အခြေအနေမျိုးဖြစ်နေနိုင်တယ်။

ဆွဲရလွယ်သောအရေပြား – တွယ်ဆက်တစ်သျူးတွေအားနည်းတာကြောင့် အရေပြားဟာ အရင်ထက်ပိုပြီး ဆွဲလို့ရနေပါလိမ့်မယ်။ အသားကနေ အရေပြားကို ခပ်ဝေးဝေးထိတောင် ဆွဲဆန့်လို့ရနေလိမ့်မယ်။ လွှတ်လိုက်ပါကအသားကိုပြန်ကပ်သွားပါလိမ့်မယ်။ အရေပြားက သူမတူထူးထူးကဲကဲ နူးညံ့ပျော့ပျောင်းနေလိမ့်မယ်။

အရေပြားထိခိုက်လွယ်ခြင်း – အရေပြားထိခိုက်သွားတဲ့အခါ အနာကျက်ရခက်သွားပါတယ်။ ဒဏ်ရာချုပ်တဲ့အခါ ချုပ်ရာပြန်ပြဲထွက်တတ်တယ်။ အမာရွတ်တွေအက်ကွဲပြီး ဟနေပါလိမ့်မယ်။

လူတစ်ယောက်နဲ့တစ်ယောက်ပြင်းထန်မှုကွာနိုင်တယ်။ တချို့ကတော့ အဆစ်တွေကွေးကောက်လွယ်နေပေမယ့် အရေပြားထိခိုက်မှုနည်းတာမျိုးလည်းရှိတတ်တယ်။

တခြားလက္ခဏာ၊ အခြေအနေတွေလည်း ရှိနိုင်တာကြောင့် စိုးရိမ်သည်များရှိပါက ဆရာဝန်နဲ့သေချာတိုင်ပင်ကြည့်သင့်တယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ဖော်ပြပါအချက်များကြုံရပါက သို့ သိလိုသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်ပါ။ လူတိုင်းခန္ဓါကိုယ်က တစ်ယောက်နဲ့တစ်ယောက် မတူတာကြောင့် သင့်အခြေအနေအတွက် အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်တာ အကောင်းဆုံးပါ။

အကြောင်းရင်းများ

Ehlers-Danlos syndromes (အက်ခ်ျလာ-ဒန်းလော့စ် ရောဂါ ) ကိုဘာတွေကဖြစ်စေသလဲ

Ehlers-Danlos syndrome အမျိုးမျိုးဟာ မျိုးရိုးဗီဇအကြောင်းအရင်းတွေကြောင့် ဖြစ်တာများတယ်။ တချို့က မိဘကနေကလေးဆီဆက်ခံတာတွေဖြစ်တယ်။ အဖြစ်အများဆုံး Ehlers-Danlos syndrome ဆိုရင်တော့ သင့်ဆီကနေသင့်ကလေးဆီဆက်ခံဖို့ ၅၀ ရာခိုင်နှုန်းတောင်ရှိပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Ehlers-Danlos syndromes (အက်ခ်ျလာ-ဒန်းလော့စ် ရောဂါ ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အသေးစိတ်အချက်တွေအတွက် ဆရာဝန်နဲ့ဆွေးနွေးပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Ehlers-Danlos syndromes (အက်ခ်ျလာ-ဒန်းလော့စ် ရောဂါ ) ကို ဘယ်လိုအတည်ပြုပါသလဲ

အလွန်ကွေးကောက်နိုင်သောအဆစ်များ၊ အားနည်း ပျော့ပျောင်းကာ ဆွဲရလွယ်နေသာအရေပြား၊ မိသားစုရာဇဝင်တွေက ရောဂါသတ်မှတ်ဖို့ လုံလောက်နေပါပြီ။ သေချာချင်ရင်တော့ ဗီဇစစ်ဆေးမှုနဲ့ အတည်ပြုနိုင်ပါလိမ့်မယ်။

Ehlers-Danlos syndromes (အက်ခ်ျလာ-ဒန်းလော့စ် ရောဂါ ) ကို ဘယ်လိုကုသပါသလဲ

ကုသနည်းမရှိပါဘူး။ ဒါပေမယ့် လက္ခဏာတွေကို သက်သာစေမယ့်နည်းတွေတော့ရှိပါတယ်။

ဆေးကုသမှု

အောက်ပါဆေးတွေနဲ့သင့်ကိုအကူအညီပေးနိုင်ပါလိမ့်မယ်-

နာကျင်မှုအတွက် – အလွယ်တကူဝယ်လို့ရနိုင်တဲ့ အကိုက်အခဲပျောက်ဆေး ibuprofen (Advil, Motrin IB, others) naproxen sodium (Aleve) ၊ ထိုဆေးတွေမလုံလောက်ပါက ဆရာဝန်က ထို့ထက်ပိုပြင်းတဲ့ဆေးညွှန်ပေးပါလိမ့်မယ်။

သွေးဖိအား – သွေးကြောနံရံတွေအားနည်းတတ်တာကြောင့် သွေးကြောတွေပေါ်သက်ရောက်တဲ့ ဖိအားကိုနည်းစေဖို့ သွေးပေါင်နည်းနေဖို့လိုပါလိမ့်မယ်။

ရုပ်ပိုင်းဆိုင်ရာကုသမှု

တွယ်ဆက်တစ်သျူးတွေအားနည်းတာကြောင့် အဆစ်လွဲခြစ်ဖြစ်နိုင်ချေများပါတယ်။ အဆစ်တွေမြဲစေဖို့ အဆစ်နားတဝိုက်က ကြွက်သားတွေအားကောင်းရန် လေ့ကျင့်ခန်းများလုပ်ပေးရန်လိုတယ်။ ရုပ်ပိုင်းဆိုင်ရာကုသသူတွေက အဆစ်လွဲခြင်းအတွက် တချို့သောတွယ်ဆိုင်းပစ္စည်းတွေအကြံပေးနိုင်ပါတယ်။

ခွဲစိတ်မှု

မကြာခဏအဆစ်လွဲနေတာကြောင့် ရှားရှားပါးပါးခွဲစိတ်ရန် ဖြစ်လာနိုင်တယ်။ ဒါပေမယ့် ခွဲပြီးတဲ့အခါ တွယ်ဆက်တစ်သျူးတွေရယ်၊ အရေပြားရယ်က ကောင်းကောင်းအနာကျက်လာနိုင်မှာမဟုတ်ပါဘူး။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

အားကစားကိုသေချာရွေးပါ – အလေးမခြင်း၊ ထိတွေ့ရသောအားကစားများကဲ့သို့ ထိခိုက်လွယ်သည့် အားကစားများရှောင်ပါ။ ပြေးခြင်း၊ လှေကားတက်ခြင်းကြောင့် တင်ပါးဆုံရိုး၊ ဒူး၊ ခြေကျင်းဝတ်တွေပေါ်ကို သက်ရောက်လာနိုင်တဲ့ ဖိအားကို တက်နိုင်သလောက် လျှော့ပါ။

မေးရိုးကိုအနားပေးပါ – မေးရိုးဆစ်ကိုကာကွယ်ဖို့ ပီကေဝါးခြင်း၊ မာမာစားခြင်း၊ ရေခဲစားခြင်းရှောင်ပါ။ သွားဆိုင်ရာ ကုသမှုတစ်ခုခုလုပ်ရာမှာလည်း ခဏပါးစပ်ပြန်ပိတ်ဖို့ ကြားထဲမှနားချိန်ယူပါ။

တချို့သောတူရိယာများရှောင်ပါ – အဆုတ်ပြားခြင်းရှောင်ဖို့ လေမှုတ်ရသောတူရိယာများရှောင်ပါ။ တယော၊ စန္ဒရားတွေက ပိုပြီးအဆင်ပြေပါလိမ့်မယ်။

တခြားသိလိုသည်များရှိပါက သင့်အခြေအနေအတွက် အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်ပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မျှဝေမည်

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 2, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း နိုဝင်ဘာ 27, 2019

ရင်းမြစ်များ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။