Abdominal Muscle Deficiency Syndrome (ဝမ်းဗိုက်ကြွက်သား ချို့တဲ့ခြင်းရောဂါစု)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဒီဇင်ဘာ 18, 2019 . 3 mins read
Share now

အဓိပ္ပါယ်ဖွင့်ဆိုချက်

Abdominal Muscle Deficiency Syndrome (ဝမ်းဗိုက်ကြွက်သား ချို့တဲ့ခြင်းရောဂါစု) ကဘာလဲ။

ပရွန်းဘယ်လီရောဂါစုလို့ခေါ်တဲ့ ဝမ်းဗိုက်ကြွက်သား ချို့တဲ့ခြင်းဟာ ရှားပါးတဲ့ ပြသနာဖြစ်ပြီး ဝမ်းဗိုက်ကြွက်သားဟာ တစိတ်တပိုင်းဖြစ်စေ၊ အားလုံးဖြစ်စေ ကင်းမဲ့နေတာ ဖြစ်ပါတယ်။ ဝှေးစေ့တွေဟာ ကပ္ပယ်အိတ်ထဲ မဆင်းသလို ဆီးလမ်းကြောင်းဟာလည်း ပုံမှန်မဟုတ်ပါဘူး။ ဆီးလမ်းကြောင်း ပုံပျက်တဲ့အခါ ဆီးအိမ်ထဲကိုသွားတဲ့ ဆီးပြွန်ဟာ ပုံမှန်ထက်ကျယ်နေတာ၊ ဆီးပြွန်ထဲမှာ ကျောက်ကပ်ထဲမှာ ဆီးများစုအိုင်နေတာ၊ ဆီးအိမ်ကနေ ဆီးပြွန်ထဲကို ဆီးတွေ နောက်ပြန်စီးတာ ဖြစ်နိုင်ပါတယ်။

ပရွန်းဘယ်လီရောဂါစုနဲ့ ပတ်သက်နေတဲ့ နောက်ဆက်တွဲပြသနာတွေကတော့ အဆုတ်ဖွံ့ဖြိုးမှု နှေးကွေးခြင်း၊ နာတာရှည်ကျောက်ကပ်ပျက်စီးခြင်း စတာတွေ ဖြစ်ပါတယ်။ ဒီရောဂါ ဖြစ်ပွားရတဲ့ အကြောင်းအရင်း အတိအကျကိုတော့ မသိရသေးပါဘူး။

Abdominal Muscle Deficiency Syndrome (ဝမ်းဗိုက်ကြွက်သား ချို့တဲ့ခြင်းရောဂါစု) က ဘယ်လောက်အဖြစ်များသလဲ

ပရွန်းဘယ်လီရောဂါဟာ ရှားပါးပါတယ်။ မွေးရာပါ ဖြစ်တတ်ပါတယ်။ ယောက်ျားလေး အများစုမှာဖြစ်ပြီး အမျိုးသမီးအနည်းငယ်မှာလည်း တွေ့ရှိရတယ်လို့ ဆေးပညာမှတ်တမ်းတွေမှာ တွေ့ရပါတယ်။ ဖြစ်ပွားနိုင်ခြေ ရှိတဲ့အရာတွေကို လျှော့ချပြီး ကုသနိုင်ပါတယ်။ ပိုပြီးသိရအောင် ဆရာဝန်နဲ့ ဆွေးနွေးပါ။

လက္ခဏာများ

Abdominal Muscle Deficiency Syndrome (ဝမ်းဗိုက်ကြွက်သား ချို့တဲ့ခြင်းရောဂါစု) ရဲ့လက္ခဏာတွေကဘာတွေလဲ

ပရွန်းဘယ်လီရောဂါရဲ့ လက္ခဏာတွေကတော့

  • ဝမ်းဗိုက်ကြွက်သားတစိတ်တပိုင်းဖြစ်စေ၊ အများစု ဖြစ်စေ မရှိတာကြောင့် ချိုင့်ဝင်နေတတ်ပါတယ်။ အများအားဖြင့်တော့ ကြွက်သားတွေဟာ အရိုးတွေမှာ သွားပြီးတွယ်ကပ်နေပါတယ်။ ဒါပေမယ့် ကြွက်သားတွေဟာ ဆီးအိမ်အပေါ်ပိုင်းမှာ အရွယ်ပမာဏသေးငယ်ပြီး ပါးလျားပါတယ်။ ဝမ်းဗိုက်ဟာ ကြီးမားပြီး လျော့ရဲနေပါတယ်။ ဝမ်းဗိုက်နံရံ ပါးလွှာပြီး အူအခွေတွေကိုတောင် မြင်နိုင်ပါတယ်။ အရေပြားအတွန့်အခေါက်တွေဟာ ချက်ကနေ ဖြာထွက်ပြီး ဗိုက်ကိုကန့်လန့်ဖြတ်ပြီး တွန့်ခေါက်နေပါတယ်။ အများစုမှာ ဆီးအိမ်ဟာ ကြီးနေတတ်ပါတယ်။ ဆီးအိမ်ဝကို ပိတ်ဆို့စေတာဟာ မူလပြသနာဖြစ်ပြီး ဆီးအိမ်တင်းတာ ဆီးကျန်တာတွေ ဖြစ်တတ်ပါတယ်။ ဆီးပြွန်နဲ့ ကျောက်ကပ်ဆုံရာမှာလည်း ပိတ်ဆို့မှု ဖြစ်နိုင်ပါတယ်။ တခါတရံမှာ ဆီးအိမ်ကြီးခြင်းဟာ တဖက်တည်းမှာပဲ ဖြစ်ပြီး ဆီးပြွန်နဲ့ ဆီးအိမ်ဆုံရာမှာ သေးသွားပါတယ်။ ကျောက်ကပ်ထဲမှာ ဆီးများစုအိုင်ခြင်းဟာ တဖက်တည်းပဲဖြစ်စေ၊ နှစ်ဖက်လုံးဖြစ်စေ တွေ့ရတတ်ပါတယ်။ ဆီးအိမ်ကနေ ပြင်ပကိုလာတဲ့ ဆီးစွန့်ပြွန်မှာတော့ မပိတ်ဆို့တတ်ပါဘူး။
  • ကြွက်သားနဲ့အရိုးများမှာလည်း ပုံပျက်ခြင်းတွေ ဖြစ်တတ်ပါတယ်။ ကေ့စ်အားလုံးရဲ့ ၂၀%မှာ ခြေဖဝါးပုံပျက်ခြင်းရှိပြီး နှလုံးသွေးကြောဆိုင်ရာ ပြသနာကိုတော့ ၁၀%ခန့်မှာ တွေ့ရတတ်ပါတယ်။
  • ဆီးထဲမှာ သွေးနဲ့ပြည်ပါတာတွေ့ရင်တော့ ရောဂါပိုးဝင်တာ ဖြစ်ဖို့ များပါတယ်။ အောက်ကို မဆင်းတဲ့ ဝှေးစေ့ဟာ ဆီးပြွန်နဲ့ ကပ်နေတတ်တာကို ပရွန်းဘယ်လီရောဂါဖြစ်တဲ့ အမျိုးသားတွေမှာ တွေ့နိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

စောစီးစွာ ရောဂါရှာဖွေကုသခြင်းဟာ အခြေအနေပိုဆိုး မသွားအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆရာဝန်နဲ့ မြန်နိုင်သမျှ မြန်အောင် ပြသပါ။

သိလိုတာတွေရှိရင် ဆရာဝန်နဲ့တိုင်ပင်ပါ။ တယောက်နဲ့ တယောက်ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

အကြောင်းရင်းများ

Abdominal Muscle Deficiency Syndrome (ဝမ်းဗိုက်ကြွက်သား ချို့တဲ့ခြင်းရောဂါစု) ကိုဘာတွေကဖြစ်စေသလဲ

ယခုထိတိုင်တော့ အကြောင်းအရင်းကို သေချာစွာ မသိရသေးပါဘူး။ ဒါပေမယ့် ယူဆချက်တွေ အများကြီး ရှိပါတယ်။

  • သန္ဓေသားလောင်း ဖွံ့ဖြိုးစဉ်မှာ ဆီးအိမ် ပုံမှန်မဖြစ်ရာကနေ ဖြစ်ပွားတယ်လို့ ယူဆကြပါတယ်။ ဆီးများစုလာတဲ့အခါ ဆီးအိမ်၊ ဆီးပြွန်နဲ့ ကျောက်ကပ်မှာ တင်းလာပါတယ်။ ဆီးအိမ်ကြီးတာနဲ့အမျှ ဝမ်းဗိုက်ကြွက်သားတွေ သိမ်ပါတယ်။ မွေးဖွားတဲ့အချိန်မှာ ဆီးအိမ်အဝပိတ်ခြင်းနဲ့ ဆီးသွားပြွန်ပိတ်ခြင်းကို ပျောက်ကင်းစေနိုင်ပါတယ်။ ဒါကြောင့် မွေးဖွားပြီးချိန်မှာ ပိတ်ဆို့မှုတွေကို မျက်မြင်မတွေ့ရပါဘူး။
  • ဆီးအိမ်ကနေ ဆီးကိုအပြည့်အ၀ မစွန့်နိုင်လို့ ဆီးကျန်ခြင်း၊ ရောဂါပိုးဝင်ခြင်း ဖြစ်နိုင်ပါတယ်။ ဝမ်းချုပ်ခြင်း၊ အစာမကြောခြင်း စတာတွေဟာ နောက်ဆက်တွဲပြသနာတွေ ဖြစ်ပါတယ်။ ဝမ်းဗိုက် ကြွက်သားတွေဟာ အသက်ရှူခြင်းအတွက် အရေးကြီးတာကြောင့် ရင်ဘတ်ပုံပျက်ရခြင်းရဲ့ အကြောင်းအရင်းကိုလည်း သိနိုင်ပါတယ်။
  • တတိယမြောက်ဖြစ်နိုင်ခြေကတော့ ကြွက်သား ချို့တဲ့မှုနဲ့ ဆီးအိမ်ပုံမှန်မဖြစ်ခြင်းဟာ မသိရသေးတဲ့ အကြောင်းတခုကြောင့် ဖြစ်ပွားပါတယ်။ အာရုံကြောစနစ်ချို့ယွင်းမှု တခုဟာ ဝမ်းဗိုက်ကြွက်သား ပုံမှန်မဟုတ်ခြင်းရဲ့ အကြောင်းအရင်း ဖြစ်နိုင်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

(ယခုဖော်ပြပါအချက်အလက်များသည် ဆေးပညာရပ်ဆိုင်ရာ အကြံပြုချက်များနေရာတွင် အစားထိုးရန်မဟုတ်ပါ။ ပိုမိုသိလိုလျှင် ဆရာဝန်နှင့် အမြဲ ဆွေးနွေးတိုင်ပင်ပါ။)

Abdominal Muscle Deficiency Syndrome (ဝမ်းဗိုက်ကြွက်သား ချို့တဲ့ခြင်းရောဂါစု) ကို ဘယ်လိုအတည်ပြုပါသလဲ

မွေးခါစကတည်းက ဒီရောဂါဟာ ထင်ရှားသိသာပေမယ့် ပုံမှန်မဟုတ်တဲ့ ပြသနာတွေရဲ့ နေရာနဲ့ အရေအတွက်ကို သိရှိနိုင်ဖို့ ကုသမှုနဲ့ အချိန်ကို လိုအပ်ပါတယ်။

အာထရာဆောင်းရိုက်ခြင်း၊ ဓါတ်မှန်ရိုက်ခြင်း စတဲ့နည်းလမ်းတွေ ပါဝင်ပါတယ်။

ဆီးလမ်းကြောင်းရဲ့ အခြေအနေကို သိရအောင် IVP ရိုက်ပါတယ်။ ဒီနည်းဟာ ဆေးသွင်းပြီး ရိုက်တာဖြစ်ပပါတယ်။ ကျောက်ကပ်နဲ့ ပြွန်များရဲ့ ပျက်စီးမှုအခြေအနေကို သိနိုင်ပါတယ်။

Abdominal Muscle Deficiency Syndrome (ဝမ်းဗိုက်ကြွက်သား ချို့တဲ့ခြင်းရောဂါစု) ကို ဘယ်လိုကုသပါသလဲ

ရောဂါလက္ခဏာ ပြင်းထန်မှုပေါ် မူတည်ပြီး ကုသမှုနည်းလမ်းကို ဆုံးဖြတ်ပါတယ်။ တချို့ကလေးများဟာ ခွဲစိတ်ကုသမှု လိုအပ်ပါတယ်။ ဝမ်းဗိုက်မှတဆင့် ဆီးအိမ်ကို အပေါက်ဖောက်ပြီး ဆီးများကို စွန့်ထုတ်နိုင်ပါတယ်။ ဝှေးစေ့ကို ကပ္ပယ်အိတ်ထဲကို ရောက်သွားစေတဲ့ နည်းလမ်းလည်း ရှိပါတယ်။. ဆီးအိမ်ကို ပြုပြင်ခွဲစိတ်ခြင်း၊ ဆီးစွန့်ပြွန်ကို ခွဲစိတ်ချဲ့ထွင်ခြင်း၊ ဆီးအိမ်ကျုံ့စေတဲ့ ကြွက်သားကို ပေါင်ကြွက်သား အစားထိုး၍ ကြီးမားစေခြင်း စတဲ့နည်းလမ်းတွေနဲ့လည်း ကုသပါတယ်။ ရှားပါးတဲ့အခြေအနေတွေမှာတော့ ကျောက်ကပ်အစားထိုးခြင်းပါ ပြုလုပ်ရတတ်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက ဝမ်းဗိုက်ကြွက်သား ချို့တဲ့ခြင်းအတွက် အထောက်အကူ ပြုသလဲ

ဒီအခြေအနေကို ကာကွယ်ဖို့ နည်းလမ်း မသိရသေးပါဘူး။ ကလေးဟာ မမွေးခင်မှာ ဆီးလမ်းကြောင်းပိတ်တယ်လို့ သိရရင် မွေးဖွားစဉ်မှာ ခွဲစိတ်ခြင်းဟာ ပရွန်းဘယ်လီရောဂါကို ကာကွယ်နိုင်ပါတယ်။

သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

    ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
    happy unhappy"
    ရင်းမြစ်များ

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    ဆီးတွေ အရမ်းပူတယ် ဘာကြောင့်လဲ…….

    ဆီးတွေ ဆီးသွား ခန္ဓာကိုယ် ကျောက်ကပ် ရေဓာတ် ဆီးအိမ် ဆီးပူ လက္ခဏာတွေ ခန္ဓာကိုယ်အပူချိန် ဆီးလမ်းကြောင်းပိုးဝင်တာ လိင်ကတဆင့်ကူးစက်တဲ့ရောဂါတွေ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon

    ဆီးက ပြောပြနေတဲ့ ကျန်းမာရေး

    ဆီးက ပြောပြနေတဲ့ ကျန်းမာရေး ခန္ဓာကိုယ် ဆီးသွားရခက် ပူနေမယ် ကူးစက်တဲ့ရောဂါ ဆီးချိုရောဂါ ကာလသားရောဂါ ဆီးလမ်းကြောင်း ဆီးအိမ် ရေများများသောက် ဘက်တီးရီးယား

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon

    ထူးဆန်းထွေလာ ဆေးပညာ အပိုင်း (၁)

    ဆေးပညာ မေးခွန်းများ ထူးဆန်းတဲ့ ခန္ဓာကိုယ်ဖြစ်စဉ် medical mysteries ဆီးအိမ် ကိုယ်ခန္ဓာအစိတ်အပိုင်း လေလည် အသက်ရှူစနစ် နှပ်ချေး နှာရည်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Yee Mon Lwin

    ဆီးမထိန်းနိုင်ခြင်း အမျိုးအစား ၄ မျိုး ။ ။

    ဆီးမထိန်းနိုင် ဆီးယို ဆီးလမ်းကြောင်းပိုးဝင် ဆီးအိမ်အားမရှိ ဆီးအိမ်ကြွက်သားပျော့ အာရုံကြောရောဂါ ဆီးမထိန်းနိုင် ဆီးချိုရောဂါ ဆီးကျိတ်ကြီး

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thin Yadanar @ Frances

    သင့်အတွက် ရွေးချယ်ထားသည်

    ဝိတ်တက်လေ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေများလေတဲ့နော်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Zon Aung
    ရေးသား ထုတ်ဝေခဲ့သည် မေ 18, 2020 . 2 mins read
    ဘလူးဘယ်ရီသီး၏ အကျိုးကျေးဇူးများ

    ဘလူးဘယ်ရီသီး၏ အကျိုးကျေးဇူးများ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr.Thant Zin
    ရေးသား ထုတ်ဝေခဲ့သည် မေ 11, 2020 . 2 mins read
    အမျိုးသမီးများ မကြာခဏဆီးသွားခြင်း

    အမျိုးသမီးများ မကြာခဏဆီးသွားခြင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr.Thant Zin
    ရေးသား ထုတ်ဝေခဲ့သည် မေ 5, 2020 . 2 mins read

    ဖြစ်ချင်တာက ရိုမန်တစ်၊ ဖြစ်လာတာက ယားနာ၊ မဖြစ်စေဖို့

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Zon Aung
    ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 13, 2020 . 2 mins read