မျက်စိကျန်းမာရေး

မျက်လုံးက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ အဖွံ့ဖြိုးဆုံး အာရုံခံနိုင်တဲ့ အင်္ဂါတစ်ရပ်ပါ။ အမြင်အာရုံကောင်းနေမှသာ နေ့စဉ်အလုပ်တွေကို ကောင်းကောင်းလုပ်နိုင်မှာဖြစ်လို့ မျက်လုံးကျန်းမာရေးက အင်မတန်အရေးကြီးပါတယ်။ ဒီစာမျက်နှာမှာ အမြင်အာရုံကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေအကြောင်းနဲ့ ဘယ်လိုကာကွယ်နိုင်မလဲဆိုတာကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

မျက်စိကျန်းမာရေး

မျက်စိနာတာက ကြည့်ရုံနဲ့ ကူးစက်တတ်လား !

မျက်စိနာတာက ကိုယ်တိုင်အတွက် အတော်လေး နေရခက်သလို ပတ်ဝန်းကျင်ကသူတွေကိုလည်း စိုးထိတ်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ငါ့ကိုများ ကူးလေမလားဆိုပြီးပေါ့။ လူကြီးတွေဆိုရင် မျက်စိနာတဲ့သူကို သွားမကြည့်နဲ့ ကူးတတ်တယ်ဆိုပြီး တားတတ်ကြပါတယ်။ မျက်စိနာတာက ကြည့်ရုံနဲ့ ကူးစက်တတ်လား ဆိုတာနဲ့ မျက်စိနာတာကို မကူးစက်အောင် ဘယ်လိုကာကွယ်ကြမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ မျက်စိနာတာက အဖြစ်များသလား! မျက်စိနာတယ်ဆိုတာက အဖြစ်များတဲ့ မျက်လုံးပိုးဝင်ကူးစက်မှု တစ်ရပ်ဖြစ်ပြီး မျက်ခွံအတွင်းသားတစ်ရှူးတွေကို ရောင်ရမ်းစေနိုင်ပါတယ်။ မျက်စိနာတာက မျက်လုံး တစ်ဖက်တည်းမှာ ဖြစ်တာမျိုး ရှိနိုင်သလို မျက်လုံး နှစ်ဖက်စလုံးမှာ ဖြစ်တာမျိုးလည်း ရှိနိုင်ပါတယ်။ မျက်စိနာတာက ဓာတ်မတည့်မှုကြောင့် ဖြစ်နိုင်သလို ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေကြောင့်လည်း ဖြစ်စေနိုင်ပါတယ်။  မျက်စိနာတဲ့အခါ ဖြစ်တဲ့ အကြောင်းတရားပေါ်ကိုလိုက်ပြီး မျက်စဉ်းခတ်တာ၊ ဆေးသောက်တာ နဲ့ ရေသန့်သန့်နဲ့ သန့်စင်တာ၊ သက်သောင့်သက်သာဖြစ်အောင် ထားတာ […]

မျက်စိကျန်းမာရေး ကို ရှာဖွေမည်။

အခြားမျက်လုံးပြဿနာများ

Blepharospasm (မျက်ခွံလှုပ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက် Blepharospasm (မျက်ခွံလှုပ်ခြင်း) ကဘာလဲ။ မျက်ခွံလှုပ်ခြင်း လို့ ဆိုရာမှာ မျက်ခွံဟာ အပေါ်အောက် မျက်ခွံများ ဖြစ်ပြီး လှုပ်ခြင်းဆိုတာ မျက်ခွံကြွက်သားတွေကို မထိန်းချုပ်နိုင်ဘဲ အလိုအလျောက်လှုပ်နေခြင်း ဖြစ်ပါတယ်။ အပေါ်မျက်ခွံမှာ များသောအးဖြင့် ဖြစ်တတ်ပေမယ့် အပေါ်အောက်နှစ်ခုစလုံးမှာ ဖြစ်တတ်ပါတယ်။ ဒီလိုလှုပ်ခြင်းဟာ မပြင်းထန်ဘဲ ညင်သာစွာဘဲ ခံစားသိရှိရပါတယ်။ တချို့တွေမှာတော့ မျက်လုံးပိတ်သွားတဲ့အထိ ဖြစ်တတ်ပါတယ်။ တချို့မှာတော့ သတိတောင် မထားမိပါဘူး။ နာကျင်မှုမရှိပေမယ့် စိတ်အနှောင့်အယှက်တော့ ဖြစ်ရပါတယ်။ မျက်ခွံလှုပ်ခြင်းအများစုကတော့ သူ့အလိုလို ပျောက်သွားတတ်ပါတယ်။ တချို့မျက်ခွံလှုပ်ခြင်းတွေကတော့ လှုပ်ရှားမှုနဲ့ဆိုင်တဲ့ နာတာရှည်ပြသနာတွေရဲ့ ရှေ့ပြေးလက္ခဏာတွေ ဖြစ်နေနိုင်ပါတယ်။ ဥပမာ မျက်နှာကြွက်သားများ အကြောဆွဲခြင်းနဲ့ တခြား မထိန်းချုပ်နိုင်တဲ့ အခြေအနေတွေ ဖြစ်ပါတယ်။   Blepharospasm (မျက်ခွံလှုပ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အဖြစ်များပါတယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ […]


အခြားမျက်လုံးပြဿနာများ

Blocked Tear Duct (မျက်ရည်ပြွန်ပိတ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Blocked Tear Duct (မျက်ရည်ပြွန်ပိတ်ခြင်း) ကဘာလဲ။ မျက်စိရဲ့ မျက်ရည်ထုတ်တဲ့စနစ်ဟာ တစိတ်တပိုင်းဖြစ်စေ၊ လုံးဝဖြစ်စေ ပိတ်သွားရင် မျက်ရည်ပြွန်ပိတ်ခြင်း ဖြစ်ပေါ်ပါတယ်။ မျက်ရည်မစီးထွက်နိုင်ရင် မျက်ဝတ်ထွက်ခြင်း၊ ယားယံခြင်းဖြစ်ပြီး မျက်စိမှာ ရောဂါပိုးဝင်တဲ့ အခြေအနေဖြစ်ပေါ်စေနိုင်ပါတယ်။ များသောအားဖြင့် မျက်ရည်ပြွန်ပိတ်ခြင်းဟာ ပြန်လည်ပြုပြင်နိုင်ပါတယ်။ ကုသမှုဟာ ပိတ်ဆို့ရတဲ့အကြောင်းအရင်းနဲ့ ဖြစ်တဲ့သူရဲ့ အသက်အရွယ်ပေါ် မူတည်ပါတယ်။ Blocked Tear Duct (မျက်ရည်ပြွန်ပိတ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ မွေးကင်းစတွေမှာ အဖြစ်များပါတယ်။ လူကြီးတွေမှာတော့ ရောဂါပိုးဝင်ခြင်း၊ ရောင်ခြင်း၊ ဒဏ်ရာရခြင်း၊ အကျိတ်ဖြစ်ခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများBlocked Tear Duct (မျက်ရည်ပြွန်ပိတ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ တွေ့ရများတဲ့လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ မျက်ရည်အလွန်အကျွံထွက်ခြင်း မျက်ဆန်အဖြူသား နီရဲခြင်း မျက်လုံးအတွင်းပိုင်း နာကျင်ရောင်ရမ်းခြင်း မျက်ခွံမာခြင်း မျက်ဝတ်ထွက်ခြင်း အမြင်ဝါးခြင်း မျက်ရည်ပြွန်ပိတ်ပြီး ဘက်တီးရီးယားပိုးတွေ နှာခေါင်းနဲ့မျက်ရည်လမ်းကြောင်းဆုံရအိတ်အတွင်း ပိတ်မိရင် ရောဂါပိုးဝင်ခြင်း ဖြစ်ပွားပြီး အောက်ပါလက္ခဏာတွေ ဖြစ်ပွားတတ်ပါတယ်။ မျက်လုံးအတွင်းပိုင်း၊ […]


အခြားမျက်လုံးပြဿနာများ

မျက်တွင်းချိုင့်ခြင်းအတွက် အသုံးပြုသင့်တဲ့ အသားဖြည့်ထိုးဆေး

မျက်ကွင်း ညိုခြင်း နဲ့ မျက်လုံး တဝိုက် အရေးအကြောင်းတွေဟာ သင့်ကို အိုမင်းရင့်ရော်စေသလို နွမ်းနယ် နေပုံလည်း ပေါက်စေပါတယ်။ ဒါကြောင့် မျက်လုံး တဝိုက်ကို filler အသားဖြည့်ထိုးဆေး ထိုးခြင်းဟာ အခု နောက်ပိုင်း ခေတ်စားလာတဲ့ အလှအပ ရေးရာ နည်းလမ်း တမျိုးပဲ ဖြစ်ပါတယ်။ Filler ထိုးခြင်းဟာ ခွဲစိတ်စရာ မလိုတဲ့အတွက် နာကျင်မှုမရှိဘဲ လျင်မြန်စွာ အကျိုးအာနိသင် သက်ရောက်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ မျက်တွင်းချိုင့်ခြင်းအတွက် အသုံးပြုသင့်တဲ့ အသားဖြည့်ထိုးဆေး နဲ့ ပတ်သက်ပြီး ပိုမို သိရှိလာနိုင်ဖို့အတွက် ဒီ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ရအောင်။ မျက်တွင်းချိုင့်ခြင်းအတွက် အသုံးပြုသင့်တဲ့ အသားဖြည့်ထိုးဆေး ထိုးတယ်ဆိုတာ ဘာလဲ။ Filler ထိုးတယ် ဆိုတာ ရိုးရှင်းပြီး ခွဲစိတ်စရာမလိုတဲ့ အလှအပပြုပြင်မှု နည်းလမ်းလေးတခု ဖြစ်ပြီး […]


မျက်စိမှုန်ဝါးခြင်း နှင့် မျက်စိကွယ်ခြင်း

မျက်စိမြင်နိုင်စွမ်းကျခြင်း

မျက်စိမြင်အားကျခြင်းက ကလေးငယ်တွေနဲ့ကလေးဘဝအစမှာ အမြင်အာရုံစူးရှမှုလျော့နည်းသွားခြင်း ဖြစ်ပါတယ်။ မျက်မှန်တပ်ခြင်း၊ မျက်ကပ်မှန်တပ်ဆင်ခြင်းက ဒီအခြေအနေအတွက် အသုံးမဝင်ပါဘူး။ အများစုမှာ မျက်လုံးတစ်ဖက်တည်းဖြစ်ပေမယ့် အမြင်ကျသွားခြင်းက နှစ်ဖက်လုံးမှာဖြစ်နိုင်ပါတယ်။ မကုသဘဲထားမယ်ဆိုရင် မြင်အားကျခြင်းကနေ မျက်စိကန်းတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ လက္ခဏာများ တစ်နှစ်အောက်ကလေးငယ်တွေနဲ့ ကလေးဘဝအစအမြင်အာရုံဖွံ့ဖြိုးမှုပြဿနာဖြစ်တာကြောင့် လက္ခဏာတွေကိုလွယ်လွယ်သတိမထားတတ်ပါဘူး။ ကလေးအများစုက အမြင်ဆိုင်ရာပြဿနာတွေကို သတိမထားမိတတ်ကြပါဘူး။ တစ်ဖက်မျက်လုံးအမြင်ကောင်းပြီး အခြားတစ်ဖက်ကမကောင်းပေမယ့် အခက်အခဲမရှိဘဲနေသားကျနေတတ်ကြပါတယ်။ မျက်လုံးမကြာခဏစွေသွားခြင်း သု့ိမဟုတ် ကောင်းကောင်းမြင်ရဖို့ခေါင်းစောင်းခြင်းစတဲ့ အမြင်အာရုံပြဿနာရှိတဲ့အခါမှာ မိဘတွေအနေနဲ့သတိပြုမိနိုင်ပါတယ်။ အချို့ကလေးတွေမှာ ရှုထောင့်သုံးခုကို ကြည့်ရာမှာအခက်ခဲဖြစ်နိုငိပါတယ်။ မိဘတစ်ယောက်အနေနဲ့ တစ်ချိန်တည်းမှာ မျက်လုံးတစ်ဖက်ကိုအုပ်ထားပြီး အခြားမျက်လုံးတစ်ဖက်ကိုဒီတိုင်းထားခြင်းဖြင့် ကလေးရဲ့အမြင်အာရုံအခြေအနေကိုမေးမြန်းကာ အိမ်မှာပဲပြုလုပ်ကြိုးစားနိုင်ပါတယ်။ ကလေးက မျက်လုံးတစ်ဖက်ကိုအုပ်ထားချိန်မှာ အနှောင့်အယှက်မဖြစ်ပေမယ့် နောက်မျက်လုံးတစ်လုံးကိုအုပ်ထားချိန်မှာ မသက်မသာဖြစ်မယ်ဆိုရင်တော့ မအုပ်ထားတဲ့မျက်လုံးက မြင်အားကျနေတယ်လို့ဆိုလိုပါတယ်။ ဒီရိုးရှင်းတဲ့နည်းလမ်းက ပြီးပြည့်စုံတဲ့စစ်ဆေးမှုတော့မဖြစ်နိုင်ပါဘူး။ မိဘတွေက ကလေးမျက်လုံးစစ်ဖို့အတွက် ချက်ချင်းဆရာဝန်နဲ့တွေ့ဆုံပြသသင့်ပါတယ်။ ဖြစ်ပွားရတဲ့အကြောင်းရင်းများ မျက်လုံးတစ်လုံးရဲ့ဆုံမှတ်က အခြားတစ်လုံးထက်ပိုကောင်းတဲ့အခါမှာ မျက်လုံးအမြင်ကျခြင်းဖြစ်ပါတယ်။ အကြောင်းရင်းပေါ်မူတည်ပြီး အမျိုးအစား၃မျိုးရှိပါတယ်။ နှစ်ထပ်မြင်ခြင်းနဲ့တွဲတဲ့မျက်စိအမြင်ကျခြင်းက အဖြစ်အများဆုံးအကြောင်းရင်းဖြစ်ပါတယ်။ မျက်လုံးနှစ်ဖက်မညီခြင်းက နှစ်ထပ်မြင်ခြင်းကိုဖြစ်စေပြီး မညီတဲ့မျက်လုံးကနေလာတဲ့အမြင်အာရုံကို ဦးနှောက်ကလျစ်လျူရှုလိုက်ပါတယ်။ မျက်လုံးအနေအထားက […]


အခြားမျက်လုံးပြဿနာများ

ကလေးများမှာဖြစ်တတ်တဲ့ မျက်စိထိခိုက်ဒဏ်ရာများမျက်လုံးအိမ်ပွန်းခြစ်ဒဏ်ရာ (မျက်ကြည်လွှာပွန်းပဲ့ခြင်း)

မျက်စိရဲ့မျက်နှာပြင်ကို ပွန်းခြစ်မိခြင်းဟာ အတွေ့ရ အများဆုံး မျက်စိ ထိခိုက်ဒဏ်ရာ ရရှိခြင်းတွေပဲ ဖြစ်ပါတယ်။ မျက်စိကို သစ်ကိုင်း၊ လက်သည်း စတဲ့ အရာဝတ္တု တစ်ခုခုနဲ့ ထိခိုက်မိရင် ဖြစ်တတ်ပါတယ်။ မျက်လုံးကို အမှုန်အမွှားဝင်တဲ့အခါ ပွတ်မိရင်လည်း စုတ်ပြဲခြင်း ဖြစ်တတ်ပါတယ်။ မျက်စိအသားအတွင်း ပြင်ပအရာတခုခု ဝင်ရောက် နေခြင်း မှန်ကွဲစ၊ အချွန်အတက် စတာတွေဟာ မျက်စိထဲကို ထိုးဖောက်ဝင်ရောက်သွားနိုင်ပါတယ်။ မျက်ကြည်လွှာကိုပါ ထိခိုက်နိုင်ပါတယ်။ မျက်စိရောင်ခြင်း မတော်တဆ တစ်ခုခုကြောင့် (ဘောလုံးမှန်ခြင်း) မျက်လုံးကို ထိခိုက်မိတာ၊ ရန်ဖြစ်ရင်း လက်သီးနဲ့ ထိုးမိတာ စတာတွေကြောင့် သွေးကြောနဲ့ တစ်သျှူးတွေကို ထိခိုက်စေနိုင်ပြီး မျက်လုံးအိမ်ဟာ အညိုအမဲစွဲ ရောင်ရမ်းလာနိုင်ပါတယ်။ အဲဒီလိုဖြစ်ခဲ့ရင် ရေခဲအိတ်ကပ်တာမျိုးနဲ့ ကုသနိုင်ပေမယ့် အတွင်းပိုင်း ထိခိုက်မှုရှိမရှိ သိရအောင် ဆေးရုံဆေးခန်း ပြသတာ အကောင်းဆုံးပါပဲ။ (Hyphema ဆိုတဲ့ […]


မျက်စိရောဂါများ

Eye injury (မျက်လုံးထိခိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Eye injury (မျက်လုံးထိခိုက်ခြင်း) ကဘာလဲ။ မျက်လုံးထိခိုက်ခြင်းဟာ မျက်လုံးထဲဆပ်ပြာဝင်သလို အသေးမွှားကနေစပြီး မျက်လုံးကန်းခြင်းလိုမျိုး အကြီးစားထိခိုက်မှုတွေအထိရှိတတ်ပါတယ်။ ထိုထိခိုက်မှုတွေဟာ အလုပ်၊ကျောင်း၊ မတော်တဆမှုတွေနဲ့ အားကစားပြုလုပ်ခြင်းတို့မှ ရရှိတတ်ပါတယ်။ Eye injury (မျက်လုံးထိခိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ မျက်လုံးထိခိုက်မှုတွေဟာ အသက်အရွယ်မရွေး တော်တော်လေးအဖြစ်များပါတယ်။ မိန်းမတွေမှာ ပိုအဖြစ်များပါတယ်။ အန္တရာယ်ရှိအချက်များကို ရှောင်ကျဉ်ခြင်းအားဖြင့် ရင်ဆိုင်နိုင်ပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လက္ခဏာများEye injury (မျက်လုံးထိခိုက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အတွေ့ရများတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။ ဓါတုပစ္စည်းများနဲ့ထိတွေ့မိခြင်း။ လောင်တာနဲ့ နာတာက အတွေ့ရများတဲ့ လက္ခဏာတွေပါ။ မျက်ရည်တွေဆက်တိုက်ထွက်နေမယ်၊ နီနေမယ်။ မျက်ခွံလည်း ရောင်ရမ်းနေပါလိမ့်မယ်။ မျက်သားအောက်သွေးယိုခြင်း။ ယေဘုယျအားဖြင့်တော့ မနာကျင်တတ်ပါဘူး။ အမြင်အာရုံလည်းမထိခိုက်ပါဘူး။ မျက်လုံးအဖြူသားပေါ်မှာ အနီစက်ကလေး တွေ့ရပါလိမ့်မယ်။ ထိုအခြေအနေဟာ မျက်လုံးသွေးကြောတွေ ပေါက်ထွက်လို့ဖြစ်ရတာပါ။ မျက်လုံးနီတဲ့နေရာတွေကလည်း ကျယ်ပြန့်ပြီး စိုးရိမ်ဖွယ်ရှိနေပါလိမ့်မယ်။ ဘာထိခိုက်မှုမှမရှိဘဲနဲ့လည်း သွေးယိုစီးနိုင်ပါတယ်။ အခြားထိခိုက်မိတဲ့ […]


မျက်စိရောဂါများ

Eye allergies (မျက်စိနာခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Eye allergies (မျက်စိနာခြင်း) ကဘာလဲ။ Allergic Conjunctivitis (ဓါတ်မတည့်မှုကြောင့် မျက်စိရောင်ရမ်းနာခြင်း) လို့ခေါ်တဲ့ မျက်စိနာခြင်းဟာ မျက်စိနဲ့ အခြားလှုံဆော်မှုပေးနိုင်တဲ့ အရာတစ်ခုထိတွေ့မှုကြောင့်ဖြစ်လာရခြင်းဖြစ်ပါတယ်။ ဒီပစ္စည်းတွေကို allergen လို့ခေါ်ပြီး ကိုယ်ကတုံ့ပြန်တဲ့အခါ allergic reaction ဖြစ်လာပါတယ်။ ကိုယ်ခံအားစနစ်ဟာ အခြားအရာတွေဖြစ်တဲ့ virus နဲ့ bacteria တွေကိုကာကွယ်ပြီး ရောဂါမဖြစ်အောင်တား ပါတယ်။ မျက်စိနာတဲ့သူတွေကတော့ ကိုယ်ခံအားစနစ်က allergen တွေကို အခြား အရာတွေနဲ့မှားသွားလို့ပါ။ ပြီးတော့ အန္တရာယ်မရှိတဲ့အရာတွေကို ဓါတ်ပစ္စည်းတွေထုတ်တိုက်ပါတယ်။ ဒီအခါ မျက်စိမှာ ယားယံတာ၊ နီတာနဲ့ စိုစိဖြစ်နေတာမျိုးတွေဖြစ်လာပါတယ်။ တစ်ချို့သူတွေမှာ အရေပြားယားယံတာနဲ့ ပန်းနာရင်ကြပ်ပါဖြစ်သွားတတ်ပါတယ်။ Eye allergies (မျက်စိနာခြင်း) က ဘယ်လောက်အဖြစ်များသလဲ အတော်လေး အဖြစ်များပြီး မိန်းကလေးတွေဟာ ယောက်ျားလေးတွေထက် ပိုဖြစ်နိုင်ချေ များပါတယ်။ အသကိအရွယ်မရွေးလည်း ထိခိုက်နိုင်ပါတယ်။ ဖြစ်နိုင်ချေတွေကိုတော့ […]


မျက်စိရောဂါများ

eye floaters (မျက်လုံးတွင်းရေမြှုပ်များ)

အဓိပ္ပါယ်ဖွင့်ဆိုချက်eye floaters (မျက်လုံးတွင်းရေမြှုပ်များ) ကဘာလဲ။ မျက်လုံးတွင်းရေမြှုပ်များဆိုသည်မှာ တစ်ခါတစ်ရံ မြင်ကွင်းအတွင်း ပေါ်လာတတ်သော အပြောက်လေးများဖြစ်ပါသည်။ သူတို့ကို စက္ကူစ သို့ ကောင်းကင်လို တောက်ပသည့်အရာများကို ကြည့်သည့်အခါတွင် မြင်ရနိုင်သည်။ သူတို့ကြောင့် စိတ်အနှောက်အယှက် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အမြင်အာရုံကိုတော့ မထိခိုက်တတ်ပါ။ သင့်တွင် မျက်လုံးတွင်းရေမြှုပ်မှာအတော်ကြီးပါက အမြင်အာရုံပေါ်တွင် အနည်းငယ်တော့ အရိပ်ထိုးကျနိုင်ပါသည်။ သို့သော်လည်း အလင်းရောင် တစ်ချို့တွင်သာဖြစ်တတ်ခြင်းဖြစ်ပါသည်။ မျက်လုံးတွင်းရေမြှုပ်များကိုလျစ်လျူရှုပြီး ကျင့်သားရအောင်လည်း လုပ်နိုင်ပါသည်။ အချိန်ကြာလာသည်နှင့် သူတို့ကို သတိထားမိတော့မည်မဟုတ်ပါ။ သူတို့ကြောင့် ကုသမှုလိုအပ်သည်မှာ အတော်လေးကိုရှားပါးပါသည်။ eye floaters (မျက်လုံးတွင်းရေမြှုပ်များ) က ဘယ်လောက်အဖြစ်များသလဲ မျက်လုံးတွင်းရေမြှုပ်များနှင့် အစက်အပြောက်များမှာ အလွန်အဖြစ်များပြီး ပြဿနာမရှိပဲ စိတ်ရှုပ်ရုံလောက်သာ ဖြစ်နိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ လက္ခဏာများeye floaters (မျက်လုံးတွင်းရေမြှုပ်များ) ရဲ့လက္ခဏာတွေကဘာတွေလဲ မျက်လုံးတွင်းရေမြှုပ်များ ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ သင့်မြင်ကွင်း၌ အမည်းရောင်အစက်လေးများ သို့မဟုတ် ထိုးဖောက်မြင်ရသည့် ကြိုးလိုအရာလေးများ […]


မျက်စိရောဂါများ

Bags under eyes (မျက်ရစ်ဖောင်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Bags under eyes (မျက်ရစ်ဖောင်းခြင်း) ကဘာလဲ။ မျက်ရစ်ဖောင်းခြင်းဆိုတာ မျက်လုံးရဲ့အောက်မှာ ရောင်ရမ်းဖောင်းကြွလာခြင်းဖြစ်ပြီး အသက်ကြီးလာရင် တွေ့ရတတ်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ မျက်လုံးတဝိုက်က ကြွက်သားတွေဟာ အားနည်းလာပါတယ်။ မျက်လုံးကို ပုံမှန် ထောက်ပံ့ပေးထားတဲ့ အဆီတွေဟာ အောက်မျက်ခမ်းထဲ ရောက်သွားတဲ့အခါ ဖောင်းလာပါတယ်။ မျက်လုံးအောက်မှာ အရည်တွေ စုလာခင်းကလည်း ရောင်ရမ်းဖောင်းကြွခြင်းကို အားဖြည့်ပေးပါတယ်။ မျက်ရစ်ဖောင်းခြင်းဟာ အလှအပဆိုင်ရာ ပြသနာတခုပဲ ဖြစ်ပြီး ဆိုးရွားတဲ့ ကျန်းမာရေးအခြေအနေတော့ မဟုတ်ပါဘူး။ အိမ်တွင်းကုထုံးအနေနဲ့ အေးတဲ့အရာနဲ့ ဖိကပ်ခြင်းကို ပြုလုပ်နိုင်ပါတယ်။ ပိုမိုဆိုးရွားနေတဲ့ မျက်ရစ်ဖောင်းခြင်းကိုတော့ အလှအပဆိုင်ရာ ကုသနည်းတွေနဲ့ ကုသနိုင်ပါတယ်။ Bags under eyes (မျက်ရစ်ဖောင်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ အဖြစ်များပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများBags under eyes (မျက်ရစ်ဖောင်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ တွေ့ရများတဲ့ လက္ခဏာတွေကတော့ အတော်အသင့် ရောင်ရမ်းခြင်း အရေပြားအိတွဲခြင်း ပတ်လည်မည်းလာခြင်း အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ […]


အခြားမျက်လုံးပြဿနာများ

Blepharitis (မျက်ခွံရောင်ရမ်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Blepharitis (မျက်ခွံရောင်ရမ်းခြင်း။) ကဘာလဲ။ မျက်ခွံရောင်ရမ်းခြင်းဆိုသည်မှာ မျက်လုံးကို ဖုံးအုပ်ထားသော အပြင်ခွံရောင်ရမ်းခြင်းကို ဆိုလိုသည်။ မျက်ခွံဆိုသည်မှာ မျက်တောင်ရှိရာနေရာနှင့် ဆက်နွယ်နေပြီး မျက်ခွံရောင်ရမ်းခြင်းသည် မျက်လုံး ၂ ဖက်လုံးကို သက်ရောက်စေသည်။ မျက်ခွံရောင်ရမ်းခြင်းသည် မျက်လုံးခြောက်သွေ့ခြင်းကို ဖြစ်စေသော အဓိက အကြောင်းရင်းလဲဖြစ်သည်။ မျက်ခွံရောင်ရမ်းခြင်းသည် မျက်တောင်အောက်ခြေရှိအဆီဂလင်များ ပိတ်ဆို့ရာတွင် ဖြစ်ပွားသည်။ ဒီအခြေအနေသည် မျက်လုံးကို ယားယံစေပြီး နီရဲစေသည်။ များစွာသော ရောဂါများ နှင့် အခြေအနေများသည် မျက်ခွံရောင်ရမ်းခြင်းကို ဖြစ်စေသည်။ မျက်ခွံရောင်ရမ်းခြင်းသည် အများအားဖြင့် နာတာရှည်ဖြစ်တတ်ပြီး ကုသရန် ခက်ခဲတတ်သည်။ မျက်ခွံရောင်ရမ်းခြင်းသည် နေရထိုင်ရခက်တတ်စေပြီး မသိမသာလဲ ဖြစ်တတ်သည်။ သို့သော် မျက်ခွံရောင်ရမ်းခြင်းသည် မျက်လုံး၏ အမြင်အာရုံကို အမြဲထိခိုက်စေမှာမျိုး မဖြစ်စေပါ။ လူနာများ၏ မျက်လုံးများသည် ယားယံပြီး နှီရဲနေသော်လည် မျက်ခွံရောင်ရမ်းခြင်းသည် မကူးစက်တတ်ပါ။ Blepharitis (မျက်ခွံရောင်ရမ်းခြင်း။) […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်