အဓိပ္ပါယ်ဖွင့်ဆိုချက်
Blepharospasm (မျက်ခွံလှုပ်ခြင်း) ကဘာလဲ။
- မျက်ခွံလှုပ်ခြင်း လို့ ဆိုရာမှာ မျက်ခွံဟာ အပေါ်အောက် မျက်ခွံများ ဖြစ်ပြီး လှုပ်ခြင်းဆိုတာ မျက်ခွံကြွက်သားတွေကို မထိန်းချုပ်နိုင်ဘဲ အလိုအလျောက်လှုပ်နေခြင်း ဖြစ်ပါတယ်။
- အပေါ်မျက်ခွံမှာ များသောအးဖြင့် ဖြစ်တတ်ပေမယ့် အပေါ်အောက်နှစ်ခုစလုံးမှာ ဖြစ်တတ်ပါတယ်။ ဒီလိုလှုပ်ခြင်းဟာ မပြင်းထန်ဘဲ ညင်သာစွာဘဲ ခံစားသိရှိရပါတယ်။ တချို့တွေမှာတော့ မျက်လုံးပိတ်သွားတဲ့အထိ ဖြစ်တတ်ပါတယ်။ တချို့မှာတော့ သတိတောင် မထားမိပါဘူး။
- နာကျင်မှုမရှိပေမယ့် စိတ်အနှောင့်အယှက်တော့ ဖြစ်ရပါတယ်။ မျက်ခွံလှုပ်ခြင်းအများစုကတော့ သူ့အလိုလို ပျောက်သွားတတ်ပါတယ်။
- တချို့မျက်ခွံလှုပ်ခြင်းတွေကတော့ လှုပ်ရှားမှုနဲ့ဆိုင်တဲ့ နာတာရှည်ပြသနာတွေရဲ့ ရှေ့ပြေးလက္ခဏာတွေ ဖြစ်နေနိုင်ပါတယ်။ ဥပမာ မျက်နှာကြွက်သားများ အကြောဆွဲခြင်းနဲ့ တခြား မထိန်းချုပ်နိုင်တဲ့ အခြေအနေတွေ ဖြစ်ပါတယ်။
Blepharospasm (မျက်ခွံလှုပ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ
အဖြစ်များပါတယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။
ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
လက္ခဏာများ
Blepharospasm (မျက်ခွံလှုပ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ
အောက်ပါလက္ခဏာတွေ တွေ့ရများပါတယ်။
- မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြစ်ခြင်း
- မျက်ခွံအကြောဆွဲခြင်း
- မျက်စိယားယံခြင်း
- မျက်နှာအလယ်ပိုင်း၊ အောက်ပိုင်း အကြောဆွဲခြင်း
- မျက်ခုံးအကြောဆွဲခြင်း
- မျက်ရည်ကျခြင်း
- အလင်းရောင်ကြောက်ခြင်း
- မျက်လုံးနာခြင်း
အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။