လည်ချောင်းပြဿနာများ

လည်ချောင်းပြဿနာများ ၊ ရောဂါလက္ခဏာများ၊ အဖြစ်များတဲ့ ရောဂါများ၊ ကုသနည်းများ၊ ဆောင်ရန်၊ ရှောင်ရန်များကို လေ့လာပြီး လည်ချောင်းကျန်းမာရေးကို စောင့်ရှောက်လိုက်ပါ။

ကျန်းမာရေးဗဟုသုတ

လည်ချောင်းပြဿနာများ

လည်ချောင်းခဏခဏ နာတာက ဘယ်လို အခြေအနေဆိုရင် စိတ်ပူရမလဲ!

လည်ချောင်းနာတာကို တော်တော်များများ  ခံစားဖူးမှာပါ။ လည်ချောင်းနာတာက မအီမသာဖြစ်စေနိုင်သလို နေ့စဉ်ဘဝမှာ အတော်လေး နေရခက်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ လည်ချောင်းနာတာက ဖြစ်လေ့ဖြစ်ထ ရှိတယ်ဆိုပေမယ့် လည်ချောင်းနာတာကို ခဏခဏ ခံစားရတာကတော့ ပုံမှန်လို့ဆိုဖို့ ခက်မှာပါ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ လည်ချောင်းခဏခဏ နာတာက ဘယ်လို အခြေအနေဆိုရင် စိတ်ပူရမလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။ လည်ချောင်းနာတာက အဖြစ်များလား! လည်ချောင်းနာတာက တစ်နှစ်ကို ၄-၅ ကြိမ်လောက်တော့ ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါပေမယ့် ဒီထက် ပိုဖြစ်မယ်။ တစ်လကို ၂ ကြိမ်မက လည်ချောင်းနာတာကို ခံစားရမယ်ဆိုရင်တော့ ပုံမှန် မဟုတ်ဘူးလို့ ဆိုရပါမယ်။ လည်ချောင်းနာတာကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကလည်း တော်တော်လေးတော့ များပါတယ်။  အသက်ရှူလမ်းကြောင်းမှာ ပိုးဝင်ကူးစက်တာ အာသီးရောင်တာ ဆေးလိပ်သောက်တာ အိပ်နေစဉ် ပါးစပ်နဲ့ အသက်ရှူရတာ […]

လည်ချောင်းပြဿနာများ ကို ရှာဖွေမည်။

လည်ချောင်းပြဿနာများ

အကောင်းဆုံးငုံဆေး ရွေးချယ်ကြမယ်

လည်ချောင်းတွေနာလိုက်တာ၊ ချောင်းတွေဆိုးလိုက်တာ အိပ်ကောင်းခြင်းမအိပ်ရ၊ စားကောင်းခြင်းမစားရ၊ အလုပ်ကောင်းကောင်းလည်းမလုပ်ရဘူး ဖြစ်နေတယ်။ သွားတဲ့လာတဲ့အခါလည်း အဆင်ပြေဖို့လိုမယ် လည်ချောင်းနာတာကိုလည်း သက်သာချင်တယ်ဆိုရင် နည်းလမ်းကောင်းတစ်ခုရှိပါတယ်။ ဒါက သယ်ဆောင်ရလွယ်ပြီး ရေမလိုဘဲအလွယ်တကူ ငုံထားလို့ရတဲ့ ငုံဆေးပါ။ လည်ချောင်းနာတာကို သက်သာစေဖို့ အကောင်းဆုံးငုံဆေး ရွေးချယ်ကြမယ် ဆိုရင် ဘယ်လို ရွေးချယ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ငုံဆေးဆိုတာနဲ့ပြီးရောလား...... လည်ချောင်းနာသက်သာချင်လို့ ငုံဆေး ငုံတယ်ဆိုတဲ့နေရာမှာလည်း ငုံဆေးဖြစ်ရင်ပြီးရောဆိုပြီး ငုံလို့မရပါဘူး။ ငုံဆေးကို သေချာလေးရွေးချယ်တတ်ဖို့လိုပါမယ်။ ငုံဆေးကို သေချာလေးရွေးချယ်မှ မြန်မြန်ဆန်ဆန်ထိထိရောက်ရောက်နဲ့ လည်ချောင်းနာတာကို သက်သာစေမှာပါ။ ဒါကြောင့် လည်ချောင်းနာတဲ့အခါ ချောင်းဆိုးတဲ့အခါမျိုးမှာ ငုံဆေးငုံမယ်ဆိုရင် သေချာလေးရွေးချယ်ပါလို့ ပြောပါရစေ။ အကောင်းဆုံးငုံဆေး ရွေးချယ်ကြမယ် လည်ချောင်းနာတာ နဲ့ ချောင်းဆိုးတာကို သက်သာစေဖို့အတွက် အကောင်းဆုံးငုံဆေး ရွေးချယ်ကြမယ် ဆိုရင် ဒီအချက်လေးတွေကို မဖြစ်မနေထည့်သွင်းစဉ်းစားဖို့လိုပါမယ်။ Menthol (ပရုပ်အေး) ပါလား - ငုံဆေးငုံတဲ့အခါ ပရုပ်အေးပါမှာ […]


လည်ချောင်းပြဿနာများ

ရာသီအကူးအပြောင်းကြောင့် လည်ချောင်းနာနေပြီဟုတ်.....

မိုးလေးကုန်လို့ ဆောင်းကိုကူးဖို့ ရာသီဥတုကူးပြောင်းမှုလေးက အစချီနေချိန်မှာ ပြောင်းလဲမှုကိုမခံစားနိုင်တဲ့ ခန္ဓာကိုယ်က ရာသီအကူးအပြောင်းကြောင့် လည်ချောင်းနာနေပြီဟုတ်..... ညအိပ်တုန်းက အကောင်းကြီးပါ။ မနက်နိုးမှပဲ လည်ချောင်းထဲက နာချင်သလိုလိုဖြစ်လာတယ်ဆိုတဲ့ ခံစားချက်များခံစားနေရပြီလား Helloဆရာဝန်ပရိသတ်ကြီးရေ.... ဒီခံစားမှုကို သက်သာစေဖို့ပဲဖြစ်ဖြစ် ခပ်ဝေးဝေးနေဖို့ပဲဖြစ်ဖြစ် စိတ်ကူးထားတယ်ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ ရာသီအကူးအပြောင်းကြောင့် လည်ချောင်းနာနေပြီဟုတ်..... ဒါကို သက်သာစေဖို့ ဘာတွေဂရုစိုက်ရမလဲ.......... ရာသီအကူးအပြောင်းကြောင့် လည်ချောင်းနာနေပြီဟုတ်..... ဒီလို လည်ချောင်းနာတာကို သက်သာစေဖို့ ဆိုရင် အိပ်ရေးဝဝအိပ်ပါ အိပ်ရေးဝတာကလည်း ခန္ဓာကိုယ်ကို ကိုယ်ခံအားကောင်းစေပြီး ရောဂါပိုးတွေကို အကောင်းဆုံးကာကွယ်တိုက်ထုတ်နိုင်မှာပါ။ ဒါကြောင့် ရုပ်ရှင်ကြည့်ချိန်၊ ဖုန်းသုံးချိန်နဲ့ ဂိမ်းဆော့ချိန်တွေကိုလျှော့လို့ ညတိုင်း အိပ်ချိန် ၈ နာရီပြည့်ဝအောင်ထားပေးပါ။ အာဟာရပြည့်ဝအောင်စားပါ ခန္ဓာကိုယ်ကျန်းမာစေဖို့ မေ့ထားလို့မဖြစ်တဲ့ အချက်တစ်ခုပေါ့။ ဒါကြောင့် တစ်နေ့တာမှာ ခန္ဓာကိုယ်အတွက် လိုအပ်မယ့် အာဟာရတွေကို ပြည့်ဝအောင် စားပေးပါ။ တစ်နေ့ကို အနည်းဆုံး ၂ နပ်တော့ […]


လည်ချောင်းပြဿနာများ

လည်ချောင်းခြောက်ပြီးယား နေတာ ဒါတွေကြောင့် ဖြစ်နိုင်တယ်နော်

တစ်ခါတလေ လည်ချောင်းက ခြောက်ကပ်ကပ်နဲ့ ယားသလိုဖြစ်နေရင် သိပ်နေရခက်တာနော်။ အထူးသဖြင့် ရာသီအကူးအပြောင်းကာလတွေ၊ အေးတဲ့ ဆောင်းရာသီတွေဆိုရင် ဒီလိုလက္ခဏာတွေက မကြာခဏဆိုသလို တွေ့ရတတ်တယ်နော်။ ခုဆောင်းပါးမှာတော့ လည်ချောင်းခြောက်ပြီးယား စေတဲ့ အကြောင်းရင်းတွေနဲ့ ဘယ်လိုသက်သာအောင် လုပ်လို့ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။ လည်ချောင်းခြောက်ပြီးယား ‌ရတဲ့ အကြောင်းရင်းများ ၁။ ရေသောက်နည်းတာ ရေသောက်နည်းတဲ့သူတွေဆိုရင် အမြဲလိုလို ခံတွင်းက ခြောက်တတ်တယ်နော်။ ရေဓာတ်ခမ်းခြောက်နေတယ်ဆိုတာ ခန္ဓာကိုယ်က အချက်ပြတဲ့အနေနဲ့ လည်ချောင်းယားလာတာအပြင် ရေငတ်တာ၊ ဆီးအရောင်နောက်လာတာ၊ မောပန်းလာတာ၊ ခေါင်းမူးပြီး ရင်ထဲမောနေသလို ဖြစ်တာ အစရှိတဲ့ လက္ခဏာတွေပါ တွေ့ရတတ်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ တစ်နေ့ကို ရေလုံလောက်စွာ သောက်ပေးပါ။ အမျိုးသားတွေဆိုရင် ခန္ဓာကိုယ်အလေးချိန်ကို လိုက်ပြီး ရေ ၂-၃လီတာခန့် သောက်ပါ။ အမျိုးသမီးတွေဆိုရင်လည်း ရေကို ၂လီတာလောက် အနည်းဆုံးသောက်ပေးပါ။ ပူလွန်းတဲ့နေ့တွေ၊ အားကစားလုပ်ပြီး […]


လည်ချောင်းပြဿနာများ

အာသီးဖြတ်ခြင်းနဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းတွေ ။ ။

အာသီးဖြတ်ခြင်းနဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းတွေ အကြောင်းလေးကို ဗဟုသုတ အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။ အာသီးဖြတ်ခြင်းနဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းတွေ ။ ။ အာသီးခဏခဏရောင်တယ်၊ လည်ချောင်းနာတာ ခဏခဏဖြစ်တယ်။ အာသီးက ကြီးကြီးလာလို့ အသက်ရှူ မရတော့ဘူးစတဲ့ ပြဿနာတွေအတွက် အဓိက ဖြေရှင်းနည်းကတော့ အာသီးဖြတ်ထုတ်တာပဲဖြစ်ပါတယ်။ အာသီးဖြတ်ရတော့မယ်ဆိုရင် လူတိုင်းက ကြောက်သွားတတ်ကြပါတယ်။ အာသီးကြီး ဘာ့ကြောင့်ဖြတ်ရမှာလဲ၊ မဖြတ်ဘဲနေလို့ရော မရဘူးလား။ ဖြတ်လိုက်ရင်ရော ဘာတွေ ဖြစ်သွားမှာလဲဆိုတဲ့မေးခွန်းတွေ တစ်သီတစ်တန်းကြီး ဝင်လာမှာပါ။ ဒီတော့ အာသီးဆိုတာဘာလဲ။ အာသီးဖြတ်တယ်ဆိုတာ လျှာအနောက်နားက အာခေါင်မှာရှိတဲ့ အာသီးနှစ်ဘက်ကိုဖြတ်ထုတ်လိုက်တာဖြစ်ပါတယ် ။ ဒီနေရာမှာ uvulaနဲ့ အာသီးကို ရောနေတတ်ကြပါတယ်။ ပါးစပ်ဟပြီးကြည့်လိုက်လို့ တွဲလွဲကျနေတာက uvula ပါ။ အာခေါင်ကနေ  တွဲလောင်းကျနေတဲ့ တစ်ရှူး‌ပျော့လေး ဖြစ်ပါတယ်။ အာသီးဆိုတာ ဘေးတစ်ဘက်တစ်ချက်စီမှာရှိတဲ့ ဖုသီးနီနီလေးတွေပါ။ ကလေးအသက် […]


လည်ချောင်းပြဿနာများ

အာသီးဖြတ်ပြီးနောက်ပိုင်း ဘယ်လိုပြုမူနေထိုင်သင့်သလဲ ။။

ခဏခဏ အာသီးရောင်လည်ချောင်းနာ၊ အာသီးကြီးနေလို့ဆိုပြီး အာသီးဖြတ်ထုတ်လိုက်ရတဲ့သူတွေရှိမှာပါ။ အာသီးဆိုတာ လည်ချောင်းထဲကို ဝင်လာတဲ့ရောဂါပိုးတွေကို ဖမ်းပေးတဲ့အရာဖြစ်ပေမယ့် သူက ကျန်းမာရေးကို မကြာခဏ ဒုက္ခပေးနေတဲ့အခါ ကုသမှု အနေနဲ့ အာသီးဖြတ်ထုတ်လိုက်ရတာမျိုးတွေရှိတတ်ပါတယ်။ ခုပြောပြပေးမှာက အာသီးဖြတ်ထုတ်ပြီးနောက်ပိုင်းသိသင့်တဲ့ ကျန်းမာရေးတွေ၊ လိုက်နာရမယ့် ပုံစံတွေ အကြောင်းပဲ ဖြစ်ပါတယ်။ အာသီးဖြတ်ပြီးနောက်ပိုင်း ဘာတွေဆက်လုပ်ရမလဲ။ အာသီးဖြတ်ြပီးနောက်ပိုင်း ဆရာဝန်က သင့်ကို ပေးတဲ့ဆေးတွေထဲမှာ အနာသက်သာဆေး - အနာသက်သာဆေးကို အစားမစားခင်တည်းက ကြိုသောက်ထားပါ။ ဒါမှ အစားစားတဲ့အချိန်ကျ နာကျင်မှုဝေဒနာသက်သာအောင်လို့ပါ။ ပြီးမှ အစားစားပါ။ အနာသက်သာဆေးတွေထဲကမှ aspirinကို ရှောင်ပါ။ aspirinဟာ အကိုက်အခဲသက်သာစေတယ်ဆိုပေမယ့် သွေးထွက်လွန်တဲ့ဘေးထွက်ဆိုးကျိုးရှိတတ်တာကြောင့် ခွဲထားတဲ့ အရာကနေ သွေးပြန်ထွက်တတ်ပါတယ်။ ပဋိဇီဝပိုးသတ်ဆေး - အစားစားတဲ့လမ်းကြောင်းဆိုတာ ပြင်ပကပိုးတွေ အများဆုံးဝင်နိုင်တာဖြစ်လို့ အနာပိုးမဝင်အောင် ပိုးသတ်ဆေးတွေ သောက်ခိုင်းတာ ဖြစ်ပါတယ်။ အာသီးဖြတ်ပြီးနောက်ပိုင်း သေးွထွက်ခြင်း။ အာသီးဖြတ်တယ်ဆိုတာ […]


လည်ချောင်းပြဿနာများ

လည်ချောင်းနာ သက်သာစေမယ့် နည်းလမ်းကောင်းတစ်ခု

ဘာမှကို မလုပ်နိုင်ဘူး၊ခေါင်းတွေတောင်ကိုက်နေပြီ။ ဖျားနေလို့လားဆိုတော့ မဟုတ်ဘူး။ အကြောင်းကတော့ လည်ချောင်းနာ နေတာပါ။ လည်ချောင်းနာတာက ခံရခက်တဲ့ဝေဒနာတစ်ခုပေါ့။ တစ်နေ့တာလုံး အလုပ်တွေကျောင်းစာတွေကိုကောင်းကောင်းအာရုံမစိုက်နိုင်တော့အောင်ကို လုပ်နိုင်တာပါ။ ဒီတော့ လည်ချောင်းနာတဲ့အခါ စိတ်ထဲမှာတွေးမိမှာတစ်ခုကမြန်မြန်သက်သာချင်လိုက်တာဆိုတဲ့အချက်ပါ။ ဘာပဲစားစား မျိုချရခက်တယ် မြန်မြန်လည်းပျောက်ချင်ပါရဲ့ ဒါပေမယ့် ဆေးသောက်ရမှာကြောက်တယ်၊ လည်ချောင်းနာတာလည်း သက်သာချင်တယ်ဆိုရင် နည်းလမ်းကောင်းလေးတစ်ခုပြောပြမယ်လေ။ ကဲ .... လည်ချောင်းနာ သက်သာစေမယ့် နည်းလမ်းကောင်းတစ်ခု က ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ လည်ချောင်းနာတာကိုဖြစ်စေတဲ့အကြောင်းအရင်း လူတော်တော်များများယူဆထားတာက လည်ချောင်းနာတာကိုဖြစ်စေတာကအေးတာတွေစားလို့၊ အရမ်းအေးနေတဲ့ရေ၊ အချိုရည်တွေကိုသောက်လို့ စတဲ့အကြောင်းအရာတွေကြောင့်လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ လည်ချောင်းနာစေတာက အအေးမိတုပ်ကွေး ဖြစ်စေတဲ့ ဗိုင်းရပ်စ်ကြောင့်ပါ။ အခုလို မိုးရာသီမှာဆိုရင် ပိုအဖြစ်များပါတယ်။ လည်ချောင်းနာနေပြီ။ ဘယ်လိုသက်သာအောင်လုပ်မလဲ............... လည်ချောင်းနာနေပြီဆိုရင် ဒီအချက်လေးတွေကို စမ်းကြည့်သင့်ပါတယ်။ ပြည့်ပြည့်ဝဝအနားယူပါ ရေများများသောက်ပါ အစိုဓါတ်ထိန်းစက်လေးဖွင့်ပေးပါ ရေနွေးငွေ့ရှုပေးပါ ရေနွေးနဲ့ပျားရည်လေးသောက်ပေးပါ ဆားရည် အာလုပ်ကျင်းပေးပါ […]


လည်ချောင်းပြဿနာများ

မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ လည်ချောင်းနာ တာနဲ့ ချောင်းဆိုးတာကို ဖြစ်စေတဲ့ အကြောင်းအရင်းများ

မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ လည်ချောင်းနာ တာနဲ့ ချောင်းဆိုးတာကို ဖြစ်စေတဲ့ အကြောင်းအရင်းများ အကြောင်း သိပြီးပြီလား! အစိုးမရတဲ့ ပူလိုက်အေးလိုက် မိုးရွာလိုက်ဖြစ်နေတဲ့ ရာသီဥတုဒဏ်အောက်မှာ အမှုမဲ့အမှတ်မဲ့ လှုပ်ရှားသွားလာရင်းက ခေါင်းကိုက်သလို၊ ခြေလက်တွေကိုက်ခဲသလို၊ လည်ချောင်းထဲက နာသလိုတွေ ဖြစ်ဖူးလား။ တစ်ခါတလေများဆိုရင် နှာစေး၊ နှာပိတ်၊ ချောင်းဆိုးတာတွေတောင် ဖြစ်တတ်ပါသေးတယ်။ ခန္ဓာကိုယ်က ကျန်းမာနေပေမယ့် ညဘက်လေးအိပ်ရေးပျက်ရင်တောင် တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ရာမှာ အခက်တွေ့တတ်တယ်ဆိုတော့ နေထိုင်မကောင်းတဲ့အခါမျိုးဆိုရင် တော်တော်လေးစိတ်အနှောင့်အယှက်ဖြစ်စရာပါ။ အခုပြောခဲ့တာတွေ အထူးသဖြင့် လည်ချောင်းနာ ပြီဆိုရင်က နေထိုင်မကောင်းဖြစ်တော့မယ်ဆိုတာရဲ့ ရှေ့ပြေးဖြစ်ပါတယ်။ ဒီလိုပြဿနာတွေကြောင့် တစ်နေ့တာလုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ရာမှာ အနှောင့်အယှက်မဖြစ်ချင်သူတွေအတွက် ဒီဆောင်းပါးလေးကနေတဆင့် သတင်းကောင်းပါးပါရစေ။ မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ လည်ချောင်းနာ တာနဲ့ ချောင်းဆိုးတာကို ဖြစ်စေတဲ့ အကြောင်းအရင်းများ လည်ချောင်းနာ တာကို ဖြစ်စေတဲ့အကြောင်းအရင်းက တစ်ခုမက ဖြစ်နိုင်ပါတယ်။ လည်ချောင်းနာတာကို […]


လည်ချောင်းပြဿနာများ

သိုင်းရွိုက်ဟော်မုန်း ပုံမှန် မဟုတ်တာကြောင့် သင့်ကျန်းမာရေး ဘယ်လိုတွေ ထိခိုက်နိုင်သလဲ ။ ။

လည်ပင်းကြီးရောဂါအကြောင်း အားလုံးကြားဖူးကြမှာပါ။ လည်ပင်းကြီးတယ်လို့သာ ပြောကြတာပါ ။ တကယ်တော့ လည်ပင်းကြီးတာ မဟုတ်ပါဘူး။ လည်ပင်းမှာရှိတဲ့ လိပ်ပြာပုံစံ သိုင်းရွိုက်ဂလင်း လေးကြီးလာတာကြောင့် လည်ပင်းကြီးသလို ဖြစ်ရတာပါ။ သိုင်းရွိုက်ဂလင်းဆိုတာဘာလဲ ။ ။ သိုင်းရွိုက်ဂလင်းဆိုတာ ကိုယ်တွင်း အစိတ်အပိုင်း တော်တော်များများ အလုပ်လုပ်တဲ့နေရာမှာ ပါဝင်နေရတဲ့ သိုင်းရွိုက်ဟော်မုန်း တွေ ထုတ်ပေးရတဲ့ ဂလင်းတစ်ခုဖြစ်ပါတယ်။ သူကောင်းကောင်း အလုပ်မလုပ်တော့တာနဲ့ သိုင်းရွိုက်ဟော်မုန်း နည်းတာ၊ များတာတွေ ဖြစ်သွားပြီး သင့်ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သိုင်းရွိုက် ဂလင်း ပုံမှန် အလုပ်လုပ်လား မလုပ်ဘူးလားဆိုတာကို ကိုယ့်ဘက်က သိထားဖို့လိုအပ်ပါတယ်။ ။ သိုင်းရွိုက် ဂလင်း ပုံမှန် အလုပ်မလုပ်တဲ့အခါ ဖြစ်တတ်တဲ့ ပြဿာနာနှစ်ခုရှိပါတယ်။ သိုင်းရွိုက်ဟော်မုန်းများတာ ( Hyperthyroidism) နဲ့ သိုင်းရွိုက်ဟော်မုန်းနည်းတာပါ။ ( hypothyroidism) သူတို့နှစ်ခုပေါ် […]


လည်ချောင်းပြဿနာများ

ဘာကြောင့် လည်ချောင်းမကြာခဏ နာနေတာလဲ

ရာသီဥတုမရွေး၊ လူမျိုးမရွေး ဖြစ်တတ်တဲ့ ရောဂါဝေဒနာတွေထဲမှာ လည်ချောင်းနာတာလည်း တစ်ခုအပါအဝင်ပါပဲ။ ရောဂါလက္ခဏာ မပြင်းထန်တဲ့တိုင်အောင် ကိုယ့်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာကို အနှောင့်အယှက်ဖြစ်စေတဲ့အပြင် ဝေဒနာကို ခံစားနေရတဲ့ ဒုက္ခကလည်း မသက်သာလှပါဘူး။ ဒါဆိုရင် လည်ချောင်းနာတာနဲ့ ပတ်သက်ပြီး ကာကွယ်ပုံတွေ၊ ဖြစ်ရခြင်းအကြောင်းရင်းတွေ၊ ရောဂါလက္ခဏာတွေကို ဗဟုသုတအနေနဲ့ ဝေမျှပေးလိုက်ပါတယ်။ လည်ချောင်းနာခြင်း လည်ချောင်းနာတယ်ဆိုတာ ပုံမှန်အားဖြင့် လည်ချောင်းက ယားယံပြီး နေရခက်တာ၊ နာကျင်တာ၊ အထူးသဖြင့် အစာ၊ ရေမြိုချလိုက်တဲ့အခါမှာ ပိုပြီးတော့ နာကျင်ပါတယ်။ အဖြစ်အများဆုံးအကြောင်းရင်းကတော့ အအေးမိ တုပ်ကွေးရောဂြါဖစ်စေတဲ့ ဗိုင်းရပ်စ်ပိုးကြောင့်ပါပဲ။ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ လည်ချောင်းနာ ဝေဒနာက သူ့အလိုလို သက်သာပျောက်ကင်းသွားမှာပါ။ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ လည်ချောင်းနာခြင်း ဝေဒနာ - Strep throat (streptococcal infection) ကတော့ အဖြစ်နည်းတဲ့ ရောဂါလက္ခဏာမျိုးပါ။ ကိုယ့်လည်ချောင်းနာတဲ့ […]


လည်ချောင်းပြဿနာများ

အာသီးရောင် လည်ချောင်းနာခြင်းကို သက်သာစေမယ့် အိမ်တွင်းဆေးနည်းများ။ ။

လည်ချောင်းနာတယ်၊ အာသီးရောင်တယ်ဆိုတာ လူတိုင်းဖြစ်ဖူးနေကျ အရာတစ်ခုပါ။ နေပူလိုက်၊ မိုးရွာလိုက်ဖြစ်နေတဲ့ ခုလိုရာသီမျိုးမှာ ပိုတောင်ဖြစ်နိုင်ပါသေးတယ်။ အာသီးရောင်၊ လည်ချောင်းနာရခြင်းဟာ ဗိုင်းရပ်စ်ပိုး ( သို့မဟုတ်) ဘက်တီးရီးယားပိုးကြောင့်ဖြစ်ရတာပါ။ သူတို့တွေကြောင့် လည်ချောင်းနဲ့အာသီးက ကြွက်သားတွေရောင်ပြီး နာလာပါတယ်။ မျက်စိနဲ့ကြည့်ရင် အာသီးက ကြီးနေတတ်ပြီး နီရဲနေတာကို တွေ့နိုင်ပါတယ်။ အဲလိုအခါမျိုးမှာ ရေသောက် ထမင်းစားလို့ မျိုချရင်တောင် နာနေတတ်အတွက်ကြောင့် စိတ်ကို အတော်လေး အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့် ဆေးသောက်ရမှာ ဆေးခန်းသွားရမှာ ကြောက်နေတဲ့ သူတွေအတွက် လည်ချောင်းနာ၊ အာသီးရောင်ရင် လုပ်နိုင်တဲ့ အိမ်တွင်းဆေးနည်းလေးတွေ အကြောင်းပြောပြပေးချင်ပါတယ်။ ၁ ။ ဆားရည်နွေးနဲ့ ပလုတ်ကျင်းခြင်း။ ။ လည်ခေျာင်းနာ အာသီးရောင်ရင် ဆားရည်နွေးလေးနဲ့ ပလုတ်ကျင်းတာဟာ ရှေးလူကြီးတွေလက်ထက်ကတည်းက အသုံးပြုလာတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဆားရည်နွေးလေးဟာ လည်ချောင်းနာတာကို သက်သာစေပြီး ရောင်နေတဲ့ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်