လည်ချောင်းပြဿနာများ

လည်ချောင်းပြဿနာများ ၊ ရောဂါလက္ခဏာများ၊ အဖြစ်များတဲ့ ရောဂါများ၊ ကုသနည်းများ၊ ဆောင်ရန်၊ ရှောင်ရန်များကို လေ့လာပြီး လည်ချောင်းကျန်းမာရေးကို စောင့်ရှောက်လိုက်ပါ။

ကျန်းမာရေးဗဟုသုတ

လည်ချောင်းပြဿနာများ

လည်ချောင်းခဏခဏ နာတာက ဘယ်လို အခြေအနေဆိုရင် စိတ်ပူရမလဲ!

လည်ချောင်းနာတာကို တော်တော်များများ  ခံစားဖူးမှာပါ။ လည်ချောင်းနာတာက မအီမသာဖြစ်စေနိုင်သလို နေ့စဉ်ဘဝမှာ အတော်လေး နေရခက်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ လည်ချောင်းနာတာက ဖြစ်လေ့ဖြစ်ထ ရှိတယ်ဆိုပေမယ့် လည်ချောင်းနာတာကို ခဏခဏ ခံစားရတာကတော့ ပုံမှန်လို့ဆိုဖို့ ခက်မှာပါ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ လည်ချောင်းခဏခဏ နာတာက ဘယ်လို အခြေအနေဆိုရင် စိတ်ပူရမလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။ လည်ချောင်းနာတာက အဖြစ်များလား! လည်ချောင်းနာတာက တစ်နှစ်ကို ၄-၅ ကြိမ်လောက်တော့ ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါပေမယ့် ဒီထက် ပိုဖြစ်မယ်။ တစ်လကို ၂ ကြိမ်မက လည်ချောင်းနာတာကို ခံစားရမယ်ဆိုရင်တော့ ပုံမှန် မဟုတ်ဘူးလို့ ဆိုရပါမယ်။ လည်ချောင်းနာတာကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကလည်း တော်တော်လေးတော့ များပါတယ်။  အသက်ရှူလမ်းကြောင်းမှာ ပိုးဝင်ကူးစက်တာ အာသီးရောင်တာ ဆေးလိပ်သောက်တာ အိပ်နေစဉ် ပါးစပ်နဲ့ အသက်ရှူရတာ […]

လည်ချောင်းပြဿနာများ ကို ရှာဖွေမည်။

လည်ချောင်းပြဿနာများ

လည်ချောင်းနာ သက်သာစေသော နည်းလမ်း (၁၀)မျိုး

နည်းလမ်းများလည်ချောင်းနာခြင်းသည် ခံရခက်လွန်းသော ဝေဒနာတစ်မျိုးဖြစ်သည်။ အထူးသဖြင့် သင့်အလုပ်သည် စကားများများပြောရန် လိုအပ်သော အလုပ်ဖြစ်ပါက ပို၍ပင်ဆိုးဝါးသည်။ အကယ်၍ သင့်တွင်ဆရာဝန်ဆီ သွားရန်အချိန်မရှိသေးပါက အိမ်တွင်းကုထုံးများနှင့် ဆေးစာမလိုဘဲ ဆေးဆိုင်မှ ဝယ်၍ရသောဆေးဝါးများကို စမ်းသပ်သုံးစွဲနိုင်သည်။ အောက်ပါနည်းလမ်း ၁၀မျိုးမှာ လည်ချောင်းနာသက်သာစေသော နည်းလမ်းများပင်ဖြစ်သည်။ (၁) Advil သင့်အိမ်တစ်နေရာရာတွင် Advil ဆေးလုံးလေးများတော့ ရှိနေပြီးသားဖြစ်လိမ့်မည်။ Advil သည် အရောင်ကျဆေး နှင့် အနာသက်သာဆေးတို့ပါဝင်သည့် စတီးရွိုက်မပါသော ဆေးတစ်မျိုးဖြစ်သည်။ ရောင်ရမ်းခြင်းကိုသက်သာစေကာ သင့်ကို ပိုပြီးနေထိုင်ကောင်းစေမှာပါ။ (၂) ဆားရေ သိပ္ပံပညာရှင်များက တစ်နေ့သုံးလေးကြိမ် ဆားရေနွေးနွေး ဖြင့်ပလုပ်ကျင်းခြင်းသည် ရောင်ရမ်းခြင်းနှင့် ချွဲသလိပ်တို့ကို လျော့ပါးစေပြီး ဘက်တီးရီးယားပိုးမွှားများကို တိုက်ဖျက်ပေးသည်။ ရေတစ်ခွက်လျှင် လက်ဖက်ရည်ဇွန်းတစ်ဝက်နှင့် ဖျော်နိုင်သည်။ အရသာမပြင်းစေရန် ပျားရည်အနည်းငယ်ထည့်နိုင်သော်လည်း ပလုပ်ကျင်းပြီးလျှင် ထွေးထုတ်ဖို့တော့ မမေ့ပါနှင့်။ (၃) လည်ချောင်း ဖျန်းဆေး လည်ချောင်း ဖျန်းဆေး […]


နား၊ နှာခေါင်း၊ လည်ချောင်း

Sore Throat (လည်ချောင်းနာခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Sore Throat (လည်ချောင်းနာခြင်း) ကဘာလဲ။ လည်ချောင်းနာခြင်းကို လည်ချောင်းရောင်ခြင်း (Pharyngitis) ဟုလည်းခေါ်ပါတယ်။ ပိုးဝင်၍ လည်ချောင်းနာကျင်သော ရောဂါတစ်ခုဖြစ်ပြီး အဖြစ်များပါတယ်။ လူနာသည် လည်ချောင်းတစ်လျှောက် နာကျင်ပူလောင်ခြင်းကို ခံစားရ၍ မသက်မသာဖြစ်ရတယ်။ အထူးသဖြင့် အစာမြိုချရ ခက်ခဲတတ်တယ်။ ဒီရောဂါဟာ အများအားဖြင့် ထိခိုက်မှုမရှိဘဲ တစ်ပတ်အတွင်း အလိုအလျောက် ပျောက်သွားတတ်တယ်။ Sore Throat (လည်ချောင်းနာခြင်း) က ဘယ်လောက်အဖြစ်များသလဲ မည်သည့်အသက်အရွယ်မဆို ဒီရောဂါဖြစ်တတ်ပါတယ်။ ရောဂါဖြစ်ပွားနှုန်းကို မြင့်စေသော အကြောင်းရင်းများကို လျှော့ချခြင်းဖြင့် စီမံနိုင်တယ်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများSore Throat (လည်ချောင်းနာခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်အများဆုံးကတော့ လည်ချောင်းတစ်လျှောက် နာကျင်နေခြင်းပဲဖြစ်တယ်။ ရောဂါဖြစ်စေ သော အကြောင်းရင်းပေါ်မူတည်၍ နားကို၊ ဖျားနာ၊ အာသီးရောင်၊ လည်ပင်းနာ၊ စကားပြောရင်နာ၊ မြိုချရင်နာ၊ လည်ချောင်းနီရဲ၊ နှာစေး၊ အိပ်ရင်ဟောက်ပြီး […]


လည်ချောင်းပြဿနာများ

Tonsillitis (အာသီးရောင်ခြင်း)

Tonsillitis (အာသီးရောင်ခြင်း) အကြောင်းလေးကို အတူတူ လေ့လာလိုက်ရအောင်နော်။ အဓိပ္ပါယ်ဖွင့်ဆိုချက် Tonsillitis (အာသီးရောင်ခြင်း) ကဘာလဲ။ Tonsillitis( အာသီးရောင်ခြင်း) ဆိုတာ ပုံမှန်အားဖြင့် ရောဂါပိုးဝင်ပြီး ဖြစ်လေ့ရှိသော အာသီးရောင်ရမ်းခြင်းကို ခေါ်ပါတယ်။ Tonsillitis (အာသီးရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါအခြေအနေက အဖြစ်များပါတယ်။ တစ်နှစ်မှာ လူသန်းနှင့် ချီပြီး အာသီးရောင်ကြပါတယ်။ အနေခက်တာကလွဲလျှင် အားသီးရောင်ခြင်းက ပြင်းထန်တဲ့ရောဂါတစ်ခုတော့ မဟုတ်ပါဘူး။ အာသီးရောင်တာဟာ အသက်အရွယ် မရွေးဖြစ်တတ်သော်လည်း ကလေးတွေမှာ အဖြစ်များပါတယ်။ ကျောင်းနေစ အရွယ်ကနေ အလယ်တန်းလောက်ထိ ကလေးတွေမှာ ဒီရောဂါကိုတွေ့ရနိုင်ပါတယ်။ ဆက်လက်သိရှိလိုသည်များကို ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများ Tonsillitis (အာသီးရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အာသီးရောင်ခြင်းရဲ့ အဖြစ်များဆုံးရောဂါလက္ခဏာတွေမှာ • လည်ချောင်း အလွန် နာခြင်း • မျိုချရခက်ခြင်း သို့ မျိုချလျှင် နာခြင်း • အက်ကွဲသံထွက်နေခြင်း • ချောင်းဆိုးခြင်း • ပါးစပ်နံခြင်း • […]


လည်ချောင်းပြဿနာများ

Laryngitis (အသံအိုး ရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Laryngitis (အသံအိုး ရောင်ခြင်း) ကဘာလဲ။ အသံအိုးရောင်ခြင်း (Laryngitis) ဆိုသည်မှာလည်မျိုတွင်ရှိသောအသံအိုးရောင်ရမ်းခြင်းကို ဖြစ်စေသည့် အခြေအနေတစ်ခု ဖြစ်သည်။ အသံအိုးအတွင်းတွင် အမြှေးပါး နှစ်ထပ်နဲ့ အသံကြိုး နှစ်ခုရှိသည်။ ပုံမှန်အားဖြင့် သင်၏အသံသည် တုန်ခါခြင်းကြောင့်ဖြစ်ပေါ်လာသည်။ ထိုအမြှေးပါးများရောင်ရမ်းနေပါကသင့်အသံသည် ကွဲအက်ခြင်း၊ အသံမထွက် ခြင်းတို့ ဖြစ်လာပါသည်။ အသက်ရှူရခက်ခြင်းနှင့် ချောင်းဆိုးရာတွင် နာကျင်ခြင်းတို့ ဖြစ်နိုင်ပါသည်။ ရောင်ရမ်းခြင်းသည် စကားပြောများခြင်း၊ ရောဂါပိုးဝင်ခြင်း နှင့် ယားယံခြင်းတို့ကြောင့် ဖြစ်သည်။ အသံအိုးရောင်ခြင်းသည် ယာယီသို့မဟုတ် အချိန်အတန်ကြာ ဖြစ်နိုင်ပါသည်။ ရောဂါ လက္ခဏာများ ကြာရှည်နေပါကအသံအိုးရောင်ခြင်းသည် အခြားပိုပြင်းထန်သောအရာတစ်ခုကြောင့် ဖြစ်နိုင်သည်။ ဆရာဝန်နှင့် သွားရောက်စစ်ဆေးရန် အရေးကြီးပါသည်။ Laryngitis (အသံအိုး ရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အသံအိုးရောင်ခြင်းသည် အတော်တန် အဖြစ်များသောရောဂါတစ်ခုဖြစ်သည်။ အဆိုတော်များလူထုနှင့် စကားပြောရသူများစသောအသံကိုနေ့စဉ် အစဉ်အမြဲအသုံးပြုနေရသူများတွင် ပို၍အဖြစ်များပါသည်။ အအေးမိသူများလည်ချောင်းနာသူများတွင်လည်းအဖြစ်များပါသည်။ အန္တရာယ်ရှိသောအချက်များကိုလျော့ချခြင်း ဖြင့် အသံအိုးရောင်ခြင်းကိုထိန်းချုပ်နိုင်ပါသည်။ ပိုမိုသောအချက်အလက်များအတွက် […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်