ချင်း (ဂျင်း) ပြုတ်ရည်သောက်ပါ
ချင်း (ဂျင်း) က ကိုယ်ခံအား ကောင်းစေပြီး ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ ဒါကြောင့် တစ်ပတ်ကို နှစ်ကြိမ်လောက် ချင်း (ဂျင်း) ပြုတ်ရည် သောက်ပေးပါ။
ရေများများသောက်ပါ
ရေ၊ စွပ်ပြုတ်နဲ့ သစ်သီးဖျော်ရည်လိုမျိုး ခန္ဓာကိုယ်အတွက် ရေဓာတ်ရရှိစေမယ့် သောက်စရာတွေကိုသောက်သုံးပေးလို့ရပါတယ်။ လည်ချောင်းမှာ အစိုဓါတ်ရှိနေတာက လည်ချောင်းနာတာကို သက်သာစေမယ့်နည်းလမ်းတစ်ခုပါ။ အရည်ဆိုလို့ကော်ဖီတွေ၊ လက်ဖက်ရည်တွေတာ့မသောက်ပါနဲ့။ ကဖင်းပါတဲ့ အချိုရည်တွေနဲ့ အရက်၊ဘီယာတို့ကိုလည်းရှောင်ပေးပါနော်။
လက်မကြာခဏဆေးပါ
ရောဂါပိုးတွေကို ကာကွယ်တိုက်ထုတ်နိုင်တဲ့ အလွယ်ကူဆုံးနဲ့ အရိုးစင်းဆုံးနည်းလမ်းတစ်ရပ်ပါ။ ဒါကြောင့် လက်ကို ညစ်ပေတဲ့အခါတိုင်းနဲ့ အစားမစားခင်တိုင်းမှာ လက်ကိုသေချာလေသန့်စင်ပေးဖို့ မမေ့ပါနဲ့။
ရေနွေးကြမ်းသောက်ပါ
ရေနွေးကြမ်းခပ်နွေးနွေးလေးသောက်ပေးတာက လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့်လည်ချောင်းနာတဲ့အခါ ရေနွေးခပ်နွေးနွေးလေးသောက်ပေးပါ။
ဆားရည်နဲ့ ပလုပ်ကျင်းပေးပါ
လွယ်ကူရိုးစင်းတဲ့အိမ်တွင်းနည်းတစ်ခုပေါ့။ ရေနွေးတစ်ခွက်စာထဲကို ဆားလက်ဖက်ရည်ဇွန်းနဲ့ လေးပုံတစ်ပုံစာလောက်ထည့်ပြီးနှံ့အောင်မွှေလိုက်ပါ။ ခပ်နွေးနွေးအခြေအနေမှာ အာလုပ်ကျင်းပေးပါ။ လည်ချောင်းနာတာကို ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးပြီး လည်ချောင်းနာတာကို သက်သာစေမှာပါ။
အစိုဓါတ်ထိန်းကိရိယာဖွင့်ထားပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။