လည်ချောင်းပြဿနာများ

လည်ချောင်းပြဿနာများ ၊ ရောဂါလက္ခဏာများ၊ အဖြစ်များတဲ့ ရောဂါများ၊ ကုသနည်းများ၊ ဆောင်ရန်၊ ရှောင်ရန်များကို လေ့လာပြီး လည်ချောင်းကျန်းမာရေးကို စောင့်ရှောက်လိုက်ပါ။

ကျန်းမာရေးဗဟုသုတ

လည်ချောင်းပြဿနာများ

လည်ချောင်းခဏခဏ နာတာက ဘယ်လို အခြေအနေဆိုရင် စိတ်ပူရမလဲ!

လည်ချောင်းနာတာကို တော်တော်များများ  ခံစားဖူးမှာပါ။ လည်ချောင်းနာတာက မအီမသာဖြစ်စေနိုင်သလို နေ့စဉ်ဘဝမှာ အတော်လေး နေရခက်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ လည်ချောင်းနာတာက ဖြစ်လေ့ဖြစ်ထ ရှိတယ်ဆိုပေမယ့် လည်ချောင်းနာတာကို ခဏခဏ ခံစားရတာကတော့ ပုံမှန်လို့ဆိုဖို့ ခက်မှာပါ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ လည်ချောင်းခဏခဏ နာတာက ဘယ်လို အခြေအနေဆိုရင် စိတ်ပူရမလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။ လည်ချောင်းနာတာက အဖြစ်များလား! လည်ချောင်းနာတာက တစ်နှစ်ကို ၄-၅ ကြိမ်လောက်တော့ ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါပေမယ့် ဒီထက် ပိုဖြစ်မယ်။ တစ်လကို ၂ ကြိမ်မက လည်ချောင်းနာတာကို ခံစားရမယ်ဆိုရင်တော့ ပုံမှန် မဟုတ်ဘူးလို့ ဆိုရပါမယ်။ လည်ချောင်းနာတာကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကလည်း တော်တော်လေးတော့ များပါတယ်။  အသက်ရှူလမ်းကြောင်းမှာ ပိုးဝင်ကူးစက်တာ အာသီးရောင်တာ ဆေးလိပ်သောက်တာ အိပ်နေစဉ် ပါးစပ်နဲ့ အသက်ရှူရတာ […]

လည်ချောင်းပြဿနာများ ကို ရှာဖွေမည်။

လည်ချောင်းပြဿနာများ

အော်ရင်း ဟစ်ရင်း လည်ချောင်းနာ နေပြီလား

အော်ပြီ ဟစ်ပြီဟေ့ဆိုရင် လည်ချောင်းနာ မယ်၊ အသံဝင်မယ်၊ ချောင်းဆိုးမယ် စတာတွေက ခံစားရနိုင်တဲ့ ဝေဒနာတွေပါပဲ။ ဒါတွေက တစ်ရက် နှစ်ရက်နဲ့ ပျောက်တာ မဟုတ်တော့ အော်ကလည်း အော်ချင် နာကလည်းနာဆို ဒုက္ခများပါတယ်။ ဒါဆိုရင် ဒီဝေဒနာတွေကို အမြန်သက်သာအောင် လုပ်နိုင်မယ့် နည်းလမ်းလေးများ မရှိဘူးလား။ ဒီဆောင်းပါးမှာတော့ လည်ချောင်းနာတာ သက်သာအောင် လုပ်နိုင်မယ့် အလွယ်နည်းလေးတွေ၊ လည်ချောင်းနာနေချိန်မှာ စားရ၊ မစားရမယ့် အစားအစာတွေကို ပြောပြပေးပါ့မယ်။ သိပ္ပံနည်းကျလေ့လာထားတဲ့ ဆေးဝါးမလိုဘဲ လည်ချောင်းနာ အမြန်သက်သာစေမယ့် နည်းလမ်းများ ရေနွေးနွေးတွေ၊ ရေအေးအေးတွေ အလွယ်တကူရနိုင်တဲ့ ရေနွေးဖြူဖြစ်ဖြစ်၊ ရေနွေးကြမ်းဖြစ်ဖြစ် အာစွတ်ရုံနဲ့ ခဏခဏ သောက်ပေးပါ။ ဒါမှမဟုတ် ရေအေးအေး (ရေခဲရည်မဟုတ်)၊ သစ်သီးဖျော်ရည် အေးအေးလေးတွေ သောက်နိုင်ပါတယ်။ ဒီအရည်တွေက လည်ချောင်းမှာ ကပ်နေတဲ့ ချွဲသလိပ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ […]


လည်ချောင်းပြဿနာများ

အော်ရလွန်းလို့ လည်ချောင်းကွဲ ပြီး သွေးထွက်လာရင်

အော်ရလွန်းလို့ အသံတွေ ဝင်နေတယ်၊ အသံတွေ နာနေတယ်ဆို တော်သေး။ ဒီထက်ပိုဆိုးပြီး လည်ချောင်းကွဲ သွေးစတွေပါလာပြီဆိုရင် စိုးရိမ်လာကြပါပြီ။ ကဲ ဘယ်လိုဖြေရှင်းကြမလဲ။ ဒါအရေးပေါ်အခြေအနေလား။ လည်ချောင်းကွဲ ရတဲ့ အကြောင်းရင်း လည်ချောင်းကွဲတယ်ဆိုပေမယ့် အများထင်ထားသလို လည်ချောင်းကြီး ကွဲထွက်သွားတာ မဟုတ်ပါဘူး။ အော်လွန်းလို့ ဖိအားတွေ များပြီး လည်ချောင်းထဲက သွေးကြောလေးတွေ ပေါက်ကုန်တာပါ။ အော်တဲ့အခါ ရှိုက်ရှူတဲ့ လေကြောင့် လည်ချောင်းခြောက်သွေ့ပြီး သွေးကြောလေးတွေ ပိုပေါက်လွယ်ပါတယ်။ ဘယ်သူတွေ ပိုဖြစ်နိုင်လဲ။ အသံကို အားပြင်းပြင်းသုံးပြီး ကြာကြာအော်တဲ့သူ ဘယ်သူမဆို ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် နဂိုတည်းက ချောင်းဆိုးနေတဲ့သူတွေ ဆေးလိပ်သောက်တဲ့သူတွေ ညစ်ညမ်းတဲ့ လေထုကို ရှူရတဲ့သူတွေ ပတ်ဝန်းကျင်မှာ မီးခိုးငွေ့တွေ၊ အမှုန်အမွှားတွေ ရှိရင် လည်ချောင်းပိုခြောက်ပြီး ကွဲလွယ်ပါတယ်။ လည်ချောင်းကွဲ တာရဲ့ လက္ခဏာတွေက အကောင်းကြီးကနေ လည်ချောင်းတန်းကွဲတာထက် ရှေ့မှာ ရှေ့ပြေးလက္ခဏာလေးတွေ ပြပြီးမှ […]


လည်ချောင်းပြဿနာများ

လည်ချောင်း မှာ အဖြစ်များတဲ့ ရောဂါများ

လည်ချောင်း ဟာ ပြင်ပက ပစ္စည်းတွေ ဖြတ်သန်းပြီး ခန္ဓာကိုယ်ထဲကို ဝင်တဲ့ နေရာဖြစ်တဲ့အတွက် ရောဂါပေါင်းစုံဖြစ်နိုင်ပါတယ်။ သူ့အနေနဲ့ ပြင်ပပစ္စည်းတွေနဲ့အတူ ပါလာတဲ့ ရောဂါပိုးမွှားတွေကိုလည်း ကြိုးစားပြီး တိုက်ထုတ်ရပါတယ်။ လည်ချောင်းမှာ ခံစားရတာတွေက လက္ခဏာသက်သက်သာ ဖြစ်ပြီး သူ့နောက်ကွယ်မှာ ရောဂါတစ်ခုခုရှိနေနိုင်ပါတယ်။ လည်ချောင်း မှာ အဖြစ်များတဲ့ ရောဂါများ လည်ချောင်းနာတာ လူတိုင်း လည်ချောင်းနာဖူးပါတယ်။ လည်ချောင်းနာတာ အများစုက ဗိုင်းရပ်စ်ကြောင့် ဖြစ်ပြီး သိပ်မပြင်းထန်ပါဘူး။ ဘက်တီးရီးယားကြောင့်လည်း နာနိုင်ပြီး လေးဖက်နာပိုးက အဖြစ်အများဆုံးပါပဲ။ တခြားအကြောင်းရင်းတွေကတော့ ဓာတ်မတည့်တာ၊ လည်ချောင်းခြောက်တာ၊ စားချဉ့်ပြန်ရောဂါ၊ အကျိတ် စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ အသံဝင်တာ လည်ချောင်း တွေနာပြီး အသံတွေအက်တာလည်း လူတိုင်း ဖြစ်ဖူးမှာပါပဲ။ အထူးသဖြင့် အအေးမိ ချောင်းတွေဆိုးပြီး အသံဝင်တာ ပိုဖြစ်တတ်ကြပါတယ်။ ဒါ့ပြင် အသံအသုံးများတာ (ဥပမာ […]


နား၊ နှာခေါင်း၊ လည်ချောင်း

အဖြစ်များတဲ့ နား၊ နှာခေါင်း၊ လည်ချောင်း ပြဿနာတွေက ဘာများလဲ

အဖြစ်များတဲ့ နား၊ နှာခေါင်း၊ လည်ချောင်း ပြဿနာတွေက ဘာများလဲ .....နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါတွေက အများကြီးရှိပြီး ခံစားရတဲ့ လက္ခဏာတွေလည်း တစ်ခုနဲ့ တစ်ခု မတူကြပါဘူး။ ဒီထဲကမှ အဖြစ်များပြီး တွေ့ရလေ့ရှိတဲ့ ရောဂါတွေကို ပြောပြပေးသွားပါ့မယ်။ ဒါမှ ဘယ်ရောဂါဆို ဘယ်ဆရာဝန်ဆီ သွားရမလဲဆိုတာ ကွဲကွဲပြားပြား သိမှာပါ။ အဖြစ်များတဲ့ နား၊ နှာခေါင်း၊ လည်ချောင်း ပြဿနာတွေက ဘာများလဲ အဖြစ်များတဲ့ နား၊ နှာခေါင်း၊ လည်ချောင်း ပြဿနာတွေက နားပြည်ယိုတာ နားပြဿနာတွေထဲမှာတော့ ကလေး၊ လူကြီး အရွယ်စုံမှာတွေ့ရတဲ့ ပြဿနာတစ်ခုပါ။ နားထဲမှာရှိတဲ့ Eustachian tubeလို့ ခေါ်တဲ့ ပြွန်လေးက ပါးစပ်အနောက်ဘက် လည်ချောင်းထဲမှာ လာပွင့်ပါတယ်။ ဒါကြောင့် တော်ရုံဆို ရောဂါပိုးမွှားတွေက လည်ချောင်းကနေတဆင့် အပြင်ကို ပြန်ရောက်သွားပါတယ်။ […]


လည်ချောင်းပြဿနာများ

လည်ချောင်းနာတာ အမြန်သက်သာဖို့ ငုံဆေးသကြားလုံးကို သတိရပါ

လည်ချောင်းနာတယ်ဆိုတာ ရာသီဥတု၊ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ အရမ်းကြီးစိုးရိမ်စရာမဟုတ်ဘူးဆိုပေမဲ့ ဝေဒနာခံစားရတဲ့သူအတွက်တော့ တော်တော်လေးကို စိတ်ကသိကအောက်နိုင်စရာကိစ္စပါပဲ။ ဒါကြောင့် ဘယ်လိုအကြောင်းကြောင့်ပဲ လည်ချောင်းနာနေပါစေ၊ ဒီဝေဒနာကို အမြန်ဆုံးသက်သာသွားစေနိုင်မယ့် နည်းလမ်းကတော့ ငုံဆေးသကြားလုံးပါပဲ။ ငုံဆေးသကြားလုံးဆိုလို့ ပုံမှန်အချိုကဲတဲ့ ချောင်းဆိုးစေလောက်တဲ့ သကြားလုံးတော့ မဟုတ်ပါဘူးနော်။ အရသာအမျိုးမျိုးနဲ့ ကိုယ့်ရဲ့လည်ချောင်းမှာ နီရဲရောင်ရမ်းနေတာကို အရောင်ကျသွားစေတယ်။ လည်ချောင်းထဲမှာ ကပ်နေတဲ့ ချွဲသလိပ်တွေကိုလည်း ပျော်ကျစေတယ်။ ဘက်တီးရီးယားပိုးတွေကို ရှင်းပေးလို့ ခံတွင်းအနံ့ဆိုးဖြစ်တာကိုလည်း သက်သာစေနိုင်ပါတယ်။ နောက်ထပ်အားသာချက်ကတော့ တခြားအိမ်တွင်းနည်းလမ်းတွေလိုမဟုတ်ဘဲ ဘယ်သွားသွား ငုံဆေးသကြားလုံးထုပ်လေး ဆောင်ထားလို့ရပြီး လည်ချောင်းနာတာနဲ့ သောက်လိုက်ရုံပဲဆိုတော့ အလုပ်လည်း မရှုပ်တော့ဘူးပေါ့။ ငုံဆေးသကြားလုံးမှာ ဘယ်လိုအရသာတွေ ရှိလဲ။ များသောအားဖြင့် လူတိုင်းကြိုက်နှစ်သက်ပြီး ခံတွင်းအေးစေလောက်မယ့် အရသာမျိုးနဲ့သာ ငုံဆေးသကြားလုံးကို ထုတ်လုပ်တတ်ကြပါတယ်။ ဒီအရသာတွေထဲမှာ ဘာတွေပါတတ်လဲဆိုရင် ၁။ ယူကလစ်ဆီ (Eucalyptus Oil) လည်ချောင်းနာတဲ့ အချိန်တွေတင်မကဘဲ ချောင်းဆိုးတာ၊ […]


လည်ချောင်းပြဿနာများ

ဆောင်းရာသီမှာ လည်ချောင်းမနာဖို့ ဒီလိုကာကွယ်ကြမယ်

ဆောင်းရာသီမှာ လည်ချောင်းမနာဖို့ ဒီလိုကာကွယ်ကြမယ် ... ဆောင်းရာသီလိုမျိုး ခြောက်သွေ့အေးစက်တဲ့ ကာလဆိုတာ ရောဂါပိုးမွှားတွေ ပျံ့နှံ့ပေါက်ဖွားဖို့ အရမ်းလွယ်ကူတဲ့ အချိန်ကာလပါ။ အဲ့ဒါကြောင့်လည်း ဒီလိုမျိုး အေးတဲ့အချိန်ဆို ခဏခဏ ဖျားနာတာ၊ နှာစေးအအေးမိ၊ လည်ချောင်းနာနေကြတာပေါ့။ ဒါ့အပြင် ပါးစပ်ကို လက်ကိုင်ပဝါနဲ့ မအုပ်ဘဲ နှာချေ၊ ချောင်းဆိုးလိုက်တဲ့အခါမျိုးမှာဆို သူတို့ကိုယ်ခန္ဓာထဲမှာ ရှိနေတဲ့ ရောဂါပိုးမွှားပေါင်းများစွာက လေထဲကို အလွယ်တကူ ပျံ့နှံ့သွားပြီး တခြားသူတွေဆီကို ကူးစက်ဖို့ ပိုလွယ်တာပေါ့။ လည်ချောင်းနာတယ်ဆိုတာ ပုံမှန် ရိုးရိုးဖျားနာတာ၊ ရာသီအပြောင်းအလဲကြောင့် ဓာတ်မတည့်ဖြစ်တာ စတဲ့ကျန်းမာရေးပြဿနာအနေနဲ့ ရင်ဆိုင်ရတဲ့အခါ တွေ့နေကျ လူတွေနဲ့လည်း သိပ်မစိမ်းတော့တဲ့ လက္ခဏာတစ်မျိုးပါပဲ။ အရမ်းကြီး စိုးရိမ်စရာမဟုတ်ပေမဲ့ လည်ချောင်းနာတဲ့ ဝေဒနာကြီးကို ဒီအတိုင်းနေရင်လည်း ခံစားနေရတယ်။ အစာစားလိုက်တဲ့အချိန်၊ ရေသောက်လိုက်တဲ့အချိန်ဆိုရင်လည်း လည်ချောင်းက ပူစပ်ပူလောင်နဲ့ နာနေတော့ နေရတာ အဆင်မပြေတော့ဘူးပေါ့။ ဒါဆို […]


လည်ချောင်းပြဿနာများ

လည်ချောင်းနာတာ အမြန်သက်သာစေမယ့် အိမ်တွင်းကုထုံး (၅) ချက်

လည်ချောင်းနာတယ် ဆိုတာ ရာသီမရွေးဖြစ်ပွားတတ်ပြီး ခုလို ပူလိုက်၊ အေးလိုက်ဖြစ်နေတဲ့အချိန်မျိုးမှာဆို ပိုဆိုးတာပေါ့။ ဒီလိုအချိန်တွေမှာ ရောဂါပိုးမွှားတွေက ပိုမိုပွားများလာဖို့လည်း မြန်တဲ့အပြင် ပါးစပ်မအုပ်ဘဲ နှာချေ၊ ချောင်းဆိုးလိုက်ရာကနေ လေမှတစ်ဆင့် လျင်မြန်စွာ ကူးစက်ခံရဖို့ ပိုလွယ်ကူတတ်ပါတယ်။ ခုလို ရာသီအကူးအပြောင်းကာလမှာတော့ လူတွေအဖြစ်များဆုံး ပြဿနာထဲမှာ လည်ချောင်းနာတာလည်း တစ်ခုအပါအဝင်ပါပဲ။ လည်ချောင်းနာတာက ပတ်ဝန်းကျင်ကိုတော့ အနှောင့်အယှက်မဖြစ်စေပေမဲ့ ဝေဒနာရှင်အတွက်တော့ အစားကောင်းကောင်း မစားရ၊ ရေလည်း မသောက်ရ၊ နောက်ဆုံး တံတွေးမြိုရင်တောင် နာရတယ်၊ တစ်ခါတစ်ခါလည်း ယားပြီး နေရခက်တော့ ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်တတ်တယ်နော်။ ဒါကြောင့် ဒီနေ့ဆောင်းပါးလေးမှာ လည်ချောင်းနာတာ အမြန်သက်သာစေမယ့် အိမ်တွင်းကုထုံး တွေကို ဝေမျှပေးလိုက်ချင်ပါတယ်။ လည်ချောင်းနာတာ အမြန်သက်သာစေမယ့် အိမ်တွင်းကုထုံး (၅) ချက် လည်ချောင်းနာတာ အမြန်သက်သာစေမယ့် အိမ်တွင်းကုထုံး (၅) ချက် […]


လည်ချောင်းပြဿနာများ

အသံဝင်ပြီး လည်ချောင်းတွေ နာနေတယ် ဘယ်လိုလုပ်ရမလဲ…….

စကားပြောလိုက်တိုင်း အားမရဘူး။ ဒီထက်ကျယ်ကျယ်ပြောပြန်ရင်လည်း လည်ချောင်းတွေကွဲထွက်တော့မလိုဘဲ အသံဝင်ပြီး လည်ချောင်းတွေ နာနေတယ်  ဆိုရင်တော့ ဒီဆောင်းပါးလေးက helloဆရာဝန်ပရိသတ်ကြီးရဲ့ လည်ချောင်းနာတဲ့ပြဿနာကို အထိရောက်ဆုံး သက်သာစေနိုင်မှာပါ။ အသံဝင်ပြီး လည်ချောင်းတွေ နာနေတယ် လည်ချောင်းနာပြီး အသံဝင်တာက အသံအိုးရောင်နေတာကြောင့်ဖြစ်နိုင်သလို အသက်ရှူလမ်းကြောင်းမှာ ပိုးဝင်ကူးစက်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ စကားပြောရတာခက်ခဲသလို အစားစားရတာလည်း ခက်ခဲပါတယ်။ အသံကုန်ဟစ်ထားလို့ဖြစ်ဖြစ် ပိုးဝင်ကူးစက်လို့ဖြစ်ဖြစ် အသံဝင်ပြီး လည်ချောင်းနာတာကို ဖြစ်စေနိုင်ပါတယ်။ ဒါတွေအပြင် ဆေးလိပ်သောက်တာ ဓာတ်မတည့်တဲ့ အရာတစ်ခုခုကို ရှူရှိုက်မိတာ စားချဉ့်ရည်ပြန်ဆန်တက်တာ စတီးရွိုက် ရှူဆေး၊ ဖြန်းဆေးတွေ ကြာရှည်အသုံးပြုတာ အအေးမိ၊ ဖျားနာဖြစ်တာတွေကြောင့် အသံဝင်ပြီး လည်ချောင်းနာစေနိုင်ပါတယ်။ ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ……….. အသံဝင်ပြီး လည်ချောင်းနာတဲ့အခါ အသံက ပုံမှန်မဟုတ်ဘဲ အက်နေမယ် အသံ တိုးနေမယ် လည်ချောင်းနာမယ် လည်ချောင်းထဲမှာ ယားသလိုလို နာသလိုလိုခံစားရမယ် လည်ချောင်းခြောက်မယ် ချောင်းဆိုးမယ် […]


လည်ချောင်းပြဿနာများ

သင့်ကိုလည်ချောင်းနာစေရတဲ့ အကြောင်းအရင်းများနဲ့ကာကွယ်နည်းများ

နေလေးပူလိုက်၊ မိုးလေးရွာလိုက်။ နေပူထဲထွက်လိုက်၊ အဲယားကွန်းခန်းထဲဝင်လိုက်လုပ်ပြီး အိမ်ပြန်ရောက်တဲ့အထိ ဘာမှမဖြစ်ပေမယ့် မနက်ခင်းလည်းနိုးရော လည်ချောင်းက တံထွေးတောင်မျိုချမရအောင် နာနေတာမျိုးဖြစ်နေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက လည်ချောင်းနာနေတာကို အမြန်သက်သာစေဖို့ရော မဖြစ်သေးရင်လည်း ကာကွယ်ဖို့ပါအသုံးတည့်စေမှာပါနော်။ ဘာတွေကများ လည်ချောင်းနာစေရတာလဲ.............. လည်ချောင်းနာတာကိုဖြစ်စေတဲ့အကြောင်းအရင်းက အများကြီးပါ။ သင့်ကိုလည်ချောင်းနာစေတဲ့ အဓိကအချက်တွေကတော့ – တုပ်ကွေးြဖစ်တာ အအေးမိဖျားနာဖြစ်တာ ရေကျောက်ပေါက်တာ ဓါတ်မတည့်တဲ့အရာတစ်ခုခုနဲ့ထိတွေ့မိတာ ပတ်ဝန်းကျင်ကခြောက်သွေ့နေတာ အသံကုန်ဟစ်ထားခဲ့တာ ဆေးလိပ်သောက်တာ Lactic acid ပါဝင်မှုများတဲ့ အစားအစာတွေကို အလွန်အကျွံစားသုံးတာတွေကြောင့် လည်ချောင်းနာနိုင်ပါတယ်။ ဘယ်လိုများကာကွယ်မလဲ..... ကုသမှုထက် ကာကွယ်မှုကပိုကောင်းပါတယ်။ အကြောင်းကတော့ အချိန်ကုန်လူပန်းသက်သာမှုပါပဲ။ ဒါကြောင့် လည်ချောင်းနာပြဿနာ ကိုယ့်ဆီ အလည်မလာစေဖို့ဆိုရင် အထိရောက်ဆုံးနည်းလမ်းတစ်ခုကတော့ လက်ကို သန့်စင်ဆေးကြောတာပါ။ လက်ကိုရေသန့်သန့်နဲ့ဆပ်ပြာကိုအသုံးပြုပြီးသေချာသန့်စင်သွားအောင်ဆေးကြောပေးပါ။ ရေအလွယ်ကူမရနိုင်ဘူးဆိုရင်ရေမလိုလက်သန့်ဆေးရည်သုံးပြီး လက်ကို သန့်စင်ဆေးကြောပေးပါ။ ဖျားနေတဲ့လူနဲ့ နီးနီးကပ်ကပ်နေတာကိုရှောင်ကြဉ်ပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် အသုံးပြုတဲ့ပစ္စည်းတွေကို မျှဝေသုံးစွဲတာမျိုးမလုပ်ပါနဲ့။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးပါ။ အိပ်ရေးဝဝအိပ်ပါ။ […]


လည်ချောင်းပြဿနာများ

လည်ချောင်းနာသက်သာစေမယ့် သဘာဝနည်းလမ်းများ

မနက်နိုးနိုးချင်းခံစားမိတဲ့ ခံစားမှုက အဟမ်း.. လည်ချောင်းထဲက ခြောက်ကပ်ကပ်နဲ့ နာလိုက်တာ ဆိုတာမျိုးဖြစ်နေပြီလား။ နိုးနိုးချင်းမို့ လည်ချောင်းခြောက်တာ ဖြစ်မယ်ထင်တယ် ဆိုပြီး ရေတစ်ခွက်သောက်လိုက်တဲ့အထိတောင်မှ လည်ချောင်းနာတာက ပျောက်မသွားဘူးဆိုရင် သေချာတာက လည်ချောင်းခြောက်တာ မဟုတ်တော့ပါဘူး။ လည်ချောင်းနာနေတာပါ။ ကဲ ..... လည်ချောင်းနာသက်သာစေမယ့် သဘာဝနည်းလမ်းများ အကြောင်းလေး လေ့လာလိုက်ရအောင်နော်။ ဘာကြောင့်များ လည်ချောင်းနာရတာလဲ...... လည်ချောင်းနာတယ်ဆိုတာက အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ တုပ်ကွေးဖြစ်တာ အအေးမိဖျားနာဖြစ်တာ ဓာတ်မတည့်တဲ့အရာတစ်ခုခုနဲ့ထိတွေ့မိတာ ပတ်ဝန်းကျင်ကခြောက်သွေ့နေတာ အသံကုန်ဟစ်ထားခဲ့တာ ဆေးလိပ်သောက်တာ Lactic acid ပါဝင်မှုများတဲ့ အစားအစာတွေကို အလွန်အကျွံစားသုံးတာတွေကြောင့် လည်ချောင်းနာတာကိုခံစားရနိုင်ပါတယ်။ လည်ချောင်းနာတာကို အဓိကဖြစ်စေတာကတော့ ဗိုင်းရပ်စ်ကူးစက်ခံရမှုပါ။ လည်ချောင်းနာသက်သာစေမယ့် သဘာဝနည်းလမ်းများ လည်ချောင်းကတော့ နာနေပြီ။ လည်ချောင်းနာတဲ့ဝေဒနာကို ခံစားနေရတာကြောင့် အလုပ်ထဲမှာတောင် အာရုံစိုက်ရခက်နေပြီ။ ဆေးကလည်း မသောက်ချင်ဘူးဆိုတဲ့ မေးခွန်းပေါင်းစုံခေါင်းထဲမှာ စဉ်းစားမိနေပြီဆိုရင်တော့ ဒီပြဿနာကို အတူတူဖြေရှင်းရအောင်လား။ ကဲ.... လည်ချောင်းနာသက်သာစေမယ့် […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း