အော်ရလွန်းလို့ အသံတွေ ဝင်နေတယ်၊ အသံတွေ နာနေတယ်ဆို တော်သေး။ ဒီထက်ပိုဆိုးပြီး လည်ချောင်းကွဲ သွေးစတွေပါလာပြီဆိုရင် စိုးရိမ်လာကြပါပြီ။ ကဲ ဘယ်လိုဖြေရှင်းကြမလဲ။ ဒါအရေးပေါ်အခြေအနေလား။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn
အော်ရလွန်းလို့ အသံတွေ ဝင်နေတယ်၊ အသံတွေ နာနေတယ်ဆို တော်သေး။ ဒီထက်ပိုဆိုးပြီး လည်ချောင်းကွဲ သွေးစတွေပါလာပြီဆိုရင် စိုးရိမ်လာကြပါပြီ။ ကဲ ဘယ်လိုဖြေရှင်းကြမလဲ။ ဒါအရေးပေါ်အခြေအနေလား။
လည်ချောင်းကွဲတယ်ဆိုပေမယ့် အများထင်ထားသလို လည်ချောင်းကြီး ကွဲထွက်သွားတာ မဟုတ်ပါဘူး။ အော်လွန်းလို့ ဖိအားတွေ များပြီး လည်ချောင်းထဲက သွေးကြောလေးတွေ ပေါက်ကုန်တာပါ။ အော်တဲ့အခါ ရှိုက်ရှူတဲ့ လေကြောင့် လည်ချောင်းခြောက်သွေ့ပြီး သွေးကြောလေးတွေ ပိုပေါက်လွယ်ပါတယ်။
အသံကို အားပြင်းပြင်းသုံးပြီး ကြာကြာအော်တဲ့သူ ဘယ်သူမဆို ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်
အကောင်းကြီးကနေ လည်ချောင်းတန်းကွဲတာထက် ရှေ့မှာ ရှေ့ပြေးလက္ခဏာလေးတွေ ပြပြီးမှ ကွဲတာ များပါတယ်။ ဒီလက္ခဏာတွေကတော့
ဒီလို လက္ခဏာတွေ ဖြစ်လာရင် အသံသုံးတာ၊ အော်တာကို ခဏနားလိုက်ပါ။ ဆက်အော်နေရင် လည်ချောင်းကွဲဖို့ များပါတယ်။
လည်ချောင်းကွဲလို့ သွေးစတွေ ထွက်လာရင် မလန့်ပါနဲ့။ အရင်ဆုံး ရေအေးအေးလေး သောက်ချတာ၊ အာခေါင်ထဲကျင်းတာ လုပ်ပါ။ ပြီးရင် အသံကို လုံးဝမသုံးပါနဲ့တော့။ စကားလည်း မပြောပါနဲ့။ လည်ချောင်းကွဲတာ အများစုက အန္တရာယ်မရှိပါဘူး။ ထပ်အော်ရင်သာ ထပ်ပြီး သွေးထွက်နိုင်ပါတယ်။ သွေးတွေကုန်အောင် လည်ချောင်းကနေလည်း အားနဲ့ မဟပ်ထုတ်ပါနဲ့။
သွေးလည်း ဆက်မထွက်တော့ဘူးဆိုရင် သိပ်မစိုးရိမ်ရတော့ပါဘူး။ အိမ်ရောက်ရင် လုပ်ရမှာတွေက
လည်ချောင်းကွဲတာက တစ်ရက်လောက်နဲ့ သက်သာတာ မဟုတ်ပါဘူး။ တချို့တွေဆို တစ်ပတ်လောက်ထိ ကြာတတ်ပါတယ်။ ဒါကြောင့် မြန်မြန်သက်သာအောင် ဆောင်သင့် ရှောင်သင့်တဲ့ နည်းတွေက
အော်ရင်း ဟစ်ရင်း အားတွေ ပါလာတဲ့အခါ လည်ချောင်းကွဲတာ ဖြစ်တတ်ပါတယ်။ မလန့်ဘဲ ခုပြောထားတာတွေကို သေချာလုပ်ပါ။ အသံကို လုံးဝအနားပေးဖို့ အရေးကြီးတယ်ဆိုတာ မမေ့ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Phyo Wai Lynn
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။