ဘေးပတ်ဝန်းကျင်ကိုတော့ အနှောင့်အယှက်မဖြစ်စေပေမဲ့ ဝေဒနာရှင်အတွက်တော့ အစားကောင်းကောင်း မစားရ၊ ရေလည်း မသောက်ရ၊ နောက်ဆုံး တံတွေးမြိုရင်တောင် နာရတယ်၊ တစ်ခါတစ်ခါလည်း ယားပြီး နေရခက်တော့ ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်တတ်တယ်နော်။ ဒါကြောင့် ဒီနေ့ဆောင်းပါးလေးမှာ လည်ချောင်းနာတာကို အမြန်သက်သာဖို့၊ ဆေးခန်းသွားပြရမှာ ပျင်းတဲ့သူတွေအတွက် အိမ်မှာပဲ အလွယ်တကူလုပ်လို့ရမယ့် နည်းလမ်းကောင်းတွေကို ဝေမျှပေးလိုက်ချင်ပါတယ်။
လည်ချောင်းနာတာ အမြန်သက်သာစေမယ့် အိမ်တွင်းကုထုံး (၅) ချက်
လည်ချောင်းနာတာ အမြန်သက်သာစေမယ့် အိမ်တွင်းကုထုံး (၅) ချက် ကတော့
၁။ ဆားရည်နဲ့ ပလုတ်ကျင်းပါ။
ယားယံပြီး နေထိုင်ရခက်တဲ့ လည်ချောင်းအတွက် အကောင်းဆုံးဖြေဆေးကတော့ သွားတိုက်ပြီးတိုင်း ဆားရည်နဲ့ ပလုတ်ကျင်းတာပါပဲ။ သဘာဝဆားမှာ ရောဂါပိုးတွေကို သေစေတဲ့ အာနိသင်အပြင် နီရဲရောင်ရမ်းတာ၊ ယားယံတာကိုလည်း သက်သာစေတယ်။ လည်ချောင်းထဲမှာ ရှိနေတဲ့ ချွဲတွေကို အပြင်ဘက်ရောက်အောင် ခတ်ထုတ်ပေးနိုင်လို့ ခံတွင်းရှင်းပြီး ဝေဒနာအမြန်သက်သာစေဖို့ ကူညီပေးနိုင်ပါတယ်။ ရေနည်းနည်းနဲ့ ဆားဇွန်းတစ်ဝက်လောက်ကို ရောပြီး ပါးစပ်တစ်ခုလုံးနဲ့ အာခေါင်ထိရောက်အောင် ပလုတ်ကျင်းပေးဖို့ လိုပါတယ်။ တစ်နေ့ကို ၂ကြိမ်မှ ၃ကြိမ်ထိ လုပ်ပေးရုံနဲ့ ရက်အနည်းငယ်အတွင်း သက်သာတဲ့ အကျိုးကို ရရှိမှာပါ။
၂။ ငုံဆေးသကြားလုံး ငုံထားပါ။
Lozenge လို့ခေါ်တဲ့ ချောင်းဆိုးတဲ့အချိန်မှာ ခံတွင်းရှင်းစေဖို့ ငုံထားလို့ရတဲ့ ဆေးသကြားလုံးတွေကို လည်ချောင်းနာနေချိန်မှာလည်း ငုံထားပေးလို့ရပါတယ်။ သူက လည်ချောင်းထဲမှာရှိနေတဲ့ နီရဲရောင်ရမ်းနေတဲ့ တစ်ရှူးတွေကို အေးမြပြီး အရောင်ကျစေတယ်၊ ပူရှိန်ပါဝင်လို့ ယားယံတာ၊ နာကျင်တာကိုလည်း သက်သာစေနိုင်ပြီး ခံတွင်းရှင်းစေတယ်။ ငုံဆေးရွေးတဲ့အခါ သဘာဝအဆီအနှစ်တွေကနေ ငုံဆေးသကြားလုံးဆိုရင် ပိုအဆင်ပြေပါလိမ့်မယ်။ အရသာအမျိုးမျိုးရှိလို့ ကိုယ့်စိတ်တိုင်းကျရွေးချယ်လို့ရပါတယ်။ ယူကလစ်ဆီ၊ အကေးရှားအဆီအနှစ် နဲ့ ပရုပ်အေးပါတဲ့ ငုံဆေးက ခံတွင်းကျန်းမာစေပြီး လည်ချောင်းနာတာကို အထိရောက်ဆုံး သက်သာစေနိုင်မှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။