အသုံးပြုပုံများ
Telmisartan (တယ်လ်မီဆာတန်) ကို ဘာအတွက်အသုံးပြုကြသလဲ
Telmisartan ကို သွေးတိုးရောဂါတွင်အသုံးပြုသည်။ သွေးတိုးရောဂါကို ထိန်းချုပ်ခြင်းဖြင့် လေဖြတ်ခြင်း၊ရုတ်တရက် နှလုံးရပ်ခြင်း နှင့် ကျောက်ကပ်ပြဿနာများကို ကာကွယ်ပေးနိုင်ပါသည်။ Telmisartan သည် angiotensin receptor blocker (ARBs) ဟု ခေါ်သော ဆေးအမျိုးအစားတွင် ပါဝင်သည်။၎င်းသည် သွေးကြောများကို ဖြေလျော့စေခြင်းအားဖြင့် သွေးအသွားအလာကောင်းစေကာ သွေးပေါင်ကို ကျစေသည်။
အခြားအသုံးပြုမှုများ။ ။ဤနေရာတွင် ဖော်ပြမည့် အသုံးပြုပုံများသည် တရားဝင်သတ်မှတ်ထားသော ဆေးအညွှန်းတွင်မပါဝင်သော်လည်း သင့်ဆရာဝန်က ညွန်းဆိုသော အသုံးပြုနိုင်မှု အခြေအနေများဖြစ်သည်။ ထို့ကြောင့် ဤနေရာတွင် ဖော်ပြမည့် ရောဂါအနေအထား အတွက် Telmisartan ကို အသုံးပြုမည်ဆိုလျှင် ဆရာဝန်ညွှန်ကြားချက် ရှိမှသာ အသုံးပြုသင့်သည်။
နှလုံးအလုပ်မလုပ်တော့ခြင်း ကိုကုသရာတွင် အသုံးပြုနိုင်သလို ဆီးချိုကြောင့် ကျောက်ကပ်ထိခိုက်ခြင်းကို ကာကွယ်ရန်အတွက်လည်း အသုံးပြုနိုင်သည်။
Telmisartan (တယ်လ်မီဆာတန်) ဘယ်လိုသောက်သုံးသင့်သလဲ
ဆေးကို စတင်အသုံးမပြုခင် သို့မဟုတ် ဆေးကုန်သွား၍ ဝယ်ယူသည့်အချိန်တိုင်းတွင် ဆေးဆိုင်မှ ပေးလိုက်သည့် ဆေးညွှန်းစာရွက်ကို ဂရုတစိုက်ဖတ်ရှုပါ။ မရှင်းလင်းသည်များ ရှိလျှင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပုဂ္ဂိုလ်ကို မေးမြန်းပါ။
Telmisartan ကို အစာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တစ်နေ့လျှင် ၁ကြိမ် သို့မဟုတ် သင့်ဆရာဝန် ညွှန်ကြားထားသည့်အတိုင်း သောက်နိုင်သည်။ ဆေးပမာဏ အနည်းအများသည် သင်၏ ရောဂါအခြေအနေ နှင့် ဆေးကို တုန့်ပြန်မှုအပေါ် မူတည်သည်။
ဆေးအာနိသင် အများဆုံးနှင့် အကောင်းဆုံး ရစေရန် ဆေးကို အချိန်မှန်မှန် သောက်သုံးပါ။ နေ့စဉ်နေ့တိုင်း တူညီသော အချိန်တစ်ခုတည်းတွင် သောက်ပါက အကောင်းဆုံးဖြစ်သည်။
သွေးတိုးရောဂါအတွက် Telmisartan ကို သောက်သုံးသည့် အခါ ဆေး၏ အာနိသင် အပြည့်အဝရရှိစေရန် ၄ပတ်ခန့်အချိန်ယူရလေ့ရှိပါသည်။ ထို့ကြောင့် သင့်ကိုယ်သင် ကောင်းသွားပြီဟု ထင်မှတ်စေကာမူ ဆေးကို မှန်မှန်ဆက်သောက်ရန် အရေးကြီးပါသည်။ သွေးတိုးရောဂါရှိသူအများစုမှာ အပြင်ပိုင်းအကောင်းပကတိပင်ဖြစ်သည်။
သင့်ရောဂါ အခြေအနေ မသက်သာလျှင်ဖြစ်စေ၊ ပိုဆိုးလာလျှင်ဖြစ်စေ ဆရာဝန်ကို အသိပေးရမည်ဖြစ်သည်။
Telmisartan (တယ်လ်မီဆာတန်) ဘယ်လိုသိမ်းဆည်းရမလဲ
( ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)
Telmisartan ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Telmisartan ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Telmisartan ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။
Telmisartan ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။
( ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)
Telmisartan ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
Telmisartan (တယ်လ်မီဆာတန်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ
ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ Telmisartan ဆေးသောက်သုံးမည်ဆိုလျင် အောက်ပါအခြေအနေများကို သတိထားသင့်သည်။
—>ဓါတ်မတည့်ခြင်း
Telmisartan ဆေးနှင့် သို့မဟုတ် အခြားသောဆေးများနှင့် ဓါတ်မတည့်သည့် လက္ခဏာများ ခံစားရဖူးပါက ဆရာဝန်ကို သေချာစွာအသိပေးပါ(ဆေးသာမက အစားအသောက်၊ဆိုးဆေး၊အစားအစာများကို တာရှည်ခံအောင်အသုံးပြုသည့်ပစ္စည်းများ သို့မဟုတ် တိရစ္ဆာန်များနှင့် ဓါတ်မတည့်ခြင်းများပါ အကျုံးဝင်သည်)။ ဆရာဝန် ညွှန်ကြားသည့်ဆေးမဟုတ်ပါက ဆေးညွှန်းကို သေချာစွာဖတ်ပါ။
—>ကလေးသူငယ်များ
ကလေးငယ်များတွင် Telmisartan ၏ အကျိုးသက်ရောက်မှုကို လုံလောက်စွာ သုတေသနပြုလုပ်ထားခြင်း မရှိသေးပါ။ ထို့ကြောင့် ဆေး၏ အကျိုးအာနိသင်ထိရောက်မှု သို့မဟုတ် လုံခြုံစိတ်ချရမှုကို မသိရှိနိုင်ပါ။
—>သက်ကြီးရွယ်အိုများ
လေ့လာစမ်းသပ်ချက်များအရ သက်ကြီးရွယ်အိုများတွင် Telmisartan ၏ အသုံးဝင်မှု ဆေးစွမ်းကို ကန့်သတ်စေမည့် ပြဿနာမရှိသေးပါ။ သို့သော် သက်ကြီးရွယ်အိုများတွင် အသက်အရွယ်ကြောင့်ဖြစ်သည့် နှလုံးရောဂါများ၊ အသည်းရောဂါ၊ကျောက်ကပ်ပြဿနာ စသည်တို့ရှိနေနိုင်သဖြင့် Telmisartan ဆေး၏ ဆေးပမာဏကို ဂရုတစိုက်ချိန်ဆရန် လိုအပ်သည်။
ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Telmisartan (တယ်လ်မီဆာတန်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား
ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် ××× ရှိသည်ဟု သတ်မှတ်ထားသည်။)
အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
• A=ဆိုးကျိုးမရှိပါ။
• B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
• C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
• D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
• X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
• N=အခြေအနေကို မသိရသေးပါ။
ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။
ဘေးထွက်ဆိုးကျိုးများ
Telmisartan (တယ်လ်မီဆာတန်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ
အင်ပြင်များထွက်ခြင်း၊အသက်ရှုရ ခက်ခဲလာခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ သို့မဟုတ် လည်ချောင်းတို့ ရောင်ရမ်းခြင်း အစရှိသော ဓါတ်မတည့်သည့် လက္ခဏာများ ခံစားလာရပါက အရေးပေါ်ကုသမှုကို ခံယူရပါမည်။
ရှားပါးသောဘေးထွက်လက္ခဏာများအဖြစ် Telmisartan သည် အရိုးကြွက်သားတစ်ရှူးများကို ပျက်ဆီးစေကာ ကျောက်ကပ်ပျက်ဆီးခြင်းသို့ ဦးတည်စေပါသည်။ ထို့ကြောင့် ကြွက်သားနာခြင်း၊တင်းနေခြင်း သို့မဟုတ် အားနည်းခြင်းစသည်တို့ကို ခံစားရလျှင် (အထူးသဖြင့် သင့်တွင် အဖျားတက်ခြင်း၊ပျို့အန်ခြင်း နှင့် ဆီးအရောင်မည်းခြင်းတို့ကိုပါ ခံစားနေရပါက) ဆရာဝန်ထံ အမြန်ပြပါ။
အောက်ပါ ဆိုးရွားသော ဘေးထွက်လက္ခဏာများကို ခံစားရလျှင်လည်း ဆရာဝန်ထံပြပါ။
• မေ့လဲသွားတော့ မယောင်ခံစားရခြင်း။
• ဆီးသွားရ ခက်ခြင်း၊နာခြင်း
• ရင်ဘတ်အောင့်ခြင်း။
• အနည်းငယ် လှုပ်ရှားလျှင်ပင် အသက်ရှုမဝခြင်း၊မောခြင်း။
• ခြေလက်များ ဖောရောင်ခြင်း။
• ပိုတက်ဆီယမ်ဓါတ်များ ခြင်း (နှလုံးခုန်နှေးခြင်း၊ သွေးခုန်နှုန်းအားနည်းခြင်း၊ကြွက်သားအားနည်းခြင်း၊ပုရွက်ဆိတ်များ ပြေးနေသလို ရွစိရွစိခံစားရခြင်း)
သာမန် ဘေးထွက်လက္ခဏာများမှာ
• နှာခေါင်းပိတ်ခြင်း၊ချောင်းဆိုးခြင်း၊နှာခေါင်းနားတဝိုက် နာခြင်း
• နောက်ကျောနာခြင်း
• ဗိုက်နာခြင်း၊ဝမ်းလျှောခြင်း
• ခေါင်းကိုက်မူးဝေခြင်း
• အားနည်းခြင်း၊ပင်ပန်းနွမ်းနယ်ခြင်း။
• အရေပြားတွင် အစက်ကလေးများ ထွက်ခြင်း။
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)
ဆေးဓါတ်ပြုမှုများ
ဘယ်ဆေးတွေက Telmisartan (တယ်လ်မီဆာတန်) နဲ့ ဓါတ်ပြုနိုင်သလဲ
Telmisartan ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။
အောက်ဖော်ပြပါဆေးတွေကိုသုံးစွဲနေတယ်ဆိုရင် Telmisartan ကိုအသုံးမပြုသင့်ပါဘူး။ သင့်ဆရာဝန် အနေနဲ့ Telmisartan ကို အသုံးမပြုတော့တာဘဲဖြစ်ဖြစ် သင်သုံးစွဲနေတဲ့ အခြားဆေးတွေကို ပြောင်းလိုက်တာပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။
—> Aliskiren
အောက်ဖော်ပြပါဆေးများကို ယေဘုယျအားဖြင့် Telmisartan နဲ့ တွဲဖက်အသုံးပြုလေ့မရှိပါဘူး။ သို့သော် အချို့သော အခြေအနေများတွင်မူ သုံးစွဲကောင်းသုံးစွဲပါလိမ့်မည်။ အကယ်၍ ဆေးနှစ်မျိုးလုံးကို သောက်သုံးရန် လိုအပ်ပါက သင့်ဆရာဝန်အနေဖြင့် ဆေးတစ်မျိုး သို့မဟုတ် နှစ်မျိုးလုံး၏ ပမာဏကို ပြန်လည်ချိန်ဆခြင်း သို့မဟုတ် ဆေးသောက်ရမည့် အကြိမ်ရေကို ပြောင်းလဲခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။
• Benazepril
• Captopril
• Enalapril
• Enalaprilat
• Fosinopril
• Lisinopril
• Moexipril
• Perindopril Erbumine
• Quinapril
• Ramipril
• Topotecan
• Trandolapril
• Trimethoprim
အောက်ဖော်ပြပါ ဆေးများသည် Telmisartan ၏ ဘေးထွက်ဆိုးကျိုးများကို ပို၍ဆိုးကောင်း၊ ဆိုးစေနိုင်သည်။ သို့သော် အတူတကွ သုံးစွဲခြင်းဖြင့် အကောင်းဆုံးသော ကုသမှုရလဒ်ကိုလည်း ရစေနိုင်သည်။ အကယ်၍ ဆေးနှစ်မျိုးလုံးကို သောက်သုံးရန် လိုအပ်ပါက သင့်ဆရာဝန်အနေဖြင့် ဆေးတစ်မျိုး သို့မဟုတ် နှစ်မျိုးလုံး၏ ပမာဏကို ပြန်လည်ချိန်ဆခြင်း သို့မဟုတ် ဆေးသောက်ရမည့် အကြိမ်ရေကို ပြောင်းလဲခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။
• Aceclofenac
• Acemetacin
• Amtolmetin Guacil
• Aspirin
• Bromfenac
• Bufexamac
• Celecoxib
• Choline Salicylate
• Clonixin
• Dexibuprofen
• Dexketoprofen
• Diclofenac
• Diflunisal
• Digoxin
• Dipyrone
• Etodolac
• Etofenamate
• Etoricoxib
• Felbinac
• Fenoprofen
• Fepradinol
• Feprazone
• Floctafenine
• Flufenamic Acid
• Flurbiprofen
• Ibuprofen
• Ibuprofen Lysine
• Indomethacin
• Ketoprofen
• Ketorolac
• Lithium
• Lornoxicam
• Loxoprofen
• Lumiracoxib
• Meclofenamate
• Mefenamic Acid
• Meloxicam
• Morniflumate
• Nabumetone
• Naproxen
• Nepafenac
• Niflumic Acid
• Nimesulide
• Oxaprozin
• Oxyphenbutazone
• Parecoxib
• Phenylbutazone
• Piketoprofen
• Piroxicam
• Pranoprofen
• Proglumetacin
• Propyphenazone
• Proquazone
• Rofecoxib
• Salicylic Acid
• Salsalate
• Sodium Salicylate
• Sulindac
• Tenoxicam
• Tiaprofenic Acid
• Tolfenamic Acid
• Tolmetin
• Valdecoxib
အစားအသောက်တွေနဲ့ အရက်က Telmisartan (တယ်လ်မီဆာတန်) နဲ့ ဓါတ်ပြုနိုင်သလား
Telmisartan ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်
• Congestive heart failure (ပြင်းထန်သော) ——-> ကျောက်ကပ်ပြဿနာများသို့ ဦးတည်စေမည်။
• aliskiren ဆေးကိုပါ သောက်ရသော ဆီးချိုဝေဒနာရှင်များ ——-> Telmisartan ကို အသုံးမပြုသင့်ပါ။
• သွေးတွင်း electrolyte ဓါတ်များ မညီမျှမှု (ဥပမာ။ ။ ပိုတက်ဆီယမ်ဓါတ်များခြင်း၊ဆိုဒီယမ်ဓါတ်နည်းခြင်း)
• ကိုယ်တွင်း ရေဓါတ်မမျှတခြင်း (ရေဓါတ်ခန်းခြောက်ခြင်း၊အန်ခြင်း၊ဝမ်းလျှောခြင်းတို့ ကြောင့် ဖြစ်စေနိုင်သည်)
• ကျောက်ကပ်ရောဂါရှိလျှင် ——>ရောဂါကို ပိုဆိုးစေနိုင်သဖြင့် သတိနှင့်သုံးရမည်။
• အသည်းရောဂါရှိလျှင် —-> ဆေးကို ကိုယ်တွင်းမှ ဖယ်ထုတ်ရာတွင် ပုံမှန်ထက်ပိုကြာသဖြင့် ဆေး၏ အကျိုးသက်ရောက်မှုများကို လိုတာထက် ပိုလာစေသည်။
ဘယ်ရောဂါအခြေအနေတွေက Telmisartan (တယ်လ်မီဆာတန်) နဲ့ ဓါတ်ပြုနိုင်သလဲ
Telmisartan ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်
• Congestive heart failure (ပြင်းထန်သော) ——-> ကျောက်ကပ်ပြဿနာများသို့ ဦးတည်စေမည်။
• aliskiren ဆေးကိုပါ သောက်ရသော ဆီးချိုဝေဒနာရှင်များ ——-> Telmisartan ကို အသုံးမပြုသင့်ပါ။
• သွေးတွင်း electrolyte ဓါတ်များ မညီမျှမှု (ဥပမာ။ ။ ပိုတက်ဆီယမ်ဓါတ်များခြင်း၊ဆိုဒီယမ်ဓါတ်နည်းခြင်း)
• ကိုယ်တွင်း ရေဓါတ်မမျှတခြင်း (ရေဓါတ်ခန်းခြောက်ခြင်း၊အန်ခြင်း၊ဝမ်းလျှောခြင်းတို့ ကြောင့် ဖြစ်စေနိုင်သည်)
• ကျောက်ကပ်ရောဂါရှိလျှင် ——>ရောဂါကို ပိုဆိုးစေနိုင်သဖြင့် သတိနှင့်သုံးရမည်။
• အသည်းရောဂါရှိလျှင် —-> ဆေးကို ကိုယ်တွင်းမှ ဖယ်ထုတ်ရာတွင် ပုံမှန်ထက်ပိုကြာသဖြင့် ဆေး၏ အကျိုးသက်ရောက်မှုများကို လိုတာထက် ပိုလာစေသည်။
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက် Telmisartan (တယ်လ်မီဆာတန်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
သွေးတိုးရောဂါအတွက်
ကနဦးဆေးပမာဏ။ ။၄၀မီလီဂရမ်ကို အစာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တစ်နေ့လျှင် တစ်ကြိမ်သောက်ရမည်။
ဆက်လက်သောက်ရန်ဆေးပမာဏ။ ။၂၀-၈၀မီလီဂရမ် ကို တစ်နေ့လျှင် တစ်ကြိမ် သောက်ရမည်။
နှလုံးနှင့်နှလုံးသွေးကြော ပြဿနာများကို ကာကွယ်လျှော့ချရန်အတွက်
ACEIဆေးများကို သောက်ရန်အဆင်မပြေသော/မသင့်တော်သော လူနာများ အတွက်—->၈၀မီလီဂရမ်ကို အစာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တစ်နေ့လျှင် တစ်ကြိမ်သောက်ရမည်။
၈၀မီလီဂရမ်ထက်နည်းပြီးသောက်လျှင် အကျိုးရှိမရှိ ရှင်းလင်းစွာမသိရပါ။ Telmisartan ကို နှလုံးနှင့်နှလုံးသွေးကြော ပြဿနာများကို ကာကွယ်လျှော့ချရန်အတွက် စတင်သောက်သုံးလျှင် သွေးပေါင်ပုံမှန်ချိန်ရန် အထူးလိုအပ်ပါသည်။ သို့မှသာ ဆေးပမာဏကို လိုသလို အတိုးအလျှော့ပြု ချိန်ဆနိုင်မည်ဖြစ်သည်။
ကလေးတွေအတွက် Telmisartan (တယ်လ်မီဆာတန်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။
Telmisartan (တယ်လ်မီဆာတန်) ကိုဘယ်လိုရရှိနိုင်သလဲ
PTelmisartan ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
ဆေးပြား —->၂၀၊၄၀၊၈၀ မီလီဂရမ် အသီးသီး
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ
ဆေးလွန်သော လက္ခဏာများမှာ
—>မူးဝေထိုင်းမှိုင်းခြင်း၊သတိလစ်ခြင်း၊နှလုံးခုန် နှေးခြင်း၊မြန်ခြင်း။
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
Telmisartan ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။