backup og meta

အသည်းကင်ဆာမှာအသုံးပြုတဲ့ ဓါတုကုထုံး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Kyaw Thura Htun မှ ရေးသားသည်။ · 02/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသည်းကင်ဆာမှာအသုံးပြုတဲ့ ဓါတုကုထုံး

    ဓါတုကုထုံးကို အထူးသဖြင့် ကင်ဆာကုရာမှာရောဂါစွဲကပ်နေတဲ့ ဆဲလ်တွေကို ဖျက်ဆီးဖို့အသုံးပြုပါတယ်။

    ဓါတုကုထုံးကို တစ်ကိုယ်လုံးမှာ အသုံးပြုပါတယ်။ ဒီကုသမှုမှာ ကင်ဆာဆန့်ကျင်တဲ့ဆေးတွေကို ထိုးသွင်းပြီးတော့ပဲဖြစ်ဖြစ် သောက်သုံးပြီးတော့ပဲဖြစ်ဖြစ် အသုံးပြုပါတယ်။ ဒီဓါတုဆေးတွေက သွေးကြောတွေကတစ်ဆင့် တကိုယ်လုံးကိုရောက်မှာပါ။ ဓါတုကုထုံးကို မူလအသည်းကင်ဆာအတွက် အသုံးမပြုပါဘူး။ အကြောင်းကတော့ ကံမကောင်းစွာနဲ့ဘဲ အသည်းကင်ဆာက ဓါတုဆေးဝါးတော်တော်များများကို ခံနိုင်လို့ပါ။ သည်ကင်ဆာမှာအ သုံးအဝင်ဆုံးအထိရောက်ဆုံး ဓါတုဆေးတွေကတော့ doxorubicin (Adriamycin), 5 fluorouracil နဲ့ cisplatin တို့ဘဲဖြစ်ပါတယ်။

    ဓါတုဆေးတွေက ကင်ဆာအကျိတ်ရဲ့အစိတ်အပိုင်းအနည်းငယ်ကိုပဲ ကျုံ့ပေးနိုင်ပြီး အကြာကြီးမခံနိုင်ပါဘူး။ ဓါတုဆေးတွေကို အထူးသဖြင့် ထပ်ပွားတဲ့ကင်ဆာ သို့မဟုတ် အသည်းကင်ဆာခွဲစိတ်မှု မစခင် ကင်ဆာဖြစ်နေတဲ့ပမာဏသေးသွားအောင်လုပ်တဲ့နေရာမှာသုံးပါတယ်။ သူတို့ကို ခွဲစိတ်မှုအပြီးမှာ ကျန်ရှိနေတဲ့ ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်ဖို့သုံးပါတယ်။ အကြောင်းက ဓါတုဆေးတွေက နေရာတော်တော်တော်များများဆီရောက်နိုင်ပြီး တခြားအင်္ဂါဆီကူးသွားတဲ့ ကင်ဆာကိုလည်း ကုနိုင်ပါတယ်။ သူတို့ကို ကင်ဆာပြန့်နှုန်းနှေးစေဖို့နဲ့ နာကျင်မှုလျှော့ချဖို့အတွက်လည်း သုံးပါတယ်။

    ဒီဓါတုဆေးတွေက ဘေးထွက်ဆိုးကျိုးရှိပြီး တစ်ကိုယ်လုံးပြန့်တဲ့အတွက် ကျန်းမာတဲ့ဆဲလ်တွေကိုပါ သက်ရောက်မှုရှိပါတယ်။ ဓါတုဆေးတွေက သင့်အပေါ်ဘယ်လိုသက်ရောက်မလဲဆိုတာက သင့်ကျန်းမာရေး၊ အသည်းအလုပ်လုပ်မှု၊ အသည်းအမာရွတ်စွဲရှိမရှိပေါ်မှာ မူတည်ပါတယ်။

    Transarterial chemoembolisation (TACE)

    Chemoembolisation ဒါမှမဟုတ် TACE က ဓါတုကုထုံးနဲ့embolisation ပေါင်းစပ်ထားတဲ့ ကုထုံးပါ။ ဒီကုသမှုမှာ ဓါတုဆေးတွေက ကင်ဆာဆီကို အပို့ခံရပြီး embolisation နဲ့ ပိတ်ဆို့ခံထိသွားပါတယ်။ ဒီကုသမှုနဲ့ ဆရာဝန်တွေက ကင်ဆာအကျိတ်ကိုဘဲ အဓိကပစ်မှတ်ထားတဲ့အတွက် ဘေးထွက်ဆိုးကျိုးအများကြီးမရှိဘဲ ဆေးအပြင်းတွေသုံးလို့ရပါတယ်။TACE က ထပ်ပွားတဲ့ ကင်ဆာအတွက် သုံးတာနည်းပါတယ်။

    ကုသမှုမစခင်မှာ သင့်ကိုထုံဆေး သို့မဟုတ် စိတ်ငြိမ်ဆေးပေးပါမယ်။ ကုသမှုအတွင်းမှာ ဓါတုဆေးတွေကို ပြွန်နဲ့ သင့်ကိုယ်ထဲသွင်းပြီး အဲဒီပြွန်ထဲမှာပဲပြွန်အသေးလေးတစ်ခုကို အသည်းသွေးလွှတ်ကြောထဲ ထည့်လိုက်ပါတယ်။ ပြီးတာနဲ့ ဓါတုဆေးတွေကို ထည့်ပါပြီ။ အဲဒီဆေးတွေက သွေးလွှတ်ကြောကနေတစ်ဆင့် အကျိတ်ဆီကို ရောက်မှာပါ။ အကျိတ်ဆီကိုသွားတဲ့ သွေးလွှတ်ကြောအသေးတွေမှာ သေးငယ်ပြီးနူးညံ့တဲ့ ရေမြှုပ်လေးတွေနဲ့ ပိတ်ပါမယ်။ ဒါက သွေးလွှတ်ကြောတွေကိုပိတ်လိုက်ပြီး ဓါတုဆေးတွေကို အကျိတ်မှာဘဲရှိနေစေပြီး ကင်ဆာကို အောက်ဆီဂျင်နဲ့ အာဟာရတွေပြတ်စေပါတယ်။

    ဒီကုသမှုကပုံမှန်အားဖြင့်တစ်ကြိမ်ဒါမှမဟုတ်လအနည်းငယ်တစ်ကြိမ်ဘဲ ပေးပါတယ်။TACE ကုသမှုပြီးတိုင်းသင် လေးနာရီလောက်လှဲနေရပါမယ်။ ဆေးရုံမှာလည်းရက်အနည်းငယ်နေရပါမယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Kyaw Thura Htun မှ ရေးသားသည်။ · 02/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement