အထက်လန်အောက်လျှော (Stomach Flu)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဖေ‌ဖော်ဝါရီ 1, 2021 . 2 mins read
Share now

Stomach Flu (အထက်လန်အောက်လျှော) ဆိုတာ ဘာလဲ။

ဗိုင်းရပ်စ်ကြောင့် အထက်လန်အောက်လျှော ခြင်းဟာ ဗိုက်နာခြင်း၊ ဝမ်းအရည်များသွားခြင်း၊ ပျို့အန်ခြင်း၊ တစ်ခါတရံ ဖျားနာခြင်း စသည့်လက္ခဏာများ ဖြစ်နိုင်ပါတယ်။ ကလေးငယ်တွေ၊ အသက်ကြီးတဲ့လူကြီးတွေနဲ့ ကိုယ်ခံအားနည်းနေသူတွေမှာ အသက်အန္တရာယ်စိုးရိမ်ရလောက်သည်ထိ ပြင်းထန်နိုင်ပါတယ်။

အထက်လန်အောက်လျှောက ဘယ်လောက်အဖြစ်များသလဲ

အလွန်အဖြစ်များသော ကျန်းမာရေးပြဿနာတစ်ခု ဖြစ်ပါတယ်။ အရွယ်မရွေးဖြစ်နိုင်ပြီး အခန့်မသင့်ရင် အသက်အန္တရာယ် ထိခိုက်နိုင်ပါတယ်။

အထက်လန်အောက်လျှော ရဲ့လက္ခဏာတွေကဘာတွေလဲ

အဖြစ်များတဲ့ လက္ခဏာတွေကတော့

  • သွေးမပါသော ဝမ်းအရည်များသွားခြင်း (သွေးပါခြင်းဟာ တခြားပိုဆိုးတဲ့ ရောဂါအခြေအနေတစ်ခု ဖြစ်ပါတယ်)
  • ဗိုက်နာခြင်း
  • ပျို့ခြင်း၊ အန်ခြင်း
  • ကြွက်သားများနာခြင်း၊ ခေါင်းကိုက်ခြင်း
  • ငွေ့ငွေ့ဖျားခြင်း

အထက်လန်အောက်လျှော (Stomach Flu)

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

တကယ်လို့

  • ၂၄ နာရီအတွင်း အရည်မဝင်ပါက
  • နှစ်ရက်နဲ့ အထက် အန်နေပါက သို့ သွေးများအန်ပါက
  • ရေဓာတ်ဆုံးရှုံးသော လက္ခဏာများရှိပါက ( ရေအလွန်ငတ်ခြင်း၊ အာခြောက်ခြင်း၊ မူးဝေခြင်း၊ ဆီးအဝါရင့်ရင့်သွားခြင်း၊ ဆီးနည်းခြင်း၊ ဆီးမသွားခြင်း၊ အလွန်အမင်းအားနည်းခြင်း)
  • ဝမ်းတွင် သွေးများပါခြင်း
  • ၄၀ ဒီဂရီဆဲလ်စီးယက်စ်ထက် ပိုဖျားခြင်း၊ ကလေးများတွင် ၃၈.၉ ဒီဂရီဆဲလ်စီးယက်စ်ထက် ပိုဖျားခြင်းတို့ ဖြစ်လာပါက ဆရာဝန်ပြသင့်ပါတယ်။

အထက်လန်အောက်လျှော ကို ဘာတွေက ဖြစ်စေသလဲ

မသန့်သော အစားအစာများ၊ ရေများစားသုံးမိခြင်း၊ ရောဂါဖြစ်သူနဲ့ အနီးကပ်ထိတွေ့မိခြင်းကြောင့် အထက်လန်အောက်လျှောဖြစ်စေသော ဗိုင်းရပ်စ်ကူးစက်နိုင်ပါတယ်။ Noroviruses၊ Rotavirus စသည်ဖြင့် ဗိုင်းရပ်စ်အမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။

အထက်လန်အောက်လျှော ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

  • ကလေးငယ်များ – မူကြို၊ ကလေးထိန်းကျောင်း၊ မူလတန်းကျောင်းတက်တဲ့ ကလေးငယ်များဟာ ပိုပြီးဖြစ်နိုင်ချေရှိပါတယ်၊ ကလေးတွေရဲ့ကိုယ်ခံအားစနစ်ဟာ မသန်စွမ်းသေးလို့ပါ။
  • အသက်ကြီးသူများ – အသက်ကြီးလာတဲ့အခါ ကိုယ်ခံအားတွေ လျော့သွားတတ်ပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနေရာတွေမှာ နေရတဲ့ လူကြီးတွေမှာ အဖြစ်များပါတယ်။ ကိုယ်ခံအားနည်းတဲ့အပြင် တခြားရောဂါပိုးကူးနိုင်သော လူအများနဲ့ ထိတွေ့ဆက်ဆံနေရတာာကြောင့် ဖြစ်တယ်။
  • ကျောင်းနေကလေးတွေ၊ ဘုရားကျောင်းသွားသူတွေ၊ အဆောင်နေသူတွေ စသည်ဖြင့် အုပ်စုလိုက် နီးကပ်စွာနေသူတွေဟာ ဒီလိုမျိုးအစာအိမ်နဲ့ အူလမ်းကြောင်းရောဂါပိုးတွေ ကူးဖို့လွယ်ကူတဲ့ ပတ်ဝန်းကျင်တွေဖြစ်တယ်။
  • ကိုယ်ခံအားနည်းသူများ – HIV/AIDS ၊ ကင်ဆာဆေးသွင်းနေသူများ၊ တခြားရောဂါရှိသူများ စသည်ဖြင့် ကိုယ်ခံအားနည်းနေသူများမှာလည်း အဖြစ်များပါတယ်။

အထက်လန်အောက်လျှော ကို ဘယ်လိုအတည်ပြုပါသလဲ

ရောဂါလက္ခဏာတွေပေါ် အခြေခံပြီး စစ်ဆေးစမ်းသပ်ခြင်း၊ တစ်ခါတရံပတ်ဝန်းကျင်မှာ လူအစုလိုက် တူညီသော ရောဂါဖြစ်နေခြင်းတို့ဖြင့် ရောဂါရှာဖွေသိရှိနိုင်ပါတယ်။ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ ကပ်ပါးကောင် စသည်ဖြင့် ဖြစ်စေသော အကြောင်းအရင်းအတိအကျကိုတော့ ဝမ်းစစ်ခြင်းဖြင့်သိနိုင်တယ်။

အထက်လန်အောက်လျှော (Stomach Flu)

အထက်လန်အောက်လျှောကို ဘယ်လိုကုသပါသလဲ

တိကျတဲ့ ကုသမှုတော့ မရှိပါဘူး။ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာကြောင့် ပဋိဇီဝပိုးသတ်ဆေးတွေလည်း မတိုးတဲ့ပြင် မလိုအပ်ဘဲ သုံးမယ်ဆိုရင်  ဆေးယဉ်ပါးသွားနိုင်ပါတယ်။ ခံစားနေရတဲ့ ဝေဒနာပေါ်လိုက်ပြီး သက်သာအောင်ပဲ ကုသပေးလို့ရပါတယ်။

  • ရေများများသောက်ပါ။ ဓာတ်ဆား၊ စွတ်ပြုတ်တို့ဟာ အကောင်းဆုံးဖြစ်တယ်။ ကဖိန်းပါသောအရည်များ၊ အရက်များရှောင်ပါ။
  • အစာကြေလွယ်သော အစာများ စားပါ။ နည်းနည်းနဲ့ ခဏခဏ စားပေးပါ။
  • နေပြန်ကောင်းသည်ထိ တချို့အစားများရှောင်ပါ၊ ဥပမာ- နို့နှင့် နို့ထွက်ပစ္စည်း၊ ကဖိန်း၊ အရက်၊ နီကိုတင်း၊ အဆီများသော၊ ဟင်းခတ်အမွှေးအကြိုင်များသောအစားအစာများ။
  • လုံလောက်စွာ အနားယူပါ။ နေထိုင်မကောင်းခြင်း၊ ရေဓာတ်ဆုံးရှုံးခြင်းတွေက ပင်ပန်းနွမ်းနယ်စေပါလိမ့်မယ်။

 Takeaways

အထပ်လန်အောက်လျှော ဆိုတာ အဖြစ်များတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်း ပြဿနာပါ။ အရွယ်မရွေးခံစားရနိုင်ပြီး အများစုက ပြင်းထန်လေ့မရှိပါဘူး။ ကုသနည်းရယ်လို့ တိတိကျကျမရှိဘဲ ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်ဖြည့်ပေးတာကသာ အကောင်းဆုံးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အစာအိမ်အူလမ်းကြောင်းကို ဒုက္ခပေးသော ရောဂါပိုးကူးစက်ခြင်းများ

အစာအိမ်အူလမ်းကြောင်းကို ဒုက္ခပေးနိုင်တဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ကပ်ပါးပိုး စတာတွေဟာ မျိုးစုံရှိပါတယ်။ အသက်အရွယ်မရွေးဖြစ်တတ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

တစ်ခုခုစားပြီးတိုင်း အိမ်သာပြေးနေရပြီဆိုရင်

အခုပဲ စားလို့ပြီးတယ်။ တော်ကြာအိမ်သာထဲမှာ သွားပြန်ထုတ်နေရတယ်ဆိုရင် သင့်မှာ ကျန်းမာရေး ပြဿနာ တစ်ခုခု ရှိနေနိုင်ပါတယ်။ ဂရုစိုက်ဖို့ လိုပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ရေကူးနေရင်း ကြွက်တက် လာရင်

ကြွက်တက် ရေကူး ရေနစ် ဓာတ်ဆား ကြွက်သားတောင့်တင်း အကြောလျှော့ အရေးပေါ်အသက်ကယ်နည်း ဓာတ်ဆားရည် ရေနွေးအိတ်ကပ် သတိလစ် ရေကူးရင်းကြွက်တက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

နီးနီးနားနား Camping သွား ဒီအချက်တွေသတိထား

နီးနီးနားနား Camping သွား ဒီအချက်တွေသတိထား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 2, 2021 . 3 mins read
အစားအသောက်တွေကနေ သင့်ဆီကို ဘာရောဂါပိုးတွေ ရောက်လာနိုင်သလဲ။

အစားအသောက်ကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ က သင်ထင်တာထက် ပိုဆိုးနေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 9, 2021 . 4 mins read
မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ အစာအိမ်အူလမ်းကြောင်းရောဂါများ

မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ အစာအိမ်အူလမ်းကြောင်းရောဂါများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 3 mins read
ဗိုင်းရပ်စ်ပိုးကြောင့် အထက်လန်အောက်လျှောဖြစ်ခြင်း (viral gastroenteritis)

ဗိုင်းရပ်စ်ပိုးကြောင့် အထက်လန်အောက်လျှောဖြစ်ခြင်း (viral gastroenteritis)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 2 mins read