backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ အစာအိမ်အူလမ်းကြောင်းရောဂါများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ အစာအိမ်အူလမ်းကြောင်းရောဂါများ

အစာအိမ် နဲ့ အူလမ်းကြောင်း ဟာ အရှည်ကြီး ဖြစ်ပြီး အစိတ်အပိုင်းတွေ အများကြီး ပါဝင်တဲ့အတွက် တစ်ခုချင်းစီမှာ ရောဂါတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ပြင် ဘယ်လောက်ပဲ သန့်တယ်ဆိုဆို ပြင်ပကနေ ရောဂါပိုးမွှားတွေ အပြည့်နဲ့ အစားအစာတွေကို စားသောက်နေရတာ ဖြစ်တဲ့အတွက် ပိုးကူးစက်လည်း လွယ်ပါတယ်။ အထူးသဖြင့် သန့်ရှင်းမှု အားနည်းတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာပေါ့။

နေ့စဉ်နဲ့ အမျှ စားသောက်နေရတာ ဖြစ်တဲ့အတွက် တစ်ချိန်မဟုတ် တစ်ချိန်မှာ အစာအိမ် နဲ့ အူလမ်းကြောင်း က နေမကောင်း ဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အဖြစ်များတဲ့ အစာအိမ်အူလမ်းကြောင်းရောဂါများ က ဘာများလဲ။ ဘယ်လိုတွေ ကုသလို့ရနိုင်သလဲဆိုတာ ပြောပြပေးသွားပါ့မယ်။

မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ အစာအိမ်အူလမ်းကြောင်းရောဂါများ

မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ အစာအိမ်အူလမ်းကြောင်းရောဂါများ ကတော့

မထင်မှတ်ထားလောက်အောင်ကို ဒီဝေဒနာခံစားနေရတဲ့ လူနာတွေက သိပ်ကို များလွန်းပါတယ်။ ရင်ပူလို့ တစ်မျိုး၊ ရင်ထဲမှာ တစ်ဆို့ဆို့နဲ့ တစ်ဖုံ အမျိုးမျိုး ပြောတတ်ကြပါတယ်။ သာမန်အပရိကဝေဒနာလောက်ပဲ၊ ပြင်းပြင်းထန်ထန် နာတာ ကျဉ်တာ မရှိတဲ့အတွက် လူနာတွေက သိပ်တော့ မစိုးရိမ်ကြပါဘူး။

ဒါက အစာရေမျိုပြွန်နဲ့ အစာအိမ်ကို ဆက်ထားတဲ့ ကျုံ့ဆန့်နိုင်တဲ့ ကွင်းလေးလို ကြွက်သားက အားပျော့လာတာကြောင့် အစာအိမ်ထဲက အက်စစ်တွေ အပေါ်ကို ဆန်တက်လာတာပဲ ဖြစ်ပါတယ်။

ကုသနည်းတွေကတော့ စားသောက်နေထိုင်ပုံကို ပြောင်းလဲလိုက်ရုံနဲ့ သက်သာပါတယ်။ ရံဖန်ရံခါ အစာအိမ်ဆေးတွေ သောက်ရတတ်ပါတယ်။

အစာအိမ်အနာ ဖြစ်စေတဲ့၊ အစာအိမ်ရောင်စေတဲ့ အကြောင်းရင်းတွေထဲမှာ ထိပ်ဆုံးက ပြေးနေတာကတော့ H.pyloriလို့ ခေါ်တဲ့ ဘက်တီးရီးယားကူးစက်ခံရခြင်းပဲ ဖြစ်ပါတယ်။ ကျန်တဲ့အပူအစပ်တို့၊ ဆေးလိပ်တို့၊ အရက်တို့၊ အကိုက်အခဲပျောက်ဆေးတို့ကတော့ ရှိပြီးသားအနာကို ပိုဆိုးစေပါတယ်။

ကုသနည်းတွေကတော့ ဗိုက်နာတာ၊ ရောင်ရမ်းတာ သက်သာအောင် အစာအိမ်ဆေးတွေ ပေးလေ့ရှိပါတယ်။ အစားအသောက် အနေအထိုင် ဆင်ခြင်ရပါတယ်။ ဒါပေမယ့် အဓိကအကျဆုံးနဲ့ အရေးကြီးဆုံးကတော့ အစာအိမ်ပိုးသတ်တယ်လို့ လူသိများတဲ့ H.pyloriကို ပိုးသတ်ဆေးတွေ ပေးပြီး နှိမ်နင်းပစ်ရတာပါပဲ။

အစာအိမ်အက်စစ်ကိုတောင် ခံနိုင်ရည်ရှိတဲ့ ဒီပိုးက သိပ်ကိုဆိုးရွားပါတယ်။ ဒီပိုးကို သေချာ မသုတ်သင်နိုင်ဘူးဆိုရင် နောင်အခါမှာ အစာအိမ်ကင်ဆာ ပြောင်းတတ်ပါတယ်။

တစ်ခါတလေ အစားလည်း မမှားပါဘဲနဲ့ ရုတ်တရက် အန်တာ၊ ဝမ်းပျက်တာတွေ ဖြစ်တတ်ပါတယ်။ အထက်လန်အောက်လျှောလို့ လူသိများပါတယ်။ များသောအားဖြင့် ဗိုင်းရပ်စ် (ရိုတာဗိုင်းရပ်စ်၊ နိုရိုဗိုင်းရပ်စ်) ကြောင့် ဖြစ်တာ များပါတယ်။ သိပ်တော့ စိုးရိမ်စရာ မရှိပါဘူး။

ကုသနည်းကတော့ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာဖြစ်တဲ့အတွက် ခုခံအားနဲ့ပဲ တိုက်ထုတ်ရမှာပါ။ ပိုးသတ်ဆေး ပေးဖို့ မလိုပါဘူး။

ဒါကြောင့် မက်ထရိုတွေ မသောက်ပါနဲ့။ ဝမ်းလုံးဝပိတ်သွားရင် ပိုးတွေ အောင်းနေနိုင်တာကြောင့် ကိုယ့်သဘောနဲ့ကိုယ် ဝမ်းပိတ်ဆေးတွေ မသောက်ပါနဲ့။

လူနာအနေနဲ့ အန္တရာယ်ကင်းကင်း လုပ်ပေးနိုင်တဲ့နည်းလမ်းက တစ်ခုပဲ ရှိပါတယ်။ ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားတွေ ကာမိအောင် အပြင်ကို ထွက်သွားသလောက် ဓာတ်ဆားတွေ သောက်ပြီး ပြန်ဖြည့်ဖို့ပါပဲ။ ကိုယ်ထဲက ပိုးတွေ ကုန်သွားရင်၊ ခုခံအားက တိုက်ထုတ်လိုက်ရင် ရောဂါသက်သာသွားပါမယ်။

နာတာရှည် ရောင်ရမ်းနာဖြစ်ပြီး Crohn’s disease နဲ့ ulcerative colitis ဆိုပြီး နှစ်မျိုး ရှိပါတယ်။ ခုခံအားကမောက်ကမဖြစ်တဲ့ ရောဂါတွေပါ။ လက္ခဏာတွေကတော့ ဝမ်းလျှောတာ၊ ပိန်တာ၊ အစားအသောက်ပျက်တာ၊ ဖျားတာ၊ ပျို့တာ စတာတွေ ရှိပါတယ်။

Crohn’s disease က အူသိမ်အဆုံးပိုင်းနဲ့ အူမကြီး အစပိုင်းကို ထိခိုက်ပြီး ulcerative colitisကတော့ အူမကြီးနဲ့ မစင်အိမ်ကို ထိခိုက်ပါတယ်။

ကုသနည်းကတော့ အရောင်ကျစေတဲ့ ဆေးတွေ ပေးရပါတယ်။ ရံဖန်ရံခါ ခွဲစိတ်ကုသတာမျိုး လုပ်ရတတ်ပါတယ်။

  • အူလမ်းကြောင်း လှုပ်ရှားမှု မမှန်သော ရောဂါစု (Irritable bowel syndrome)

ဒီရောဂါနဲ့ အပေါ်က ပြောခဲ့တဲ့ အူလမ်းကြောင်းရောင်ရမ်းတဲ့ ရောဂါကို အမှတ်မှားကြပါတယ်။ နာမည်တွေကလည်း ခပ်ဆင်ဆင်တွေကိုး။ ဒီရောဂါမှာက အူလမ်းကြောင်း ရောင်ရမ်းတာမျိုး မရှိပါဘူး။ အူလမ်းကြောင်းရောင်ရမ်းတာထက်တော့ အဖြစ်များပါတယ်။ ဒါပေမယ့် အန္တရာယ် မရှိပါဘူး။

လူနာက ဗိုက်ရစ်သလိုမျိုး ဆွဲညှစ်ထားသလိုမျိုး အောင့်တာ တစ်လကို သုံးခါလောက်ဖြစ်မယ်။ ဒါမျိုး သုံးလဆက်တိုက် ဖြစ်မယ်ဆိုရင် အူလမ်းကြောင်း လှုပ်ရှားမှု မမှန်တဲ့ ရောဂါများလားဆိုပြီး သံသယဖြစ်စရာပါ။ တခြားလက္ခဏာတွေကတော့ ဝမ်းလျှောတာ ဒါမှမဟုတ် ဝမ်းချုပ်တာ ဖြစ်တတ်ပါတယ်။

ကုသနည်းတွေကတော့ နေထိုင်စားသောက်ပုံပြောင်းလဲတာက အဓိကပါပဲ။ အစားကို နည်းနည်းစီ ခွဲစားမယ်။ ကိုယ့်ကို ဗိုက်အောင့်စေမယ့် အစားအသောက်တွေကို မှတ်ထားပြီး ရှောင်ကြဉ်ရပါမယ်။ တချို့တွေကတော့ ဝမ်းပျော့ဆေးတို့၊ အမျှင်ဓာတ် ဓာတ်စာတို့၊ ပရိုဘိုင်အိုတစ်တို့ သောက်ရင် သက်သာတယ်လို့ ဆိုကြပါတယ်၊

ရောဂါဆိုတာထက် အဖြစ်များတဲ့ လက္ခဏာတစ်ခုပါပဲ။ လူတိုင်းလိုလို ဝမ်းချုပ်တတ်ကြတာပါပဲ။ တစ်ပတ်မှာ ဝမ်း ၃ခါလောက်မှ မသွားဘူးဆိုရင် ဝမ်းချုပ်တယ်လို့ သတ်မှတ်လို့ရပါတယ်။ တစ်ခါတလေ ဝမ်းချုပ်တာမျိုးက ပြဿနာ မရှိပေမယ့် နာတာရှည် ဝမ်းချုပ်တယ်၊ ဝမ်းချုပ်လိုက် ဝမ်းလျှောလိုက်ဆိုရင်တော့ ရောဂါအခံကို ရှာဖွေကုသသင့်ပါတယ်။

ဝမ်းချုပ်တာ သက်သက်ဆိုရင်တော့ အထိုင်မများအောင် နေမယ်၊ အသီးအရွက်များများစားမယ်၊ ရေများများသောက်မယ်ဆိုရင် သက်သာသွားနိုင်ပါတယ်။ ဝမ်းပျော့ဆေးတွေကို ရေတိုအနေနဲ့လည်း သုံးနိုင်ပါတယ်။

ဒါကလည်း အဖြစ်များတဲ့ ရောဂါပါပဲ။ ဝမ်းချုပ်တာအဖြစ်များတဲ့အတွက် သူ့နောက်ဆက်တွဲ လိပ်ခေါင်းရောဂါလည်း လိုက်ဖြစ်ပါတော့တယ်။ ကိုယ်ဝန်ဆောင်တွေမှာလည်း အဖြစ်များပါတယ်။

လက္ခဏာတွေကတော့ ဝမ်းသွားပြီးတိုင်း နောက်က သွေးလိုက်လာတာပါ။ စအိုနာတာ၊ ယားတာလည်း ဖြစ်တတ်ပါတယ်။

ကုသနည်းကတော့ သိပ်မဆိုးရင် အိမ်မှာတင် လိမ်းဆေးဝယ်လိမ်းပါ။ ရေနွေးနွေးလေးထဲ ထိုင်ပါ။ အမျှင်ဓာတ်များများစားပါ။ ရေများများသောက်ပါ။ အထိုင်မများပါစေနဲ့။ လိပ်ခေါင်းက သွေးထွက်တာများရင်၊ အပြင်ထွက်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီး ကုသမှု ခံယူပါ။

သည်းခြေအိတ်ထဲမှာ ဖြစ်ဖြစ်၊ သည်းခြေပြွန်ထဲမှာ ဖြစ်ဖြစ် ကျောက်တည်တတ်ပါတယ်။ အဝလွန်တဲ့ အမျိုးသမီးတွေ၊ အသက် ၄၀ကျော်တဲ့ အမျိုးသမီးတွေ၊ ကလေးအများကြီး မွေးထားတဲ့ အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။

တစ်ခါတလေတော့လည်း သည်းခြေကျောက်က အရွယ်သေးတယ်ဆိုရင် သည်းခြေအိတ်ထဲမှာပဲ ဘာမှဒုက္ခမပေးဘဲ နေနေတာမျိုးလည်း ရှိပါတယ်။

ကျောက်ရှိပေမယ့် လက္ခဏာ မပြတာမျိုးပေါ့။ လက္ခဏာပြမယ်ဆိုရင်တော့ ဖျားတာ၊ ပျို့အန်တာ၊ ဗိုက်အောင့်တာတွေ ဖြစ်တတ်ပါတယ်။

ကုသနည်းကတော့ သောက်ဆေးတွေရှိသလို ခွဲစိတ်ကုသနည်းတွေလည်း ရှိပါတယ်။ ရောဂါအခြေအနေပေါ်မူတည်ပြီး ကုသတဲ့ နည်းလမ်း ကွဲသွားနိုင်ပါတယ်။

Takeaways

ဒီရောဂါတွေက မြန်မာမှာရော ကမ္ဘာမှာပါ အဖြစ်များတဲ့ အစာအိမ်အူလမ်းကြောင်းရောဂါတွေ ဖြစ်ပါတယ်။ တချို့ရောဂါတွေက အိမ်မှာပဲ ကုလို့ရတယ်၊ အရေးမကြီးဘူးဆိုပေမယ့် တချို့ရောဂါတွေကတော့ ဆရာဝန်နဲ့ သေချာပြသပြီး ကုသဖို့ လိုပါလိမ့်မယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement