အူအတက်ရောင်တာလား၊ လေနာတာလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 24, 2020 . 2 mins read
Share now

ဗိုက်နာပြီ အထူးသဖြင့် ဝမ်းဗိုက်ညာဘက်အောက်ပိုင်းက နာပြီဆိုရင် အူအတက်ရောင်တာများလားလို့ တွေးတတ်ကြပါတယ်။ ဝမ်းဗိုက်ထဲမှာ ကလီစာ အများကြီး ရှိတဲ့အတွက် ဗိုက်အောင့်တိုင်း အူအတက်ရောင်တာ မဟုတ်ပါဘူး။ မှားတတ်ကြတာတော့ လေနာတာနဲ့ အူအတက်ရောင်တာနဲ့ မှားတတ်ကြပါတယ်။ ဒါကြောင့် ဗိုက်အောင့်တာက အူအတက်ကြောင့်လား၊ လေနာတာကြောင့်လားဆိုတာ အကြမ်းဖျင်း ခွဲကြည့်ရအောင်။

လက္ခဏာပေါ်မူတည်ပြီး ခွဲတာဖြစ်တတ်တဲ့အတွက် အတိအကျမှန်မှာတော့ မဟုတ်ပါဘူး။ အတိအကျသိချင်ရင် ဆေးစစ်ကြည့်မှပဲ ရမှာပါ။ ဒါပေမယ့် အောက်ကပြောတဲ့အချက်တွေကတော့ အနည်းနဲ့ အများ အထောက်အကူပြုမှာပါ။

အူအတက်ရောင်တဲ့အခါ

အူအတက်က ဗိုက်ရဲ့ ညာဘက် အောက်ပိုင်းမှာ ရှိတယ်ဆိုပေမယ့် နာရင်တော့ ချက်ကနေ စနာတာပါ။ ပြီးတော့မှ တဖြည်းဖြည်း ညာဘက်ကို ရောက်လာတာပါ။

စစချင်းကတော့ ညှစ်ထားသလို အောင့်ပေမယ့် နောက်ပိုင်းကျရင် လှုပ်တာနဲ့ကို နာလာပါတယ်။

ဆေးသောက်လို့လည်း မသက်သာပါဘူး။

အူအတက်ရောင်သူတွေရဲ့ ၈၀ရာခိုင်နှုန်းမှာ ဒီလက္ခဏာ ၃ရပ်ရှိပါတယ်။

  • ဗိုက်နာတာ
  • ဖျားတာ
  • အန်တာ ပါ။

တခြား လက္ခဏာတွေအနေနဲ့ကတော့ ဝမ်းလျှောတာ ဒါမှမဟုတ် ဝမ်းချုပ်တာ၊ အစားအသောက်ပျက်တာတွေ ဖြစ်တတ်ပါတယ်။

ဒီလို လက္ခဏာတွေ မဟုတ်ဘဲ တခြားထူးခြားတဲ့ လက္ခဏာတွေကိုတော့ ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်တွေမှာ တွေ့ရပါတယ်။

ကလေးအူအတက်ရောင်တဲ့အခါ

ကလေးတွေက နာတာကို သေချာ မပြောတတ်တဲ့အတွက် သူတို့ ပုံစံလေးတွေကို ကြည့်ရတာပါ။ ဗိုက်နာတာအပြင်

  • လမ်းလျှောက်ရင် နာလို့ ကုန်းကုန်းလေး လျှောက်မယ်။
  • ဘေးစောင်းပြီး ဒူးကွေးအိပ်မယ်။
  • ဗိုက်ကို အထိမခံဘူး။
  • ပျို့တာ၊ အန်တာ ဖြစ်မယ် စတဲ့လက္ခဏာတွေ ပြတတ်ပါတယ်။

ကိုယ်ဝန်ဆောင်တွေ အူအတက်ရောင်တဲ့အခါ

ကိုယ်ဝန်ဆောင်ချိန်မှာ အူအတက်ရောင်တာ ရှားတယ်ဆိုပေမယ့် ဖြစ်တော့ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်တွေမှာ သားအိမ်က ဗိုက်ထဲကို ကြီးလာတာကြောင့် ကိုယ်တွင်းအင်္ဂါတွေက ရှိရမယ့် နေရာထက် အပေါ်ကို ရောက်နေပါတယ်။ ဒါကြောင့် ညာဘက် အောက်ပိုင်းအစား ညာဘက် အပေါ်ပိုင်း (အသည်းနေရာ) လောက်မှာ နာတတ်ပါတယ်။

အူအတက်ပေါက်ပြီဆိုရင်

အူအတက်ရောင်တာကို မသိလိုက်ဘူးဆိုရင် နောက်ထပ် ၁ရက်ခွဲနဲ့ ၃ရက်လောက်ကြာရင် အူအတက်ပေါက်တတ်ပါတယ်။ အူအတက်ပေါက်ပြီဆိုရင် တင်းထားတာတွေ လျော့သွားတဲ့အတွက် နာတာက ရုတ်တရက် သက်သာသွားပါတယ်။ ဒါက ရောဂါပျောက်သွားတာ မဟုတ်ပါဘူး။ မုန်တိုင်းမလာခင် လေငြိမ်နေတာပါ။ သိပ်မကြာခင်မှာပဲ အူထဲက ဘက်တီးရီးယားတွေ ဝမ်းခေါင်းထဲ ပျံ့သွားတဲ့အတွက် ဝမ်းတွေင်း အမြှေးပါး ရောင်လာပါလိမ့်မယ်။

ဝမ်းတွင်း အမြှေးပါးရောင်လာပြီဆိုရင်

  • ဗိုက်က မာပြီး တင်းနေမယ်။
  • အထိမခံနိုင်အောင် နာမယ်။
  • ချမ်းတုန်ပြီး ဖျားမယ်။
  • အန်မယ် စတာတွေ ဖြစ်လာမှာပါ။

အချိန်မီမကုဘူးဆိုရင် သွေးဆိပ်သင့်ပြီး အသက်အန္တရာယ်ထိခိုက်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

လေနာတဲ့အခါ

လေနာတဲ့အခါ အူထဲမှာ လေတွေ သွားနေတာကို ခံစားမိပါတယ်။ ဗိုက်က ရစ်ရစ်ပြီး နာတာပါ။ အူအတက်လိုမျိုး ညာဘက်ကပဲ မအောင့်ပါဘူး။ ဗိုက်တစ်ပြင်လုံး အောင့်ပြီး ရင်ခေါင်းထိ တက်အောင့်တတ်ပါတယ်။ ဒါ့ပြင်

  • လေချဉ်တက်တာ
  • ဗိုက်က တင်းနေတာ
  • ဗိုက်ထဲမှာ ခပ်လေးလေး ခံစားနေရတာမျိုး ရှိပါတယ်။

လေနာတာက ကုကု မကုကု မိနစ်ပိုင်းကနေ နာရီပိုင်းအတွင်းမှာ သက်သာသွားပါတယ်။ လေဆေးတွေသောက်၊ လေတွေလည်လိုက်ရင်လည်း သက်သာသွားပါတယ်။

တစ်ရက်ကျော်လို့မှ မသက်သာရင်တော့ လေနာတာထက် တခြားရောဂါတစ်ခုခု ဖြစ်ဖို့များတာကြောင့် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

ဒါကြောင့် ခြုံပြောရလို့ရှိရင် ရုတ်တရက် ဗိုက်အောင့်လာတယ်ဆိုရင် တခြားဘာလက္ခဏာတွေ ခံစားရသေးလည်း စဉ်းစားပါ။ နာတာက လုံးဝမသက်သာဘူးဆိုရင်တော့ ဆေးရုံ၊ ဆေးခန်းသွားလိုက်ဖို့ အကြံပြုပါရစေ။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ အူအတက်ရောင်တာဆိုရင် အချိန်မီ ကုသနိုင်အောင်လို့ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဗာဒံရွက်က ဆေးဖက်ဝင်လား။

ဗာဒံရွက် ဆေးဖက်ဝင် မရမ်းသီး ကောက်ညှင်းပေါင်း ဆေးဖက်ဝင် မြန်မာနိုင်ငံ အတို့အမြှုပ် လေချုပ် ဝဲ ကျန်းမာရေး သတ္တုရည် အရေပြား ပြဿနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ကြို့ထိုး ခြင်း ပြဿနာ

ကြို့ထိုး စိတ်လှုပ်ရှား စိတ်ဖိစီးမှုများ အသက်ရှူ ရင်ဝမ်းခြားကြွက်သား လေဖြတ်Remove term: အတက်ရောဂါ အစာရေမျိုကင်ဆာ ကြို့ထိုးတာကြောင့်သေနိုင် အကြာကြီးကြို့ထိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

အူအတက်‌ရောင်ခြင်းကို သိနိုင်မယ့် လက္ခဏာ ၇ ချက်

အူအတက်ရောင်ခြင်း အူအတက်ပေါက် ဝမ်းဗိုက် နှာချေ နာကျင်မှု ချမ်း တုန် ဖျား ပျို့အန်ခြင်း ဝမ်းချုပ်ခြင်း လေပွခြင်း ခွဲစိတ်ကုသ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

သင့်ကလေးရဲ့ အစာခြေစနစ်က ဘယ်လောက်ထိ အရေးကြီးလဲ။

အစာခြေစနစ် ကလေး အကျိုးပြုဘက်တီးရီးယား probiotics prebiotics အကျိုးပြုဘက်တီးရီးယားအစာ လေနာ ဝမ်းလျှော ဝမ်းချုပ် ခုခံအား ကြီးထွားဖွံ့ဖြိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ကြားဖူးနေတဲ့ lcFos က ကလေးတွေအတွက် ဘယ်လို အကျိုးပြုသလဲ........

ကြားဖူးနေတဲ့ lcFos က ကလေးတွေအတွက် ဘယ်လို အကျိုးပြုသလဲ……..

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 17, 2020 . 2 mins read
အူပိတ်ရင် ဘာလက္ခဏာတွေ ခံစားရမှာလဲ။

အူပိတ် ရင် ဘာလက္ခဏာတွေ ခံစားရမှာလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 20, 2020 . 2 mins read
သင့်ကိုယ်ထဲက အသံတိတ်လူသတ်သမား

သင့်ကိုယ်ထဲက အသံတိတ်လူသတ်သမား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 20, 2020 . 2 mins read
ကလေးမှာ ဆုံဆို့နာ မဖြစ်အောင် မေမေတို့ ဘာလုပ်ပေးနိုင်လဲ။

ကလေးမှာ ဆုံဆို့နာ မဖြစ်အောင် မေမေတို့ ဘာလုပ်ပေးနိုင်လဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 17, 2020 . 3 mins read