- အစာအိမ်မှန်ပြောင်း ကြည့်ခြင်း
- အစာအိမ်ပိုး Helicobacter Pylori စစ်ခြင်း
- ရောဂါအဖြေရှာရန် အစာအိမ် တစ်ရှူးစယူခြင်း
- သွေးစစ်ခြင်း
- ဝမ်းတွင် သွေးပါသလားစစ်ခြင်း
အစာအိမ်ရောင်ခြင်းကို ဘယ်လိုကုသပါသလဲ
Helicobacter pylori ကြောင့်ဖြစ်သော အစာအိမ်ရောင်ခြင်းကို ပဋိဇီဝဆေးများနဲ့ အစာအိမ်ဆေးများဖြင့် ကုသနိုင်ပါသည်။ ကုသမှုခံယူနေစဉ်အတွင်း အရက်သောက်ခြင်း၊ ibuprofen၊ naproxen၊ asprin စတဲ့ အကိုက်အခဲသောက်ဆေးများသောက်ခြင်းကို ရှောင်ရှားသင့်ပါသည်။
အစာအိမ်တွင်းမှ အက်စစ်များကို ပြန်ဖြေရန် အောက်ပါ ဆေးများအသုံးပြုနိုင်ပါသည်။
- Antihistamine-2 (H2) : Famotidine၊ Cimetidine၊ Ranitidine ၊ Nizatidine
- Proton pump inhibitors (PPI) : Omeprazole၊ Esomeprazole၊ Iansoprazole၊Rabeprazole၊ Pantoprazole

အစာအိမ်ရောင်ခြင်း ပိုမိုဆိုးရွားလာပါက အကြောထဲဆေးထိုးခြင်းနဲ့ အခြားအက်စစ်လျော့ကျစေသော ဆေးများ အသုံးပြုခြင်းတို့ ပြုလုပ်နိုင်ပါသည်။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများသည် အစာအိမ်ရောင်ခြင်းကို ကုသသောနေရာတွင် အကူအညီပေးနိုင်ပါသည်။
- အစာကို နည်းနည်းနဲ့ ခဏခဏစားပါ။
- အစားအစာများကို သေချာကျက်အောင် ချက်ပြုတ်စားသောက်ပါ။
- ရောဂါကူးစက်မှုကိုကာကွယ်ရန် အစာမစားမီလက်ဆေးပါ။
- အကိုက်အခဲပျောက်ဆေးများကို ဆရာဝန် ညွန်ကြားချက်မရှိဘဲ မသောက်ပါနှင့်။
- အရက်အလွန်အကျွံ မသောက်ပါနဲ့။
Takeaways
အစာအိမ်ရောင်ခြင်းက အဖြစ်များတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်း ပြဿနာတစ်ခုဖြစ်ပြီး စနစ်တကျ မကုသဘူးဆိုရင် ဖြစ်လိုက်ပျောက်လိုက်နဲ့ သံသရာလည်နေမှာပါ။ ဒါ့ပြင် နောက်ပိုင်းမှာ အစာအိမ်အနာ၊ အနာကနေ ကင်ဆာအထိ ပြောင်းနိုင်လို့ သေသေချာချာ ကုသဖို့ အကြံပြုချင်ပါတယ်။