backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Crohn's Disease (ခရွန်း ရောဂါ )


Dr.Nyan Linn မှ ရေးသားသည်။ · 13/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Crohn’s Disease (ခရွန်း ရောဂါ ) ကဘာလဲ။

ခရွန်း ရောဂါဆိုသည်မှာ အစာလမ်းကြောင်း နံရံများရောင်ရမ်းခြင်းဖြစ်သည်။ ထိုသို့ရောင်ရမ်းခြင်းသည် အစာချေဖျက်ရေးစနစ် ၏ မည်သည့်နေရာကိုမဆို ထိခိုက်နိုင်သည်။ ဆိုလိုသည်မှာ ပါးစပ်ပေါက်မှ အူထွက်ပေါက်အထိဖြစ်ပြီး အဖြစ်အများဆုံးနေရာမှာ အူသိမ်(သို့)အူမကြီး၏ နောက်ဆုံးအပိုင်းများတွင် ဖြစ်သည်။

Crohn’s Disease (ခရွန်း ရောဂါ ) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ အမျိုးသားထုရော အမျိုးသမီးထုမှာပါ တူညီစွာ ဖြစ်ကြပြီး အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပါသည်။ ခရွန်းသည် အသက် 15 နှင့် 35 နှစ်အတွင်း ဆယ်ကျော်သက်များနှင့် မြှီးကောင်ပေါက်အရွယ်များတွင် အဖြစ်များသည်။

ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် ရောဂါအား စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Crohn’s Disease (ခရွန်း ရောဂါ ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ခရွန်း ရောဂါ ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

  • ဝမ်းလျှောခြင်း
  • ဗိုက်အောင့်ခြင်း
  • မရည်ရွယ်ပဲ ကိုယ်အလေးအချိန်ကျဆင်းသွားခြင်း
  • သင်၏မျက်နှာတွင်သွေးနှင့်အချွဲများထွက်ခြင်း စသည်တို့ဖြစ်သည်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်ပါလက္ခဏာများ မှ မည်သည့်လက္ခဏာတခုခုဖြစ်စေ ရှိပါက သင်၏ ဆရာဝန်အား ဆက်သွယ်မေးမြန်းပြသသင့်ပါသည်။

  • ဗိုက်အောင့်ခြင်း
  • ဝမ်းထဲသွေးပါခြင်း
  • အလွယ်တကူဝယ်ယူရရှိနိုင်သော လူအများသုံးနေကျဆေးများနှင့် မပျောက်သည့် ဝမ်းလျှောဝမ်းပျက်ရောဂါဖြစ်နေခြင်း
  • ရှင်းပြ၍မရနိုင်သော တစ်ရက် (သို့) နှစ်ရက်ထက်ပိုသည့် အဖျားရှိခြင်း
  • ရှင်းပြ၍မရနိုင်သော ကိုယ်အလေးချိန်ကျဆင်းမှုရှိခြင်း

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Crohn’s Disease (ခရွန်း ရောဂါ ) ကိုဘာတွေကဖြစ်စေသလဲ

ခုခံအားစနစ်

ဗိုင်းရပ်စ်ပိုး (သို့) ဘက်တီးရီးယားပိုးတခုမှ ခရွန်းရောဂါကို ဖြစ်ပွားစေပါသည်။ ကျူးကျော်ဝင်ရောက်လာသည့် အဏုဇီဝပိုးအား သင်၏ ခုခံအားစနစ်မှ ခုခံတိုက်ခိုက်သောအခါ ပုံမှန်မဟုတ်သည့် ခုခံအားတုန့်ပြန်မှုတခုမှ မိမိ၏ခုခံအားစနစ်ကို မိမိ၏ အစာလမ်းကြောင်းရှိဆဲလ်များအား တိုက်ခိုက်စေသည်။

မျိုးရိုးလိုက်ခြင်း

ခရွန်းသည် ရောဂါရှိသော မိသားစုဝင်များရှိသည့် သူများတွင် ပိုမိုဖြစ်ပွားတတ်သောကြောင့် မျိုးရိုးဗီဇသည် ရောဂါဖြစ်နိုင်ချေကို များစေကြောင်းသိရသည်။ သို့သော်လည်း ခရွန်းရောဂါဝေဒနာရှင်အများစုသည် ရောဂါမျိုးရိုးမရှိကြချေ။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Crohn’s Disease (ခရွန်း ရောဂါ ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ဘယ်အရာတွေက ခရွန်း ရောဂါ ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

ခရွန်း ရောဂါ ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • အသက် – ခရွန်းရောဂါသည် အသက်ရွယ်မရွေးဖြစ်ပွားနိုင်သော်လည်း အသက်ငယ်သူများတွင် ပိုအဖြစ်များသည်။
  • လူမျိုး – လူဖြူများနှင့် အာရှတိုက်၊ဥရောပတိုက်၊ဂျူးလူမျိုးမှ ဆင်းသက်လာသူများသည် ထိုရောဂါရရန်လွယ်ကူသည်။
  • မိသားစုရာဇဝင် – ယခုရောဂါရှိသော မိဘ၊မောင်နှမ(သို့) ကလေး စသော ဆွေမျိုးရင်းချာများ တို့ရှိပါကလည်း သင်သည် ခရွန်းဖြစ်နိုင်ချေများသည်။
  • ဆေးလိပ်သောက်ခြင်း သည်လည်း ခရွန်းရောဂါဖြစ်ပွားရန် အရေးအကြီးဆုံး ဖြစ်နိုင်သည့် အချက်ဖြစ်နေသည်။
  • Ibuprofen,naproxen sodium,diclofenac sodim နှင့် အခြားသော စတီးရွိုက်မဟုတ်သည့်အရောင်ကျဆေးများသည် လည်း အူများကို ရောင်ရမ်းစေပြီး ခရွန်းရောဂါအားပိုဆိုးစေသည်။
  • သင်နေထိုင်ရာနေရာ – မြို့ပြနေရာ၊တောင်ပိုင်းရာသီဥတု(သို့)စက်မှုထွန်းကားသောနိုင်ငံတွင် နေထိုင်သောသူများသည် ဖြစ်ပွားနိုင်ချေများသည်။
  • အဆီများသော (သို့) တာရှည်ခံအောင်ပြုလုပ်ထားသောအစားအစာများသည်လည်း ခရွန်းရောဂါဖြစ်ပွားသည့် နေရာတွင် အရေးတကြီးပါဝင်သည်။

အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်မှာ ခရွန်း ရောဂါ့မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Crohn’s Disease (ခရွန်း ရောဂါ ) ကို ဘယ်လိုအတည်ပြုပါသလဲ

သွေးစစ်ဆေးမှုများ

  • သင့်ကိုယ်တွင်းရှိ ရောင်ရမ်းမှုပမာဏ
  • သင့်ကိုယ်တွင်ရောဂါပိုးများရှိမရှိစစ်ခြင်း
  • သင့်တွင် သွေးအားနည်းရောဂါရှိမရှိနှင့် အာဟာရပြတ်နေခြင်း(သို့) အူမှ သွေးများထွက်ကာဆုံးရှံူးနေခြင်း ရှိမရှိစစ်ခြင်း
  • ဝမ်းနမူနာယူခြင်း

သင်၏ဝမ်းတွင် မသိမသာဖြင့် သွေးများပါမပါကို သင်၏ဆရာဝန်မှ သိရှိနိုင်ရန် ဝမ်းနမူနာကို ပေးအပ်ရန်လိုအပ်သည်။

စမ်းသပ်စစ်ဆေးမှုလုပ်ငန်းစဉ်များ

  • အူမကြီးအတွင်းသို့ပါးလွှာပျော့ပြောင်းပြီး အလင်းရောင်ပါသည့် မှန်ပြောင်းကြည့်ခြင်း ဖြင့် သင်၏ဆရာဝန် အား သင်၏အူမကြီးတခုလုံးကို မြင်နိုင်စေသည်။ ထိုသို့ကြည့်နေစဉ်တွင် သင်၏ဆရာဝန်သည် အဖြေအားအတည်ပြုပေးနိုင်သည့် တစ်ရှူးစနမူနာများကို ဓါတ်ခွဲစစ်ဆေးရန် ယူထားတတ်သည်။
  • Flexible sigmoidoscopy – သင်၏ဆရာဝန်သည် ဆလင်ဒါပုံစံ ပျော့ပျောင်းသော အလင်းရောင်ရှိသည့် ပြွန်အား အသုံးပြုခြင်းဖြင့် အူမကြီး၏နောက်ဆုံးအပိုင်းကို စစ်ဆေးကြည့်ရှူခြင်းဖြစ်သည်။
  • Capsule endoscopy သည် ခရွန်းရောဂါ အားကူညီအဖြေရှာအတည်ပြုရန်အသုံးပြုသည်။
  • Double balloon endoscopy – သာမာန် မှန်ပြောင်းများဖြင့်မရောက်ရှိနိုင်သော အူသိမ်အတွင်းသို ပို၍ရှည်လျားသောမှန်ပြောင်းဖြင့်ကြည့်ရှူခြင်းဖြစ်သည်။
  • Capsule endoscopy မှ ပုံမှန်မဟုတ်သောအရာများကို တွေ့ရှိသောအခါ ထိုစနစ်သည် အသုံးဝင်သော်လည်း ရရှိသောအဖြေမှာ တိကျမှုရှိမရှိမည်သူမျှတပ်အပ်မပြောနိုင်သေးပေ။

    • ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်း
    • သံလိုက်ဓါတ်မှန်ရိုက်ခြင်း
    • အူသိမ်အား ဓါတ်မှန်ရိုက်ခြင်း – အူတွင်းမှန်ပြောင်းကြည့်သောအခါ မမြင်နိုင်သည့် နေရာများကို ယခုစစ်ဆေးမှုဖြင့်ကြည့်ရှူခြင်းဖြစ်သည်။ ဘေရီယမ်ပါသောအရည်များကို သောက်ပြီးသောအခါ ဆရာဝန်များသည် သင်၏အူသိမ်အား ဓါတ်မှန်ရိုက်ယူခြင်းဖြစ်သည်။

    Crohn’s Disease (ခရွန်း ရောဂါ ) ကို ဘယ်လိုကုသပါသလဲ

    အရောင်ကျဆေးများသည် အူရောင်ရမ်းစေသည့်ရောဂါများကိုကုသရာတွင် ပထမခြေလှမ်း ဖြစ်ပြီး

    Oral 5 aminosalicylate

    • အူမကြီးရှိ ရောင်ရမ်းမှုများကို သက်သာစေသည်။sulfasalazine,mesalamine
    • ဘေးထွက်ဆိုးကျိုးများမှာ ပျို့ခြင်း၊အန်ခြင်း၊ဝမ်းလျှောခြင်း၊ခေါင်းကိုက်ခြင်းနှင့် ရင်ပူခြင်းတို့ဖြစ်သည်။

    Corticosteroids

    • မျက်နှာဖောခြင်း၊မျက်နှာမွေးထူခြင်း၊ညဇောချွေးပြန်ခြင်း၊အိပ်မပျော်ခြင်းနှင့် ဂနာမငြိမ်ဖြစ်ခြင်း၊သွေးတိုးခြင်း၊အရိုးပွခြင်း၊မျက်လုံးတိမ်

    စွဲခြင်း၊မျက်လုံးအတွင်းဖိအားများခြင်း စသည်ဖြင့်ဖြစ်သည်။

    • ဆရာဝန်များသည် အခြားသောကုသမှုများဖြင့်တိုးတက်မှုမရှိပါက စတီးရွိုက်များကိုအသုံးပြုတတ်သည်။

    ခုခံအားစနစ် အားဖိနှိပ်သော ဆေးများ

    ထိုဆေးများသည် သင်၏ခုခံအားစနစ်ကိုပစ်မှတ်ထားဖိနှိပ်ကာ ရောင်ရမ်းမှုများကိုသက်သာစေသည်။ အချို့သောသူများအတွက်ထိုဆေးများအား ပေါင်း၍ပေးခြင်းသည် ဆေးတစ်မျိုးတည်းထက်စာလျှင်ပို၍ တိုးတက်မှုရှိစေသည်။

    ခုခံအားကို ထိခိုက်စေသာဆေးများမှာ Azathioprine, mercaptopurine, Infliximab, adalimumab, certolizumab pegol, Methotrexate, Cyclosporine and tacrolimus, Natalizumab, vedolizumab, Ustekinumab စသည်ဖြင့် ဖြစ်သည်။

    ပိုးသတ်ဆေးများ

    Metronidazole,Ciprofloxacin ကဲ့သို့သော ပိုးသတ်ဆေးများသည် ဖောက်ထုတ်ရမည့် ပြည်များနှင့် အရည်ပမာဏများကိုလျော့ကျစေပြီး တခါတရံတွင် ပြည်တည်နာများနှင့် အခေါင်းပေါက်အနာများကို ကျက်စေသည်။

    အခြားသောဆေးများ

    ရောင်ရမ်းမှုကိုသက်သာစေခြင်းအပြင် အချို့သောဆေးများသည် သင်၏လက္ခဏာများကို သက်သာပျောက်ကင်းစေသော်လည်း အလွယ်တကူဝယ်ယူရရှိနိုင်သည့် ဆေးများကို မသုံးခင်တွင် သင်၏ဆရာဝန်အား တိုင်ပင်ရန်သတိရပါ။

    • ဝမ်းလျှောရာတွင် ပေးသောဆေးများ – psyllium powder(သို့)methylcellulose,loperamide တို့ကို သင်၏ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာအသုံးပြုသင့်ပါသည်။
    • အနာသက်သာစေသည့်ဆေးများ – ထိုဆေးဝါးများသည် သင်၏လက္ခဏာများကို ပိုမိုဆိုးဝါးစေပြီး သင်၏ရောဂါကိုပါဆိုးဝါးသွားစေတတ်သည်။
    • သံဓါတ်အားဆေးများ – အကယ်၍ သင့်တွင် နာတာရှည် အူမှသွေးထွက်ရောဂါရှိပါက သင်သည် သံဓါတ်အားနည်းရောဂါဖြစ်ပြီး သံဓါတ်အားဆေးများကို သောက်သုံးရန်လိုအပ်တတ်သည်။
    • ဗီတာမင် ဘီ12 ထိုးဆေးများ – သွေးအားနည်းရောဂါအား ကာကွယ်ခြင်း၊ပုံမှန်ကြီးထွားမှုအားတိုးမြှင့်ခြင်း နှင့် အာရုံကြောများ၏လုပ်ဆောင်မှုကောင်းရန်တို့အတွက်ဖြစ်သည်။
    • ကယ်လစီယမ်နှင့် ဗီတာမင်ဒီ အားဆေးများ ပေးခြင်း သည် ခရွန်းရောဂါနှင့် စတီးရွိုက်ဆေးများ၏ အရိုးပွနိုင်ချေကို သက်သာစေရန်ဖြစ်သည်။

    အာဟာရပေး၍ကုသခြင်း

    အစာပြွန်ထည့်ခြင်း(သို့)သွေးကြောထဲသို့အာဟာရများထည့်သွင်း

    ခြင်းသည် ခရွန်းရောဂါအားကုသရန်သုံးသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် သင်၏ အာဟာရကိုတိုးတက်ကောင်းမွန်စေပြီး အူများကိုအနားရစေသည်။ အူအနားပေးထားခြင်းဖြင့် ရောင်ရမ်းမှုများကို ခဏတာသက်သာစေသည်။

    သင်၏ဆရာဝန်သည် ယာယီအာဟာရပေး၍ကုသခြင်းကို ခုခံအားစနစ်ကို ဖိနှိပ်သောဆေးများကဲ့သို့သော အခြား ဆေးများဖြင့် တွဲဖက်ကာအသုံးပြုတတ်သည်။ ထို့ပြင် အူပိတ်ဆို့နေခြင်းကို သက်သာစေရန် အမျှင်ဓါတ်နည်းသောအစားအစာများကို စားသုံးရန်လည်းညွှန်ကြားတတ်သည်။

    ခွဲစိတ်ခြင်း

    သင်၏ဆရာဝန်သည် စားသောက်မှုပုံစံနှင့် လူနေမှုပုံစံများပြောင်းခြင်း၊ဆေးကုသမှု (သို့) အခြားသောကုသမှုများကြောင့် သက်သာပျောက်ကင်းမှုမရှိပါက ခွဲစိတ်ရန်လည်း ညွှန်ကြားတတ်သည်။

    လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ခရွန်း ရောဂါ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

    အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ခရွန်း ရောဂါ ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

    • စားသောက်မှုပုံစံ

    အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr.Nyan Linn မှ ရေးသားသည်။ · 13/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement