backup og meta

အကြောက်တရား နဲ့ ကျန်းမာရေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 10/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အကြောက်တရား နဲ့ ကျန်းမာရေး

    အကြောက်တရား နဲ့ ကျန်းမာရေး ဘယ်လိုဆက်စပ်နေလဲဆိုတာ ရှင်းပြချင်ပါတယ်။

    ကြောက်တယ်ဆိုတာက တစ်ခုခု အန္တရာယ် ကျရောက်တော့မယ်ဆိုပြီး အချက်ပြမှု တစ်ရပ်ရပ်အတွက် စိတ်ရောကိုယ်ပါ ကြိုတင် ပြင်ဆင်တာပါ။ ကြောက်တာက သဘာဝ ဖြစ်စဉ်တစ်ရပ် ဖြစ်သလို စွမ်းအားရှိတဲ့ အခြေခံကျတဲ့ ခံစားချက်တစ်ရပ်ပါ။ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အန္တရာယ် ကြုံတွေ့ရချိန်မှာ ဖြစ်ပေါ်လာတဲ့ အရာပါ။

    များသောအားဖြင့် အကြောက်တရားတွေက ခြိမ်းခြောက်မှုတွေကနေ အခြေခံလာတာ ဖြစ်သလို စိတ်ထဲမှာ ထိခိုက်မှု ဖြစ်လာတော့မယ်ဆိုတဲ့ ခြိမ်းခြောက်မှု တစ်ရပ်ရပ်ကို ခံစားရချိန်မှာ သူ့အလိုလို ခံစားဖြစ်ပေါ်လာတာပါ။

    ကြောက်တယ်ဆိုတဲ့ ခံစားချက်ကို ဖြစ်ပေါ်စေတဲ့ အကြောက်တရားက ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

    ကြောက်တယ်ဆိုတာကို ခံစားနေရတာလား………….

    ကြောက်တယ်ဆိုတာကို ခံစားနေရတာလား.............

    ကြောက်တယ်ဆိုတဲ့ ခံစားချက်ကို ခံစားရတဲ့အခါ ခန္ဓာကိုယ်မှာ အခုလိုတွေ ခံစားရနိုင်ပါတယ်။
    • ချွေးတွေ ပြန်မယ်
    • နှလုံး ခုန်မြန်မယ်
    • ရင်ဘတ်အောင့်မယ်
    • တုန်ယင်မယ်
    • ပါးစပ်ခြောက်မယ်
    • မအီမသာဖြစ်မယ်
    • နှလုံးခုန် မြန်မယ်
    • အသက်ရှူမဝဖြစ်မယ်
    • ချမ်းတုန်မယ်
    • ဗိုက်အောင့်မယ် စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

    အကြောက်တရား နဲ့ ကျန်းမာရေး

    အကြောက်တရား က သင့်ကို ကျန်းမာစေနိုင်ပါတယ်။ အကြောက်တရားက ရေရှည်မှာ ထိခိုက်မှုတွေ ဖြစ်စေနိုင်ပေမယ့် ကာလတိုမှာတော့ စိတ်ရောကိုယ်ပါ ကျန်းမာရေးအတွက် အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။

    လုံခြုံဘေးကင်းစေတယ်။

    ကြောက်တိုင်း မကောင်းပေမယ့် တစ်ခါတလေမှာ ကြောက်တဲ့စိတ်ကြောင့် ကြိုတင်ကာကွယ်တာက ရောဂါတွေကနေ ကာကွယ်ပေးနိုင်သလို အန္တရာယ် ဖြစ်စေနိုင်တဲ့ အချို့ အခြေအနေတွေကနေလည်း ကာကွယ်ပြီးသား ဖြစ်ပါတယ်။

    ကိုယ်အလေးချိန် ထိန်းပေးတယ်။

    အဝလွန်မှာ ကြောက်တဲ့စိတ်နဲ့ မစားမိတာက မလိုအပ်ဘဲ ကိုယ်အလေးချိန် တက်မလာစေဖို့ ကာကွယ်ပေးပါတယ်။ ဒီလိုပါပဲ အစားအစာတွေကို စားတဲ့ အခါ ရောဂါဖြစ်မှာ စိုးရိမ်တဲ့စိတ်က ကျန်းမာအောင် စားသောက်မိစေပြီး ကိုယ်အလေးချိန်ကို အထိရောက်ဆုံး ထိန်းညှိပေးနိုင်ပါတယ်။

    ယာယီ ကိုယ်ခံအား တက်စေတယ်။

    ကြောက်တာက ရေရှည်မှာ ကိုယ်ခံအားစနစ်ကို ထိခိုက်စေပေမယ့် ယာယီမှာတော့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ။ အန္တရာယ်ကနေ ရှင်ကျန်ရစ်ရမယ်ဆိုတဲ့ အသိနဲ့ ခန္ဓာကိုယ်က တုံ့ပြန်မှုက ကိုယ်ခံအားကို ယာယီတက်စေနိုင်ပါတယ်။

    စိတ်လှုပ်ရှား ပျော်ရွှင်စေတယ်

    ကြောက်ရတဲ့ အခြေအနေ တစ်ရပ်ရပ်ကို ကျော်လွှားပြီးတဲ့အခါ စိတ်လှုပ်ရှားပျော်ရွှင်မှုကို ခံစားရပါတယ်။ ဥပမာ ရဟတ်စီးတာက ကြောက်စရာ ကောင်းတယ် ဒါပေမယ့် စီးရင်း ​ကြောက်နေတဲ့ အရာကို ပြေးတွေ့လိုက်တာက အောင်မြင်သွားပြီဆိုရင် အလိုလိုနေရင်း စိတလှုပ်ရှားစရာ ကောင်းလာပြီး ပျော်ရွှင်မှုကို ခံစားရပါတယ်။

    ခွန်အား တိုးစေတယ်

    ကြောက်နေတယ်ဆိုတဲ့အချိန်မှာ ​ကြောက်နေတဲ့အရာကို တွန်းလှန်မယ်ဆိုပြီး ရှိသမျှ အင်အားကို စုပြီး လုပ်ဆောင်တာက ရုတ်တရက်မှာ အင်အားတိုးစေပါတယ်။ ပုံမှန် အချိန်ထက် ကြောက်နေတဲ့အချိန်မှာ တစ်ခုခုကို တွန်းလှန်မယ်ဆိုတဲ့စိတ်နဲ့ လုပ်ဆောင်တဲ့အခါ ပိုပြီး အားပြည့်နေတတ်တယ်လေ။

    စိတ်လက်ပြေပျောက်စေတယ်

    ​ကြောက်တဲ့စိတ်က စိတ်ခံစားမှုကို အကောင်းဆုံး ထိန်းချုပ်နိုင်စေပြီး စိတ်ဖိစီးမှုတွေကို ပြေလျော့စေဖို့ ထောက်ကူပေးပါတယ်။ ရေရှည်မှာ ကြောက်စိတ်က စိတ်ဖိစီးနိုင်စေတယ်ဆိုပေမယ့် ရေတိုမှာတော့ စိတ်ဖိစီးစရာတွေကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းစေနိုင်ပြီး စိတ်လက် ပြေလျော့စေပါတယ်။

    အကြောက်တရား အမြဲဖြစ်နေတာက ကျန်းမာရေးကို ထိခိုက်စေပေမယ့် ခဏတဖြုတ် ​ဖြစ်စေတဲ့ အကြောက်တရားကတော့ အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေကို ပေးပါတယ်။ ဒါကြောင့် အကြောက်တရားကို ရေရှည် မွေးမထားဖို့တော့ လိုပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 10/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement