backup og meta

ကိုဗစ်က နာလန်ထ ပြီး ရုတ်တရက် သေဆုံးရတဲ့ အကြောင်းရင်း

ကိုဗစ်က နာလန်ထ ပြီး ရုတ်တရက် သေဆုံးရတဲ့ အကြောင်းရင်း

ကိုဗစ်ဖြစ်ပြီးသွားပြီး ၁၄ရက် ဒါမှမဟုတ်  ရက် ၂၀ကျော်နေပြီ။ နာလန်ထ ချိန်မှာ ရုတ်တရက် လဲပြီး အသက်ပါပါသွားတယ်တို့၊ ပြန်သက်သာပြီးမှ အခြေအနေဆိုးသွားတယ်တို့ ပြောတာ ကြားဖူးမှာပါ။ ကိုဗစ်က ၁၄ရက်၊ ၂၁ရက်ကျော်သွားရင် သက်သာလာပြီလို့ပဲ ပြောလို့ရသေးတာပါ။ ၃လလောက် ဆက်ပြီးတော့ ဂရုစိုက်ရပါဦးမယ်။ ဘာကြောင့်လဲဆိုတော့ ကိုဗစ်မှာ ပြင်းထန်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ရှိနေလို့ပါပဲ။

ကိုဗစ်ကနေ နာလန်ထ ပြီး ရုတ်တရက် သေဆုံးရတဲ့ အကြောင်းအရင်း

ကိုဗစ်ရဲ့ နောက်ဆက်တွဲ ပြဿနာတွေထဲမှာ သာမန် အမောမခံနိုင်တာ၊ ချောင်းဆိုးတာ၊ အနံ့ပျောက်တာတွေ ကျန်ခဲ့တာ စတဲ့အပရိကလက္ခဏာလေးတွေ ခံစားရနိုင်သလို အသက်ပါပါသွားလောက်အောင် ပြင်းထန်တဲ့ နောက်ဆက်တွဲရောဂါတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါတွေကတော့

  • သွေးခဲပြဿနာ

ကိုဗစ်ဗိုင်းရပ်စ်ကိုယ်တိုင်ကလည်း သွေးခဲတာကို ဖြစ်စေနိုင်သလို လူနာက အိပ်ရာထဲမှာ အကြာကြီးလှဲနေရတာ၊ ရေသောက်နည်းတာ စတာတွေကလည်း သွေးခဲစေပါတယ်။ အထူးသဖြင့် ခြေထောက်မှာ သွေးခဲမယ်။ သွေးခဲက ပြုတ်ထွက်ပြီး အဆုတ် အပါအဝင် တခြားနေရာက သွေးကြောတွေမှာ သွားပိတ်တတ်ပါတယ်။

အဆုတ်မှာ ပိတ်တာက အန္တရာယ်အများဆုံးပါ။ အခန့်မသင့်ရင် အသက်ပါပါသွားနိုင်ပါတယ်။ အဆုတ်သွေးကြော သွေးခဲပိတ်တဲ့ လက္ခဏာတွေကတော့

-ရင်ဘတ်အောင့်တာ

-အသက်ရှူရခက်တာ

-ချောင်းဆိုးသွေးပါတာပဲ ဖြစ်ပါတယ်။

ခြေသလုံးမှာ နာနေမယ်၊ နီနေမယ်၊ ဖောင်းပြီး ရောင်နေမယ်ဆိုရင်တော့ ခြေထောက်သွေးကြောမှာ သွေးခဲနေတာ ဖြစ်နိုင်ပါတယ်။ ဒီသွေးခဲကနေမှ အဆုတ်မှာ သွားပိတ်တာမျိုးပေါ့။ တစ်ခါတလေ ဘာလက္ခဏာမပြလိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

  • နှလုံးထိခိုက်တာ

ကိုဗစ်ဗိုင်းရပ်စ်က နှလုံးကြွက်သားကိုလည်း ထိခိုက်စေတာကြောင့် နှလုံးကြွက်သားရောင်ရမ်းတာ ဖြစ်တတ်ပါတယ်။ နှလုံးကြွက်သားရောင်ရမ်းတာရဲ့ အကျိုးဆက်အနေနဲ့ နှလုံးခုန်မမှန်တာ၊ နှလုံးပျက်စီးတာ၊ ရုတ်တရက် နှလုံးရပ်တာတွေအထိ ဖြစ်နိုင်ပါတယ်။

လက္ခဏာတွေကတော့

-ရင်ဘတ်အောင့်တာ

-မောတာ

-ရင်တုန်တာ

-နုံးတာ စတာတွေ ဖြစ်တတ်ပါတယ်။ ဘာလက္ခဏာမှ မပြတာလည်း ဖြစ်နိုင်ပါတယ်။ နှလုံးကြွက်သားရောင်တာကို သတိမထားမိလိုက်ဘဲ နောက်ဆက်တွဲ နှလုံးစည်းချက်မမှန်တာဖြစ်ပြီး ရုတ်တရက် နှလုံးရပ်တတ်ပါတယ်။

ဒါကတော့ ရုတ်တရက် သေနိုင်တဲ့ အကြောင်းအရင်း မဟုတ်ပေမယ့် ပြင်းထန်တဲ့ နောက်ဆက်တွဲ ပြဿနာထဲမှာ ပါပါတယ်။ အထူးသဖြင့် အသက်၆၀ကျော်အရွယ်တွေ၊ ကိုဗစ်ဖြစ်တုန်းက ပြင်းထန်ခဲ့တဲ့ သူတွေ၊ နဂိုတည်းက ဆီးချို၊ သွေးတိုး၊ နာတာရှည် ကျောက်ကပ်ရောဂါရှိတဲ့သူတွေဆို ပိုသတိထားသင့်ပါတယ်။ လက္ခဏာတွေကတော့

-ဆီးနည်းသွားတာ

-ဆီးထဲ သွေးပါတာ

-ဆီးအရောင်နောက်တာ

-သွေးစစ်ကြည့်ရင် ဓာတ်ဆားတွေ ပုံမှန်မဟုတ်တာ၊ ဆီးထဲမှာ အသားဓာတ်ပါတာကို တွေ့ရမှာပါ။

ကိုဗစ်ကြောင့် ဖြစ်တဲ့ လေဖြတ်တာက သွေးကြောမှာ သွေးခဲပိတ်လို့ လေဖြတ်တာပါ။ ကိုဗစ်က သွေးခဲဖြစ်လွယ်စေတာကြောင့်ပါ။ နောက်ဆက်တွဲ အနေနဲ့ လေဖြတ်တာကို လူငယ်တွေမှာပါ တွေ့နေရတာကြောင့် အထူးဂရုစိုက်သင့်ပါတယ်။ လက္ခဏာတွေကတော့ ရုတ်တရက်

-မျက်နှာရွဲ့လာတာ

-လက်မမြှောက်နိုင်တော့တာ

-စကားလေးလာတာ

-ကိုယ်တစ်ခြမ်းလေးလာတာ စတာတွေပဲ ဖြစ်ပါတယ်။

ဒါ့ပြင် ကိုဗစ်ကြောင့် ဦးနှောက်ရောင်တာ၊ Guillain-Barre syndrome လို့ ခေါ်တဲ့ အာရုံကြောရောဂါလည်း ဖြစ်နိုင်ပါသေးတယ်။

ကိုဗစ်ကနေ နာလန်ထလာပြီဆိုရင်

ဒါကြောင့် ကိုဗစ်ဖြစ်ပြီးလို့ ၁၄ရက် ပြည့်ပြီ ဒါမှမဟုတ် ၂၁ရက်ပြည့်ပြီဆိုလည်း မပေါ့ပါနဲ့။ ကိုယ့်ကိုယ်ကို သက်သာလာတာ၊ အပြီး  မပျောက်သေးဘူး။ ဂရုစိုက်ရဦးမယ်၊ အနေအထိုင် ဆင်ခြင်ရဦးမယ်လို့ နှလုံးသွင်းထားပါ။

နေပြန်ကောင်းလာလည်း လက္ခဏာတွေကို ဆက်ပြီး စောင့်ကြည့်ဖို့ လိုပါတယ်။ မူမမှန်တာရှိရင် ဆေးတွေ စစ်ဖို့ လိုပါတယ်။ ဘာတွေ စစ်ရမလဲဆိုတာကို ကိုဗစ်တုန်းက ပြခဲ့တဲ့ ဆရာဝန်နဲ့ ပြန်တိုင်ပင်ပါ။ ကိုယ့်လက္ခဏာ၊ ဖြစ်နိုင်တဲ့ နောက်ဆက်တွဲတွေပေါ် မူတည်ပြီး လိုအပ်တာ ညွှန်ပါလိမ့်မယ်။

ကိုဗစ်ရဲ့ နောက်ဆက်တွဲ ပြဿနာတွေက အသက်ကြီးငယ်မရွေး၊ ကျားမမရွေး ခံရနိုင်ပါတယ်။ တချို့ဆို ကိုဗစ်ဖြစ်တုန်းက ပြင်းထန်တာမရှိဘဲ နာလန်ထအချိန်ကျမှ နောက်ဆက်တွဲတွေ ခံစားရတာမျိုး ရှိပါတယ်။ အထူးသဖြင့် လူငယ်တွေပါ။ ဖြစ်တုန်းက မပြင်းထန်ဘူးဆိုပြီး ပေါ့ပေါ့ဆဆနဲ့ ဂရုမစိုက်တာမျိုး မလုပ်သင့်ပါဘူး။

ကိုဗစ်ဖြစ်ပြီးသား လူနာတွေ အနေနဲ့ နာလန်ထအချိန်မှာ ပင်ပင်ပန်းပန်း သိပ်မလုပ်ပါနဲ့။ ကိုဗစ်ဖြစ်တုန်းကလိုပဲ ကောင်းကောင်းအနားယူ၊ အာဟာရပြည့်အောင် စားပါ။ ရောဂါလက္ခဏာ တစ်ခုခု ခံစားရတဲ့အခါ ဆရာဝန်နဲ့ ပြန်ပြပါ။ လိုအပ်တာတွေ စစ်ဆေးပြီး အချိန်မီကုသမှု ခံယူပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.mayoclinic.org/diseases-conditions/coronavirus/in-depth/coronavirus-long-term-effects/art-20490351

https://bestpractice.bmj.com/topics/en-gb/3000201/complications

https://www.cdc.gov/coronavirus/2019-ncov/long-term-effects.html

ယခုပုံစံ

09/09/2021

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုဗစ်က သက်သာလာရင်ရော ဘာတွေခံစားရနိုင်မလဲ………

တုပ်ကွေးကာကွယ်ဆေး က ပြင်းထန်ကိုဗစ်ကို ကာကွယ်နိုင်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 09/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement