🔥 ရေပန်းစားသောအကြောင်းအရာ

သားဥ ကြွေ

ဒေါက်တာရှင့်

၉ရက်နေ့က menstruation လာတာ ၁၅ ရက်နေ့မှာ ပြီးသွားပါတယ် ။ ပုံမှန်ရာသီက ၃၁ရက် တခါ လာပါတယ်

၁၉ ရက်နေ့က အကာကွယ်သုံးပြီး အတူနေခဲ့ပါတယ် ၃ကြိမ်မြောက်နေတော့ အစပိုင်းကို condom မသုံးခဲ့ဘဲ ပြီးခါနီးမှ စွပ်ပြီး အ့ထဲပဲပြီးလိုက်ပါတယ် sperm တော့သိပ်မထွက်ပါဘူး အ့တာ သားဥ ကြွေ ရက်နဲ့ နည်းနည်းကပ် နေလို့ စိတ်ချရပါ့မလားရှင့် emergency pill မသောက်လိုက် ရလို့ပါ ဖြေပေးတာ ကျေးဇူးပါ Doctor

0
12
မှတ်ချက် 5 ခု

မှတ်ချက် 5ခု

ဒေါက်တာရှင့်အသက်၄၀ဆိုရင်ရောကိုယ်ဝန်ဆောင်လို့ရနိုင်ပါသလားရှင့်သွေးစစ်ကြည့်တာမမျိုးဥ၀.၃၃လို့အဖြေထွက်တယ်ရှင့်ရဖို့ရာခိုင်နှုန်းအတော်နည်းလားရှင့်ကိုယ်ဝန်ဆောင်နိုင်ဖို့ဘာတွေလုပ်သင့်လဲရှင့်ကျေးဇူးပြုပီးပြန်လည်ဖြေကြားပေးပါရှင်ကျေးဇူးတင်ပါတယ်

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

[mention+id="4781377"+name="Yamin Aye"]

အသက်ကြီးလာရင် ကလေးရဖို့ခက်တာက သဘာဝပါ။ သဘာဝအတိုင်း ရဖို့ ခက်ခဲရင် ဖန်ပြွန်သန္ဓေသားကိုယ်ဝန်ဆောင်ဖို့ တိုင်ပင်ကြည့်ပါ။ နောက်ပြီး ကလေးမှာဖြစ်လာနိုင်တဲ့ မွေးရာပါချို့ယွင်းချက်တွေ (ဥပမာ ဒေါင်းရောဂါဆို သက်ကြီးကိုယ်ဝန်ဆောင်မှာ ပိုဖြစ်တတ်ပါတယ်)၊ မွေးရဖွားရခက်နိုင်တာတွေ ဒါတွေကိုလည်း သားဖွားမီးယပ်ဆရာဝန်နဲ့ ကြိုတိုင်ပင်ပါ။

https://hellosayarwon.com/pregnancy/getting-pregnant/fertility-problems-and-treatment/how-to-get-pregnant-after-40s/

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ရာသီလာတာ မှန်တယ်။ ၃၁ရက်တစ်ခါ လာနေကျဆိုရင် ကလေးရနိုင်တဲ့ရက်က ဖေဖော်ဝါရီလ ၂၂ရက်နဲ့ ၂၇ရက်ကြားပါ။ ဒီတော့ ကလေးရနိုင်ခြေက နည်းပါတယ်။


သားဥကြွေမယ့်၊ ကိုယ်ဝန်ရနိုင်မယ့်ရက်တွေကို ဒီမှာ တွက်နိုင်ပါတယ်။ https://hellosayarwon.com/health-tools/ovulation-calculator/


ဒါပေမယ့် ကိုယ်ဝန်မလိုချင်လို့ ကွန်ဒုံးသုံးတာဆိုရင် အတူနေဖို့ လိင်တံထောင်မတ်တည်းက စွပ်ထားဖို့ လိုပါတယ်။ ရှေ့ပြေးအရည်မှာ တစ်ခါတလေ သုက်ကောင်အနည်းငယ်ပါနိုင်လို့ပါ။ မတော်တဆ ကွန်ဒုံး မစွပ်ခင် သုက်နည်းနည်းထွက်သွားရင်တောင် အဲ့ထဲမှာ သုက်ကောင်တွေ အများကြီး ပါသွားနိုင်လို့ ပြီးခါနီးမှ စွပ်တာမျိုးမလုပ်ရပါဘူး။

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1

[mention+id="4702632"+name="sora dora"]

ဟုတ်ကဲ့ ရပါတယ်ရှင်။ နောက်လည်း သိချင်တာရှိရင် လာမေးနိုင်ပါတယ်နော်။

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1

[mention+id="2479646"+name="Dr Htet Htet Zaw Win"]

ကျေးဇူးအထူးတင်ပါတယ် Doctor နောက်ဆိုဆင်ခြင်ပါ့မယ်

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်