Menstruation
အသက် 21ပါ ရာသီမလာတာ ၃ပတ်ကျော်သွားပါပြီ ကေသီပန်သောက်တာလည်းမထူးခြားလို့ပါ ။ ထိုးသွင်းပြီးဆက်ဆံခြင်းမရှိခဲ့ပေမယ့် အပြင်အဝတ်အစားပေါ်ကနေ ပွတ်သပ်ခြင်းမျိုးရှိခဲ့ပါတယ် ၊ ဒါပေမယ့် အခုတလော ညဆိုကိုယ်ပူတတ်ပြီး ဝမ်းလည်းချုပ်နေပါတယ်
အာ့တာ ကိုယ်ဝန်ရှိနေလား သံသယဝင်နေလို့ပါ
အဖြူလည်းဆင်းပါတယ် တစ်ခါတစ်လေအရည်ကြည် တစ်ခါတလေ ပျစ်ပါတယ်
အဝတ်အစားပေါ်ကနေ ပွတ်နေတာ ကိုယ်ဝန်မရနိုင်ပါ။ ညဘက်ဖျားပြီး ဝမ်းချုပ်တာအတွက် နီးစပ်ရာဆေးခန်းကို ပြကြည့်ပါ။