🔥 ရေပန်းစားသောအကြောင်းအရာ

ညတိုင်း ပျို့အန်တာ

ကောင်လေးနဲ့ 2023 - February 15 ရက်ကနေ အခု April လ အထိ လတိုင်း အကာအကွယ် စနစ်တကျ အသုံးပြုပြီး အတူတူ လိင်ဆက်ဆံဖြစ်ပါတယ်။


ကွန်ဒုံး ပေါက်ပြဲတာ မျိုးလည်း မရှိပါဘူး။


ဒါပေမယ့် April 10. ကနေ စပြီး April 12 ရက် ည အထိ ညဘက်ရောက်လာရင် ပျို့ပျို့ပြီး အန်ချင်လာပါတယ်။

နေ့ခင်း နားချိန် တွေ အိပ်ရတာလည်း အိပ်သလောက် မဝပါဘူး လူပင်ပန်းသလို ခံစားရပြီး မောပါတယ်

အလုပ်က ညဆိုင်းဆိုတော့ နေ့ခင်း တနေကုန် အိပ်ပါတယ်။


ညဘက်ကြမှ အလုပ်ဆင်းရတာပါ။


အလုပ်မဝင်ခင် ပျို့ပျို့ပြီး အန်ချင်လာပါတယ်။


အဲ့တာ ကိုယ်ဝန် ရှိနေလို့လားဆရာ


ကိုယ်ဝန် ရှိနေရင် ရော ခဏခဏ ပျို့အန်ချင်တာမျိုး ဖြစ်တတ်လား စိုးရိမ်လို့ပါ ဆရာ ဖြေကြားပေးပါအုံး

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
61
3

မှတ်ချက် 3ခု

ကွန်ဒုံးကို သေချာသုံးရင်တော့ ရနိုင်ခြေ နည်းပါတယ်။ ပျို့အန်တာက တခြားကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ရာသီရောပုံမှန်လာရဲ့လား။

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1
@Thura Zaw

ရာသီမမှန်တာကလည်း အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။ ဥပမာ သွေးအားနည်းလွန်းတာ၊ ဟော်မုန်းပြဿနာ စသဖြင့်ပေါ့။ ဒါကတော့ အကြောင်းရင်းပေါ် မူတည်ပြီး ကုသရပါတယ်။

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Dr Htet Htet Zaw Win

အပျိုဖော် ဝင်ကတည်းက ရာသီ မမှန်ပါဘူး ဆရာ ဘာကြောင့်ပါလဲ ဘယ်လိုမျိုး ဆေးဆောင် ရမလဲ ဆရာ

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်