🔥 ရေပန်းစားသောအကြောင်းအရာ

ကိုယ်ဝန်ဆောင်ကာလ ၈ပတ်မြောက်အတွက် မေမေတို့အတွက် သိကောင်းစရာ

ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ


ဒီအပတ်ကတော့ ပဲစေ့အရွယ် ၂.၇ စင်တီမီတာအထိ ကြီးလာပါပြီနော်။ ကလေးလေးက ဗိုက်ထဲမှာ ဆက်တိုက် အပြောင်းအလဲတွေဖြစ်နေပါတယ်။ ခြေချောင်းလက်ချောင်လေးတွေ ထွက်လာပါပြီ။ ကလေးလေးနဲ့ ပိုတူလာပါပြီ။ အရင်က ကပ်နေတဲ့ ခြေလက်တွေ အခုဆို ကွဲလာပါပြီ။ အပေါ်နှုတ်ခမ်း၊ နှာခေါင်း၊ မျက်ခွံလေးတွေလည်း စပေါ်လာပါပြီ။ အပြောင်းအလဲတွေက စိတ်လှုပ်ရှားစရာနော်။ ဒီပြောင်းလဲမှုတွေ အကုန်လုံးဝင်ဆံ့အောင် ရေမြွှာရေတွေက တစ်ပတ်ကို ၃၀ မီလီလီတာနှုန်းနဲ့တိုးလာပါတယ်။


ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ


ပြီးခဲ့တဲအပတ်ကပြောခဲ့သလိုပဲ ရင်သားတင်းတာ ယောင်တာတွေဖြစ်မှာပါ။ နာလာတာလည်း ဖြစ်တတ်ပါတယ်။ အတွင်းခံတွေကျပ်ပြီး သက်သောင့်သက်သာမဖြစ်တော့ပါဘူး။ ပိုကြီးတဲ့ဆိုဒ်ဝယ်သင့်ပါပြီ။ ကိုယ်ဝန်ဟော်မုန်းတွေက ကလေးလေးကိုနို့တိုက်ဖို့ ရင်သားကိုကြိုတင်ပြင်ဆင်နေတာပါ။ နောက်အပတ်ကျရင် သက်သာလာပါလိမ့်မယ်။


ပိုပြီးပင်ပန်းသလို ခံစားနေရလား။အရင်တုန်းမဖြစ်ဖူးရင် အခုဖြစ်ပါလိမ့်မယ်။ကိုယ်ဝန်ဟော်မုန်းတွေမှာ ခေါင်းမူးစေတဲ့ ပရိုဂျက်စတာရုမ်း ပါပါတယ်။ပင်ပန်းတယ်ထင်ရင် နားလိုက်ပါ။ တစ်မှေးလောက်အိပ်လိုက်တာက တစ်နေ့တာအတွက် အားပြန်ပြည့်လာစေနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုတွန်းအား သိပ်မပေးပါနဲ့။ခန္ဓာကိုယ်က အချက်ပြတဲ့လက္ခဏာကို နာခံပါ။ ခန္ဓာကိုယ်ကကိုယ်ကိုယ်တိုင်အပြင် ကလေးလေးအတွက်ပါ

ကြိုးစားနေရတာကို သတိရပါ။

သိသင့်သိထိုက်တာလေးတွေ


အန်ချင်စိတ်က လူကို မောပမ်းနွမ်းနယ်စေပါတယ်။ အထောက်အကူဖြစ်လောက်မယ့် အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ အစားအသောက် ဂရုစိုက်ပါ။ ကာဗွန်ဟိုက်ဒရိတ်ပါတာ၊ အဆီနည်းတာ၊ အစာကြေလွယ်တာတွေရွေးပါ။ ဂျင်းနဲ့လုပ်ထားတဲ့ သကြားလုံးတွေလည်း စားပေးနိုင်ပါတယ်။ အဆီ၊အ စပ်တွေရှောင်စားကြပါနော်။


နည်းနည်းနဲ့ အကြိမ်ရေ များများစားပေးပါ။ တစ်နေ့သုံးကြိမ်စားဖို့ ခက်နေပါလိမ့်မယ်။ နည်းနည်းနဲ့ အကြိမ်ရေများများစားတာက ပိုအဆင်ပြေစေပါတယ်။ ၃ကြိမ်ထက် ၅ကြိမ်စားကြည့်ပါ။ အစားခြေတာ အာဟာရစုပ်ယူတာကို ပိုကောင်းစေပါတယ်။ အရည်တွေများများသောက်ပေးပါ။ အရည်များများသောက်ဖြစ်အောင်ကြိုးစားပါ။ ဂျင်းရည်၊ ဂျင်းလက်ဖက်ရည်တွေ သောက်ပေးနိုင်ပါတယ်။


ပျို့အန်စေချင်တဲ့အစာတွေကို ရှောင်ပါ။ ပျို့ချင်စိတ်ကို သက်သာအောင်အခန်းကို လေဝင်လေထွက်ကောင်းအောင်ထားပါ။


လေကောင်းလေသန့်များများရှုပါ။ ရာသီဥတုသာယာနေရင်

အလုပ်မှာဖြစ်ဖြစ် အိမ်မှာဖြစ်ဖြစ် ပြတင်းပေါက်တွေဖွင့်ထားပါ။နေတိုင်း

လမ်းထွက်လျှောက်တာက အန်ချင်စိတ်ကို သက်သာစေပါတယ်။


ဗီတာမင်တွေကို အစားနဲ့တွဲသောက်ပေးပါ။ ဒီဗီတာမင်တွေက

အန်ချင်စိတ်ကိုဖြစ်စေနိုင်ပါတယ်။ အစာရှိမှသောက်ပေးပါ။ မုန့်စားပြီးတော့ပဲဖြစ်ဖြစ်

စားပေးကြပါနော်။ ဗီတာမင်သောက်ပြီးရင် ဂျင်းသကြားလုံးလေး စားပေးလို့ရပါတယ်။


အနှိပ်ခံတာ၊ အပ်စိုက်ကုတာတွေ လုပ်ကြည့်ပါ။ ထိရောက်တယ်လို့ ရှာတွေ့ထားတာတော့မရှိသေးပေမယ့် တစ်ချို့က သက်သောင့်သက်သာရှိစေပါတယ်တဲ့။ နှိပ်နယ်ပေးတာက

ခန္ဓာကိုယ်ရဲ့တစ်ချို့အစိတ်အပိုင်းတွေကို လှုပ်ဆော်ပေးနိုင်ပါတယ်။ အနှိပ်လက်ကောက်တွေကိုဆေးဆိုင်တွေမှာ ဝယ်လို့ရပါတယ်။ ဒီလက်ကောက်တွေက လက်ကောက်ဝတ်နေရာကို လှုံ့ဆော်ပေးပြီး ပျို့အန်ချင်စိတ်ကို သက်သာစေပါတယ်။ အပ်စိုက်ကုထုံးကျတော့ ခန္ဓာကိုယ်က ဖိအားများတဲ့နေရာတစ်ချို့ကို အပ်ဆိုက်ပေးတာပါ။ကိုယ်ဝန်ဆောင်တွေကို ကုသဖူးနေကျကျွမ်းကျင်သူတွေနဲ့ပဲပြတာ ကောင်းပါတယ်။ မလုပ်ခင်ဆရာဝန်နဲ့သေချာတိုင်ပင်ပေးပါ။ ဆရာဝန်တွေကလည်း အဆင်ပြေမှာလေးတွေကို ညွှန်းပေးမှာပါ။

ကိုယ်ဝန်ဆောင်ကာလ ၈ပတ်မြောက်အတွက် မေမေတို့အတွက် သိကောင်းစရာကိုယ်ဝန်ဆောင်ကာလ ၈ပတ်မြောက်အတွက် မေမေတို့အတွက် သိကောင်းစရာ
1
20k
မှတ်ချက် 0 ခု

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်