🔥 ရေပန်းစားသောအကြောင်းအရာ

Hello Dr ရှင့်

ကလေးက၆လပြည့်ပီးပါပီ ဝမ်းသွားတာ တနေ့ကို ၄ကြိမ်၅ကြီမ်လောက်ရှိပါပီ အဲ့လိုသွားနေတာက ၁၆ရက်လောက်ရှိပါပီ ဆေးခန်းပြပေးမယ့် ဆေးက ၆ရက်စာသောက်ပီး ထပ်မပြဖစ်ပါဘူး ဖြည့်စွက်စာ စားလို့ ဝမ်းသွားတာဖြစ်နိုင်ပါသလား ဖြည့်စွက်စာကလည်း ထမင်းပျော့ပြဲချေကျွေးတာမစားလို့ ဆန်မှုန့်ကိုဆန်နဲ့နို့ပါတဲ့ဟာလေးကျွေးပါတယ် တချို့ကလည်း ဝမ်းသွားရင် နို့နဲ့ပတ်သက်တာစားရင် ပိုလျှောတယ်လို့ပြောလို့ပါ ဘယ်လိုလုပ်ရမလဲရှင်

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
3
3

မှတ်ချက် 3ခု

နို့က ဘာနို့လဲ

နို့နဲ့ကျွေးရင် ဝမ်းလျှောတယ်ဆိုတာက မသန့်လို့ ဒါမှမဟုတ် ကလေးမှာ နို့သကြားမချေဖျက်နိုင်တဲ့ ပြဿနာရှိနေလို့ ဖြစ်နိုင်ပါတယ်။

ကလေးဆရာဝန်နဲ့ ပြကြည့်ပါ။

လွန်ခဲ့သော 4 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@KoKo' Bae

သွားနေကျဆိုရင်တော့ စောင့်ကြည့်ပါဦး

ကလေးက အစားဝင်တယ်၊ ရှူးပေါက်တယ်၊ လန်းတယ်ဆိုရင်တော့ ထူးထူးခြားခြား ပြဿနာမရှိပါ။

စိတ်ပူရင်တော့ စိတ်ရှင်းသွားအောင် ကလေးဆရာဝန်နဲ့ ပြကြည့်ပါ။


လွန်ခဲ့သော 4 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Dr Htet Htet Zaw Win

နို့ဆိုတာက အာဟာရမှုန့်ထဲမာပါပီးသားဟာကိုပြောတာပါရှင် (rice+milk) လို့ရေးထားပါတယ်ရှင် ဝမ်းသွားတာကျတော့ ဖြည့်စွက်စာမကျွေးခင်ကတည်းကပါ အများကြီးမဟုတ်ပဲ တနေ့၅ကြိမ် နည်းနည်းစီသွားတာပါ

လွန်ခဲ့သော 4 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်