🔥 ရေပန်းစားသောအကြောင်းအရာ

ကိုယ်ဝန်လနုစဥ်သွေးဆင်းများနေခြင်း

မင်္ဂလာပါ ဒေါက်တာ

ညီမက ကိုယ်ဝန်၈ပတ်ကျော်ရှိပါပီ အာထရာဆောင်း၂ခါရိုက်ထားပါတယ် ပထမတခါရိုက်တုန်းက ကလေးနှလူံးခုန်သံမကြားရပါဘူး ဒုတိယတခါက ညီမသွေးဆင်းတာအရမ်းများလို့ရိုက်ရတာပါ ညီမပြတဲ့OGဆရာမနဲ့တိုင်ပင်ပါတယ် ထပ်ရိုက်တဲ့အာထရာဆောင်းမှာကလေးနှလုံးခုန်သံကြားရပါတယ် OGညွှန်းပေးတဲ့ဆေးကိုလည်းပုံမှန်သောက်နေပါတယ် ၃ရက်ဆက်တိုက်အများကြီးဆင်းနေရာကမနေ့ကသိပ်မဆင်းပဲရပ်သွားပါတယ် ဒါပေမယ့်ဒီနေ့ ပြန်ပီးထပ်ဆင်းနေပါတယ် OGကနားနေခိုင်းလို့အရင်ရက်တွေကဆိုင်ကယ်လည်းမစီးဘယ်မှလည်းမသွားပဲနားနေပါတယ် ညီမနေတာနဲ့မိဘအိမ်နဲ့ကဝေးပါတယ်ဒီနေ့တော့အသွားအပြန်လုပ်ဖြစ်ပါတယ် ခင်ပွန်းကလည်းဆိုင်ကယ်ဖြေးဖြေးပဲမောင်းပေးတာပါ သွေးကထပ်ဆင်းလာတာကလေးအဆင်ပြေနိုင်ရဲ့လား ဆိုင်ကယ်စီးလို့နဲ့ဆိုင်လားဆိုတာ ကျေးဇူး ပြုပြီး ပြောပြပေးပါဦးနော် ဒေါက်တာ ကလေးအဆင်​ပြေနိုင်ရဲ့လားဆိုတာကိုပဲ အမြဲ စိတ်ပူနေရလို့ပါရှင့်

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
73
1

မှတ်ချက် 1ခု

ဆိုင်ကယ်မစီးပါနဲ့ဦးနော်။ ဖြည်းဖြည်းပဲ မောင်းတာမှန်ပေမယ့် လမ်းကြမ်းလို့ ခုန်ရင် အဆင်မပြေပါ။

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်