2လပိုင်း 15ရက် နေ့မှာ အတူတူ နေဖြစ်ပါတယ်။ ဒါမဲ့ သူ့အထဲကို လက်နဲ့ပဲလုပ် ပေးဖြစ်တာပါ။ကျွန်တော့်ဟာရဲ့ ရှေ့ပြေးအရည်ကြည်ကိုင်ထားမိတဲ့လက်နဲ့ လုပ်မိလိုက်တာ
... ပိုမိုကြည့်ရှုရန်ကလေးဘာလို့ပြန်မရသေးတာလဲ
ကျမအသက်၂၇နှစ်ပါ အသက်၂၅နှစ်တုန်းက ကိုယ်ဝန်၆လနဲ့ပျက်ကျဖူးပါတယ် (အသေလေးမွေးတာပါ)ပျက်ကျပီး ၄၅ရက်မာ သုံးလခံတားဆေးထိုးပါတယ် ထိုးဆေးထိုးတာရာသီလာတာမရပ်လို့ နားပီး စားဆေးနဲ့ပြန်စားခဲ့ပါတယ် ကြားထဲမှာ၈လနားထားပါတယ် ၈လနားပီးပြန်သောက်ပါတယ် ခုမသောက်တာ ၆လလောက်ရှိပါပီ ဒါပေမယ့်ကလေးကမရသေးပါဘူး ဘာဖြစ်လို့လဲရှင့် သားအိမ်အားနည်းလို့လား တားဆေးစားတာလွန်သွားလို့လား ပထမကိုယ်ဝန်ပျက်ကျတုန်းကသားအိမ်မခြစ်လိုက်ရဘူးရှင့် ခုလက်ရှိရာသီလာတော့လည်းအတုံးအခဲတွေများနေတယ်ရှင့် အရင်ကနဲ့မတူလို့ပါ ဘယ်ချိန်လောက်စောင့်ရင်နောက်ထပ်ကလေးထပ်ရနိုင်လဲရှင့်
မှတ်ချက် 1ခု
နောက်ဆုံး
အဖွဲ့ဝင်အသစ်များအတွက်
အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်
ပထမတစ်ခါ ကလေးပျက်တုန်းက သားအိမ်ထဲမှာ အစအနကျန်လို့ မခြစ်ရတာ ဖြစ်ပါလိမ့်မယ်။ တားဆေးရပ်ထားတယ်ဆို ပြန်ရနိုင်ပါတယ်။ လပိုင်းလောက်တော့ စောင့်ကြည့်ပါ။ ၂၅နှစ်မှာ ကလေးရတာနဲ့ ၂၇နှစ် အရွယ်မှာ ကလေးရဖို့ စောင့်ရတာ ကွာတော့ကွာပါတယ်။ အသက်ကြီးလာရင် ကလေးရဖို့ အချိန်ယူရတတ်ပါတယ်။
ရာသီသွေးမှာ သွေးတုံးသွေးခဲပါတာလည်း ဖြစ်တတ်ပါတယ်။ ခဏခဏ padလဲရအောင် မများရင်၊ ကိုက်တာခဲတာ သိပ်မဆိုးရင် ခဏစောင့်ကြည့်ပါ။
အရင်က ကလေးပျက်ကျဖူးပေမယ့် ကလေးပြန်ရနိုင်ခြေရှိလို့ အားမလျော့ပါနဲ့။ ကိုယ်ဝန်ယူဖို့ စောင့်နေတာဆိုတော့ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြသပြီး အားဆေးသောက်တာ၊ ကာကွယ်ဆေးထိုးတာ၊ ဆေးစစ်တာတွေ ကြိုလုပ်ထားပါ။
ဒါကတော့ ကလေးပြန်ရဖို့ လိုက်နာရမယ့် အချက်တွေပါ။
https://hellosayarwon.com/pregnancy/getting-pregnant/preparing-to-get-pregnant/how-to-get-pregnancy-fast/
hellosayarwon.com