အစာအိမ်ကင်ဆာ ဆိုတာက အစာအိမ်ထဲက ဆဲလ်တွေ ပုံမှန် မဟုတ်ပဲ ကြီးထွားမှုကနေစတင်တဲ့ ကင်ဆာ အမျိုးအစားပါ။ အစာအိမ်ဆိုတာက ဝမ်းဗိုက်ရဲ့ အထက်ပိုင်း အလယ်နားမှာ ရှိတဲ့ ကြွက်သားနဲ့ ဖွဲ့စည်းထားတဲ့ အိတ်တစ်ခုပါ။ နံရိုးတွေရဲ့ အတွင်းဘက်နားမှာ ရှိပါတယ်။ အစာအိမ်က စားလိုက်တဲ့ အစာတွေကို လက်ခံတယ်၊ ထိန်းသိမ်းပေးထားတယ်။ ပြီးရင် ချေဖျက်ဖြိုခွဲပေးပါတယ်။
အစာအိမ်ကင်ဆာကို (Stomach Cancer) လို့ ခေါ်သလို (Gastric Cancer) လို့လည်း ခေါ်ပါတယ်။ အစာအိမ်ကင်ဆာက အစာအိမ်ရဲ့ နေရာတိုင်းမှာ ဖြစ်နိုင်ပါတယ်။ အစာအိမ်ကင်ဆာ အများစုကတော့ အစာအိမ်ရဲ့ အဓိကကျတဲ့အစိတ်အပိုင်းနေရာကနေ စဖြစ်တာပါ။
အစာအိမ်ကင်ဆာက အစာအိမ်ကိုတင် ထိခိုက်စေတာ မဟုတ်ဘဲ၊ အစာအိမ်ဆီကို အစာတွေ ပို့ဆောင်ပေးတဲ့ အစာရေမျိုပြွန် နဲ့ အစာအိမ် ဆုံတဲ့ နေရာမှာလည်း ဖြစ်နိုင်ပါတယ်။
အစာအိမ်မှာ ကင်ဆာဖြစ်နေတယ်လို့ ယူဆရတဲ့ လက္ခဏာရှိပြီဆိုတာနဲ့ အမြန်ဆုံး စစ်ဆေးကုသမှု ခံယူဖို့ လိုပါမယ်။ ကုသမှုဆိုတဲ့နေရာမှာ ခွဲစိတ်ပြီး ကင်ဆာဖြစ်နေတဲ့ နေရာကို ဖယ်ထုတ်တာရှိသလို မခွဲစိတ်ခင် နဲ့ ခွဲစိတ်ပြီးချိန်မှာ ခံယူရမယ့် ကုသမှုတွေလည်း ရှိပါတယ်။
အစာအိမ်ကင်ဆာ
အစာအိမ်ကင်ဆာက အစာအိမ်ထဲမှာရှိတဲ့ ဆဲလ်တစ်ခုရဲ့ DNA (မျိုးဗီဇ) ပြောင်းလဲမှုကနေ စတင်ဖြစ်ပွားတာပါ။ ဆဲလ်ရဲ့ DNA ထဲမှာ ဆဲလ်ကို ဘယ်လို လုပ်ဆောင်ရမယ်ဆိုပြီး ညွှန်ကြားတဲ့ လုပ်ငန်းစဉ် ပါဝင်ပါတယ်။ ဒီပြောင်းလဲမှုက ဆဲလ်ကို မြန်မြန် ကြီးထွားဖို့ နဲ့ ကျန်းမာတဲ့ ဆဲလ်တွေ သေဆုံးသွားချိန်မှာ ဆက်လက်ရှင်သန်နေဖို့ သတင်းပေးလိုက်ပါတယ်။
ဒီလိုနဲ့ ကင်ဆာဆဲလ်တွေ ပွားလာပြီး အကျိတ်ဖြစ်လာပါမယ်။ အကျိတ်က ကျန်းမာတဲ့ တစ်ရှူးတွေဆီ ဝင်ရောက်ပြန့်နှံ့ ကျန်းမာတဲ့ တစ်ရှူးတွေကို ဖျက်ဆီးပစ်လိုက်ပါတယ်။ ဒီလိုလုပ်ဆောင်နေတာနဲ့ တစ်ချိန်ထဲမှာ ကင်ဆာဆဲလ်တွေက ကွဲပွားပြီး ခန္ဓာကိုယ်ရဲ့ အခြား အစိတ်အပိုင်းတွေဆီ ပြန့်နှံ့ပါတယ်။
အစာအိမ်ကင်ဆာ လက္ခဏာများ
အစာအိမ်ကင်ဆာ ခံစားရတဲ့အခါ
- အစာ မျိုချရခက်တာ
- အစားစားပြီးတိုင်း လေပွသလို ခံစားရတာ
- နည်းနည်းစားပြီးရင် ထပ်မစားချင်တော့ဘဲ ဗိုက်ပြည့်သလို ခံစားရတာ
- ရင်ပူတာ
- အစာမကြေတာ
- မအီမသာဖြစ်တာ
- ဗိုက်အောင့်တာ
- အကြောင်းအရင်း မရှိဘဲ ကိုယ်အလေးချိန် ကျသွားတာ
- အော့အန်တာ
- ဝမ်းထဲသွေးပါတာတွေ ခံစားရနိုင်ပါတယ်။
တကယ်လို့ အခုပြောခဲ့တဲ့ လက္ခဏာတစ်ခုခု တွေ့ရပြီဆိုရင် မြန်မြန်နိုင်သမျှ မြန်မြမန် စစ်ဆေးကုသမှု ခံယူပါ။ ဆရာဝန်က လိုအပ်တဲ့ စစ်ဆေးမှုဗတွကို လုပ်ဆောင်ပြီး သင့်တော်တဲ့ ကုသမှုကို လုပ်ဆောင်ပေးပါလိမ့်မယ်။
အစာအိမ်ကင်ဆာ ဖြစ်စေတဲ့ အကြောင်းအရင်း
အစာအိမ်ကင်ဆာ ဖြစ်စေတဲ့ အကြောင်းအရင်းကို တိတိကျကျ မသိရသေးပါဘူး။ ဒါပေမယ့် ဒီအချက်တွေကြောင့်တော့ အစာအိမ်ကင်ဆာ ခံစားရနိုင်ခြေ တိုးစေပါတယ်။
- စားချဉ့်ရည် ပြန်ဆန်တက်တဲ့ ရောဂါရှိတာ
- အဝလွန်တာ
- အငန်ကဲတဲ့အစားအစားတွေ၊ ကျပ်တင်ထားတဲ့ အစားအစာတွေ စားတာ
- သစ်သီး နဲ့ ဟင်းသီးဟင်းရွက် အစားနည်းတာ
- မျိုးရိုးရှိတာ
- Helicobacter pylori (H. pylori) ဘက်တီးရီးယား ဝင်ရောက်ကူးစက်ခံရတာ
- အစာအိမ်ရောင်တာကို ကာလရှည်ကြာ ခံစားရတာ
- ဆေးလိပ်သောက်တာ
- သွေးအမျိုးအစား A ဖြစ်နေတာ
- အစာအိမ် အသားပို၊ အဖုအကျိတ်ဖြစ်တာတွေက အစာအိမ်ကင်ဆာ ခံစားရနိုင်ခြေ များစေပါတယ်။
အစာအိမ်ကင်ဆာ အဆင့်သတ်မှတ်ခြင်း
အစာအိမ်ကင်ဆာ ခံစားရတဲ့အခါ ခံစားနေရတဲ့ အခြေအနေအလိုက် အခုလို အဆင့်တွေ သတ်မှတ်နိုင်ပါတယ်။
အစာအိမ်ကင်ဆာ အဆင့် 1
ဒီအဆင့်မှာ 1A နဲ့ အဆင့် IB ဆိုပြီးရှိပါတယ်။
အဆင့် 1B – ဒီအဆင့်မှာတော့ ကင်ဆာက အစာအိမ် ကြွက်သားနံရံအလွှာဆီကို ပြန့်နှံနေတာ ဒါမှမဟုတ် အနီးနားက ပြန်ရည်ကျိတ် ၁ ခု၊ ၂ ခုစီကို ပြန့်နေတဲ့ အနေအထားပါ။
အစာအိမ်ကင်ဆာ အဆင့် II
ဒီအဆင့်မှာ အဆင့် IIA နဲ့ အဆင့် IIB ဆိုပြီး ရှိပါတယ်။
- အနီးတဝိုက်က ပြန်ရည်ကျိတ် ၃ ခုကနေ ၆ ခု အထိလောက်ကို ပြန့်နှံနေပါပြီ။
- အစာအိမ် ကြွက်သားနံရံနဲ့ အနီးတဝိုက်က ပြန်ရည်ကျိတ် ၁ ခု ဒါမှမဟုတ် ၂ ခုဆီကို ပြန့်နှံနေပါပြီ။
- ကင်ဆာဆဲလ်က ပြန်ရည်ကျိတ်တွေ၊ အခြားတစ်ရှူးတွေဆီ ပြန့်နေတာမျိုး မရှိဘူး။ ဒါပေမယ့် အစာအိမ်ရဲ့ ကြွက်သားနံရံ အလွှတွေထဲမှာ ကင်ဆာဆဲလ်တွေ ပြန့်နေပါပြီ။
Stage IIB – ဒီအဆင့်မှာ ကင်ဆာဆဲလ်တွေက ဒီအခြေအနေ ၄ ခုမှာ ရှိနိုင်ပါတယ်။
- အနီးတဝိုက်မှာ ရှိတဲ့ ပြန်ရည်ကျိတ် ၇ ခုနဲ့ အထက်ဆီ ပြန့်နေပါပြီ။ ဒါပေမယ့် အစာအိမ် နံရံ ကြွက်သားလွှာဆီ မပြန့်သေးပါဘူး။
- အနီးတဝိုက်က ပြန်ရည်ကျိတ် ၃ ခုကနေ ၆ ခု အထိလောက်ကို ပြန့်နှံနေပါပြီ။ အစာအိမ် ကြွက်သားနံရံဆီကိုလည်း ပြန့်နေပြီ။
- အစာအိမ် ကြွက်သားနံရံနဲ့ အနီးတဝိုက်က ပြန်ရည်ကျိတ် ၁ ခု ဒါမှမဟုတ် ၂ ခုဆီကို ပြန့်နှံနေပါပြီ။
- အစာအိမ် အပြင်ဘက်ဆုံး နံရံဆီ ပြန့်နေပါပြီ။ ဒါပေမယ့် အနီးတဝိုက်က ပြန်ရည်ကျိတ်တွေဆီတော့ မပြန့်သေးပါဘူး။
အစာအိမ်ကင်ဆာ အဆင့် III
ဒီအဆင့်မှာအဆင့် IIIA၊ အဆင့် IIIB နဲ့အဆင့် IIIC ဆိုပြီး ရှိပါတယ်။
အဆင့် IIIA – ဒီအဆင့်မှာ ကင်ဆာဆဲလ်တွေက ဒီအခြေအနေ ၃ ခုမှရှိနေနိုင်ပါတယ်။
- အစာအိမ် ကြွက်သားနံရံနဲ့ ပြန်ရည်ကျိတ် ၇ ခုနဲ့ အထက်ဆီ ပြန့်နေပါပြီ။
- အစာအိမ် အတွင်းကြွက်သားနံရံ နဲ့ ပြန်ရည်ကျိတ် ၃ ခု ကနေ ၆ ခုအထိ ပြန့်နေပါပြီ။
- အစာအိမ် အပေါ်ဆုံး ကြွက်သားနံရံ နဲ့ အနီးတဝိုက်က ပြန်ရည်ကျိတ် ၁ ခု ကနေ ၂ ခုစီအထိ ပြန့်နေပါပြီ။
အဆင့် IIIB – ဒီအဆင့်မှာ ကင်ဆာဆဲလ်တွေက
- အနီးတဝိုက်က ပြန်ရည်ကျိတ် ၇ ခုနဲ့ အထက်ဆီကို ပြန့်နေပြီ။ ဒါပေမယ့် အစာအိမ် အပြင်ဘက် ကြွက်သားနံရံဆီ မပြန့်သေးဘူး။
- အစာအိမ် အပြင်ဘက် ကြွက်သားနံရံဆီ ပြန့်နေပြီ။ အနီးတဝိုက်က ပြန်ရည်ကြော၊ တစ်ရှူးတွေနဲ့ ကိုယ်တွင်းအင်္ဂါ တွေဆီ မပြန့်သေးပါဘူး။
- အစာအိမ် အပြင်ဘက် ကြွက်သားနံရံ နဲ့ အနီးတဝိုက် အင်္ဂါတွေဆီကို ပြန့်နေပါပြီ။
- အဆင့် IIIC – ဒီအဆင့်မှာ ကင်ဆာက အစာအိမ် အပြင်ဘက်ဆုံး ကြွက်သားနံရံ၊ အနီးတဝိုက်က ပြန်ရည်ကျိတ် ၇ ခုနဲ့ အထက်ဆီကို ပြန့်နေပါပြီ။ အနီးတဝိုက်အင်္ဂါတွေဆီ ပြန့်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
အစာအိမ်ကင်ဆာ အဆင့် IV
ဒီအဆင့်မှာ ကင်ဆာဆဲလ်တွေက အစာအိမ်အပြင် အသည်း၊ အဆုတ်၊ ဦးနှောက်၊ အရိုးတို့လိုမျိုး အဝေးက အစိတ်အပိုင်းတွေဆီ ပြန့်နှံနေပါပြီ။
ဒီကင်ဆာ အဆင့်တွေကို သွေးဖောက်စစ်ဆေးတာ၊ မှန်ပြောင်းထည့် စစ်ဆေးတာ၊ ပုံရိပ်ဖော် စစ်ဆေးတာ၊ Exploratory surgery လို့ခေါ်တဲ့ ဝမ်းဗိုက်မှာ အပေါက်ငယ်လေး ဖောက်ပြီး ကင်မရာတပ်ဆင်ထားတဲ့ မှန်ပြောင်း ရှည်ရှည်သေးသေးလေး ထည့်ပြီး စစ်ဆေးတဲ့ နည်းလမ်းတွေနဲ့ စစ်ဆေးရမှာဖြစ်ပါတယ်။
အစာအိမ်ကင်ဆာ စစ်ဆေးနည်း
ပုံရိပ်ဖော် စစ်ဆေးခြင်း – ဒီစစ်ဆေးမှုမှာ CT scans နဲ့ barium swallow လို့ ခေါ်တဲ့ X-ray အထူးအမျိုးအစားကိုသုံးပြီး ပုံရိပ်ရယူ စစ်ဆေးတဲ့နည်းလမ်းတွေနဲ့ စစ်ဆေးမှာပါ။
အစာအိမ်ကင်ဆာ ကုသမှု
ခွဲစိတ်ကုသခြင်း
ဒီနည်းလမ်းရဲ့ အဓိကရည်ရွယ်ချက်က ကင်ဆာဆဲလ်တွေနဲ့ အနီးတဝိုက် တစ်ရှူးတွေကို ဖယ်ရှားဖို့ပါ။ ခွဲစိတ်တဲ့အခါ
- အစောပိုင်းအဆင့်မှာဆိုရင် endoscope လို့ခေါ်တဲ့ အထူးပြုလုပ်ထားတဲ့ ကိရိယာလေးကို သုံးပြီး အစာအိမ်နံရံထဲက ကင်ဆာကျိတ်ကို ဖယ်ရျားပါတယ်။
- နောက်တဆင့်ကတော့ ကင်ဆာဆဲလ်ပြန့်နေတဲ့ အစာအိမ် အစိတ်အပိုင်းကို ဖယ်ရှားတာပါ။
- အစာအိမ်တစ်ခုလုံးနဲ့ အနီးတဝိုက်က တစ်ရှူးတွေကို ဖယ်ရှားတဲ့ ခွဲစိတ်မှုလည်း ရှိပါတယ်။
- အနီးတဝိုက်က ပြန်ရည်ကျိတ်တွေကို ဖယ်ရှားတဲ့ ခွဲစိတ်မှုလည်း ရှိပါတယ်။
ဆေးသွင်းကုသခြင်း
ကင်ဆာဆဲလ်တွေကို ပြန့်မသွားစေဖို့ ဆေးရည်သွင်းပြီး သတ်ပစ်တဲ့ကုသနည်းပါ။ ခွဲစိတ်မှု မလုပ်ခင်မှာ အသုံးပြုလေ့ရှိပါတယ်။ ဒီလို အသုံးပြုတက ကင်ဆာဆဲလ်တွေကို အလွယ်တကူ ဖယ်ရှားနိုင်စေဖို့ အထောက်အပံ့ပေးပါတယ်။
ဒီဆေးသွင်းကုသမှုကို တစ်မျိုးတည်း သုံးတာရှိသလို targeted drug therapy (ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်တဲ့ ကုထုံး) နဲ့ တွဲသုံးတာမျိုးလည်း ရှိပါတယ်။ ကင်ဆာအရမ်းပြင်းထန်သူတွေမှာ သုံလေ့ရှိပါတယ်။
Radiation therapy (ဓာတ်ရောင်ခြည် ကုထုံး)
ဒီကုထုံးမှာတော့ စွမ်းအားမြင့် ရောင်ခြည်ကို အသုံးပြုပြီး ကင်ဆာဆဲလ်တွေကို သတ်ပစ်တာပါ။
Targeted therapies (ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်တဲ့ ကုထုံး)
ဒီကုထုံးကတော့ ကင်ဆာဆဲလ်တွေကို ပစ်မှတ်ထားပြီး ကင်ဆာဆဲလ်တွေရဲ့ကြီးထွားမှုကို ဟန့်တားပေးတာ ဒါမှမဟုတ် ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပေးတဲ့ကုထုံးပါ။
Immunotherapy(ကိုယ်ခံအားကို လှုံ့ဆော်ပေးတဲ့ ကုထုံး) –
ကိုယ်ခံအားက ကင်ဆာဆဲလ်တွေကို တိုက်ထုတ်နိုင်စေဖို့ လှုံ့ဆော်ပေးတဲ့ ကုထုံးတစ်ရပ်ပါ။
အစာအိမ်ကင်ဆာ ကာကွယ်နည်း
အစာအိမ်ကင်ဆာကို ကာကွယ်ချင်တယ်ဆိုရင်
- ကျန်းမာတဲ့ ကိုယ်အလေးချိန် ထိန်းသိမ်းပါ။
- သစ်သီးနဲ့ ဟင်းသီးဟင်းရွက် များများစားပါ။
- ဆားလျှော့စားပါ။
- ကျပ်တင်ထားတဲ့ အစားအစာတွေ လျှော့ပါ။
- ဆေးလိပ်လျှော့သောက်ပါ။
- ပုံမှန်စစ်ဆေးမှု ခံယူပါ။
Takeaways
အစာအိမ်ကင်ဆာက အစာအိမ်ရဲ့ နေရာတိုင်းမှာ ဖြစ်နိုင်ပါတယ်။ အစာအိမ်ကင်ဆာ အများစုကတော့ အစာအိမ်ရဲ့ အဓိကကျတဲ့အစိတ်အပိုင်းနေရာကနေ စဖြစ်တာပါ။ အနေအထိုင် အစားအသောက် ဂရုစိုက်ဖို့လိုသလို အစာအိမ်ကင်ဆာလို့ ယူဆရတဲ့ လက္ခဏာတစ်ရပ်ရပ်တွေ့ရပြီဆိုတာနဲ့ လိုအပ်တဲ့ စစ်ဆေးမှုတွေကို လုပ်ဆောင်ပေးပါ။
[embed-health-tool-bmi]